ရိုက်တာသတင်းဌာနက လိမ်လည်ဖော်ပြဟု အီလွန်မတ် တုံ့ပြန်

71

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၃
ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်ဟာ ရိုက်တာသတင်းဌာနက ဖော်ပြမှုတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ရိုက်တာသတင်းဌာနက ယူကရိန်းထံကနေ သတ္တူဆိုင်ရာလုပ်ကွက်တွေရယူနိုင်အောင် အီလွန်မတ်ဟာ ယူကရိန်း ကို ကူညီပေးထားတဲ့ စတားလင့် အင်တာနက်လိုင်းများ ပြန်ရုတ်သိမ်းမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာဖော်ပြခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံအတွင်းရှိ ရေနံ နဲ့ ရှားပါးသတ္တူအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် လုပ်ခွင့်ရလိုကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတဟာ အမေရိကန်နိုင်ငံကို လုပ်ခွင့်ပေးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပယ်ချထားတယ်လို့သိရပါတယ်။
အီလွန်မတ်က "ရိုက်တာသတင်းဌာနက ဖော်ပြမှုက မှန်ကန်မှုမရှိဘဲ လိမ်လည်ဖော်ပြမှုသာ ဖြစ်တယ်။ ရိုက်တာ သတင်းဌာနရဲ့ဖော်ပြချက်က မှားယွင်းတယ်။ ရိုက်တာဟာ ဒုတိယက အေပီသတင်းဌာနဖြစ်တယ်" လို့ ပြောပါ တယ်။
ရုရှားနဲ့စစ်ပွဲဖြစ်လာပြီးနောက် ယူကရိန်းကို အင်တာလိုင်းများ အသုံးပြုခွင့်ရအောင် အီလွန်မတ်က စတားလင့် အင်တာနက်စက် အလုံးရေ လေးသောင်းကျော် ဖြန့်ကြက် ကူညီပေးခဲ့ဖူးကြောင်း သိရပါတယ်။ အဆိုပါ အင်တာနက် စက်တွေဟာ ယူကရိန်း စစ်ဌာနချုပ်များအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး အင်တာနက်စက်များ ပြန်ရုတ်သိမ်းရင် ယူကရိန်းစစ်သားများ အခက်အခဲများစွာ ဖြစ်ရဖွယ်ရှိနေပါတယ်။
Zawgyi Version:
႐ိုက္တာသတင္းဌာနက လိမ္လည္ေဖာ္ျပဟု အီလြန္မတ္ တုံ႔ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၃
ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ဟာ ႐ိုက္တာသတင္းဌာနက ေဖာ္ျပမႈေတြကို ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။ ႐ိုက္တာသတင္းဌာနက ယူကရိန္းထံကေန သတၱဴဆိုင္ရာလုပ္ကြက္ေတြရယူႏိုင္ေအာင္ အီလြန္မတ္ဟာ ယူကရိန္း ကို ကူညီေပးထားတဲ့ စတားလင့္ အင္တာနက္လိုင္းမ်ား ျပန္႐ုတ္သိမ္းမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာေဖာ္ျပခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းႏိုင္ငံအတြင္းရွိ ေရနံ နဲ႔ ရွားပါးသတၱဴအားလုံးရဲ႕ ၅၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ လုပ္ခြင့္ရလိုေၾကာင္း သိရပါတယ္။ ယူကရိန္းသမၼတဟာ အေမရိကန္ႏိုင္ငံကို လုပ္ခြင့္ေပးမယ့္ အေျခအေနနဲ႔ ပတ္သက္ၿပီး ပယ္ခ်ထားတယ္လို႔သိရပါတယ္။
အီလြန္မတ္က "႐ိုက္တာသတင္းဌာနက ေဖာ္ျပမႈက မွန္ကန္မႈမရွိဘဲ လိမ္လည္ေဖာ္ျပမႈသာ ျဖစ္တယ္။ ႐ိုက္တာ သတင္းဌာနရဲ႕ေဖာ္ျပခ်က္က မွားယြင္းတယ္။ ႐ိုက္တာဟာ ဒုတိယက ေအပီသတင္းဌာနျဖစ္တယ္" လို႔ ေျပာပါ တယ္။
႐ုရွားနဲ႔စစ္ပြဲျဖစ္လာၿပီးေနာက္ ယူကရိန္းကို အင္တာလိုင္းမ်ား အသုံးျပဳခြင့္ရေအာင္ အီလြန္မတ္က စတားလင့္ အင္တာနက္စက္ အလုံးေရ ေလးေသာင္းေက်ာ္ ျဖန္႔ၾကက္ ကူညီေပးခဲ့ဖူးေၾကာင္း သိရပါတယ္။ အဆိုပါ အင္တာနက္ စက္ေတြဟာ ယူကရိန္း စစ္ဌာနခ်ဳပ္မ်ားအတြက္ အဓိကအေရးပါတဲ့ အခန္းက႑က ပါဝင္ေနၿပီး အင္တာနက္စက္မ်ား ျပန္႐ုတ္သိမ္းရင္ ယူကရိန္းစစ္သားမ်ား အခက္အခဲမ်ားစြာ ျဖစ္ရဖြယ္ရွိေနပါတယ္။