Covid လို ကူးစက်နိုင်တဲ့ လင်းနို့ဗိုင်းရပ်စ်တစ်မျိုးကို တရုတ် သုတေသီများ ထပ်မံတွေ့ရှိ

 660

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

တရုတ်နိုင်ငံမှ သုတေသီတွေဟာ Covid - 19 လို လူသားကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို လင်းနို့တွေဆီက နေပဲ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီရောဂါပိုးကိုတော့ HKU5-CoV-2 လို့ နာမည်ပေးထားပြီး Covid - 19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ် လို လူသားဆဲလ်အတွင်း ထိုးဖောက်ဝင်ရောက် ကူးစက်နိုင်တယ်လို့ တရုတ်သုတေသီတွေက သတင်းထုတ်ပြန်ထား ပါတယ်။ SARS-CoV-2 လိုပဲ HKU5-CoV-2 ဟာ လူသားဆဲလ်မျက်နှာပြင်ပေါ်ရှိ ACE2 receptor protein မှ တစ်ဆင့် ဆဲလ်များအတွင်း furin cleavage site လို့ ခေါ်တဲ့နေရာအထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ သိရပါ တယ်။ ဒါပေမယ့် နောက်ထပ် စမ်းသပ်မှုတွေမှာ HKU5-CoV-2 ဗိုင်းရပ်စ်အတွက် monoclonal antibodies နဲ့ antiviral ဆေးဝါးတွေ ရှာဖွေတွေ့ရှိထားတယ်လို့လည်း သိရပါတယ်။

ဒီဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အများပြည်သူ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ မီနီဆိုးတား ပြည်နယ်တက္ကသိုလ်၊ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမိုက်ကယ်အော်စတာဟိုလန်က ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင် လူတွေဟာ SARS ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်အားရှိပြီးဖြစ်လို့ အခုဖြစ်လာနိုင်တဲ့ ကပ်ရောဂါ အန္တရာယ်ကိုလည်း လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

Zawgyi Version:
Covid လို ကူးစက္ႏိုင္တဲ့ လင္းႏို႔ဗိုင္းရပ္စ္တစ္မ်ိဳးကို တ႐ုတ္ သုေတသီမ်ား ထပ္မံေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃

တ႐ုတ္ႏိုင္ငံမွ သုေတသီေတြဟာ Covid - 19 လို လူသားကို ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးကို လင္းႏို႔ေတြဆီက ေနပဲ ထပ္မံေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီေရာဂါပိုးကိုေတာ့ HKU5-CoV-2 လို႔ နာမည္ေပးထားၿပီး Covid - 19 ကိုျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ လို လူသားဆဲလ္အတြင္း ထိုးေဖာက္ဝင္ေရာက္ ကူးစက္ႏိုင္တယ္လို႔ တ႐ုတ္သုေတသီေတြက သတင္းထုတ္ျပန္ထား ပါတယ္။ SARS-CoV-2 လိုပဲ HKU5-CoV-2 ဟာ လူသားဆဲလ္မ်က္ႏွာျပင္ေပၚရွိ ACE2 receptor protein မွ တစ္ဆင့္ ဆဲလ္မ်ားအတြင္း furin cleavage site လို႔ ေခၚတဲ့ေနရာအထိ ထိုးေဖာက္ဝင္ေရာက္ႏိုင္တယ္လို႔ သိရပါ တယ္။ ဒါေပမယ့္ ေနာက္ထပ္ စမ္းသပ္မႈေတြမွာ HKU5-CoV-2 ဗိုင္းရပ္စ္အတြက္ monoclonal antibodies နဲ႔ antiviral ေဆးဝါးေတြ ရွာေဖြေတြ႕ရွိထားတယ္လို႔လည္း သိရပါတယ္။

ဒီဗိုင္းရပ္စ္အသစ္ေၾကာင့္ျဖစ္ေပၚလာတဲ့ အမ်ားျပည္သူ စိုးရိမ္ပူပန္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္၊ မီနီဆိုးတား ျပည္နယ္တကၠသိုလ္၊ ကူးစက္ေရာဂါဆိုင္ရာ ကြၽမ္းက်င္သူ ေဒါက္တာမိုက္ကယ္ေအာ္စတာဟိုလန္က ၂၀၁၉ ခုႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ လူေတြဟာ SARS ဗိုင္းရပ္စ္ပိုးကို ခံႏိုင္ရည္အားရွိၿပီးျဖစ္လို႔ အခုျဖစ္လာႏိုင္တဲ့ ကပ္ေရာဂါ အႏၲရာယ္ကိုလည္း ေလွ်ာ့ခ်ႏိုင္မယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.