အစ္စရေးရဲ့လုပ်ရပ်တွေက ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ခြိမ်းခြောက်နေတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 138

Pika (NP News) - ဖေဖော်ဝါရီ ၂၄

အစ္စရေးဘက် ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ နှောင့်နှေးမှုနဲ့အတူ ဂါဇာကမ်းမြောင်ဒေသ အပစ်ခတ်ရပ်စဲရေးဟာ ပြိုပျက်သွားနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးရဲ့ပထမအဆင့်ဟာ မတ်လအစောပိုင်းမှာ အဆုံးသတ်မှာဖြစ်ပြီး စီစဉ်ထားတဲ့ နောက်ဆက်တွဲအဆင့်တွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက သဘောတူညီထား တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် တင်းမာမှုတွေ ထပ်မံမြင့်တက် လာမှုနဲ့အတူ အနောက်ဘက်ကမ်းခြေကို စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးတင့်ကားတပ်ခွဲတစ်ခုကို အနောက်ဘက် ကမ်းခြေမြို့ ဂျီနင်ကို စေလွှတ်သွားမှာဖြစ်ပြီး နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် ဖြန့်ကျက်ချထားမှုတစ်ခု ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးဓါးစာခံ(၂၅)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕လုပ္ရပ္ေတြက ဂါဇာအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ၿခိမ္းေျခာက္ေနတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄

အစၥေရးဘက္ ပါလက္စတိုင္းအက်ဥ္းသားေတြ ျပန္လႊတ္ေပးဖို႔ ေႏွာင့္ေႏွးမႈနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသ အပစ္ခတ္ရပ္စဲေရးဟာ ၿပိဳပ်က္သြားႏိုင္တဲ့အေျခအေနမွာရွိေနတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးရဲ႕ပထမအဆင့္ဟာ မတ္လအေစာပိုင္းမွာ အဆုံးသတ္မွာျဖစ္ၿပီး စီစဥ္ထားတဲ့ ေနာက္ဆက္တြဲအဆင့္ေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဘက္စလုံးက သေဘာတူညီထား တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိခဲ့ၿပီးေနာက္ တင္းမာမႈေတြ ထပ္မံျမင့္တက္ လာမႈနဲ႔အတူ အေနာက္ဘက္ကမ္းေျခကို စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးေတြ တိုးခ်ဲ႕လုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးတင့္ကားတပ္ခြဲတစ္ခုကို အေနာက္ဘက္ ကမ္းေျခၿမိဳ႕ ဂ်ီနင္ကို ေစလႊတ္သြားမွာျဖစ္ၿပီး ႏွစ္ေပါင္း(၂၀)အတြင္း ပထမဆုံးအႀကိမ္ ျဖန႔္က်က္ခ်ထားမႈတစ္ခု ျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိခဲ့ၿပီးေနာက္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးဓါးစာခံ(၂၅)ဦးကို ျပန္လႊတ္ေပးခဲ့ၿပီး အစၥေရးဘက္ကလည္း ပါလက္စတိုင္းအက်ဥ္းသားေတြကို ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္လို႔ အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြ ျပန္လည္ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.