ထိုင်း၌ ရွှေ့ပြောင်းလုပ်သားများကို ယခင်ထက် စစ်‌ဆေးမှုတင်းကြပ်နေရာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာများ အခက်တွေ့နေ

 230

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းလုပ်သားများကို ယခင်ထက် စစ်ဆေးမှုတင်းကြပ်နေခြင်းကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာများအခက်တွေ့နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက NP News ကိုပြောသည်။

ယခုနောက်ပိုင်းတွင် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်ခြင်းထက် တရားမဝင်သွားရောက်မှုများ ပိုမိုများပြားနေသည့်အပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားများအပါအဝင် အခြားရွှေ့ပြောင်းနိုင်ငံခြားသားများအနေဖြင့် ထိုင်းနိုင်ငံ၏ဥပဒေအရ တားမြစ်ထားသည့် အလုပ်များကိုလုပ်ကိုင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လာခြင်းကြောင့် ထိုင်းနိုင်ငံသားများအနေဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးသည်ဟု ပြောဆိုမှုများလည်းရှိနေရာ သက်ဆိုင်ရာမှ ယခင်ထက်ပိုမိုတင်းကြပ် စစ်ဆေးလာကြောင်း သိရသည်။

"ထိုင်းကလွဲရန် ကျန်တဲ့ရွှေ့ပြောင်းအလုပ်သမားအားလုံးပေါ့ အဲဒီထဲမှာ ကျွန်တော်တို့မြန်မာတွေလည်းပါတယ်။ သူတို့တားမြစ်ထားတဲ့ အလုပ်တွေကိုဝင်ရောက်လုပ်ကိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပါတယ်ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ မကြာခဏသတင်းတွေတင်တာတွေ၊ ဗီဒီယိုတွေတင်တာတွေရှိတော့ အခုနောက်ပိုင်းမှာ အစိုးရပိုင်းတွေကနေပြီးတော့ နယ်မြေတွေမှာရှိနေတဲ့ တရားမဝင်အလုပ် တွေကို ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအားလုံးကို အရေးယူဖို့ရှင်းလင်းဖို့ဆိုပြီး စီမံချက်တွေနဲ့ ‌ဆောင်ရွက်နေတာ။ ‌နောက်ပြီးတော့ ကျားဖြန့်လိုမျိုးကိစ္စတွေအပါအဝင် နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး နယ်မြေတွေမှာရှိနေတဲ့ နိုင်ငံခြားသားအကုန်လုံးကို စောင့်ကြည့်ဖို့တွေ၊ သူတို့ရဲ့လှုပ်ရှားမှုတွေကို စာရင်းပြုစုသတင်းပို့ဖို့တွေ သတင်းတွေထုတ်ပြန် လာတယ်ဆိုတော့ အခုကပိုပြီးတော့ ဥပဒေနဲ့မညီတဲ့ဟာတွေဆို တင်းတင်းကြပ်ကြပ်ပိုပြီးတော့လုပ်လာတာပေါ့"ဟု အထက်ပါထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူက ဆိုသည်။

ထိုင်းနိုင်ငံ၌ ယခုနောက်ပိုင်းတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများတွင် တရားဝင်လုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဿနာမရှိနိုင်သော်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"ပုံမှန်စက်ရုံအလုပ်ရုံသမားတွေအတွက်တော့ ထွေထွေထူးထူးမဖြစ်ပါဘူး။ ပုံမှန်ပါပဲ။ ဈေးရောင်းနေတဲ့သူတွေ၊ ပွဲစားလုပ်နေတဲ့သူတွေကို အခုနောက်ပိုင်းမှာဖမ်းနေတယ်။ မြန်မာအပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို လိုက်ဖမ်းနေတယ်ဆိုတော့ သူတို့ပဲထိခိုက်မှာပါ။ အခုနောက်ပိုင်းမှာ ပိုပြီးတော့ တင်းကြပ်လာတယ်။ ဘာလို့လဲဆိုတော့ နားလည်မှုနဲ့လုပ်နေတဲ့လုပ်ငန်းတွေမှာ တိမ်းစောင်းမခံတော့ပဲနဲ့ စစ်ဆေးလာတာပေါ့။ တချို့ဆို ထိုင်းတစ်ယောက်ယောက်ကိုငှားပြီးတော့ အလုပ်ရှင်နာမည်ခံခိုင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေကအစ မရတော့ဘူး လုံးဝတင်းကြပ်တာပေါ့။ နာမည်ခံခိုင်းရင်တော့ ဘယ်သူကနာမည်ခံပြီးတော့ ဘယ်သူကယူတာလည်းကအစ စစ်ဆေးလာပြီ"ဟု အထက်ပါလုပ်သားအရေးဆောင်ရွက်သူက ဆိုသည်။

ထိုင်း၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းအချို့မှ ထိုင်းအစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့် ပတ်သက်သည့် အချက်(၈)ချက်ကို တောင်းဆိုစာပေးပို့မှုများလည်းရှိခဲ့ပြီး ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

zawgyi version
ထိုင္း၌ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ယခင္ထက္ စစ္‌ေဆးမႈတင္းၾကပ္ေနရာ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနသည့္ ျမန္မာမ်ား အခက္ေတြ႕ေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅

ထိုင္းႏိုင္ငံ၌ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ယခင္ထက္ စစ္ေဆးမႈတင္းၾကပ္ေနျခင္းေၾကာင့္ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနသည့္ ျမန္မာမ်ားအခက္ေတြ႕ေနေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News ကိုေျပာသည္။

ယခုေနာက္ပိုင္းတြင္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသို႔ တရားဝင္သြားေရာက္ျခင္းထက္ တရားမဝင္သြားေရာက္မႈမ်ား ပိုမိုမ်ားျပားေနသည့္အျပင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္ သားမ်ားအပါအဝင္ အျခားေ႐ႊ႕ေျပာင္းႏိုင္ငံျခားသားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံ၏ဥပေဒအရ တားျမစ္ထားသည့္ အလုပ္မ်ားကိုလုပ္ကိုင္လ်က္ရွိသည္။ ထိုသို႔ေဆာင္႐ြက္လာျခင္းေၾကာင့္ ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္ ၎တို႔အတြက္ အလုပ္အကိုင္အခြင့္အလမ္းဆုံးရႈံးသည္ဟု ေျပာဆိုမႈမ်ားလည္းရွိေနရာ သက္ဆိုင္ရာမွ ယခင္ထက္ပိုမိုတင္းၾကပ္ စစ္ေဆးလာေၾကာင္း သိရသည္။

"ထိုင္းကလြဲရန္ က်န္တဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားအားလုံးေပါ့ အဲဒီထဲမွာ ကြၽန္ေတာ္တို႔ျမန္မာေတြလည္းပါတယ္။ သူတို႔တားျမစ္ထားတဲ့ အလုပ္ေတြကိုဝင္ေရာက္လုပ္ကိုင္တဲ့အတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြဆုံးရႈံးပါတယ္ဆိုၿပီး လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ မၾကာခဏသတင္းေတြတင္တာေတြ၊ ဗီဒီယိုေတြတင္တာေတြရွိေတာ့ အခုေနာက္ပိုင္းမွာ အစိုးရပိုင္းေတြကေနၿပီးေတာ့ နယ္ေျမေတြမွာရွိေနတဲ့ တရားမဝင္အလုပ္ ေတြကို ဝင္ေရာက္လုပ္ကိုင္ေနတဲ့ အလုပ္သမားေတြအားလုံးကို အေရးယူဖို႔ရွင္းလင္းဖို႔ဆိုၿပီး စီမံခ်က္ေတြနဲ႔ ‌ေဆာင္႐ြက္ေနတာ။ ‌ေနာက္ၿပီးေတာ့ က်ားျဖန႔္လိုမ်ိဳးကိစၥေတြအပါအဝင္ ႏိုင္ငံျခားသားေတြနဲ႔ ပတ္သက္ၿပီး နယ္ေျမေတြမွာရွိေနတဲ့ ႏိုင္ငံျခားသားအကုန္လုံးကို ေစာင့္ၾကည့္ဖို႔ေတြ၊ သူတို႔ရဲ႕လႈပ္ရွားမႈေတြကို စာရင္းျပဳစုသတင္းပို႔ဖို႔ေတြ သတင္းေတြထုတ္ျပန္ လာတယ္ဆိုေတာ့ အခုကပိုၿပီးေတာ့ ဥပေဒနဲ႔မညီတဲ့ဟာေတြဆို တင္းတင္းၾကပ္ၾကပ္ပိုၿပီးေတာ့လုပ္လာတာေပါ့"ဟု အထက္ပါထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရးေဆာင္႐ြက္သူက ဆိုသည္။

ထိုင္းႏိုင္ငံ၌ ယခုေနာက္ပိုင္းတြင္ စစ္ေဆးမႈမ်ား ပိုမိုတင္းၾကပ္ေနျခင္းျဖစ္ၿပီး စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တရားဝင္လုပ္ကိုင္ေနသည့္ ‌ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ျပႆနာမရွိႏိုင္ေသာ္လည္း ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနသူမ်ားအေနျဖင့္ သတိျပဳေနထိုင္သင့္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

"ပုံမွန္စက္႐ုံအလုပ္႐ုံသမားေတြအတြက္ေတာ့ ေထြေထြထူးထူးမျဖစ္ပါဘူး။ ပုံမွန္ပါပဲ။ ေဈးေရာင္းေနတဲ့သူေတြ၊ ပြဲစားလုပ္ေနတဲ့သူေတြကို အခုေနာက္ပိုင္းမွာဖမ္းေနတယ္။ ျမန္မာအပါအဝင္ ကိုယ္ပိုင္စီးပြားေရးလုပ္ေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြကို လိုက္ဖမ္းေနတယ္ဆိုေတာ့ သူတို႔ပဲထိခိုက္မွာပါ။ အခုေနာက္ပိုင္းမွာ ပိုၿပီးေတာ့ တင္းၾကပ္လာတယ္။ ဘာလို႔လဲဆိုေတာ့ နားလည္မႈနဲ႔လုပ္ေနတဲ့လုပ္ငန္းေတြမွာ တိမ္းေစာင္းမခံေတာ့ပဲနဲ႔ စစ္ေဆးလာတာေပါ့။ တခ်ိဳ႕ဆို ထိုင္းတစ္ေယာက္ေယာက္ကိုငွားၿပီးေတာ့ အလုပ္ရွင္နာမည္ခံခိုင္းၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္တဲ့သူေတြကအစ မရေတာ့ဘူး လုံးဝတင္းၾကပ္တာေပါ့။ နာမည္ခံခိုင္းရင္ေတာ့ ဘယ္သူကနာမည္ခံၿပီးေတာ့ ဘယ္သူကယူတာလည္းကအစ စစ္ေဆးလာၿပီ"ဟု အထက္ပါလုပ္သားအေရးေဆာင္႐ြက္သူက ဆိုသည္။

ထိုင္း၌ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလကလည္း ထိုင္းႏိုင္ငံရွိ အဖြဲ႕အစည္းအခ်ိဳ႕မွ ထိုင္းအစိုး၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားကိစၥရပ္မ်ားႏွင့္ ပတ္သက္သည့္ အခ်က္(၈)ခ်က္ကို ေတာင္းဆိုစာေပးပို႔မႈမ်ားလည္းရွိခဲ့ၿပီး ဆႏၵျပမႈမ်ားလည္း ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.