နယူးဒေလီကလည်း တရုတ်နည်းတူ တုန့်ပြန်ရန် ပြင်ဆင်

 2375

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၄

တရုတ်ဟာ ပိုင်ဆိုင်မှုအငြင်ပွားခြင်းကြောင့် အိန္ဒိယစစ်တပ်များနဲ ထိပ်တိုက်မျက်နှာချင်းဆိုင် ရန်စောင်နေတဲ့ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ် LAC “အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း” အနီး သူ့နိုင်ငံဘက်ခြမ်းမှာ ကျေးရွာပေါင်း ၉၀ ခန့်ကို ထပ်မံတည်ဆောက်လျှက်ရှိတယ်လို့ ပန်ဂျပ်ပြည်နယ်အခြေစိုက် “သည်ထရိုင်ဗြွန်း” ဒစ်ဂျစ်တယ် သတင်းစာက ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်မှာ ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အဲ့ဒီနယ်မြေမှာ တရုတ်က ယခင် တည်ဆောက်ထား တဲ့ ကျေးရွာစုစုပေါင်း ၆၂၈ ရွာလည်း ရှိနေခဲ့ပြီးပါပြီ။ “ရှိုကန်း” သဟဇာတ စည်ပင်ကျေးရွာလို့ သူတို့ခေါ်တဲ့ အဲဒီရွာ တွေဟာ မော်စီတုံးကွယ်လွန်ပြီးနောက်ပိုင်း ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ ၁၉၇၉ ခုနှစ် “ခေတ်မီရေး မူကြီး ၄ ချက်” နဲ့အညီ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီလို ကျေးရွာမျိုးတွေဟာ မော်စီတုံး လက်ထက်တည်းက ရှိခဲ့ဖူးပါတယ်။
၁၉၅၃ ခုနှစ် ဆိုဗီယက်ယူနီယံမှာ ကွန်မြူနစ်ပါတီခေါင်းဆောင် စတာလင် ကွယ်လွန်ပြီး ခရူးရှော့ဗ် တက်လာ ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်-ပြင်သစ်တို့တောင် ခဲခဲယဉ်းယဉ်း ခုခံခဲ့ရတဲ့ နာဇီဂျာမနီစစ်တပ်ကို အနိုင် တိုက်ခဲ့တာကြောင့် အဲဒီအချိန် ဆိုဗီယက်ယူနီယံဟာ ကမ္ဘာ့အလယ်မှာ လူအထင်ကြီးခံနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးမှာ ချွတ်ခြုံကျနေခဲ့ပြီး အဲ့ဒီလိုဖြစ်ရခြင်းဟာ မတ်စ်-လီနင်အယူအဆကို သွေဖီတဲ့ စတာလင် ကြောင့်ပဲလို့ ခရူးရှော့ဗ်က ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင်အပေါ် အပြစ်ပုံချပြီး “အပုပ်ချ” ထိုးနှက်ခဲ့ပါတယ်။ အဲ့ဒါကို အိမ်နီးချင်း တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံးက မနှစ်သက်ပါဘူး။ ကမ္ဘာ့ကွန်မြူနစ်နိုင်ငံတို့ရဲ့ ခေါင်းဆောင်ကြီးအရိုက်အရာ ဆက်ခံသူဟာ စတာလင်ပြီးရင် သူပဲ ရှိတာကြောင့် ခရူးရှော့ဗ်တို့ ဆို ဗီယက်တွေဟာ ဖောက်ပြန်တဲ့ “ဆိုရှယ်နယ်ချဲ့” တွေသာဖြစ်တယ်လို့ တန်းတူ မသတ်မှတ်ခဲ့ပါဘူး။ တရုတ်ဟာ ဆိုဗီယက်ကို တန်ပြန်ဖို့ အတွက် အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတိုးမြှင့်လာပါတယ်။ စစ်အေး တိုက်
ပွဲပြင်းထန်နေချိန် ကွန်မြူနစ်နိုင်ငံကြီး ၂ ခုအကြား ဆက်ဆံရေးမပြေလည်မှုဟာ နယ်စပ်ဒေသ အငြင်းပွားမှုပါဝင် လာတဲ့အခါ “၁၉၆၉ ခုနှစ် တရုတ်-ဆိုဗီယက်စစ်ပွဲ” ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအချိန် မော်စီတုန်းရဲ့ နယ်စပ် “ပြည်သူ့စစ်” တွေဟာ ဆိုဗီယက်စစ်တပ်ကိုပင် ခုခံယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ တ ရုတ်နယ်စပ်တလျောက် ကြိုတင်တည်ဆောက်ထားတဲ့ “ပြည်သူ့စစ်ကျေးရွာ” တွေဟာ တိန့်ရှောင်ဖိန် လက် ထက် “စံပြကျေးရွာ” တွေနဲ့ တထေရာတည်း တူညီတယ်လို့တော့ မပြောနိုင်ပါဘူး၊ ဒါပေမယ့် စီးပွားရေး၊ ဖွံ့ဖြိုး ရေး အထောက်အကူပြု လူလတ်တန်းစားအလွှာတည်ဆောက်ရေးဆိုတဲ့ အဲ့ဒီ ရှိုကန်းကျေးရွာတွေဟာ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နယ်စပ်ဒေသ လွှမ်းမိုးထိန်းချုပ်ရေး စစ်နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ အိန္ဒိယအပါအဝင် နိုင်ငံအချို့က ဝေဖန်နေကြပါတယ်။ အဲ့ဒီလိုကျေးရွာတွေတည်ဆောက်ခြင်းဟာ ၂၀၀၅-ခုနှစ် နှစ်နိုင်ငံ နယ်ခြားသဘောတူညီချက်နဲ့ မကိုက်ညီဘူးလို့ နယူးဒေလီက ကန့်ကွက်နေပါတယ်။
တချိန်တည်းမှာပဲ ပေကျင်းကို တုန့်ပြန်တဲ့အနေတဲ့ အိန္ဒိယကလည်း နှစ်နိုင်ငံ နယ်စပ်အနီး သူ့ဘက်ခြမ်းမှာ “အားသစ်လောင်း ကျေးရွာ” အစီအစဉ်ကို ၂၀၂၃-ခုနှစ်မှာ စတင် အဆင်မြှင့်တင်နေပါတယ်။ အစီအစဉ်အရ လာမယ့် ၁၀-နှစ်အတွင်း ကျေးရွာပေါင်း ၂,၉၆၃- ရွာအထိ တည်ဆောက်သွားဖို့ နယူးဒေလီက ပြင်ဆင်နေပါ တယ်။
ပါကစ္စတန်နဲ့ ကက်ရှ်မီးယားပြီးလျှင် တရုတ်နဲ့ အိန္ဒိယအကြား တိုက်ရိုက်နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းပြည် များဟာ နီပေါ-ဘူတန်နဲ့ မြန်မာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ ၃-နိုင်ငံဟာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံစလုံးနဲ့ နယ် စပ်ချင်း ထိစပ်နေပါတယ်။
တရုတ်ကတော့ နီပေါနိုင်ငံ မတ်စတန်းခရိုင်နဲ့ ထိစပ်နေတဲ့ “ကိုရာလာနယ်ခြား” အနီး သူရဲ့တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ အခြေခံအဆောက်အအုံများကို တိုးချဲ့တည်ဆောက်နေပါတယ်။ အဲ့ဒီ နီပေါ ခရိုင်ဟာ ၁၉၅၀-ခုနှစ် လာဆာကို တရုတ်တပ်များ ကျူးကျော်သိမ်းပိုက်စဉ် ထွက်ပြေးလာတဲ့ တိဗက်ဒုက္ခ သည်များ ခိုလှုံရာဖြစ်ခဲ့ဖူးပါတယ်။ နေထိုင်သူအများစုဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ၁၉၆၀-ခုနှစ်မှာ တ ရုတ်ကို ပြန်လည်တိုက်ခိုက်စဉ် ခြေကုပ်နယ်မြေဖြစ်ခဲ့ပါတယ်။ ခုတော့ နီပေါဘက်မှာ အဲ့ဒီအဖွဲ့အစည်းတွေ မရှိတော့ပဲ ပြိုကွဲသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်စတန်းကတော့ ပထဝီနိုင်ငံရေးအရ အရေးပါနေဆဲ ဖြစ်ပါ တယ်။
(ဟိမဝန္တာတောင်တန်းဟာ အိမ်နီးချင်း နျုလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြား နယ်ခြားဖြစ်ပါတယ်။ (၁) ပါကစ္စတန်နိုင်ငံအရှေ့ဘက် “အတ်ဆိုင်ချင်း ” နယ်မြေကို တရုတ်က သိမ်းယူထားပြီး အိန္ဒိယက သူတို့အပိုင်လို့ ပြောပါတယ်။
(၂) ၂၀၁၇-ခုနှစ် ဘူတန်နဲ့ တရုတ်အကြား နယ်စပ်အငြင်းပွားမှုမှာ အိန္ဒိယက ဝင်ရောက်စွက်ဖက်ခဲ့ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအချင်းချင်း ရက်ပေါင်းများစွာ ရန်စောင်နေခဲ့ဖူးတယ်။
(၃) ၂၀၂၀-ခုနှစ် နီပေါနိုင်ငံအနောက်မြောက်ဖက် “လက်ဒက်” နဲ့“ဂယ်လွမ် တောင်ကြား” ဒေသမှာ နှစ်နိုင်ငံ စစ်သားချင်း လက်ချည့်သက်သက် ထိုးကြိတ်သတ်ပုတ်ကြရာ အိန္ဒိယစစ်သား ၂၀-ယောက် သေဆုံးပါတယ်။
(၄) မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်း အိန္ဒိယ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် အစိတ်ပိုင်းအတော် များများဟာ သူတို့ပိုင် “တောင်တိဗက်နယ်မြေ” အတွင်းမှာ ပါဝင်တယ်လို့ တရုတ်က အခိုင်အမာပြောဆို နေပါတယ်။
အဲဒီနေရာတွေအားလုံးဟာ အမြင့်ပေ ၁၀၀,၀၀၀ မှ ၁၈၀,၀၀၀ ခန့်မြင့်မားပြီး ရေခဲတောင်တန်းနဲ့ တောင်ပေါ် ရေအိုင်ကြီးများအနီးမှာ တည်ရှိကြနေကြပါတယ်။ နှစ်နိုင်ငံအကြား အတိအလင်း တိုက်ခိုက်ကြတဲ့အထိ မဖြစ် သေးပေမယ့် နယ်စပ်တလျောက် ရန်စောင်နေတဲ့ စစ်တပ်များအကြား တင်းမာမှု လျော့ကျ မသွားသေးပါဘူး၊ မိုးထိတောင်တန်းများဖြစ်တဲ့အလျောက် စစ်ဆင်ရေးအတွက် အားသာ/အားနည်းချက်များ ရှိနေပါတယ်။ အေးခဲ ရာသီဥတုနဲ့ စိုထိုင်းဆနည်းပါးခြင်းကြောင့် စစ်တပ်များ ချထားဖို့ ခက်ခဲပါတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုအရ ပြောင်းလဲစီးဆင်းလေ့ရှိတဲ့ မြစ်များ၊ ပုံသဏ္ဍာန်ပြောင်းလဲတတ်တဲ့ ချိုင့်ဝှမ်းများလည်း ပါဝင်နေတဲ့အတွက် တစ် ဖက်ဖက်က အတည်တကျထိန်းချုပ်ဖို့ မလွယ်ကူပါဘူး။ ။ #HtayOung #OungMarine )
#တရုတ်အိန္ဒိယနယ်စပ်အငြင်းပွားမှာ #အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် #တောင်တိဗက် #ကချင်ပြယ်နယ်

Zawgyi Version:
နယူးေဒလီကလည္း တ႐ုတ္နည္းတူ တုန႔္ျပန္ရန္ ျပင္ဆင္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၄

တ႐ုတ္ဟာ ပိုင္ဆိုင္မႈအျငင္ပြားျခင္းေၾကာင့္ အိႏၵိယစစ္တပ္မ်ားနဲ ထိပ္တိုက္မ်က္ႏွာခ်င္းဆိုင္ ရန္ေစာင္ေနတဲ့ အာ႐ူနာခ်ယ္ပရာေဒ့ရွ္ျပည္နယ္ LAC “အမွန္တကယ္ထိန္းခ်ဳပ္ေရးမ်ဥ္း” အနီး သူ႔ႏိုင္ငံဘက္ျခမ္းမွာ ေက်း႐ြာေပါင္း ၉၀ ခန႔္ကို ထပ္မံတည္ေဆာက္လွ်က္ရွိတယ္လို႔ ပန္ဂ်ပ္ျပည္နယ္အေျခစိုက္ “သည္ထ႐ိုင္ႁဗြန္း” ဒစ္ဂ်စ္တယ္ သတင္းစာက ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ဝ ရက္မွာ ေရးသားခဲ့ပါတယ္။
ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့ အဲ့ဒီနယ္ေျမမွာ တ႐ုတ္က ယခင္ တည္ေဆာက္ထား တဲ့ ေက်း႐ြာစုစုေပါင္း ၆၂၈ ႐ြာလည္း ရွိေနခဲ့ၿပီးပါၿပီ။ “ရႈိကန္း” သဟဇာတ စည္ပင္ေက်း႐ြာလို႔ သူတို႔ေခၚတဲ့ အဲဒီ႐ြာ ေတြဟာ ေမာ္စီတုံးကြယ္လြန္ၿပီးေနာက္ပိုင္း ကြန္ျမဴနစ္ေခါင္းေဆာင္ တိန႔္ေရွာင္ဖိန္ရဲ႕ ၁၉၇၉ ခုႏွစ္ “ေခတ္မီေရး မူႀကီး ၄ ခ်က္” နဲ႔အညီ တည္ေဆာက္ထားျခင္းျဖစ္ပါတယ္။ တကယ္ေတာ့ အဲ့ဒီလို ေက်း႐ြာမ်ိဳးေတြဟာ ေမာ္စီတုံး လက္ထက္တည္းက ရွိခဲ့ဖူးပါတယ္။
၁၉၅၃ ခုႏွစ္ ဆိုဗီယက္ယူနီယံမွာ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ စတာလင္ ကြယ္လြန္ၿပီး ခ႐ူးေရွာ့ဗ္ တက္လာ ပါတယ္။ ဒုတိယကမာၻစစ္မွာ ၿဗိတိန္-ျပင္သစ္တို႔ေတာင္ ခဲခဲယဥ္းယဥ္း ခုခံခဲ့ရတဲ့ နာဇီဂ်ာမနီစစ္တပ္ကို အႏိုင္ တိုက္ခဲ့တာေၾကာင့္ အဲဒီအခ်ိန္ ဆိုဗီယက္ယူနီယံဟာ ကမာၻ႔အလယ္မွာ လူအထင္ႀကီးခံေနရဆဲျဖစ္ပါတယ္။ ဒါေပမယ့္ စီးပြားေရးမွာ ခြၽတ္ၿခဳံက်ေနခဲ့ၿပီး အဲ့ဒီလိုျဖစ္ရျခင္းဟာ မတ္စ္-လီနင္အယူအဆကို ေသြဖီတဲ့ စတာလင္ ေၾကာင့္ပဲလို႔ ခ႐ူးေရွာ့ဗ္က ကြယ္လြန္သူ ကြန္ျမဴနစ္ေခါင္းေဆာင္အေပၚ အျပစ္ပုံခ်ၿပီး “အပုပ္ခ်” ထိုးႏွက္ခဲ့ပါတယ္။ အဲ့ဒါကို အိမ္နီးခ်င္း တ႐ုတ္ကြန္ျမဴနစ္ေခါင္းေဆာင္ ေမာ္စီတုံးက မႏွစ္သက္ပါဘူး။ ကမာၻ႔ကြန္ျမဴနစ္ႏိုင္ငံတို႔ရဲ႕ ေခါင္းေဆာင္ႀကီးအ႐ိုက္အရာ ဆက္ခံသူဟာ စတာလင္ၿပီးရင္ သူပဲ ရွိတာေၾကာင့္ ခ႐ူးေရွာ့ဗ္တို႔ ဆို ဗီယက္ေတြဟာ ေဖာက္ျပန္တဲ့ “ဆိုရွယ္နယ္ခ်ဲ႕” ေတြသာျဖစ္တယ္လို႔ တန္းတူ မသတ္မွတ္ခဲ့ပါဘူး။ တ႐ုတ္ဟာ ဆိုဗီယက္ကို တန္ျပန္ဖို႔ အတြက္ အေမရိကန္နဲ႔ သံတမန္ဆက္ဆံေရးတိုးျမႇင့္လာပါတယ္။ စစ္ေအး တိုက္
ပြဲျပင္းထန္ေနခ်ိန္ ကြန္ျမဴနစ္ႏိုင္ငံႀကီး ၂ ခုအၾကား ဆက္ဆံေရးမေျပလည္မႈဟာ နယ္စပ္ေဒသ အျငင္းပြားမႈပါဝင္ လာတဲ့အခါ “၁၉၆၉ ခုႏွစ္ တ႐ုတ္-ဆိုဗီယက္စစ္ပြဲ” ျဖစ္ပြားခဲ့ပါတယ္။

အဲဒီအခ်ိန္ ေမာ္စီတုန္းရဲ႕ နယ္စပ္ “ျပည္သူ႔စစ္” ေတြဟာ ဆိုဗီယက္စစ္တပ္ကိုပင္ ခုခံယွဥ္ၿပိဳင္ႏိုင္ခဲ့ပါတယ္။ တ ႐ုတ္နယ္စပ္တေလ်ာက္ ႀကိဳတင္တည္ေဆာက္ထားတဲ့ “ျပည္သူ႔စစ္ေက်း႐ြာ” ေတြဟာ တိန႔္ေရွာင္ဖိန္ လက္ ထက္ “စံျပေက်း႐ြာ” ေတြနဲ႔ တေထရာတည္း တူညီတယ္လို႔ေတာ့ မေျပာႏိုင္ပါဘူး၊ ဒါေပမယ့္ စီးပြားေရး၊ ဖြံ႕ၿဖိဳး ေရး အေထာက္အကူျပဳ လူလတ္တန္းစားအလႊာတည္ေဆာက္ေရးဆိုတဲ့ အဲ့ဒီ ရႈိကန္းေက်း႐ြာေတြဟာ တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ နယ္စပ္ေဒသ လႊမ္းမိုးထိန္းခ်ဳပ္ေရး စစ္နည္းဗ်ဴဟာတစ္ခုျဖစ္တယ္လို႔ အိႏၵိယအပါအဝင္ ႏိုင္ငံအခ်ိဳ႕က ေဝဖန္ေနၾကပါတယ္။ အဲ့ဒီလိုေက်း႐ြာေတြတည္ေဆာက္ျခင္းဟာ ၂၀၀၅-ခုႏွစ္ ႏွစ္ႏိုင္ငံ နယ္ျခားသေဘာတူညီခ်က္နဲ႔ မကိုက္ညီဘူးလို႔ နယူးေဒလီက ကန႔္ကြက္ေနပါတယ္။
တခ်ိန္တည္းမွာပဲ ေပက်င္းကို တုန႔္ျပန္တဲ့အေနတဲ့ အိႏၵိယကလည္း ႏွစ္ႏိုင္ငံ နယ္စပ္အနီး သူ႔ဘက္ျခမ္းမွာ “အားသစ္ေလာင္း ေက်း႐ြာ” အစီအစဥ္ကို ၂၀၂၃-ခုႏွစ္မွာ စတင္ အဆင္ျမႇင့္တင္ေနပါတယ္။ အစီအစဥ္အရ လာမယ့္ ၁၀-ႏွစ္အတြင္း ေက်း႐ြာေပါင္း ၂,၉၆၃- ႐ြာအထိ တည္ေဆာက္သြားဖို႔ နယူးေဒလီက ျပင္ဆင္ေနပါ တယ္။
ပါကစၥတန္နဲ႔ ကက္ရွ္မီးယားၿပီးလွ်င္ တ႐ုတ္နဲ႔ အိႏၵိယအၾကား တိုက္႐ိုက္နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ တိုင္းျပည္ မ်ားဟာ နီေပါ-ဘူတန္နဲ႔ ျမန္မာႏိုင္ငံတို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီ ၃-ႏိုင္ငံဟာ တ႐ုတ္-အိႏၵိယ ႏွစ္ႏိုင္ငံစလုံးနဲ႔ နယ္ စပ္ခ်င္း ထိစပ္ေနပါတယ္။
တ႐ုတ္ကေတာ့ နီေပါႏိုင္ငံ မတ္စတန္းခ႐ိုင္နဲ႔ ထိစပ္ေနတဲ့ “ကိုရာလာနယ္ျခား” အနီး သူရဲ႕တိဗက္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွာ အေျခခံအေဆာက္အအုံမ်ားကို တိုးခ်ဲ႕တည္ေဆာက္ေနပါတယ္။ အဲ့ဒီ နီေပါ ခ႐ိုင္ဟာ ၁၉၅၀-ခုႏွစ္ လာဆာကို တ႐ုတ္တပ္မ်ား က်ဴးေက်ာ္သိမ္းပိုက္စဥ္ ထြက္ေျပးလာတဲ့ တိဗက္ဒုကၡ သည္မ်ား ခိုလႈံရာျဖစ္ခဲ့ဖူးပါတယ္။ ေနထိုင္သူအမ်ားစုဟာ ဗုဒၶဘာသာဝင္မ်ားျဖစ္ၾကၿပီး ၁၉၆၀-ခုႏွစ္မွာ တ ႐ုတ္ကို ျပန္လည္တိုက္ခိုက္စဥ္ ေျခကုပ္နယ္ေျမျဖစ္ခဲ့ပါတယ္။ ခုေတာ့ နီေပါဘက္မွာ အဲ့ဒီအဖြဲ႕အစည္းေတြ မရွိေတာ့ပဲ ၿပိဳကြဲသြားၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ မတ္စတန္းကေတာ့ ပထဝီႏိုင္ငံေရးအရ အေရးပါေနဆဲ ျဖစ္ပါ တယ္။
(ဟိမဝႏၲာေတာင္တန္းဟာ အိမ္နီးခ်င္း န်ဳလက္နက္ပိုင္ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီးႏွစ္ႏိုင္ငံအၾကား နယ္ျခားျဖစ္ပါတယ္။ (၁) ပါကစၥတန္ႏိုင္ငံအေရွ႕ဘက္ “အတ္ဆိုင္ခ်င္း ” နယ္ေျမကို တ႐ုတ္က သိမ္းယူထားၿပီး အိႏၵိယက သူတို႔အပိုင္လို႔ ေျပာပါတယ္။
(၂) ၂၀၁၇-ခုႏွစ္ ဘူတန္နဲ႔ တ႐ုတ္အၾကား နယ္စပ္အျငင္းပြားမႈမွာ အိႏၵိယက ဝင္ေရာက္စြက္ဖက္ခဲ့ၿပီး ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္မ်ားအခ်င္းခ်င္း ရက္ေပါင္းမ်ားစြာ ရန္ေစာင္ေနခဲ့ဖူးတယ္။
(၃) ၂၀၂၀-ခုႏွစ္ နီေပါႏိုင္ငံအေနာက္ေျမာက္ဖက္ “လက္ဒက္” နဲ႔“ဂယ္လြမ္ ေတာင္ၾကား” ေဒသမွာ ႏွစ္ႏိုင္ငံ စစ္သားခ်င္း လက္ခ်ည့္သက္သက္ ထိုးႀကိတ္သတ္ပုတ္ၾကရာ အိႏၵိယစစ္သား ၂၀-ေယာက္ ေသဆုံးပါတယ္။
(၄) ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္း အိႏၵိယ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ အစိတ္ပိုင္းအေတာ္ မ်ားမ်ားဟာ သူတို႔ပိုင္ “ေတာင္တိဗက္နယ္ေျမ” အတြင္းမွာ ပါဝင္တယ္လို႔ တ႐ုတ္က အခိုင္အမာေျပာဆို ေနပါတယ္။
အဲဒီေနရာေတြအားလုံးဟာ အျမင့္ေပ ၁၀၀,၀၀၀ မွ ၁၈၀,၀၀၀ ခန႔္ျမင့္မားၿပီး ေရခဲေတာင္တန္းနဲ႔ ေတာင္ေပၚ ေရအိုင္ႀကီးမ်ားအနီးမွာ တည္ရွိၾကေနၾကပါတယ္။ ႏွစ္ႏိုင္ငံအၾကား အတိအလင္း တိုက္ခိုက္ၾကတဲ့အထိ မျဖစ္ ေသးေပမယ့္ နယ္စပ္တေလ်ာက္ ရန္ေစာင္ေနတဲ့ စစ္တပ္မ်ားအၾကား တင္းမာမႈ ေလ်ာ့က် မသြားေသးပါဘူး၊ မိုးထိေတာင္တန္းမ်ားျဖစ္တဲ့အေလ်ာက္ စစ္ဆင္ေရးအတြက္ အားသာ/အားနည္းခ်က္မ်ား ရွိေနပါတယ္။ ေအးခဲ ရာသီဥတုနဲ႔ စိုထိုင္းဆနည္းပါးျခင္းေၾကာင့္ စစ္တပ္မ်ား ခ်ထားဖို႔ ခက္ခဲပါတယ္။ ၾကမ္းတမ္းတဲ့ ရာသီဥတုအရ ေျပာင္းလဲစီးဆင္းေလ့ရွိတဲ့ ျမစ္မ်ား၊ ပုံသ႑ာန္ေျပာင္းလဲတတ္တဲ့ ခ်ိဳင့္ဝွမ္းမ်ားလည္း ပါဝင္ေနတဲ့အတြက္ တစ္ ဖက္ဖက္က အတည္တက်ထိန္းခ်ဳပ္ဖို႔ မလြယ္ကူပါဘူး။ ။ #HtayOung #OungMarine )
#တ႐ုတ္အိႏၵိယနယ္စပ္အျငင္းပြားမွာ #အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ #ေတာင္တိဗက္ #ကခ်င္ျပယ္နယ္

Related news

© 2021. All rights reserved.