မြန်မာ- ရုရှား နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ဘဏ်လုပ်ငန်း အပါအဝင် နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာ စာချုပ်စာတမ်း (၉)ခုကို လက်မှတ်ရေးထိုး

 493

ယွန်း(NP News)- ဖေဖော်ဝါရီ ၂၄

မြန်မာ- ရုရှား နှစ်နိုင်ငံအစိုးနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ဘဏ်လုပ်ငန်း အပါအဝင် နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာ စာချုပ်စာတမ်း(၉)ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပဥ္စမအကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း‌ဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို ‌ဖေဖော်ဝါရီ(၂၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးကို ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်းရယ်ရှဲသငြိကော့ဗ်တို့ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ မြန်မာ- ရုရှားနှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း (၉) ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ-Eurasian Economic Union (EAEU)နှင့် ပူးပေါင်းကာ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး ရုရှားနိုင်ငံအနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း ဒေါက်တာကံဇော်က အစည်းအဝေးတွင် ပြောသည်။

ထို့ပြင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း ၎င်းက အသိပေးထားသည်။

Zawgyi Version:
ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအစိုးရႏွင့္ ပုဂၢလိကက႑တို႔အၾကား ဘဏ္လုပ္ငန္း အပါအဝင္ နည္းပညာႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ စာခ်ဳပ္စာတမ္း (၉)ခုကို လက္မွတ္ေရးထိုး

ယြန္း(NP News)- ေဖေဖာ္ဝါရီ ၂၄

ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအစိုးႏွင့္ ပုဂၢလိကက႑တို႔အၾကား ဘဏ္လုပ္ငန္း အပါအဝင္ နည္းပညာႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ စာခ်ဳပ္စာတမ္း(၉)ခုကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ပၪၥမအႀကိမ္ ႐ုရွား- ျမန္မာ အစိုးရအခ်င္းခ်င္း ကုန္သြယ္ေရးႏွင့္ စီးပြားေရးပူးေပါင္း‌ေဆာင္႐ြက္ေရးေကာ္မရွင္ အစည္းအေဝးကို ‌ေဖေဖာ္ဝါရီ(၂၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္း ဗဟိုဌာန(၂)၌ က်င္းပခဲ့ရာ အဆိုပါအစည္းအေဝးတြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးကို ေကာ္မရွင္၏ ပူးတြဲဥကၠ႒မ်ားျဖစ္ၾကေသာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ကံေဇာ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဝန္ႀကီး မစၥတာ မက္ဆင္းရယ္ရွဲသၿငိေကာ့ဗ္တို႔ ဦးေဆာင္၍ က်င္းပခဲ့ျခင္းျဖစ္သည္။

အစည္းအေဝး၌ ျမန္မာ- ႐ုရွားႏွစ္ႏိုင္ငံအစိုးရႏွင့္ ပုဂၢလိကက႑တို႔အၾကား စီးပြားေရးဆိုင္ရာ အေျခခံအေဆာက္အအုံ၊ ဘဏ္လုပ္ငန္း၊ ပညာေရး၊ ဆက္သြယ္ေရး၊ နည္းပညာႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စာခ်ဳပ္စာတမ္း (၉) ခုကို သက္ဆိုင္ရာ ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိ ပုဂၢိဳလ္မ်ားက လက္မွတ္ေရးထိုးလဲလွယ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ဥေရာပအာရွစီးပြားေရးသမဂၢ-Eurasian Economic Union (EAEU)ႏွင့္ ပူးေပါင္းကာ ဥေရာပေဈးကြက္သို႔ ဝင္ေရာက္ႏိုင္ၿပီး ႐ုရွားႏိုင္ငံအေနျဖင့္လည္း အာရွေဈးကြက္သို႔ ပိုမိုခ်ဲ႕ထြင္ႏိုင္မည့္ အခြင့္အလမ္းမ်ားရွိေၾကာင္း ေဒါက္တာကံေဇာ္က အစည္းအေဝးတြင္ ေျပာသည္။

ထို႔ျပင္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သယ္ယူပို႔ေဆာင္ေရးက႑ အဆင့္ျမႇင့္တင္ေရးႏွင့္ ေခတ္မီစက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ႐ုရွားရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ဖိတ္ေခၚေၾကာင္း ၎က အသိေပးထားသည္။

Related news

© 2021. All rights reserved.