ပြင်သစ်နိုင်ငံရှိ ရုရှားနိုင်ငံ ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ရုရှားအစိုးရပြော

694

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၄
ပြင်သစ်နိုင်ငံရှိ ရုရှားနိုင်ငံ ကောင်စစ်ဝန်ရုံးမှာ ပေါက်ကွဲမှုများဖြစ်လာခဲ့ပြီး အဲဒီပေါက်ကွဲမှုက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။ အဆိုပါကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်အချိန်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း
သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက "ကျွန်မတို့ ရုရှားအစိုးရအနေနဲ့ ရုရှားကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအတွက် ပြင်သစ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ သံရုံးဝန်ထမ်းတွေ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေဖို့ နဲ့ အဲဒီတိုက်ခိုက်မှုအတွက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်" လို့ ပြောပါတယ်။
မာဆေးလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအဖြစ်ပျက်နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်သလဲဆိုတဲ့အချက်ကို ဝန်ခံတဲ့အဖွဲ့စည်းမျိုးမရှိသေးကြောင်း သိရပါတယ်။ ရုရှားပြည်ပထောက်လှမ်းရေးအဖွဲ့က ယူကရိန်းအစိုရးဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှောင့်နေးစေဖို့ ရည်ရွယ်ချက်နဲ့ ဥရောပတိုက်ရှိ ရုရှားသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကိုတိုက်ခိုက်တာမျိုးလုပ်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ သတိပေးခဲ့ဖူးပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားတဲ့ စစ်ပွဲအဆုံးသတ်ဖို့ အမေရိကန်အစိုးရက ကြားဝင်ကြိုးပမ်းနေချိန်မှာပဲ ပြင်သစ်နိုင်ငံရှိ ရုရှားကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
ျပင္သစ္ႏိုင္ငံရွိ ႐ုရွားႏိုင္ငံ ေကာင္စစ္ဝန္႐ုံးေပါက္ကြဲမႈက အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၄
ျပင္သစ္ႏိုင္ငံရွိ ႐ုရွားႏိုင္ငံ ေကာင္စစ္ဝန္႐ုံးမွာ ေပါက္ကြဲမႈမ်ားျဖစ္လာခဲ့ၿပီး အဲဒီေပါက္ကြဲမႈက အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္း ႐ုရွားအစိုးရတာဝန္ရွိသူတစ္ဦးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက မာေဆးၿမိဳ႕ရွိ ႐ုရွားေကာင္စစ္ဝန္႐ုံးဟာ ေဖေဖာ္ဝါရီ ၂၃ ရက္မွာ တိုက္ခိုက္ခံခဲ့ရတယ္လို႔ အတည္ျပဳထားပါတယ္။ အဆိုပါေကာင္စစ္ဝန္႐ုံး တိုက္ခိုက္ခံရမႈျဖစ္စဥ္အခ်ိန္အတြင္း ထိခိုက္ဒဏ္ရာရသူ မရွိေၾကာင္း
သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက "ကြၽန္မတို႔ ႐ုရွားအစိုးရအေနနဲ႔ ႐ုရွားေကာင္စစ္ဝန္႐ုံးတိုက္ခိုက္ခံရမႈအတြက္ ျပင္သစ္အစိုးရကို တိုက္တြန္းေတာင္းဆိုလိုပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူေတြနဲ႔ သံ႐ုံးဝန္ထမ္းေတြ ေဘးကင္းလုံၿခဳံမႈ ပိုမိုေကာင္းမြန္ေစဖို႔ နဲ႔ အဲဒီတိုက္ခိုက္မႈအတြက္စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုပါတယ္" လို႔ ေျပာပါတယ္။
မာေဆးလ္ၿမိဳ႕ရွိ ႐ုရွားေကာင္စစ္ဝန္႐ုံးတိုက္ခိုက္ခံရမႈအျဖစ္ပ်က္ေနာက္ကြယ္မွာ ဘယ္သူေတြ ပါဝင္သလဲဆိုတဲ့အခ်က္ကို ဝန္ခံတဲ့အဖြဲ႕စည္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။ ႐ုရွားျပည္ပေထာက္လွမ္းေရးအဖြဲ႕က ယူကရိန္းအစိုရးဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ေႏွာင့္ေနးေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဥေရာပတိုက္ရွိ ႐ုရွားသံ႐ုံးေတြ၊ ေကာင္စစ္ဝန္႐ုံးေတြကိုတိုက္ခိုက္တာမ်ိဳးလုပ္ဖြယ္ရွိတယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္မွာ သတိေပးခဲ့ဖူးပါတယ္။
႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားတဲ့ စစ္ပြဲအဆုံးသတ္ဖို႔ အေမရိကန္အစိုးရက ၾကားဝင္ႀကိဳးပမ္းေနခ်ိန္မွာပဲ ျပင္သစ္ႏိုင္ငံရွိ ႐ုရွားေကာင္စစ္ဝန္႐ုံး တိုက္ခိုက္ခံရျခင္းျဖစ္တယ္လို႔ သိရပါတယ္။