ယူကရိန်းက အမေရိကန်ကို ငွေကြေးတွေ ပြန်ပေးမှာမဟုတ်ဘူးလို့ သမ္မတဇီလန်စကီးပြော

 1220

Pika (NP News) - ဖေဖော်ဝါရီ ၂၄

ရုရှားနဲ့ စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်နိုင်ငံဆီကနေ ရရှိထားတဲ့ အကူအညီတွေအတွက် ယူကရိန်း က ‌ငွေကြေးတွေပြန်ပေးမှာမဟုတ်ဘူးလို့ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ အမေရိကန်ဒေါ်လာ(၃၅၀)ဘီလျံကျော် အကြွေးတင်နေတယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ခန့်မှန်း ပြောဆိုချက်တွေဟာ ချဲ့ကားပြောဆိုချက်တွေသာဖြစ်တယ်လို့ ဇီလန်စကီးက ထပ်မံပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်ကနေစတင်ပြီး ထောက်ပံ့ပေး ခဲ့တဲ့အကူအညီတွေအားလုံးအတွက် ယူကရိန်းကို ငွေကြေးတောင်းခံမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းမှာ ငွေကြေးပြတ်လပ်နေမယ်ဆိုရင် လျော်ကြေးငွေပုံစံအဖြစ် ၎င်းရဲ့သဘာဝ သယံဇာတဆိုင်ရာလုပ်ပိုင်ခွင့်တွေကို ယူကရိန်းက လက်မှတ်ရေးထိုးသင့်တယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြု ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုချက်တွေအားလုံးကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးက “ယူကရိန်းဟာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံကိုပဲ ရရှိခဲ့တာပါ။ အမေရိကန်ဒေါ်လာ (၃၅၀)ဘီလျံ၊ (၅၀၀)ဘီလျံ၊ (၇၀၀)ဘီလျံလည်း မဟုတ်ပါဘူး။ ပြီးတော့ ယူကရိန်းက အဲဒီ အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံကို အကြွေးလို့တောင် သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အဲဒီငွေကြေးကို ထောက်ပံ့ငွေအဖြစ် အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်နဲ့သဘောတူညီမှုရရှိခဲ့တာမလို့ ပြန်ဆပ်ဖို့လည်း မျှော်လင့်မထားပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက အေမရိကန္ကို ေငြေၾကးေတြ ျပန္ေပးမွာမဟုတ္ဘူးလို႔ သမၼတဇီလန္စကီးေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄

႐ုရွားနဲ႔ စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံဆီကေန ရရွိထားတဲ့ အကူအညီေတြအတြက္ ယူကရိန္း က ‌ေငြေၾကးေတြျပန္ေပးမွာမဟုတ္ဘူးလို႔ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ အေမရိကန္ေဒၚလာ(၃၅၀)ဘီလ်ံေက်ာ္ အေႂကြးတင္ေနတယ္ဆိုတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ခန႔္မွန္း ေျပာဆိုခ်က္ေတြဟာ ခ်ဲ႕ကားေျပာဆိုခ်က္ေတြသာျဖစ္တယ္လို႔ ဇီလန္စကီးက ထပ္မံေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခ်ိန္ကေနစတင္ၿပီး ေထာက္ပံ့ေပး ခဲ့တဲ့အကူအညီေတြအားလုံးအတြက္ ယူကရိန္းကို ေငြေၾကးေတာင္းခံမႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းမွာ ေငြေၾကးျပတ္လပ္ေနမယ္ဆိုရင္ ေလ်ာ္ေၾကးေငြပုံစံအျဖစ္ ၎ရဲ႕သဘာဝ သယံဇာတဆိုင္ရာလုပ္ပိုင္ခြင့္ေတြကို ယူကရိန္းက လက္မွတ္ေရးထိုးသင့္တယ္လို႔ ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ရဲ႕ေတာင္းဆိုခ်က္ေတြအားလုံးကို ဇီလန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးက “ယူကရိန္းဟာ အကူအညီအျဖစ္ အေမရိကန္ေဒၚလာ(၁၀၀)ဘီလ်ံကိုပဲ ရရွိခဲ့တာပါ။ အေမရိကန္ေဒၚလာ (၃၅၀)ဘီလ်ံ၊ (၅၀၀)ဘီလ်ံ၊ (၇၀၀)ဘီလ်ံလည္း မဟုတ္ပါဘူး။ ၿပီးေတာ့ ယူကရိန္းက အဲဒီ အေမရိကန္ေဒၚလာ(၁၀၀)ဘီလ်ံကို အေႂကြးလို႔ေတာင္ သတ္မွတ္ထားတာ မဟုတ္ပါဘူး။ အဲဒီေငြေၾကးကို ေထာက္ပံ့ေငြအျဖစ္ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္နဲ႔သေဘာတူညီမႈရရွိခဲ့တာမလို႔ ျပန္ဆပ္ဖို႔လည္း ေမွ်ာ္လင့္မထားပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.