ရွှေဘိုတွင် အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် အမျိုးသမီး(၃)ဦး ထိမှန်ဒဏ်ရာရ

186

Pearl (NP News) - ဖေဖော်ဝါရီ ၂၅
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် အမျိုးသမီး(၃)ဦး ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်)၊ နံနက် (၉)နာရီ ၊ (၄၀)မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခွန်တောင်းကြီးကျေးရွာတွင် နေထိုင်သော မသန္တာထွေး ၊ မသန်းသန်းစိုး နှင့် ဒေါ်ပပဦးတို့ (၃) ဦးသည် ကျေးရွာ၏အရှေ့တောင်ဘက် မီတာ (၁၁၀၀)ခန့်အကွာရှိ လယ်ကွင်းများအတွင်း ပေါင်းမြက်များရှင်းလင်းနေစဉ် အကြမ်းဖက်သမားများက လယ်ကွင်း၏အရှေ့ဘက် မီတာ (၂၀၀)ခန့်အကွာမှနေ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ၎င်းတို့(၃)ဦးတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ရာ ၎င်းတို့ကို ရွှေဘိုပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်နေကြောင်း သိရှိရသည်။ အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့်လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းနှင့် အထက်ပါဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သောလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ေ႐ႊဘိုတြင္ အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ေသာေၾကာင့္ လယ္ယာလုပ္ငန္းေဆာင္႐ြက္ေနသည့္ အမ်ိဳးသမီး(၃)ဦး ထိမွန္ဒဏ္ရာရ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၅
ေ႐ႊဘိုၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ေသာေၾကာင့္ လယ္ယာလုပ္ငန္းေဆာင္႐ြက္ေနသည့္ အမ်ိဳးသမီး(၃)ဦး ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။ ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၄ ရက္)၊ နံနက္ (၉)နာရီ ၊ (၄၀)မိနစ္ခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ခြန္ေတာင္းႀကီးေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ခြန္ေတာင္းႀကီးေက်း႐ြာတြင္ ေနထိုင္ေသာ မသႏၲာေထြး ၊ မသန္းသန္းစိုး ႏွင့္ ေဒၚပပဦးတို႔ (၃) ဦးသည္ ေက်း႐ြာ၏အေရွ႕ေတာင္ဘက္ မီတာ (၁၁၀၀)ခန႔္အကြာရွိ လယ္ကြင္းမ်ားအတြင္း ေပါင္းျမက္မ်ားရွင္းလင္းေနစဥ္ အၾကမ္းဖက္သမားမ်ားက လယ္ကြင္း၏အေရွ႕ဘက္ မီတာ (၂၀၀)ခန႔္အကြာမွေန၍ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ၎တို႔(၃)ဦးတြင္ လက္နက္ငယ္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ရာ ၎တို႔ကို ေ႐ႊဘိုျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္၍ လိုအပ္သည့္ေဆးဝါးကုသမႈမ်ားေဆာင္႐ြက္ေနေၾကာင္း သိရွိရသည္။ အၾကမ္းဖက္သမားမ်ား၏ ယခုကဲ့သို႔ တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသခံျပည္သူ ေသဆုံး၊ ဒဏ္ရာရရွိမႈမ်ား မၾကာခဏျဖစ္ေပၚလ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လိုအပ္သည့္လုံၿခဳံေရးေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္းႏွင့္ အထက္ပါျဖစ္စဥ္ျဖစ္ပြားရာေနရာတစ္ဝိုက္အား လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။