ဖားကန့်ကိုအခြေပြုကာ KIA အတွင်း လူတန်းစားမညီမျှမှုဖြစ်နေပြီး KIA ဗိုလ်ချုပ်အဆင့်နှင့်နီးစပ်သူများ အကြီးအကျယ်ကြွယ်ဝနေ

 321

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် ဖားကန့်ကိုအခြေပြုကာ KIA အတွင်းလူတန်းစားမညီမျှမှုဖြစ်နေပြီး KIA ဗိုလ်ချုပ်အဆင့်နှင့် နီးစပ်သူများ အကြီးအကျယ် ကြွယ်ဝနေကြောင်း ဖြစ်စဉ်ကိုသိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောကြားသည်။

ကျောက်စိမ်းလုပ်ကွက်အများအပြားရှိရာ ဖားကန့်ဒေသတွင် KIA၊ KIO ထိပ်ပိုင်းခေါင်း ဆောင်များနှင့်နီးစပ်သူ များက စီးပွားရေးလုပ်ကာ ကြီးပွားချမ်းသာလာသော်လည်း အခြားတစ်ဖက်တွင်မူ စစ်မြေပြင်ရောက် KIA စစ်သား အများအပြားမှာ ဆင်းရဲချို့တဲ့စွာဖြင့်တိုက်ပွဲအတွင်း သေဆုံးနေကြရ ကြောင်း ဒေသခံများထံမှသိရသည်။

KIA၊ KIO ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူများက ဖားကန့်တွင် ၎င်းတို့၏အကျိုးအတွက် လက်ဝါးကြီးအုပ် ခြယ်လှယ်သည်သာမက ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ၎င်းတို့နှင့် ပနံသင့်သောသူများကိုသာ ရွေးချယ်ခန့်ထားခြင်းများ ရှိနေကြောင်း သိရသည်။
“အဲဒါက KIA လူကြီးပိုင်းသားတွေ လည်းပါတယ်။ အရင်တုန်းက ဆိုင်ကယ်စုတ်တွေ စီးနေတဲ့ကောင်တွေက အခုမှ နောက်ဆုံးပေါ်ကားတွေနဲ့ တော်တော်ဆိုးဆိုးရွားရွားပါ။ အခုက အရင်က စားစရာမရှိတဲ့ကောင်တွေက ဘီလျံနာ သူဌေးဖြစ်နေတာ လေ။ အရင်တုန်းက ဆိုင်ကယ်စုတ်တောင်မစီးနိုင်တဲ့ ကောင်တွေက သိန်ပေါင်း(၁၀ဝဝဝ)ကျော်တန်ကားကို ဖားကန့်လိုဒေသမှာ ထည်လဲစီးနေတာ”ဟု အထက်ပါဒေသခံက ပြောသည်။

ဖားကန့်ဒေသသည် နှစ်စဉ် ဒေါ်လာဘီလျံ နှင့်ချီ သယံဇာတများထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး KIA က ယင်း နေရာအများစုကို ထိန်းချုပ်ပြီးနောက် သယံဇာတများကို စည်းကမ်းမဲ့ထုတ်ယူနေသည့်အတွက် နေ့စဉ် နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးနေရကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။“ပြည်သူ့ဘဏ္ဍာတွေဆုံးရှုံးနေတဲ့ကိစ္စကတော့ တော်တော်ကိုနှမြောစရာကောင်းပါတယ်။ တစ် နှစ်တစ်နှစ်ကို ဒေါ်လာသန်းပေါင်းဘီလျံနဲ့ချီပြီးတော့ ဆုံးရှုံးတာ။ ဖားကန့်မှာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာ ဘီလျံချီပြီးဝင်တာနော်။ နိုင်ငံတော်သယံဇာတဆုံးရှုံးတဲ့အပေါ်မှာ တော်တော်တော့နှမြောစရာကောင်းတယ်။ ဒီလိုသံယံဇာတ မဆုံးရှုံးအောင် နစကအစိုးရက ဘာလုပ်မှာလဲပေါ့”ဟု ၎င်းကပြောသည်။

zawgyi version
ဖားကန႔္ကိုအေျချပဳကာ KIA အတြင္း လူတန္းစားမညီမွ်မႈျဖစ္ေနၿပီး KIA ဗိုလ္ခ်ဳပ္အဆင့္ႏွင့္နီးစပ္သူမ်ား အႀကီးအက်ယ္ႂကြယ္ဝေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ကခ်င္ျပည္နယ္ ဖားကန႔္ကိုအေျချပဳကာ KIA အတြင္းလူတန္းစားမညီမွ်မႈျဖစ္ေနၿပီး KIA ဗိုလ္ခ်ဳပ္အဆင့္ႏွင့္ နီးစပ္သူမ်ား အႀကီးအက်ယ္ ႂကြယ္ဝေနေၾကာင္း ျဖစ္စဥ္ကိုသိရွိသူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာၾကားသည္။

ေက်ာက္စိမ္းလုပ္ကြက္အမ်ားအျပားရွိရာ ဖားကန႔္ေဒသတြင္ KIA၊ KIO ထိပ္ပိုင္းေခါင္း ေဆာင္မ်ားႏွင့္နီးစပ္သူ မ်ားက စီးပြားေရးလုပ္ကာ ႀကီးပြားခ်မ္းသာလာေသာ္လည္း အျခားတစ္ဖက္တြင္မူ စစ္ေျမျပင္ေရာက္ KIA စစ္သား အမ်ားအျပားမွာ ဆင္းရဲခ်ိဳ႕တဲ့စြာျဖင့္တိုက္ပြဲအတြင္း ေသဆုံးေနၾကရ ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

KIA၊ KIO ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ နီးစပ္သူမ်ားက ဖားကန႔္တြင္ ၎တို႔၏အက်ိဳးအတြက္ လက္ဝါးႀကီးအုပ္ ျခယ္လွယ္သည္သာမက ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားကိုလည္း ၎တို႔ႏွင့္ ပနံသင့္ေသာသူမ်ားကိုသာ ေ႐ြးခ်ယ္ခန႔္ထားျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
“အဲဒါက KIA လူႀကီးပိုင္းသားေတြ လည္းပါတယ္။ အရင္တုန္းက ဆိုင္ကယ္စုတ္ေတြ စီးေနတဲ့ေကာင္ေတြက အခုမွ ေနာက္ဆုံးေပၚကားေတြနဲ႔ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားပါ။ အခုက အရင္က စားစရာမရွိတဲ့ေကာင္ေတြက ဘီလ်ံနာ သူေဌးျဖစ္ေနတာ ေလ။ အရင္တုန္းက ဆိုင္ကယ္စုတ္ေတာင္မစီးႏိုင္တဲ့ ေကာင္ေတြက သိန္ေပါင္း(၁၀ဝဝဝ)ေက်ာ္တန္ကားကို ဖားကန႔္လိုေဒသမွာ ထည္လဲစီးေနတာ”ဟု အထက္ပါေဒသခံက ေျပာသည္။

ဖားကန႔္ေဒသသည္ ႏွစ္စဥ္ ေဒၚလာဘီလ်ံ ႏွင့္ခ်ီ သယံဇာတမ်ားထြက္ရွိရာေဒသတစ္ခုျဖစ္ၿပီး KIA က ယင္း ေနရာအမ်ားစုကို ထိန္းခ်ဳပ္ၿပီးေနာက္ သယံဇာတမ်ားကို စည္းကမ္းမဲ့ထုတ္ယူေနသည့္အတြက္ ေန႔စဥ္ ႏိုင္ငံ့ဘ႑ာမ်ား ဆုံးရႈံးေနရေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။“ျပည္သူ႔ဘ႑ာေတြဆုံးရႈံးေနတဲ့ကိစၥကေတာ့ ေတာ္ေတာ္ကိုႏွေျမာစရာေကာင္းပါတယ္။ တစ္ ႏွစ္တစ္ႏွစ္ကို ေဒၚလာသန္းေပါင္းဘီလ်ံနဲ႔ခ်ီၿပီးေတာ့ ဆုံးရႈံးတာ။ ဖားကန႔္မွာ တစ္ႏွစ္တစ္ႏွစ္ကို ေဒၚလာ ဘီလ်ံခ်ီၿပီးဝင္တာေနာ္။ ႏိုင္ငံေတာ္သယံဇာတဆုံးရႈံးတဲ့အေပၚမွာ ေတာ္ေတာ္ေတာ့ႏွေျမာစရာေကာင္းတယ္။ ဒီလိုသံယံဇာတ မဆုံးရႈံးေအာင္ နစကအစိုးရက ဘာလုပ္မွာလဲေပါ့”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.