အလုပ်သမားအေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေး သိန်း (၅၀ဝဝ)ထည့်ရန် မလိုကြောင်း MOEAF က ဖြေရှင်း

2904

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၄
အေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေး သိန်း (၅၀ဝဝ)ထည့်ရန်မလိုကြောင်း ရှင်းပြနေသော်လည်း သတင်းမှားများ ဆက်ထွက်နေသည်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ သိရသည်။
လက်ရှိတွင် အေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေးအဖြစ် ငွေကျပ်သိန်း(၅၀ဝဝ)ထည့်ရမည်ဟု အလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေခြင်းဖြစ်သည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ လိုင်စင်ကြေးကို ငွေကျပ်သိန်း(၂၅၀)သတ်မှတ်ထားပြီး ထိုင်း လိုင်စင်အတွက် သိန်း(၃၅၀)သတ်မှတ်ထားရာ လက်ရှိတွင်လည်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ “အေဂျင်စီတွေအကုန်လုံးကို လည်း အစည်းအဝေးလုပ်ပြီး ရှင်းပြပြီးပါပြီ။ အရင်အတိုင်းပါပဲ။ လက်ရှိအထိသည် ဘာမှအပြောင်းအလဲ မရှိသေးပါဘူး။ အခုလောလောဆယ်တော့ ထပ်တိုးဖို့တွေဘာ တွေလည်းမပြောသေးပါဘူး။ ဒါပေမဲ့ သတင်းတွေမှာ တော့ ပြောင်းတယ်ပြောင်းတယ်ဆိုပြီး တောက် လျှောက်တွေတက်လာတယ်။ အမှန်ကတော့ အစည်းအဝေး လုပ်တဲ့အချိန်မှာလည်း အဲဒါတွေဘာမှဆွေး နွေးတာမျိုးမရှိပါဘူး။ ဒီသတင်းကမဟုတ်ပါဘူး” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်မှု ခေတ္တဆိုင်းငံ့ထားရသည့်အချိန်၌ အဆိုပါသတင်းများကို အခြားအေဂျင်စီများမှ သတင်းဖွကြခြင်းမျိုးဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦး က ပြောသည်။
“ဖေဖော်ဝါရီ (၁၅)ရက်က ဝန်ကြီးနဲ့ အမှုဆောင်တွေ အစည်းအဝေးပြီးတဲ့နေ့မှာပဲ အဲဒီသတင်းကို ဖွကြတာ။ တကယ်တမ်းတော့ အစည်းအဝေးမှာလည်း ဝန်ကြီးက သိန်း (၅၀ဝဝ) ဆိုတဲ့စကားကို လုံးဝမပြောပါဘူး။ ထိုင်းမှာရှိတဲ့ ထိုင်းအေးဂျင့်တွေက လိုင်စင်လျှောက်တာ ဘတ်(၅)သန်းသွင်းရတယ်ဆိုတာကို ပြောပြတာပါ။ မြန်မာပြည်အေဂျင်စီတွေက အဲဒီလောက်လည်း သွင်းစရာမလိုဘူး။ မှန်မှန်ကန် ကန်လုပ်ဖို့လိုတယ်။ ဝန်ကြီး ကတော့ အလုပ်သမားအကျိုးအတွက် ရည်ရွယ်ပြီးပြောတာ။ လိုင်စင်ကြေး ကို သိန်း(၅၀ဝဝ) ဘတ်(၅)သန်း နဲ့ ညီမျှတာ မျိုးသွင်းရမယ်လို့မပြောပါဘူး။ ထိုင်းဆိုရင် လိုင်စင်ကြေး များတယ်။ မြန်မာပြည်မှာကျတော့ အလုပ်သမားတွေ အလိမ်ခံရတယ်ဆိုရင် အေဂျင်စီတွေက ဘယ်လိုလျော်မလဲပေါ့။ အေဂျင်စီဆိုလည်း မကောင်းတဲ့ အေဂျင်စီကိုအရေးယူမယ်။ မှန်ကန်တဲ့အေဂျင်စီပဲ ထားမယ်။ ဒါမျိုးပဲပြောတာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက် လုပ်ကိုင်သောအလုပ်သမား များပြားရာနိုင်ငံတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းစတင်ဖြစ်ပွားပြီးနောက်ပိုင်းကာလများ တွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သည့်ပမာဏပိုမိုများ ပြားလာခဲ့သည်။
ပြည်တွင်း၌ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေသည့် အေဂျင်စီအရေအတွက်(၆၀ဝ) ကျော် ရှိနေပြီး တရားမဝင်ဆောင်ရွက်နေသူများလည်း ရှိနေရာ ထိုသို့လိုင်စင်ကြေးကို သိန်း(၅၀ဝဝ)ကောက်ခံ မည်ဆိုပါက အလုပ်သမားများထိခိုက်လာနိုင်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
“မဖြစ်နိုင်တဲ့ကိစ္စကြီးကိုလုပ်ခိုင်းရင်တော့ အလုပ်သမားတွေပဲထိခိုက်တာပေါ့။ လိမ်လည်မှုတွေ ပိုပြီး များလာမယ်။ အေဂျင်စီတွေဖောင်းပွလာတယ်ဆိုပြီး ဝန်ကြီးကပြောတယ်။ ဖောင်းပွတာက ဥပဒေ ဘောင်ထဲကနေ အရေးယူလို့ရတယ်။ အေဂျင်စီများလာတာကပြဿနာမဟုတ်ဘူး။ တရားမဝင် လုပ်တဲ့ သူများမှသာ ပြဿနာရှိ တာ။ အခုလိမ်လည်မှုတွေ တော်တော်များများက အပြင်ကပွဲစားတွေလိမ်ကြ တယ်။ တရားဝင်လိုင်စင်ရထားပြီ ဆိုရင်တော့ တော်ရုံတန်ရုံမလိမ်ရဲဘူးလေ။ ကုမ္ပဏီနဲ့ဆိုတော့ ထွက် ပြေးလို့လည်းမရဘူး။ အရေးယူရတာလည်း ပိုပြီးလွယ်တာပေါ့။ အေဂျင်စီလိုင်စင်ကိုတိုးတယ်ဆိုတာက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်။ အေဂျင်စီပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အရှုံးခံမှာမဟုတ်ဘူး။ လိုအပ်တဲ့ငွေကြေးကိုတောင်မှ အလုပ်သမားတွေဆီကနေ အကျိုးအမြတ်ထုတ်ပြီး ပြည့်အောင်ဖြည့်ကြမှာ” ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
ထို့ပြင် ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များထုတ်ပေးမှုကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄)ရက်မှစ၍ ယာယီ ရပ်ဆိုင်းထားပြီး ဖေဖော်ဝါရီ(၁၉)ရက်တွင် နောက်ဆုံးရရှိသည့်သတင်းအချက် အလက်များအရ OWIC ကတ်ထုတ်ပေးမည့်ရက်ကို အတိအကျမသိရသေးသည့် အတွက် အေဂျင်စီများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
အလုပ္သမားေအဂ်င္စီတစ္ခုလွ်င္ လိုင္စင္ေၾကး သိန္း (၅၀ဝဝ)ထည့္ရန္ မလိုေၾကာင္း MOEAF က ေျဖရွင္း
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၄
ေအဂ်င္စီတစ္ခုလွ်င္ လိုင္စင္ေၾကး သိန္း (၅၀ဝဝ)ထည့္ရန္မလိုေၾကာင္း ရွင္းျပေနေသာ္လည္း သတင္းမွားမ်ား ဆက္ထြက္ေနသည္ဟု ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF) ထံမွ သိရသည္။
လက္ရွိတြင္ ေအဂ်င္စီတစ္ခုလွ်င္ လိုင္စင္ေၾကးအျဖစ္ ေငြက်ပ္သိန္း(၅၀ဝဝ)ထည့္ရမည္ဟု အလုပ္သမားဝန္ႀကီးက ၫႊန္ၾကားထားေၾကာင္း အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ယခုရက္ပိုင္းအတြင္း ပ်ံ႕ႏွံ႔ေနျခင္းျဖစ္သည္။
ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ား၏ လိုင္စင္ေၾကးကို ေငြက်ပ္သိန္း(၂၅၀)သတ္မွတ္ထားၿပီး ထိုင္း လိုင္စင္အတြက္ သိန္း(၃၅၀)သတ္မွတ္ထားရာ လက္ရွိတြင္လည္း ေျပာင္းလဲမႈမရွိေၾကာင္း သိရသည္။ “ေအဂ်င္စီေတြအကုန္လုံးကို လည္း အစည္းအေဝးလုပ္ၿပီး ရွင္းျပၿပီးပါၿပီ။ အရင္အတိုင္းပါပဲ။ လက္ရွိအထိသည္ ဘာမွအေျပာင္းအလဲ မရွိေသးပါဘူး။ အခုေလာေလာဆယ္ေတာ့ ထပ္တိုးဖို႔ေတြဘာ ေတြလည္းမေျပာေသးပါဘူး။ ဒါေပမဲ့ သတင္းေတြမွာ ေတာ့ ေျပာင္းတယ္ေျပာင္းတယ္ဆိုၿပီး ေတာက္ ေလွ်ာက္ေတြတက္လာတယ္။ အမွန္ကေတာ့ အစည္းအေဝး လုပ္တဲ့အခ်ိန္မွာလည္း အဲဒါေတြဘာမွေဆြး ေႏြးတာမ်ိဳးမရွိပါဘူး။ ဒီသတင္းကမဟုတ္ပါဘူး” ဟု MOEAF မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ျပည္ပသို႔အလုပ္သမားေစလႊတ္မႈ ေခတၱဆိုင္းငံ့ထားရသည့္အခ်ိန္၌ အဆိုပါသတင္းမ်ားကို အျခားေအဂ်င္စီမ်ားမွ သတင္းဖြၾကျခင္းမ်ိဳးျဖစ္ေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္ႀကီးတစ္ဦး က ေျပာသည္။
“ေဖေဖာ္ဝါရီ (၁၅)ရက္က ဝန္ႀကီးနဲ႔ အမႈေဆာင္ေတြ အစည္းအေဝးၿပီးတဲ့ေန႔မွာပဲ အဲဒီသတင္းကို ဖြၾကတာ။ တကယ္တမ္းေတာ့ အစည္းအေဝးမွာလည္း ဝန္ႀကီးက သိန္း (၅၀ဝဝ) ဆိုတဲ့စကားကို လုံးဝမေျပာပါဘူး။ ထိုင္းမွာရွိတဲ့ ထိုင္းေအးဂ်င့္ေတြက လိုင္စင္ေလွ်ာက္တာ ဘတ္(၅)သန္းသြင္းရတယ္ဆိုတာကို ေျပာျပတာပါ။ ျမန္မာျပည္ေအဂ်င္စီေတြက အဲဒီေလာက္လည္း သြင္းစရာမလိုဘူး။ မွန္မွန္ကန္ ကန္လုပ္ဖို႔လိုတယ္။ ဝန္ႀကီး ကေတာ့ အလုပ္သမားအက်ိဳးအတြက္ ရည္႐ြယ္ၿပီးေျပာတာ။ လိုင္စင္ေၾကး ကို သိန္း(၅၀ဝဝ) ဘတ္(၅)သန္း နဲ႔ ညီမွ်တာ မ်ိဳးသြင္းရမယ္လို႔မေျပာပါဘူး။ ထိုင္းဆိုရင္ လိုင္စင္ေၾကး မ်ားတယ္။ ျမန္မာျပည္မွာက်ေတာ့ အလုပ္သမားေတြ အလိမ္ခံရတယ္ဆိုရင္ ေအဂ်င္စီေတြက ဘယ္လိုေလ်ာ္မလဲေပါ့။ ေအဂ်င္စီဆိုလည္း မေကာင္းတဲ့ ေအဂ်င္စီကိုအေရးယူမယ္။ မွန္ကန္တဲ့ေအဂ်င္စီပဲ ထားမယ္။ ဒါမ်ိဳးပဲေျပာတာပါ” ဟု ၎က ေျပာသည္။
ျမန္မာႏိုင္ငံသည္ ျပည္ပသို႔သြားေရာက္ လုပ္ကိုင္ေသာအလုပ္သမား မ်ားျပားရာႏိုင္ငံတစ္ခု ျဖစ္သည့္အျပင္ ျပည္တြင္း၌ (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္းစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းကာလမ်ား တြင္ စီးပြားေရး အဆင္မေျပမႈမ်ား၊ လုပ္ခလစာ နည္းပါးမႈမ်ားႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပသို႔ သြားေရာက္ လုပ္ကိုင္သည့္ပမာဏပိုမိုမ်ား ျပားလာခဲ့သည္။
ျပည္တြင္း၌ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈေပးေနသည့္ ေအဂ်င္စီအေရအတြက္(၆၀ဝ) ေက်ာ္ ရွိေနၿပီး တရားမဝင္ေဆာင္႐ြက္ေနသူမ်ားလည္း ရွိေနရာ ထိုသို႔လိုင္စင္ေၾကးကို သိန္း(၅၀ဝဝ)ေကာက္ခံ မည္ဆိုပါက အလုပ္သမားမ်ားထိခိုက္လာႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။
“မျဖစ္ႏိုင္တဲ့ကိစၥႀကီးကိုလုပ္ခိုင္းရင္ေတာ့ အလုပ္သမားေတြပဲထိခိုက္တာေပါ့။ လိမ္လည္မႈေတြ ပိုၿပီး မ်ားလာမယ္။ ေအဂ်င္စီေတြေဖာင္းပြလာတယ္ဆိုၿပီး ဝန္ႀကီးကေျပာတယ္။ ေဖာင္းပြတာက ဥပေဒ ေဘာင္ထဲကေန အေရးယူလို႔ရတယ္။ ေအဂ်င္စီမ်ားလာတာကျပႆနာမဟုတ္ဘူး။ တရားမဝင္ လုပ္တဲ့ သူမ်ားမွသာ ျပႆနာရွိ တာ။ အခုလိမ္လည္မႈေတြ ေတာ္ေတာ္မ်ားမ်ားက အျပင္ကပြဲစားေတြလိမ္ၾက တယ္။ တရားဝင္လိုင္စင္ရထားၿပီ ဆိုရင္ေတာ့ ေတာ္႐ုံတန္႐ုံမလိမ္ရဲဘူးေလ။ ကုမၸဏီနဲ႔ဆိုေတာ့ ထြက္ ေျပးလို႔လည္းမရဘူး။ အေရးယူရတာလည္း ပိုၿပီးလြယ္တာေပါ့။ ေအဂ်င္စီလိုင္စင္ကိုတိုးတယ္ဆိုတာက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုမ်ားတယ္။ ေအဂ်င္စီပဲ ျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ အရႈံးခံမွာမဟုတ္ဘူး။ လိုအပ္တဲ့ေငြေၾကးကိုေတာင္မွ အလုပ္သမားေတြဆီကေန အက်ိဳးအျမတ္ထုတ္ၿပီး ျပည့္ေအာင္ျဖည့္ၾကမွာ” ဟု အထက္ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
ထို႔ျပင္ ျပည္ပသို႔အလုပ္ျဖင့္ထြက္ခြာရန္ အဓိကက်သည့္ OWIC ကတ္မ်ားထုတ္ေပးမႈကိုလည္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၄)ရက္မွစ၍ ယာယီ ရပ္ဆိုင္းထားၿပီး ေဖေဖာ္ဝါရီ(၁၉)ရက္တြင္ ေနာက္ဆုံးရရွိသည့္သတင္းအခ်က္ အလက္မ်ားအရ OWIC ကတ္ထုတ္ေပးမည့္ရက္ကို အတိအက်မသိရေသးသည့္ အတြက္ ေအဂ်င္စီမ်ားအေနျဖင့္ အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။