အီရန်က ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနိုင်မည့် အခွင့်အရေးများရှိနေဆဲဖြစ်ကြောင်း ပြင်သစ်နှင့် အမေရိကန်တို့ပြော

 142

Pika (NP News) - စက်တင်ဘာ ၂၉
အီရန်အစိုးရက ၎င်း၏ နျူကလီးယားအစီအစဉ်ဆိုင်ရာစိုးရိမ်ပူပန်မှုများကို ဖြေရှင်းမည်ဆိုပါက ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနိုင်မည့် နောက်ဆုံးအခွင့်အရေးများရှိနေဆဲဖြစ် ကြောင်း ပြင်သစ်သမ္မတမက်ခရွန်နှင့် အမေရိကန် သံတမန်စတိဗ်ဝစ်အော့ဖ်တို့က ထုတ်ဖော်ပြောဆိုခဲ့ သည်။ လာမည့် စက်တင်ဘာလ(၂၇)ရက်တွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အချိန်ကိုသတ်မှတ်ခဲ့ပြီး နောက် မက်ခရွန်နှင့် စတိဗ်ဝစ်အော့ဖ်တို့၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မက်ခရွန်သည် ကုလသမဂ္ဂအထွေထွေညီလာခံအပြီးတွင် အီရန်သမ္မတ Masoud Pezeshkian နှင့် တွေ့ဆုံမှုများလုပ်ဆောင်ခဲ့ကာ ပြီးခဲ့သည့်ဇွန်လက အစ္စရေးနှင့် အမေရိကန်တို့၏တိုက်ခိုက်မှုအပြီး လုပ်ဆောင်ခဲ့သော အီရန်၏ခြေလှမ်းများကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းခဲ့ကြောင်းသိရသည်။ ထို့ ပြင် အီရန်သည် ကုလသမဂ္ဂနျူကလီးယားစစ်ဆေးရေး မှူးများကို အပြည့်အဝဝင်ရောက်စစ်ဆေးခွင့်၊ နျူကလီးယားစေ့စပ်ညှိနှိုင်းမှုများ ချက်ချင်းပြန်လည် စတင်ရန်နှင့် ယူရေနီယံသန့်စင်မှုဆိုင်ရာ ပွင့်လင်း မြင်သာမှုကို ပေးဆောင်ရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
မက်ခရွန်က “သဘောတူညီချက်တစ်ခုက ဖြစ်နိုင်ခြေရှိနေပါသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး နာရီအနည်းငယ်ပဲကျန်ပါတော့တယ်။ ကျွန်တော်တို့ လုပ်ဆောင်မယ့် တရားဝင်အခြေအနေတွေကို တုံ့ပြန်ဖို့က အီရန်အပေါ်မှာပဲမူတည်ပါတယ်” ဟုပြောဆို ခဲ့သည်။
အမေရိကန်သံတမန်စတိဗ်ဝစ်အော့ဖ် က “အီရန်ကို ထိခိုက်အောင်လုပ်ဆောင်မယ့်ဆန္ဒတွေ ကျွန်တော်တို့မှာမရှိပါဘူး။ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ဆန္ဒတွေ ကျွန်တော် တို့မှာရှိပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version:
အီရန္က ပိတ္ဆို႔အေရးယူမႈမ်ားကို ေရွာင္ရွားႏိုင္မည့္ အခြင့္အေရးမ်ားရွိေနဆဲျဖစ္ေၾကာင္း ျပင္သစ္ႏွင့္ အေမရိကန္တို႔ေျပာ
Pika (NP News) - စက္တင္ဘာ ၂၉
အီရန္အစိုးရက ၎၏ န်ဴကလီးယားအစီအစဥ္ဆိုင္ရာစိုးရိမ္ပူပန္မႈမ်ားကို ေျဖရွင္းမည္ဆိုပါက ကုလသမဂၢ၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ေရွာင္ရွားႏိုင္မည့္ ေနာက္ဆုံးအခြင့္အေရးမ်ားရွိေနဆဲျဖစ္ ေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္ႏွင့္ အေမရိကန္ သံတမန္စတိဗ္ဝစ္ေအာ့ဖ္တို႔က ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ လာမည့္ စက္တင္ဘာလ(၂၇)ရက္တြင္ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပန္လည္ခ်မွတ္ရန္ ျပင္သစ္၊ ၿဗိတိန္ႏွင့္ ဂ်ာမနီႏိုင္ငံတို႔က ကုလသမဂၢလုံၿခဳံေရးေကာင္စီမွတစ္ဆင့္ အခ်ိန္ကိုသတ္မွတ္ခဲ့ၿပီး ေနာက္ မက္ခ႐ြန္ႏွင့္ စတိဗ္ဝစ္ေအာ့ဖ္တို႔၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
မက္ခ႐ြန္သည္ ကုလသမဂၢအေထြေထြညီလာခံအၿပီးတြင္ အီရန္သမၼတ Masoud Pezeshkian ႏွင့္ ေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ခဲ့ကာ ၿပီးခဲ့သည့္ဇြန္လက အစၥေရးႏွင့္ အေမရိကန္တို႔၏တိုက္ခိုက္မႈအၿပီး လုပ္ေဆာင္ခဲ့ေသာ အီရန္၏ေျခလွမ္းမ်ားကို ျပန္လည္႐ုပ္သိမ္းရန္ တိုက္တြန္းခဲ့ေၾကာင္းသိရသည္။ ထို႔ ျပင္ အီရန္သည္ ကုလသမဂၢန်ဴကလီးယားစစ္ေဆးေရး မႉးမ်ားကို အျပည့္အဝဝင္ေရာက္စစ္ေဆးခြင့္၊ န်ဴကလီးယားေစ့စပ္ညႇိႏႈိင္းမႈမ်ား ခ်က္ခ်င္းျပန္လည္ စတင္ရန္ႏွင့္ ယူေရနီယံသန႔္စင္မႈဆိုင္ရာ ပြင့္လင္း ျမင္သာမႈကို ေပးေဆာင္ရမည္ျဖစ္ေၾကာင္း မက္ခ႐ြန္က ေျပာၾကားခဲ့သည္။
မက္ခ႐ြန္က “သေဘာတူညီခ်က္တစ္ခုက ျဖစ္ႏိုင္ေျခရွိေနပါေသးတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး နာရီအနည္းငယ္ပဲက်န္ပါေတာ့တယ္။ ကြၽန္ေတာ္တို႔ လုပ္ေဆာင္မယ့္ တရားဝင္အေျခအေနေတြကို တုံ႔ျပန္ဖို႔က အီရန္အေပၚမွာပဲမူတည္ပါတယ္” ဟုေျပာဆို ခဲ့သည္။
အေမရိကန္သံတမန္စတိဗ္ဝစ္ေအာ့ဖ္ က “အီရန္ကို ထိခိုက္ေအာင္လုပ္ေဆာင္မယ့္ဆႏၵေတြ ကြၽန္ေတာ္တို႔မွာမရွိပါဘူး။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ေျဖရွင္းခ်က္တစ္ခုကို ရွာေဖြဖို႔နဲ႔ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးညႇိႏႈိင္းမႈေတြလုပ္ေဆာင္ဖို႔ဆႏၵေတြ ကြၽန္ေတာ္ တို႔မွာရွိပါတယ္” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.