Youtube တွင် ကြည့်ရှုမှု သန်း(၂၀ဝ)ကျော်သွားခဲ့သည့် တောင်ကိုရီးယားအမျိုး‌သမီး အဆိုတော်အဖွဲ့ ILLIT ၏ ပွဲဦးထွက်သီချင်း

 489

Pika (NP News) - ဖေဖော်ဝါရီ ၂၄

တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ ILLIT ၏ ပွဲဦးထွက်သီချင်း Magnetic သည် YouTube ပလက်ဖောင်းတွင် တရားဝင်ကြည့်ရှုမှု သန်း(၂၀ဝ)ကျော်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ Belift Lab ကုမ္ပဏီ၏အဆိုအရ ILLIT အဖွဲ့၏ ပထမဆုံး မီနီအယ်လ်ဘမ် 'Super Real Me' ၏ ခေါင်း စဉ်သီချင်းဖြစ်သော Magnetic အတွက် MV သည် ဖေဖော်ဝါရီလ(၁၇)ရက် YouTube ပလက်ဖောင်းတွင် ကြည့်ရှုမှုသန်း(၂၀ဝ)ကျော် သွားခဲ့ကြောင်း သိရသည်။

အဆိုပါသီချင်းတွင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကိုဆွဲဆောင်ထားသည့် အကလှုပ်ရှားမှုများနှင့် အတူ ILLIT အဖွဲ့ဝင်များ၏ ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းပြကွက်များကို ရိုက်ကူးပြ သထားသည်။ (၂၀၂၃)ခုနှစ် မတ်လ(၂၅)ရက်တွင် စတင်ထွက်ရှိလာပြီးနောက်ပိုင်းတည်းက “Magnetic” သီချင်းသည် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကြားတွင် ရေပန်းစားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သီချင်းသည် ပြည်တွင်းတေးဂီတ ဇယားများကို လွှမ်းမိုးထားရုံသာမက Billboard Hot (၁၀ဝ) နှင့် UK Official Singles Chart Top (၁၀ဝ)တို့ကို ဝင်ရောက်ခဲ့သည့် ပထမဆုံးနှင့် အမြန်ဆုံး K-pop ပွဲ ဦးထွက်သီချင်းအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ‘‘Magnetic” သီချင်း သည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း (၅၄၀) ကျော်အထိ ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
Youtube တြင္ ၾကည့္ရႈမႈ သန္း(၂၀ဝ)ေက်ာ္သြားခဲ့သည့္ ေတာင္ကိုရီးယားအမ်ိဳး‌သမီး အဆိုေတာ္အဖြဲ႕ ILLIT ၏ ပြဲဦးထြက္သီခ်င္း
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄

ေတာင္ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ ILLIT ၏ ပြဲဦးထြက္သီခ်င္း Magnetic သည္ YouTube ပလက္ေဖာင္းတြင္ တရားဝင္ၾကည့္ရႈမႈ သန္း(၂၀ဝ)ေက်ာ္သြားခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။ Belift Lab ကုမၸဏီ၏အဆိုအရ ILLIT အဖြဲ႕၏ ပထမဆုံး မီနီအယ္လ္ဘမ္ 'Super Real Me' ၏ ေခါင္း စဥ္သီခ်င္းျဖစ္ေသာ Magnetic အတြက္ MV သည္ ေဖေဖာ္ဝါရီလ(၁၇)ရက္ YouTube ပလက္ေဖာင္းတြင္ ၾကည့္ရႈမႈသန္း(၂၀ဝ)ေက်ာ္ သြားခဲ့ေၾကာင္း သိရသည္။

အဆိုပါသီခ်င္းတြင္ ကမာၻတစ္ဝန္းရွိ ပရိသတ္မ်ားကိုဆြဲေဆာင္ထားသည့္ အကလႈပ္ရွားမႈမ်ားႏွင့္ အတူ ILLIT အဖြဲ႕ဝင္မ်ား၏ ထူးထူးျခားျခား စြဲမက္ဖြယ္ေကာင္းေသာ ျမင္ကြင္းျပကြက္မ်ားကို ႐ိုက္ကူးျပ သထားသည္။ (၂၀၂၃)ခုႏွစ္ မတ္လ(၂၅)ရက္တြင္ စတင္ထြက္ရွိလာၿပီးေနာက္ပိုင္းတည္းက “Magnetic” သီခ်င္းသည္ ကမာၻတစ္ဝန္းရွိ ပရိသတ္မ်ားၾကားတြင္ ေရပန္းစားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

သီခ်င္းသည္ ျပည္တြင္းေတးဂီတ ဇယားမ်ားကို လႊမ္းမိုးထား႐ုံသာမက Billboard Hot (၁၀ဝ) ႏွင့္ UK Official Singles Chart Top (၁၀ဝ)တို႔ကို ဝင္ေရာက္ခဲ့သည့္ ပထမဆုံးႏွင့္ အျမန္ဆုံး K-pop ပြဲ ဦးထြက္သီခ်င္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
လက္ရွိအခ်ိန္တြင္ ‘‘Magnetic” သီခ်င္း သည္ Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈသန္း (၅၄၀) ေက်ာ္အထိ ရွိေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.