အရည်အသွေးပြည့်သော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်းဖြန့်ဖြူးခြင်းဖြစ်စေရန် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အထူးကြပ်မတ်ရန်ပြော

104

သန့်ဇင်(NP News)-စက်တင်ဘာ ၂၉
အရည်အသွေးပြည့်သော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်းဖြန့်ဖြူးခြင်းဖြစ်စေရန် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အထူးကြပ်မတ်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲတွင် တာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေးပညာရှင်များနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်းဖြန့်ဖြူးခြင်းဖြစ်စေရန် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အထူးကြပ်မတ်ဆောင်ရွက်ရန် ဒုတိယဝန်ကြီးက ဆိုသည်။
သီးနှံကာကွယ်ရေးဌာနအနေဖြင့် ခေတ်မီသီးနှံကာကွယ်ရေးနည်းစနစ်များကို သုံးစွဲရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ ဓာတုပစ္စည်းများ ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် ဒုတိယဝန်ကြီးက ဆိုသည်။
စားသုံးသူများနှင့် အသုံးပြုသူများ၏ ကျန်းမာရေးထိခိုက်မှုများမရှိစေရန် တောင်သူများတက်ကြွစွာပါဝင်သော ဘက်စုံသီးနှံ ကာကွယ် ရေးစနစ်ဖြင့် အခြေခံဆောင်ရွက်ရန်နှင့် တောင်သူလယ်သမားများအား အသိပညာပေးခြင်း နည်းပညာဖြန့်ဝေခြင်းကို ထိရောက်စွာ ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး စနစ်များတိကျစွာဆောင်ရွက်ပေးရန်၊ သီးနှံများတင်ပို့ခြင်း တင်သွင်းခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ သီးနှံကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်လည်း ဒုတိယဝန်ကြီးက ဆိုသည်။

Zawgyi Version:
အရည္အေသြးျပည့္ေသာ စိုက္ပ်ိဳးေရးသုံး ဓာတုေဆးမ်ား တင္သြင္းျဖန႔္ျဖဴးျခင္းျဖစ္ေစရန္ တည္ဆဲဥပေဒမ်ား၊ နည္းဥပေဒမ်ားႏွင့္အညီ အထူးၾကပ္မတ္ရန္ေျပာ
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၉
အရည္အေသြးျပည့္ေသာ စိုက္ပ်ိဳးေရးသုံး ဓာတုေဆးမ်ား တင္သြင္းျဖန႔္ျဖဴးျခင္းျဖစ္ေစရန္ တည္ဆဲဥပေဒမ်ား၊ နည္းဥပေဒမ်ားႏွင့္အညီ အထူးၾကပ္မတ္ရမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ရက္၊ ညေနပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ အေနာက္ႀကိဳ႕ကုန္း ရွိ စိုက္ပ်ိဳးေရးဦးစီးဌာန သီးႏွံကာကြယ္ေရးဌာနခြဲတြင္ တာဝန္ရွိသူမ်ား၊ သီးႏွံကာကြယ္ေရးပညာရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အရည္အေသြးျပည့္ဝေသာ စိုက္ပ်ိဳးေရးသုံး ဓာတုေဆးမ်ား တင္သြင္းျဖန႔္ျဖဴးျခင္းျဖစ္ေစရန္ တည္ဆဲဥပေဒမ်ား၊ နည္းဥပေဒမ်ားႏွင့္အညီ အထူးၾကပ္မတ္ေဆာင္႐ြက္ရန္ ဒုတိယဝန္ႀကီးက ဆိုသည္။
သီးႏွံကာကြယ္ေရးဌာနအေနျဖင့္ ေခတ္မီသီးႏွံကာကြယ္ေရးနည္းစနစ္မ်ားကို သုံးစြဲရာတြင္ သီးႏွံကာကြယ္ေရးဆိုင္ရာ ဓာတုပစၥည္းမ်ား ေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈ မျဖစ္ေပၚေစရန္ ဒုတိယဝန္ႀကီးက ဆိုသည္။
စားသုံးသူမ်ားႏွင့္ အသုံးျပဳသူမ်ား၏ က်န္းမာေရးထိခိုက္မႈမ်ားမရွိေစရန္ ေတာင္သူမ်ားတက္ႂကြစြာပါဝင္ေသာ ဘက္စုံသီးႏွံ ကာကြယ္ ေရးစနစ္ျဖင့္ အေျခခံေဆာင္႐ြက္ရန္ႏွင့္ ေတာင္သူလယ္သမားမ်ားအား အသိပညာေပးျခင္း နည္းပညာျဖန႔္ေဝျခင္းကို ထိေရာက္စြာ ေဆာင္႐ြက္ေပးရန္လိုေၾကာင္းလည္း ဒုတိယဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ သီးႏွံတစ္ခုစီအလိုက္ ဘက္စုံသီးႏွံကာကြယ္ေရး စနစ္မ်ားတိက်စြာေဆာင္႐ြက္ေပးရန္၊ သီးႏွံမ်ားတင္ပို႔ျခင္း တင္သြင္းျခင္း လုပ္ငန္းမ်ားကို အျပည္ျပည္ဆိုင္ရာ သီးႏွံကာကြယ္ေရး စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ စီမံေဆာင္႐ြက္ၾကရန္လည္း ဒုတိယဝန္ႀကီးက ဆိုသည္။