ရုရှား-ယူကရိန်းပဋိပက္ခကို ထရမ့် ဘယ်လိုဖြေရှင်းလာနိုင်သလဲ (ဘာသာပြန်ဆောင်းပါး)

222

တင်ဇာ (NP News) - ဖေဖော်ဝါရီ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားနှင့် တိုက်ရိုက်တွေ့ဆုံညှိနှိုင်းမည့်အခြေအ နေများကိုပြသခဲ့ သည့်အတွက် ယူကရိန်းနှင့်အတူ ဥရောပမဟာမိတ်များက ၎င်းတို့ကို အမေရိကန်အစိုးရသစ်က ဖယ်ထုတ်သွားမည်ကို စိုးရိမ်နေကြသည်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ပြီးနောက် (၃) နှစ်ကျော် ကာလသို့ရောက်လာချိန်တွင် ထရမ့်သည် နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယို၊ အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz နှင့် အထူးသံတမန် Steve Witkoff တို့ကို ဆော်ဒီအာရေဗျသို့စေလွှတ်ကာ ရုရှားမှ သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် ဆွေးနွေးသွားရန်စီစဉ်နေကြောင်း သိရ သည်။ လာမည့်ရက်များ အတွင်း ရီယာ့ဒ်၌ကျင်းပမည့်ဆွေးနွေးပွဲများတွင် ယူကရိန်းသို့မဟုတ် ဥရောပတာဝန်ရှိသူများက မည် မျှအတိုင်းအတာအထိပါဝင်နိုင်မည်ကိုမူ ရှင်းရှင်းလင်း လင်းမသိရှိရသေးပေ။
အဆိုပါစေ့စပ်ညှိနှိုင်းမှုများတွင် ယူကရိန်း သမ္မတဇီလန်စကီးပါဝင်လာလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့ ကြောင်း သတင်းသမားများထံမှသိရသည်။ ဒုတိယသမ္မတ JD Vance အပါအဝင် ထရမ့်၏ ထိပ်တန်းအကြံပေးများက ယူကရိန်းပဋိပက္ခကို အချိန်တိုအတွင်း ကြိုးစားအားထုတ်မှုအနည်းဆုံးဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရန်ကြံရွယ်နေကြောင်း သိရသည့်အခါ ယူကရိန်းနှင့် အခြားသော ဥရောပနိုင်ငံ အချို့တွင် စိုးရိမ်မှုများမြင့်မားလာခဲ့သည်။
“ဆယ်စုနှစ်များစွာကြာခဲ့တဲ့ ဥရောပနဲ့ အမေရိကကြားကဆက်ဆံရေး ပြီးဆုံးသွားပြီ။ အခုအချိန်ကစပြီး အရာအားလုံးက ကွဲပြားသွားမှာဖြစ်တာကြောင့် ဥရောပအနေနဲ့ ဒါကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်”ဟု ဇီလန်စကီးက မြူးနစ်လုံခြုံရေးညီလာခံ၏ စနေနေ့(ဖေဖော်ဝါရီလ ၁၅ ရက်) မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့သည်။ အိမ်ဖြူတော် တာဝန်ရှိသူများက ဥရောပကို ယူကရိန်းအရေးဆွေးနွေးပွဲမှ ဖယ်ထုတ် ရန်ကြိုးစားနေသည်ဟူသောယူဆချက်မှာ မှားယွင်းနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ ထရမ့်သည် မကြာသေးမီရက်ပိုင်းက ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဆက်စကားပြောခဲ့သလို ယခုလာမည့် သီတင်းပတ်အတွင်း၌လည်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ဆွေးနွေး သွားနိုင်သည်ဟု မျှော်မှန်းထားကြောင်းသိရသည်။
အစ္စရေးတွင်ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီး ရူဘီယိုက ဆော်ဒီအာရေဗျသို့မသွား ရောက်မီ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)က ယူကရိန်းစစ်ပွဲစတင်ပြီးချိန်မှစလို့ မော်စကိုနှင့် ဘိုင်ဒင်အစိုးရကြား ဆက်ဆံရေးမှာ ပြတ် တောက်ခဲ့သော်လည်း ယခုအချိန်တွင်တော့ အမေရိကန်သည် ယင်းပြဿနာကို ဂရုတစိုက်ချဉ်း ကပ်မှုပြုလုပ်နေသည် ဟု ပြောကြားခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဆက်စကား ပြောခဲ့ရာ ခေါင်းဆောင်နှစ်ဦးသည် စစ်ပွဲအဆုံးသတ်ရေး အဆင့်မြင့်ဆွေးနွေးပွဲများစတင်ရန် သဘောတူ ညီခဲ့ကြသည်။ ကနဦးပိုင်း က နှစ်နိုင်ငံတည်း တွေ့ဆုံညှိနှိုင်းရန်သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ထရမ့်က ယူကရိန်းကိုပါ ပါဝင်လာရန် အတည်ပြုခဲ့သည်။ သို့သော် မည်သည့်အဆင့်တွင် ၎င်းအနေဖြင့် ဆွေးနွေးခွင့်ရမည်ကိုမူ အတည်ပြုပြောကြားထားခြင်း မရှိပေ။ ထို့ပြင် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မည်သည့်အချိန်တွင် စတင်မည်ကိုလည်း ရှင်းရှင်း လင်းလင်းမသိရ သေးပါ။ သို့သော် ယင်းဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေးလာနိုင်သည့် အကြောင်းအရာများမှာ ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး အနာ ဂတ်နှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်ရန်များနေသည်။
သိမ်းပိုက်ထားသည့်နယ်မြေများ
ဘယ်လိုဖြစ်လာနိုင်သလဲ
မော်စကိုသည် လက်ရှိတွင် ယူကရိန်းပိုင် နက်၏ငါးပုံတစ်ပုံကိုထိန်းချုပ်ထားပြီး အဓိကအားဖြင့် တောင်နှင့် အရှေ့ဘက်တွင်ဖြစ်သည်။ မြို့တော်ကိ ယက်ဗ်ကိုသိမ်းပိုက်ရန် ရုရှား၏ကြိုးပမ်းမှုမှာ ပျက်ပြား သွားသော်လည်း ရုရှားတပ်ဖွဲ့များသည် အရှေ့ယူက ရိန်းဆီသို့ ၎င်းတို့၏ပိုင်နက်ထိန်းချုပ်မှုကို တဖြည်းဖြည်းချင်းချဲ့ထွင်လာခဲ့သည်။
သို့သော် အမေရိကန်နှင့် ဥရောပမဟာ မိတ်များထံမှ လက်နက်နှင့် ငွေကြေးအထောက်အပံ့ များရရှိထားသော ယူကရိန်းတပ်ဖွဲ့များသည် ယင်း အခြေအနေများကို တတ်နိုင်သမျှ ထိန်းသိမ်းဟန့်တား နိုင်ခဲ့သည်။ ထို့ပြင် တစ်ခါတစ်ရံ ၎င်းတို့၏နယ်မြေများကို ပြန်လည်သိမ်းယူလာနိုင်သည့်အပြင် ရုရှားနိုင်ငံအနောက်ပိုင်းသို့ တန်ပြန်ထိုးစစ်လည်း ဆင်နွှဲနိုင်ခဲ့သည်။ ခရိုင်းမီးယား၊ ဒွန်းနက်စ်နှင့်လုဟန့်စ်အပါအ ဝင် (၂၀၁၄)ခုနှစ်မတိုင်မီက ယူကရိန်းပိုင်ဆိုင်ထား သည့် နယ်နိမိတ်များပြန်လည်ရရှိရေးနှင့် ရုရှားတပ်များ ယူကရိန်းမြေပေါ်မှ အပြည့်အဝဆုတ်ခွာရေးတို့ကို ယူကရိန်းမှ ၎င်း၏ငြိမ်းချမ်းရေးသဘောတူညီ ချက်တွင် အခိုင်အမာထည့်သွင်းပြောဆိုထားသည်။
မကြာသေးမီအချိန်အထိ ယူကရိန်း၏ အနောက်မဟာမိတ်များက ခရိုင်းမီးယားအပါအဝင် ယူကရိန်း နယ်မြေ အားလုံးကို ပြန်လည်ပေးအပ်ရန် ဇီလန်စကီးနှင့်အတူရပ်တည်ခဲ့သည်။ သို့သော် အမေရိကန်ကာကွယ် ရေးဝန် ကြီးအသစ် Pete Hegseth က အဆိုပါမျှော်လင့်ချက်များကို လျစ်လျူရှုလိုက်ပြီး (၂၀၁၄) ခုနှစ်မတိုင်မီက နယ်နိမိတ်များ ပြန်လည်ရရှိ အောင်တောင်းဆိုခြင်းသည် လက်တွေ့မဆန်သော ရည်မှန်းချက်ဖြစ်ကြောင်း ဖေဖော်ဝါရီလတွင်ပြုလုပ် သည့် ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေတိုးမဟာမိတ်ထဲကိုကော
ယူကရိန်း ဝင်နိုင်ပါ့မလား
အဖွဲ့ဝင်တစ်နိုင်ငံတိုက်ခိုက်ခံရပါက အချင်း ချင်းခုခံကာကွယ်မည်ဟုကတိပြုထားသည့် နေတိုး မဟာမိတ်အဖွဲ့ သည် ၎င်း၏လုံခြုံရေးကိုအာမခံရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယူကရိန်းက ထင်မြင်ယူဆထားသည်။ ယူကရိန်းက ၎င်းသာ နေတိုးအဖွဲ့ဝင်ဖြစ်လျှင် ရုရှား၏တိုက်ခိုက်မှုများကို ကောင်းကောင်းတုံ့ပြန်နိုင် မည်ဟုယုံကြည် သည့်အတွက် အဖွဲ့ဝင်ဖြစ်ရေးကိုသာ အစဉ်တစိုက်ရှေးရှုခဲ့သည်။
သို့သော် ရုရှားသည် ယူကရိန်းအဖွဲ့ဝင်နိုင် ငံဖြစ်လာရန် စိတ်ကူးကို အစဉ်တစိုက်ကန့်ကွက်ခဲ့ပြီး နေတိုးတပ်များ ၎င်း၏နယ်နိမိတ်နှင့် နီးကပ်လွန်းနေ မည်ကို စိုးရိမ်လျက်ရှိနေသည်။ ယူကရိန်းနိုင်ငံသည် အနာဂတ်တွင် နေတိုးအဖွဲ့ ဝင်ဖြစ်လာမည်ဟု နေတိုးအဖွဲ့ဝင်များက တစ်စိုက်မတ်မတ်ပြောဆိုခဲ့ကြသည်။ ယူကေဝန်ကြီးချုပ် Keir Starmer က ယူကရိန်းနိုင်ငံ သည် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လမ်းကြောင်းပေါ်သို့ ရောက်နေပြီဟုပြောဆိုခဲ့ဖူးသည်။
သို့သော် ငြိမ်းချမ်းရေးအတွက် အဖြေရှာရာတွင် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေးနှင့် ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးက နှိမ်ချပြောဆိုခဲ့ပြီးနောက် အဆိုပါမျှော်လင့်ချက်များသည် ယခုအခါ ခိုင်လုံမှု နည်းပါးသွားပြီဖြစ်သည်။ “ယူက ရိန်းအတွက် နေတိုးအဖွဲ့ဝင်ဖြစ်မှုဟာ လက်တွေ့ကျ တဲ့အဖြေ မဖြစ်နိုင်ဘူး”ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးအာမခံချက် ရှိပါ့မလား
ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်နှင့် ယခင်ဆွေးနွေးမှုများသည် ငြိမ်းချမ်း ရေးအတွက် မလုံလောက်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ဇီလန်စကီးက မြူနစ်လုံခြုံရေးကောင်စီကို ရောက်ချိန်တွင် “အမေရိ ကန်ကလာတဲ့ အချက်ပြမှုတွေက သက်ရောက်မှုတော့ရှိတယ်။ ဒါပေမဲ့ အမျိုးမျိုးအထွေထွေတော့ဖြစ်နေ တယ်”ဟု ပြောခဲ့သည်။ ထရမ့်က နှစ်နိုင်ငံစလုံးပြေလည်အောင် လက်တွဲခေါ် ဆောင်နိုင်စွမ်းရှိသော “ကမ္ဘာပေါ်ရှိ တစ်ဦးတည်း သောလူတစ်ယောက်သာ”ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်၏ကြိုးပမ်းမှုသည် ယူ ကရိန်းစစ်သား များကို သစ္စာဖောက်ခြင်းမဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခိုင်အမာပြောကြားခဲ့သည်။ ဇီလန်စကီး သည် အောက်တိုဘာလတွင် နေတိုးအဖွဲ့ဝင်ဖြစ်မှု၊ အမေရိကန်နှင့် အီးယူ၏ ပူးတွဲ သဘာဝရင်းမြစ်များ ကိုကာကွယ် ခြင်းအပါအဝင် ရုရှားကိုထိန်းချုပ်နိုင်ရန်အတွက် ယူကရိန်း မြေပေါ်တွင် နျူကလီးယားမဟုတ်သော ဗျူဟာ မြောက် လက်နက်များ ဖြန့်ကြက်ခြင်းအစီအစဉ်များကို ယူကရိန်းပါလီမန်သို့ ချပြခဲ့သည်။ ဇီလန်စကီး၏အစီအ စဉ်တစ်စိတ် တစ်ပိုင်းကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက် လုပ်ဆောင်မည်လားမသေချာသော်လည်း အနာဂတ် လုံခြုံရေးအစီ အစဉ်နှင့်ပတ်သက်၍မူ ယူကရိန်းမြေပေါ်၌ အမေရိကန်တပ်များ ရှိတော့မည်မဟုတ်ကြောင်း Hesgeth ကအသိပေး ခဲ့သည်။ ထို့ကြောင့် ဇီလန်စကီးက အမေရိကန်၏ပါဝင်ပတ် သက်မှုမရှိဘဲ လုံခြုံရေးအာမခံချက်အလုပ်ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း Guardian သို့ပြောကြားခဲ့သည်။ ထိုအချိန်တွင် ဗြိတိန်ကာကွယ်ရေးသတင်းရင်းမြစ် များက ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစ နစ်အတွက် အမေရိကန်သည် Patriot ဒုံးပျံများကို ထောက်ပံ့ပေးနိုင်ကြောင်း ဖော်ပြထားသည်။
အချုပ်အားဖြင့်ဆိုရလျှင် (၃) နှစ်ကျော် ကာလအတွင်းသို့ဝင်ရောက်လာပြီဖြစ်သော ရုရှား- ယူကရိန်းပဋိပက္ခကို အမေရိကန်သမ္မတသစ်လက်ထက်တွင် အရေးတယူဖြေရှင်းလာနိုင်မည်ဟု အားလုံးကမျှော်လင့်နေကြသည်။ ထရမ့်၏ ဖြေရှင်းပုံက လျင်မြန်ပြီး ပြဿနာကို အမြန်အဆုံးသတ်သွားနိုင်ဖို့ အရေးစိုက်နေပုံရသည်။ သို့သော် ထရမ့်၏နည်းလမ်း ကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များကတော့ ဘဝင်မကျဖြစ်လာနိုင်သည်။ အကြောင်းမှာ ယူကရိန်း၏ လုံခြုံရေး အပါအဝင် ဆုံးရှုံးသွားသောနယ်မြေများ ပြန် လည်ရယူနိုင်ရေးနှင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး မျှော်လင့်ချက်များက အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တဖြည်းဖြည်းပျောက်ကွယ် သွားနိုင်သည့်အနေအထား ဖြစ်နေသည်။ သို့ဖြစ်ပါ၍ ထိုသို့သော ငြိမ်းချမ်းရေးဆွေးနွေးချက်များက ရုရှား-ယူကရိန်းပဋိပက္ခကို အမှန်တကယ် အဆုံးသတ်စေ မည်လားဆိုသည်ကိုတော့ ဆက်လက်လေ့လာရဦး မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Zawgyi Version:
႐ုရွား-ယူကရိန္းပဋိပကၡကို ထရမ့္ ဘယ္လိုေျဖရွင္းလာႏိုင္သလဲ (ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ေဖေဖာ္ဝါရီ ၂၄
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေနျဖင့္ ႐ုရွားႏွင့္ တိုက္႐ိုက္ေတြ႕ဆုံညႇိႏႈိင္းမည့္အေျခအ ေနမ်ားကိုျပသခဲ့ သည့္အတြက္ ယူကရိန္းႏွင့္အတူ ဥေရာပမဟာမိတ္မ်ားက ၎တို႔ကို အေမရိကန္အစိုးရသစ္က ဖယ္ထုတ္သြားမည္ကို စိုးရိမ္ေနၾကသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ၿပီးေနာက္ (၃) ႏွစ္ေက်ာ္ ကာလသို႔ေရာက္လာခ်ိန္တြင္ ထရမ့္သည္ ႏိုင္ငံ ျခားေရးဝန္ႀကီး မာကို႐ူဘီယို၊ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Mike Waltz ႏွင့္ အထူးသံတမန္ Steve Witkoff တို႔ကို ေဆာ္ဒီအာေရဗ်သို႔ေစလႊတ္ကာ ႐ုရွားမွ သက္ဆိုင္ရာကိုယ္စားလွယ္မ်ားႏွင့္ ေဆြးေႏြးသြားရန္စီစဥ္ေနေၾကာင္း သိရ သည္။ လာမည့္ရက္မ်ား အတြင္း ရီယာ့ဒ္၌က်င္းပမည့္ေဆြးေႏြးပြဲမ်ားတြင္ ယူကရိန္းသို႔မဟုတ္ ဥေရာပတာဝန္ရွိသူမ်ားက မည္ မွ်အတိုင္းအတာအထိပါဝင္ႏိုင္မည္ကိုမူ ရွင္းရွင္းလင္း လင္းမသိရွိရေသးေပ။
အဆိုပါေစ့စပ္ညႇိႏႈိင္းမႈမ်ားတြင္ ယူကရိန္း သမၼတဇီလန္စကီးပါဝင္လာလိမ့္မည္ဟု ထရမ့္က ေျပာၾကားခဲ့ ေၾကာင္း သတင္းသမားမ်ားထံမွသိရသည္။ ဒုတိယသမၼတ JD Vance အပါအဝင္ ထရမ့္၏ ထိပ္တန္းအႀကံေပးမ်ားက ယူကရိန္းပဋိပကၡကို အခ်ိန္တိုအတြင္း ႀကိဳးစားအားထုတ္မႈအနည္းဆုံးျဖင့္ အျမန္ဆုံးေျဖရွင္းႏိုင္ရန္ႀကံ႐ြယ္ေနေၾကာင္း သိရသည့္အခါ ယူကရိန္းႏွင့္ အျခားေသာ ဥေရာပႏိုင္ငံ အခ်ိဳ႕တြင္ စိုးရိမ္မႈမ်ားျမင့္မားလာခဲ့သည္။
“ဆယ္စုႏွစ္မ်ားစြာၾကာခဲ့တဲ့ ဥေရာပနဲ႔ အေမရိကၾကားကဆက္ဆံေရး ၿပီးဆုံးသြားၿပီ။ အခုအခ်ိန္ကစၿပီး အရာအားလုံးက ကြဲျပားသြားမွာျဖစ္တာေၾကာင့္ ဥေရာပအေနနဲ႔ ဒါကို ျပဳျပင္ေျပာင္းလဲဖို႔ လိုပါတယ္”ဟု ဇီလန္စကီးက ျမဴးနစ္လုံၿခဳံေရးညီလာခံ၏ စေနေန႔(ေဖေဖာ္ဝါရီလ ၁၅ ရက္) မိန႔္ခြန္းတြင္ ထည့္ သြင္းေျပာၾကားခဲ့သည္။ အိမ္ျဖဴေတာ္ တာဝန္ရွိသူမ်ားက ဥေရာပကို ယူကရိန္းအေရးေဆြးေႏြးပြဲမွ ဖယ္ထုတ္ ရန္ႀကိဳးစားေနသည္ဟူေသာယူဆခ်က္မွာ မွားယြင္းေနေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္။ ထရမ့္သည္ မၾကာေသးမီရက္ပိုင္းက ျပင္သစ္သမၼတ မက္ခ႐ြန္ႏွင့္ ဖုန္းဆက္စကားေျပာခဲ့သလို ယခုလာမည့္ သီတင္းပတ္အတြင္း၌လည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ႏွင့္ ေဆြးေႏြး သြားႏိုင္သည္ဟု ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။
အစၥေရးတြင္ေရာက္ရွိေနသည့္ ႏိုင္ငံျခား ေရးဝန္ႀကီး ႐ူဘီယိုက ေဆာ္ဒီအာေရဗ်သို႔မသြား ေရာက္မီ တနဂၤေႏြေန႔ (ေဖေဖာ္ဝါရီလ ၁၆ ရက္)က ယူကရိန္းစစ္ပြဲစတင္ၿပီးခ်ိန္မွစလို႔ ေမာ္စကိုႏွင့္ ဘိုင္ဒင္အစိုးရၾကား ဆက္ဆံေရးမွာ ျပတ္ ေတာက္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ေတာ့ အေမရိကန္သည္ ယင္းျပႆနာကို ဂ႐ုတစိုက္ခ်ဥ္း ကပ္မႈျပဳလုပ္ေနသည္ ဟု ေျပာၾကားခဲ့သည္။
ထရမ့္သည္ ၿပီးခဲ့သည့္ သီတင္းပတ္က ႐ုရွားသမၼတ ဗလာဒီမာပူတင္ႏွင့္ ဖုန္းဆက္စကား ေျပာခဲ့ရာ ေခါင္းေဆာင္ႏွစ္ဦးသည္ စစ္ပြဲအဆုံးသတ္ေရး အဆင့္ျမင့္ေဆြးေႏြးပြဲမ်ားစတင္ရန္ သေဘာတူ ညီခဲ့ၾကသည္။ ကနဦးပိုင္း က ႏွစ္ႏိုင္ငံတည္း ေတြ႕ဆုံညႇိႏႈိင္းရန္သေဘာတူခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထရမ့္က ယူကရိန္းကိုပါ ပါဝင္လာရန္ အတည္ျပဳခဲ့သည္။ သို႔ေသာ္ မည္သည့္အဆင့္တြင္ ၎အေနျဖင့္ ေဆြးေႏြးခြင့္ရမည္ကိုမူ အတည္ျပဳေျပာၾကားထားျခင္း မရွိေပ။ ထို႔ျပင္ အဆိုပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား မည္သည့္အခ်ိန္တြင္ စတင္မည္ကိုလည္း ရွင္းရွင္း လင္းလင္းမသိရ ေသးပါ။ သို႔ေသာ္ ယင္းေဆြးေႏြးပြဲတြင္ အဓိကထားေဆြးေႏြးလာႏိုင္သည့္ အေၾကာင္းအရာမ်ားမွာ ယူကရိန္း၏ ေနတိုးအဖြဲ႕ဝင္ျဖစ္ေရး အနာ ဂတ္ႏွင့္လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားျဖစ္ရန္မ်ားေနသည္။
သိမ္းပိုက္ထားသည့္နယ္ေျမမ်ား
ဘယ္လိုျဖစ္လာႏိုင္သလဲ
ေမာ္စကိုသည္ လက္ရွိတြင္ ယူကရိန္းပိုင္ နက္၏ငါးပုံတစ္ပုံကိုထိန္းခ်ဳပ္ထားၿပီး အဓိကအားျဖင့္ ေတာင္ႏွင့္ အေရွ႕ဘက္တြင္ျဖစ္သည္။ ၿမိဳ႕ေတာ္ကိ ယက္ဗ္ကိုသိမ္းပိုက္ရန္ ႐ုရွား၏ႀကိဳးပမ္းမႈမွာ ပ်က္ျပား သြားေသာ္လည္း ႐ုရွားတပ္ဖြဲ႕မ်ားသည္ အေရွ႕ယူက ရိန္းဆီသို႔ ၎တို႔၏ပိုင္နက္ထိန္းခ်ဳပ္မႈကို တျဖည္းျဖည္းခ်င္းခ်ဲ႕ထြင္လာခဲ့သည္။
သို႔ေသာ္ အေမရိကန္ႏွင့္ ဥေရာပမဟာ မိတ္မ်ားထံမွ လက္နက္ႏွင့္ ေငြေၾကးအေထာက္အပံ့ မ်ားရရွိထားေသာ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ယင္း အေျခအေနမ်ားကို တတ္ႏိုင္သမွ် ထိန္းသိမ္းဟန႔္တား ႏိုင္ခဲ့သည္။ ထို႔ျပင္ တစ္ခါတစ္ရံ ၎တို႔၏နယ္ေျမမ်ားကို ျပန္လည္သိမ္းယူလာႏိုင္သည့္အျပင္ ႐ုရွားႏိုင္ငံအေနာက္ပိုင္းသို႔ တန္ျပန္ထိုးစစ္လည္း ဆင္ႏႊဲႏိုင္ခဲ့သည္။ ခ႐ိုင္းမီးယား၊ ဒြန္းနက္စ္ႏွင့္လုဟန႔္စ္အပါအ ဝင္ (၂၀၁၄)ခုႏွစ္မတိုင္မီက ယူကရိန္းပိုင္ဆိုင္ထား သည့္ နယ္နိမိတ္မ်ားျပန္လည္ရရွိေရးႏွင့္ ႐ုရွားတပ္မ်ား ယူကရိန္းေျမေပၚမွ အျပည့္အဝဆုတ္ခြာေရးတို႔ကို ယူကရိန္းမွ ၎၏ၿငိမ္းခ်မ္းေရးသေဘာတူညီ ခ်က္တြင္ အခိုင္အမာထည့္သြင္းေျပာဆိုထားသည္။
မၾကာေသးမီအခ်ိန္အထိ ယူကရိန္း၏ အေနာက္မဟာမိတ္မ်ားက ခ႐ိုင္းမီးယားအပါအဝင္ ယူကရိန္း နယ္ေျမ အားလုံးကို ျပန္လည္ေပးအပ္ရန္ ဇီလန္စကီးႏွင့္အတူရပ္တည္ခဲ့သည္။ သို႔ေသာ္ အေမရိကန္ကာကြယ္ ေရးဝန္ ႀကီးအသစ္ Pete Hegseth က အဆိုပါေမွ်ာ္လင့္ခ်က္မ်ားကို လ်စ္လ်ဴရႈလိုက္ၿပီး (၂၀၁၄) ခုႏွစ္မတိုင္မီက နယ္နိမိတ္မ်ား ျပန္လည္ရရွိ ေအာင္ေတာင္းဆိုျခင္းသည္ လက္ေတြ႕မဆန္ေသာ ရည္မွန္းခ်က္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလတြင္ျပဳလုပ္ သည့္ ထိပ္သီးအစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
ေနတိုးမဟာမိတ္ထဲကိုေကာ
ယူကရိန္း ဝင္ႏိုင္ပါ့မလား
အဖြဲ႕ဝင္တစ္ႏိုင္ငံတိုက္ခိုက္ခံရပါက အခ်င္း ခ်င္းခုခံကာကြယ္မည္ဟုကတိျပဳထားသည့္ ေနတိုး မဟာမိတ္အဖြဲ႕ သည္ ၎၏လုံၿခဳံေရးကိုအာမခံရန္ အေကာင္းဆုံးနည္းလမ္းျဖစ္သည္ဟု ယူကရိန္းက ထင္ျမင္ယူဆထားသည္။ ယူကရိန္းက ၎သာ ေနတိုးအဖြဲ႕ဝင္ျဖစ္လွ်င္ ႐ုရွား၏တိုက္ခိုက္မႈမ်ားကို ေကာင္းေကာင္းတုံ႔ျပန္ႏိုင္ မည္ဟုယုံၾကည္ သည့္အတြက္ အဖြဲ႕ဝင္ျဖစ္ေရးကိုသာ အစဥ္တစိုက္ေရွးရႈခဲ့သည္။
သို႔ေသာ္ ႐ုရွားသည္ ယူကရိန္းအဖြဲ႕ဝင္ႏိုင္ ငံျဖစ္လာရန္ စိတ္ကူးကို အစဥ္တစိုက္ကန႔္ကြက္ခဲ့ၿပီး ေနတိုးတပ္မ်ား ၎၏နယ္နိမိတ္ႏွင့္ နီးကပ္လြန္းေန မည္ကို စိုးရိမ္လ်က္ရွိေနသည္။ ယူကရိန္းႏိုင္ငံသည္ အနာဂတ္တြင္ ေနတိုးအဖြဲ႕ ဝင္ျဖစ္လာမည္ဟု ေနတိုးအဖြဲ႕ဝင္မ်ားက တစ္စိုက္မတ္မတ္ေျပာဆိုခဲ့ၾကသည္။ ယူေကဝန္ႀကီးခ်ဳပ္ Keir Starmer က ယူကရိန္းႏိုင္ငံ သည္ ေနတိုးအဖြဲ႕ဝင္ျဖစ္ဖို႔ လမ္းေၾကာင္းေပၚသို႔ ေရာက္ေနၿပီဟုေျပာဆိုခဲ့ဖူးသည္။
သို႔ေသာ္ ၿငိမ္းခ်မ္းေရးအတြက္ အေျဖရွာရာတြင္ ယူကရိန္းအေနျဖင့္ ေနတိုးအဖြဲ႕ဝင္ျဖစ္ေရးႏွင့္ ပတ္သက္၍ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ႏွိမ္ခ်ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါေမွ်ာ္လင့္ခ်က္မ်ားသည္ ယခုအခါ ခိုင္လုံမႈ နည္းပါးသြားၿပီျဖစ္သည္။ “ယူက ရိန္းအတြက္ ေနတိုးအဖြဲ႕ဝင္ျဖစ္မႈဟာ လက္ေတြ႕က် တဲ့အေျဖ မျဖစ္ႏိုင္ဘူး”ဟု အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လုံၿခဳံေရးအာမခံခ်က္ ရွိပါ့မလား
ဇီလန္စကီးက အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္ႏွင့္ ယခင္ေဆြးေႏြးမႈမ်ားသည္ ၿငိမ္းခ်မ္း ေရးအတြက္ မလုံေလာက္ေၾကာင္းေျပာၾကားခဲ့သည္။ ထို႔ျပင္ ဇီလန္စကီးက ျမဴနစ္လုံၿခဳံေရးေကာင္စီကို ေရာက္ခ်ိန္တြင္ “အေမရိ ကန္ကလာတဲ့ အခ်က္ျပမႈေတြက သက္ေရာက္မႈေတာ့ရွိတယ္။ ဒါေပမဲ့ အမ်ိဳးမ်ိဳးအေထြေထြေတာ့ျဖစ္ေန တယ္”ဟု ေျပာခဲ့သည္။ ထရမ့္က ႏွစ္ႏိုင္ငံစလုံးေျပလည္ေအာင္ လက္တြဲေခၚ ေဆာင္ႏိုင္စြမ္းရွိေသာ “ကမာၻေပၚရွိ တစ္ဦးတည္း ေသာလူတစ္ေယာက္သာ”ျဖစ္ေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ အေမရိကန္၏ႀကိဳးပမ္းမႈသည္ ယူ ကရိန္းစစ္သား မ်ားကို သစၥာေဖာက္ျခင္းမဟုတ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးက အခိုင္အမာေျပာၾကားခဲ့သည္။ ဇီလန္စကီး သည္ ေအာက္တိုဘာလတြင္ ေနတိုးအဖြဲ႕ဝင္ျဖစ္မႈ၊ အေမရိကန္ႏွင့္ အီးယူ၏ ပူးတြဲ သဘာဝရင္းျမစ္မ်ား ကိုကာကြယ္ ျခင္းအပါအဝင္ ႐ုရွားကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ယူကရိန္း ေျမေပၚတြင္ န်ဴကလီးယားမဟုတ္ေသာ ဗ်ဴဟာ ေျမာက္ လက္နက္မ်ား ျဖန႔္ၾကက္ျခင္းအစီအစဥ္မ်ားကို ယူကရိန္းပါလီမန္သို႔ ခ်ျပခဲ့သည္။ ဇီလန္စကီး၏အစီအ စဥ္တစ္စိတ္ တစ္ပိုင္းကို ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတြင္ ဆက္လက္ လုပ္ေဆာင္မည္လားမေသခ်ာေသာ္လည္း အနာဂတ္ လုံၿခဳံေရးအစီ အစဥ္ႏွင့္ပတ္သက္၍မူ ယူကရိန္းေျမေပၚ၌ အေမရိကန္တပ္မ်ား ရွိေတာ့မည္မဟုတ္ေၾကာင္း Hesgeth ကအသိေပး ခဲ့သည္။ ထို႔ေၾကာင့္ ဇီလန္စကီးက အေမရိကန္၏ပါဝင္ပတ္ သက္မႈမရွိဘဲ လုံၿခဳံေရးအာမခံခ်က္အလုပ္ျဖစ္ႏိုင္လိမ့္မည္ မဟုတ္ေၾကာင္း Guardian သို႔ေျပာၾကားခဲ့သည္။ ထိုအခ်ိန္တြင္ ၿဗိတိန္ကာကြယ္ေရးသတင္းရင္းျမစ္ မ်ားက ယူကရိန္း၏ ေလေၾကာင္းရန္ကာကြယ္ေရးစ နစ္အတြက္ အေမရိကန္သည္ Patriot ဒုံးပ်ံမ်ားကို ေထာက္ပံ့ေပးႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ (၃) ႏွစ္ေက်ာ္ ကာလအတြင္းသို႔ဝင္ေရာက္လာၿပီျဖစ္ေသာ ႐ုရွား- ယူကရိန္းပဋိပကၡကို အေမရိကန္သမၼတသစ္လက္ထက္တြင္ အေရးတယူေျဖရွင္းလာႏိုင္မည္ဟု အားလုံးကေမွ်ာ္လင့္ေနၾကသည္။ ထရမ့္၏ ေျဖရွင္းပုံက လ်င္ျမန္ၿပီး ျပႆနာကို အျမန္အဆုံးသတ္သြားႏိုင္ဖို႔ အေရးစိုက္ေနပုံရသည္။ သို႔ေသာ္ ထရမ့္၏နည္းလမ္း ကို ယူကရိန္းႏွင့္ ဥေရာပမဟာမိတ္မ်ားကေတာ့ ဘဝင္မက်ျဖစ္လာႏိုင္သည္။ အေၾကာင္းမွာ ယူကရိန္း၏ လုံၿခဳံေရး အပါအဝင္ ဆုံးရႈံးသြားေသာနယ္ေျမမ်ား ျပန္ လည္ရယူႏိုင္ေရးႏွင့္ ေနတိုးအဖြဲ႕ဝင္ျဖစ္ေရး ေမွ်ာ္လင့္ခ်က္မ်ားက အေမရိကန္ဦးေဆာင္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားတြင္ တျဖည္းျဖည္းေပ်ာက္ကြယ္ သြားႏိုင္သည့္အေနအထား ျဖစ္ေနသည္။ သို႔ျဖစ္ပါ၍ ထိုသို႔ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးခ်က္မ်ားက ႐ုရွား-ယူကရိန္းပဋိပကၡကို အမွန္တကယ္ အဆုံးသတ္ေစ မည္လားဆိုသည္ကိုေတာ့ ဆက္လက္ေလ့လာရဦး မည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။