ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေအရ နိုင်ငံတကာမှလုံခြုံရေးကုမ္ပဏီများပါ ဝင်ရောက်ဆောင်ရွက်နိုင်ပြီး ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ရမည်

 105

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၅

နိုင်ငံတကာမှလုံခြုံရေးကုမ္ပဏီများပါ ဝင်ရောက်ဆောင်ရွက်နိုင်ပြီး ခွင့်ပြုချက်ဖြင့် လက်နက် ကိုင်ဆောင်ခွင့်ရမည့်အချက်ကို ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့မြင်ရသည်။

အဆိုပါဥပဒေကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ အဆိုပါ ဥပဒေအရ ပေါ်ပေါက်လာမည့်လုပ်ငန်းများကို စည်းကြပ်ရန်အတွက် ပြည်ထောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ရဲချုပ်က ဒုတိယဥက္ကဋ္ဌအဖြစ်၊ ဒုတိယရဲချုပ်က အတွင်း ရေးမှူးအဖြစ်ပါဝင်ကာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနစသည်ဖြင့် ဝန်ကြီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များက အဖွဲ့ဝင်အဖြစ်ပါဝင်သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီတစ်ခု ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်မှု ကော်မတီ ကို လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် ကောင်စီ ဝင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်းရမည် ဖြစ်သည်။ အဆိုပါဥပဒေပါ ပြဌာန်းချက်အရ လိုင်စင်လျှောက်ထားရာတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အညီ မှတ်ပုံတင်ထားသောကုမ္ပဏီ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီး ဖြစ်ရမည်ဖြစ်ကာ နိုင်ငံတော်၏လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေသည့်ကျော်စောသတင်းရှိသော ကုမ္ပဏီမဖြစ်စေရကြောင်း သိရသည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့ စီးပွားရေးဘဏ်၌ အနည်းဆုံးငွေကျပ်သိန်းတစ်ထောင်၊ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ငွေကျပ် သိန်းတစ်ထောင်နှင့်ညီမျှသည့် နိုင်ငံခြားသုံးငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဥပဒေအရ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်း အတွက် လိုင်စင်သက်တမ်းမှာသုံးနှစ်ဖြစ်ကာ ဆက်လက်လုပ်ကိုင်လိုပါက သက်တမ်းမကုန်မီ သုံးလကြိုတင်၍ ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ လိုင်စင်သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ဝန်ထမ်းအဖြစ် ခန့်အပ်ရန် ရွေးချယ်ထားသူများကို ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာသင်တန်းသို့တက်ရောက်စေရမည်ဖြစ်ကာ ဝန်ထမ်းခန့်ရာတွင် နိုင်ငံခြားသာ ဖြစ်ပါက ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာ နိုင်ငံ ၏ ထောက်ခံချက် ရရှိရန်နှင့် ပြည်ပနိုင်ငံတစ်ခုခု ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်သူ ဖြစ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။ လိုင်စင်ရသူသည် နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပါက ပုဂ္ဂလိက ဝန်ထမ်းခန့်အပ်ရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမည် ဖြစ်ကာ လုပ်ငန်းလုပ်ရန် လိုင်စင်ရသူသည် လိုအပ်ချက်အရ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း ကိုင်ဆောင်ခွင့် ကို ဗဟိုကော်မတီ ၏ ခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လုပ်ငန်းလိုအပ်ချက်အရ လိုင်စင်ရရှိသူက သတ်မှတ်ချက်များနှင့် အညီ စီစဥ် ဆောင်ရွက်ပေးသည့် လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းကို လက်နက်ဥပဒေ၊လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ၊ တည်ဆဲ ဥပဒေနှင့်အညီ ကိုင်ဆောင်ရမည် ဖြစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန် လိုအပ်ပါက ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့်အညီ ဆောင်ရွက်ပြီး နီးစပ်ရာ ရဲစခန်းသို့ ချက်ချင်း အကြောင်းကြားခြင်း၊ အပ်နှံခြင်းပြုရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

zawgyi version
ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈဥပေဒအရ ႏိုင္ငံတကာမွလုံၿခဳံေရးကုမၸဏီမ်ားပါ ဝင္ေရာက္ေဆာင္႐ြက္ႏိုင္ၿပီး ခြင့္ျပဳခ်က္ျဖင့္ လက္နက္ကိုင္ေဆာင္ခြင့္ရမည္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ႏိုင္ငံတကာမွလုံၿခဳံေရးကုမၸဏီမ်ားပါ ဝင္ေရာက္ေဆာင္႐ြက္ႏိုင္ၿပီး ခြင့္ျပဳခ်က္ျဖင့္ လက္နက္ ကိုင္ေဆာင္ခြင့္ရမည့္အခ်က္ကို ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈဆိုင္ရာဥပေဒတြင္ ထည့္သြင္းေဖာ္ျပထားေၾကာင္း ေတြ႕ျမင္ရသည္။

အဆိုပါဥပေဒကို ေဖေဖာ္ဝါရီလ ၁၈ ရက္တြင္ ထုတ္ျပန္လိုက္ျခင္းျဖစ္ကာ အဆိုပါ ဥပေဒအရ ေပၚေပါက္လာမည့္လုပ္ငန္းမ်ားကို စည္းၾကပ္ရန္အတြက္ ျပည္ေထာင္ေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီးက ဥကၠ႒အျဖစ္ပါဝင္ၿပီး ရဲခ်ဳပ္က ဒုတိယဥကၠ႒အျဖစ္၊ ဒုတိယရဲခ်ဳပ္က အတြင္း ေရးမႉးအျဖစ္ပါဝင္ကာ ကာကြယ္ေရးဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနစသည္ျဖင့္ ဝန္ႀကီးဌာနမ်ားမွ ၫြန္ၾကားေရးမႉးခ်ဳပ္မ်ားက အဖြဲ႕ဝင္အျဖစ္ပါဝင္ေသာ ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈ ႀကီးၾကပ္ကြပ္ကဲေရး ဗဟိုေကာ္မတီတစ္ခု ဖြဲ႕စည္းရမည္ျဖစ္သည္။

ထို႔ျပင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ႀကီးၾကပ္မႈ ေကာ္မတီ ကို လုံၿခဳံေရး ႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္ကာ ဖြဲ႕စည္းရမည္ျဖစ္ၿပီး ျပည္ေထာင္စုနယ္ေျမ ႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီကို ေနျပည္ေတာ္ေကာင္စီဥကၠ႒က တာဝန္ေပးအပ္သည့္ ေကာင္စီ ဝင္က ဥကၠ႒အျဖစ္ ဦးေဆာင္ဖြဲ႕စည္းရမည္ ျဖစ္သည္။ အဆိုပါဥပေဒပါ ျပဌာန္းခ်က္အရ လိုင္စင္ေလွ်ာက္ထားရာတြင္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒႏွင့္ အညီ မွတ္ပုံတင္ထားေသာကုမၸဏီ ျဖစ္ရမည္ျဖစ္ၿပီး ႏိုင္ငံျခားကုမၸဏီျဖစ္ပါက ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒႏွင့္အညီ မွတ္ပုံတင္ခြင့္ရရွိၿပီး ျဖစ္ရမည္ျဖစ္ကာ ႏိုင္ငံေတာ္၏လုံၿခဳံေရးႏွင့္တရားဥပေဒ စိုးမိုးေရးကို ပ်က္ျပားေစသည့္ေက်ာ္ေစာသတင္းရွိေသာ ကုမၸဏီမျဖစ္ေစရေၾကာင္း သိရသည္။

ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေနစဥ္အတြင္း လုပ္ငန္းအာမခံအျဖစ္ ျမန္မာ့ စီးပြားေရးဘဏ္၌ အနည္းဆုံးေငြက်ပ္သိန္းတစ္ေထာင္၊ ႏိုင္ငံျခားကုမၸဏီျဖစ္ပါက ေငြက်ပ္ သိန္းတစ္ေထာင္ႏွင့္ညီမွ်သည့္ ႏိုင္ငံျခားသုံးေငြကို စာရင္းေသအပ္ေငြအျဖစ္ အပ္ႏွံထားရမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါ ဥပေဒအရ ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ လုပ္ငန္း အတြက္ လိုင္စင္သက္တမ္းမွာသုံးႏွစ္ျဖစ္ကာ ဆက္လက္လုပ္ကိုင္လိုပါက သက္တမ္းမကုန္မီ သုံးလႀကိဳတင္၍ ႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီသို႔ လိုင္စင္သက္တမ္းတိုး ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းတြင္ ဝန္ထမ္းအျဖစ္ ခန႔္အပ္ရန္ ေ႐ြးခ်ယ္ထားသူမ်ားကို ဗဟိုေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ဖြင့္လွစ္ထားေသာ ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈဆိုင္ရာသင္တန္းသို႔တက္ေရာက္ေစရမည္ျဖစ္ကာ ဝန္ထမ္းခန႔္ရာတြင္ ႏိုင္ငံျခားသာ ျဖစ္ပါက ျပစ္မႈ ကင္းရွင္းေၾကာင္း သက္ဆိုင္ရာ ႏိုင္ငံ ၏ ေထာက္ခံခ်က္ ရရွိရန္ႏွင့္ ျပည္ပႏိုင္ငံတစ္ခုခု ၏ လက္နက္ကိုင္ တပ္ဖြဲ႕ဝင္ မဟုတ္သူ ျဖစ္ရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။ လိုင္စင္ရသူသည္ ႏိုင္ငံျခား ကုမၸဏီ ျဖစ္ပါက ပုဂၢလိက ဝန္ထမ္းခန႔္အပ္ရာတြင္ ျမန္မာႏိုင္ငံသား အနည္းဆုံး ၇၅ ရာခိုင္ႏႈန္း ခန႔္ထားရမည္ ျဖစ္ကာ လုပ္ငန္းလုပ္ရန္ လိုင္စင္ရသူသည္ လိုအပ္ခ်က္အရ လက္နက္ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္း ကိုင္ေဆာင္ခြင့္ ကို ဗဟိုေကာ္မတီ ၏ ခြင့္ျပဳခ်က္ျဖင့္ လက္နက္ဥပေဒ၊ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူ၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

လုပ္ငန္းလိုအပ္ခ်က္အရ လိုင္စင္ရရွိသူက သတ္မွတ္ခ်က္မ်ားႏွင့္ အညီ စီစဥ္ ေဆာင္႐ြက္ေပးသည့္ လက္နက္ခဲယမ္း ႏွင့္ ဆက္စပ္ပစၥည္းကို လက္နက္ဥပေဒ၊လက္နက္ခဲယမ္း ကိုင္ေဆာင္ခြင့္မူ၊ တည္ဆဲ ဥပေဒႏွင့္အညီ ကိုင္ေဆာင္ရမည္ ျဖစ္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရန္ လိုအပ္ပါက ရာဇဝတ္က်င့္ထုံး ဥပေဒႏွင့္အညီ ေဆာင္႐ြက္ၿပီး နီးစပ္ရာ ရဲစခန္းသို႔ ခ်က္ခ်င္း အေၾကာင္းၾကားျခင္း၊ အပ္ႏွံျခင္းျပဳရမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.