ရုရှားက ယူကရိန်းကို စံချိန်တင် ဒရုန်းအစင်းရေ(၂၆၇)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်

 1300

Pika (NP News) - ဖေဖော်ဝါရီ ၂၄

ရုရှားစစ်တပ်ဟာ ယူကရိန်းကို တစ်ညအတွင်း ဒရုန်းအစင်းရေ(၂၆၇)စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ (၂၀၂၂)ခုနှစ်နောက်ပိုင်း ဒရုန်းအများအပြားအသုံးပြုခဲ့တဲ့ စံချိန်တင်တိုက်ခိုက်မှုတစ်ခုဖြစ်တယ် လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ(၂၂)ရက် နဲ့ (၂၃)ရက်ကြားမှာ ယူကရိန်းကောင်းကင်ယံမှာ ရုရှားဘက်က လွှတ်တင်လိုက်တဲ့ ဒရုန်း အစင်းရေ(၂၆၇)ဦးကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်က ပြောကြား ခဲ့ပါတယ်။ အဲဒီဒရုန်းတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်(၃)နှစ်နီးပါးအတွင်း စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ယူရီအစ်ဂ်နက်က ပြောကြားခဲ့ပါတယ်။
ရုရှားဘက်က လွှတ်တင်လိုက်တဲ့ ဒရုန်းအစင်းရေ(၁၃၈)စင်းကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်တွေ က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အခြားဒရုန်း(၁၁၉)စင်းကတော့ ပျောက်ဆုံးသွားခဲ့တယ်လို့ ယူရီအစ်ဂ်နက် က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အခြားဒရုန်းအစင်းရေ(၁၀)စင်းက ဘာဖြစ်သွားတယ်ဆိုတဲ့အချက်ကို ယူရီအစ်ဂ်နက်က ထုတ်ဖော် ပြောဆိုခဲ့ တာမျိုး မရှိခဲ့ပေမယ့်လည်း ယူကရိန်းတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ အဲဒီဒရုန်းတွေဟာ ကိယက်ဗ်မြို့ အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ ရုရှားဟာ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်မှာ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ရည်ရွယ်ချက်ဟာ နေတိုးအဖွဲ့ရဲ့ချဲ့ထွင်မှုခြိမ်းခြောက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဖြစ်တယ်လို့ ရုရှားအစိုးရက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားက ယူကရိန္းကို စံခ်ိန္တင္ ဒ႐ုန္းအစင္းေရ(၂၆၇)စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄

႐ုရွားစစ္တပ္ဟာ ယူကရိန္းကို တစ္ညအတြင္း ဒ႐ုန္းအစင္းေရ(၂၆၇)စင္းနဲ႔ တိုက္ခိုက္ခဲ့ၿပီး ႐ုရွား-ယူကရိန္းပဋိပကၡ စတင္ျဖစ္ပြားခဲ့တဲ့ (၂၀၂၂)ခုႏွစ္ေနာက္ပိုင္း ဒ႐ုန္းအမ်ားအျပားအသုံးျပဳခဲ့တဲ့ စံခ်ိန္တင္တိုက္ခိုက္မႈတစ္ခုျဖစ္တယ္ လို႔ ယူကရိန္းေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဖေဖာ္ဝါရီလ(၂၂)ရက္ နဲ႔ (၂၃)ရက္ၾကားမွာ ယူကရိန္းေကာင္းကင္ယံမွာ ႐ုရွားဘက္က လႊတ္တင္လိုက္တဲ့ ဒ႐ုန္း အစင္းေရ(၂၆၇)ဦးကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူ ယူရီအစ္ဂ္နက္က ေျပာၾကား ခဲ့ပါတယ္။ အဲဒီဒ႐ုန္းတိုက္ခိုက္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့တဲ့ အခ်ိန္(၃)ႏွစ္နီးပါးအတြင္း စံခ်ိန္တင္ တိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔ ယူရီအစ္ဂ္နက္က ေျပာၾကားခဲ့ပါတယ္။
႐ုရွားဘက္က လႊတ္တင္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၁၃၈)စင္းကို ယူကရိန္းေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြ က ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ၿပီး အျခားဒ႐ုန္း(၁၁၉)စင္းကေတာ့ ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ယူရီအစ္ဂ္နက္ က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အျခားဒ႐ုန္းအစင္းေရ(၁၀)စင္းက ဘာျဖစ္သြားတယ္ဆိုတဲ့အခ်က္ကို ယူရီအစ္ဂ္နက္က ထုတ္ေဖာ္ ေျပာဆိုခဲ့ တာမ်ိဳး မရွိခဲ့ေပမယ့္လည္း ယူကရိန္းတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ အဲဒီဒ႐ုန္းေတြဟာ ကိယက္ဗ္ၿမိဳ႕ အပါအဝင္ ေဒသအမ်ားအျပားကို ထိမွန္ခဲ့တယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။ ႐ုရွားဟာ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၄)ရက္မွာ ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ၎ရဲ႕ရည္႐ြယ္ခ်က္ဟာ ေနတိုးအဖြဲ႕ရဲ႕ခ်ဲ႕ထြင္မႈၿခိမ္းေျခာက္မႈေတြကေန ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔ျဖစ္တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.