အိန္ဒိယထုတ် Brah Mos မစ်ဇိုင်း ဒုံးကျည်များ အင်ဒိုနီးရှားဝယ်ယူတော့မှာလား

537

သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီ ၂၅
အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၂၃)ရက်မှ (၂၆) ရက်အထိ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည် အပတ်ခရီးသွားရောက်ခဲ့ရာ ကာကွယ်ရေးနှင့်လုံခြုံ ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါသဘောတူညီချက် တွင် BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်များ ဝယ်ယူရေးလည်းပါနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ကလည်း တာလတ်ပစ်မစ်ဇိုင်းဒုံးကျည်များဝယ်ယူရန် စိတ်ဝင်စားနေကြသည်။
အင်ဒိုနီးရှားနိုင်ငံ၏ BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်ဝယ်ယူရေးအစီအမံသည် မကြာ သေးမီ လများအတွင်းက ပညာရှင်အသိုင်းအဝိုင်းနှင့် အများပြည်သူ၏အာရုံစိုက်မှုခံရသည့် ကိစ္စရပ် တစ် ခုဖြစ်ခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် (၂၀၂၄) ခုနှစ်နောက်ပိုင်းတွင် အဆိုပါ အစီအမံကို ပြန်လည် ဖော် ထုတ်လာခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီး ရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Muhammad Ali သည် (၂၀၂၄) ခု နှစ် ဒီဇင်ဘာ (၁၆)ရက်တွင် ၎င်းနှင့်အဆင့်တူ အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dinesh Kumar Tripathi အား အိန္ဒိယ ရေတပ်ဌာနချုပ် Cilangkap ၌ တွေ့ဆုံစဉ်ကလည်း BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်ဝယ်ယူရေးကိစ္စရပ်အပေါ် အကြေအလည်ဆွေးနွေးခဲ့ကြပုံရသည်။
ထိုကဲ့သို့တွေ့ဆုံပြီးနောက်တွင် အိန္ဒိယနိုင်ငံရှိ BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်ထုတ် ကုမ္ပဏီနှင့် အင်ဒိုနီးရှားနိုင်ငံပိုင် စစ်ဘက်သုံးနှင့် အရပ်ဘက် သုံးရေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန် ရှိသူများသည် အင်ဒိုနီးရှားစစ်သင်္ဘောများတွင် BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်များ တပ်ဆင် နိုင်ရေးနှင့်ပတ်သက်၍ အပြန်အလှန်သွားရောက်ခဲ့ကြသည်။ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Muhammad Ali ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၂၇) ရက်တွင် BrahMos လေ ကြောင်းအာကာသရုံးချုပ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး supersonic ခရုမစ်ဇိုင်း ဒုံးကျည်များ၏ စွမ်းဆောင်ရည်ကို လေ့လာခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် BrahMos supersonic ခရုမစ်ဇိုင်းဒုံးကျည်ဝယ်ယူရန် မသေချာသေး သော်လည်း ၎င်း၏လုံခြုံရေးကိုခိုင်မာစေရန် နှင့် ရေတပ်စွမ်းရည်ခေတ်မီစေရေး အလေးထား ဆောင် ရွက်ရန်လိုအပ်နေသည်မှာ သေချာသည်။ ထိုသို့ဆောင်ရွက်မည်ဆိုပါကလည်း BrahMos ဝယ်ယူ တပ် ဆင်ရေးမှာ စိတ်ဝင်စားစရာကောင်းသည့် ရွေးချယ်စရာတစ်ခုဖြစ်သည်။
BrahMos သည် အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးတွဲထုတ်လုပ်သည့် မစ်ဇိုင်းလက်နက် တစ်မျိုး ဖြစ်သည်။ Brahmaputra နှင့် Moskva Rivers တို့၏အမည်များကိုအခြေခံ၍ BrahMos ဟု အမည်ပေး ထားခြင်းဖြစ်သည်။ အသံထက် ပိုမိုလျင်မြန်ပြီး supersonic ၏ သွင်ပြင်လက္ခဏာများ ရှိသည့်အတွက် BrahMos supersonic ခရုမစ် ဇိုင်းဒုံးကျည်ဟု အမည်ပေးထားခြင်းဖြစ်သည်။ အဆိုပါမစ်ဇိုင်းသည် မြေပြင်၊ ရေပြင်နှင့် ရေငုပ်သင်္ဘောမှဖြစ်စေ၊ လေကြောင်းမှဖြစ်စေ ပစ်ခတ်နိုင်စွမ်းရှိသည်။ ရေတပ်ကိုအဆင့်မြှင့်တင်ရန် ကြိုးပမ်းနေသည့်အင်ဒိုနီးရှားနိုင်ငံအတွက် BrahMos ၏ စွမ်းရည်သည် ဆွဲဆောင်မှုတစ်ခုဖြစ်နေသည်။ ယခင်အသုံးပြုနေသည့် Yakhont မစ်ဇိုင်းဒုံးကျည် သည် Ahmad Yani-class ဖရီးဂိတ်တစ်ခုတည်းတွင်သာ တပ်ဆင်နိုင်သည်။ BrahMos သည် Yakhont ထက် ပိုမိုခေတ်မီသော လမ်းညွှန်စနစ်ဖြင့် တပ်ဆင်ပစ်ခတ်နိုင်စွမ်းရှိသည်။ အဖျက်သင်္ဘောဒုံး ကျည်များသည် အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာမျှော်မှန်းချက်တွင် အမြဲတစေ နေရာယူထားသည်။ ထိုသို့ ယူထားရခြင်း မှာလည်း မြင့်တက်လာသည့်ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြားတွင် ၎င်း၏ရေပိုင်နက်ကို လုံခြုံမှု ရှိစေရန်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် Malacca, Sunda, Mombok နှင့် Makassar ရေလက်ကြား စသည့် မဟာဗျူဟာမြောက်ရေလမ်းကျဉ်းများကို ပိုင်ဆိုင်ထားသည်။
အဆိုပါရေလမ်းကျဉ်းများသည် အင်ဒိုနီးရှားနိုင်ငံ၏စီမံခန့်ခွဲမှုအတွက် အဓိကကျသည့် လမ်း ကြောင်းများဖြစ်သည်။ ကမ္ဘာ့ကုန်တင်သင်္ဘော (၄၀)ရာခိုင်နှုန်းခန့်မှာ အဆိုပါ ရေလက်ကြားကျဉ်းများ မှ ဖြတ်သန်းခုတ်မောင်းကြရသည်။ အဆိုပါ မဟာဗျူဟာမြောက် ရေလက်ကြားကျဉ်းများ၏ အကျယ်အ ဝန်းမှာ အကျဉ်းဆုံးနေရာတွင် (၁၈)ကီလိုမီတာရှိပြီး အကျယ်ဆုံးနေရာတွင် (၃၀ဝ)ကီလိုမီတာရှိသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါ ရေလက်ကြားကျဉ်း များတွင် လက်ရှိတပ်ဆင်ထားသည့် မစ်ဇိုင်းဒုံး ကျည်များသည် လက်လှမ်းမမီနိုင်သည့် အကွာအဝေးများရှိနေဆဲဖြစ်ရာ BrahMos သည် အဆိုပါ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပင်လယ်ပြင်ရေလမ်းကြောင်းများ၏ လုံခြုံရေးကို ထိန်းသိမ်းပေးမည်ဆိုသည့် အင်ဒိုနီးရှားအစိုးရ ကတိကဝတ်ကိုလည်း ဖြည့်ဆည်းပေးရာရောက် နိုင်သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် BrahMos မစ်ဇိုင်းဒုံးကျည်ဝယ်ယူရေး သဘောတူညီချက်ကို စစ်ဘက် သုံးတစ်ခုတည်းအတွက်မဟုတ်ဘဲ ကုန် ထုတ်လုပ်မှုကွင်းဆက်နှင့် သံခင်းတမန်ခင်းဆိုင်ရာ မဟာဗျူဟာ မြောက်မျှော်မှန်းချက်အတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်နိုင်သည်။ ထို့ပြင် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ မှ BrahMos ဝယ်ယူရခြင်းမှာ ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့်နိုင်ငံများအပေါ် တွင် မှီခိုနေရခြင်းကိုလျှော့ချပြီး အခြား နိုင်ငံများမှလည်း လက်နက်များဝယ်ယူနိုင်ရေး ကြိုးပမ်းရန် လို အပ်သည်ဟုယူဆသည့်အတွက် ယခုကဲ့သို့ အိန္ဒိယနိုင်ငံမှ BrahMos မစ်ဇိုင်းဒုံးကျည်များ ဝယ်ယူရန် ကြိုးပမ်း လာခြင်းဖြစ်သည်။ LAB-45 ၏ သု တေသနပြုချက်အရ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ နိုင်ငံများအနေဖြင့် လက်နက်ဝယ်ယူရာတွင်လည်းကောင်း၊ ရောင်းချရာတွင် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံတည်းအပေါ် မှီခို ရပ်တည်ခြင်း၊ ဘက်တစ်ဖက်ကိုရွေးချယ်ခြင်းမျိုးကို လက်ရှောင် လာကြသည်။ မြင်သာထင်သာရှိသည့် နိုင်ငံကိုပြပါဆိုလျှင် အင်ဒိုနီးရှားနိုင်ငံပင်ဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ လက်ရှိအသုံးပြုနေသည့်လက်နက်များကို တရုတ်၊ ရုရှားနိုင်ငံ ထုတ် လက်နက်အစိတ်အပိုင်းများဖြင့်တပ်ဆင်ပါက အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ် လာ နိုင်သည်ဖြစ်ရာ ယင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လည်းဖြစ်သည်။ BrahMos ၏ အရေးကြီး အစိတ်အပိုင်း များကို အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများကင်းလွတ်ကြောင်း အိန္ဒိယနိုင်ငံကလည်း အာမခံချက်ပေးသည်။ အမေရိကန်နိုင်ငံ၏ ကာလရှည်ကြာ မဟာမိတ်တစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကလည်း မကြာသေးမီကပင် BrahMos ဝယ်ယူရေး သဘောတူညီချက်တစ်ရပ် ကို လက်မှတ်ရေးထိုးခဲ့သည်။
BrahMos မစ်ဇိုင်းဝယ်ယူနိုင်ရေးကြိုးပမ်းခြင်းအပေါ် သံတမန်ရေးရှုထောင့်မှကြည့်ပါက ဒေသ တွင်း အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဖြစ်ရေး၊ ကောင်းမွန်သည့်နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရေးအတွက် ကြိုးပမ်းနေသည့်သမ္မတ Prabowo ၏ အိမ်နီးချင်းကောင်း မူဝါဒ အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ရှုမြင်နိုင်သည်။ အဆိုပါ မူဝါဒတွင် ကပ္ပလီ ကျွန်းများ၊ အိန္ဒိယသမုဒ္ဒရာရှိ အင်ဒိုနီးရှားနိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသည့် အိန္ဒိယ နိုင်ငံလည်း အပါအဝင် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံကြား ထိတွေ့ဆက်ဆံမှုမှာ (၂၀၂၄) ခုနှစ် နိုဝင် ဘာလက ဘရာဇီးလ် နိုင်ငံ Rio de Janeiro တွင်ကျင်းပခဲ့သည့် G-20 ထိပ်သီးအစည်းအဝေးတွင် သမ္မတ Prabowo နှင့် ဝန်ကြီးချုပ်မိုဒီတို့ကြား တွေ့ဆုံပြီးနောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ် သည်။ ထို့ပြင် နှစ်နိုင်ငံ ရေတပ်ဦးစီးချုပ်များမှာလည်း ခပ်စိပ်စိပ်တွေ့ဆုံလာခဲ့ကြသည်။ BrahMos မစ် ဇိုင်း ဒုံးကျည် ဝယ်ယူရေးသာ လက်တွေ့အကောင်အထည်ပေါ်လာ ခဲ့ပါက အင်ဒိုနီးရှားနိုင်ငံအတွက် အင်ဒို-ပစိဖိတ်ဒေသနှင့် ရေကြောင်းကဏ္ဍတွင် အိန္ဒိယနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဖြစ်လာ မည်မှာသေချာသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရေရှည်တွင် မည်သို့ ထိန်းသိမ်းပြုပြင်မည်၊ အခြား လက်နက်စနစ်များအပေါ်မှီခိုမှုကို မည်သို့ရှောင်လွှဲမည်ဆိုသည်နှင့်ပတ်သက်၍ မေးခွန်ထုတ် စရာရှိနေဆဲဖြစ်သည်။
BrahMos ၏ အစိတ်အပိုင်းအချို့ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် အနောက်နိုင်ငံ ထုတ် ရေယာဉ်များတွင် အံဝင်ခွင်ကျဖြစ်အောင်တပ် ဆင်နိုင်ရေးအတွက် ဂရုတစိုက်လေ့လာရမည်ဖြစ် သည်။ အင်ဒိုနီးရှားနိုင်ငံပိုင် PT PAL သင်္ဘောကုမ္ပဏီသည် Ahmad Yani-class ဖရီးဂိတ်စစ်ရေယာဉ်များ တွင် Yakhont မစ်ဇိုင်းဒုံးကျည်များတပ်ဆင်ခဲ့သည့် အတွေ့အကြုံများရှိထားပြီးဖြစ်သည်။ သို့သော် အဆို ပါ ဖရီးဂိတ်စစ်ရေယာဉ်များသည် ယခုအခါ အတော်ဟောင်းနွမ်းနေပြီဖြစ်ရာ အသစ်များဖြင့်အစားထိုးရန် လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဖရီးဂိတ် စစ်ရေယာဉ်သစ်များတွင် BrahMos မစ်ဇိုင်းဒုံးကျည်များ တပ် ဆင်ရန်လိုအပ်မည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံ၏ကာကွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရေး ကြိုးပမ်းလျက်ရှိရာ နည်းပညာနှင့်အတွေ့အကြုံ လွှဲပြောင်းရယူလိုမှုသည် ထိပ်တန်းဦးစားပေးကိစ္စရပ် ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း အတွေ့အကြုံနှင့် အတတ်ပညာများ မျှဝေခြင်းမှတစ်ဆင့် အင်ဒိုနီးရှား နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍခေတ်မီရေး ကြိုးပမ်းနေ မှုကိုထောက်ပံ့ကူညီပေးရန် သဘောတူညီထားပြီး ဖြစ်နိုင်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ရှုထောင့်မှကြည့်ပါက အိန္ဒိယသမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာကြား ပေါင်းကူး ပေးထားပြီး မဟာဗျူဟာမြောက်နေရာတွင် တည်ရှိနေခြင်းဖြစ်သည်။ ကျွန်းအများအပြားရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ ကြီးမားသည့်အထူးစီးပွားရေး ဇုန်လည်းရှိနေရာ ဒေသတစ်ခုလုံးကိုလွှမ်းခြုံသည် အထိ ကင်းလှည့်ရန်မှာအခက်အခဲရှိသည်။ အိန္ဒိယနိုင်ငံ၏ ရှုထောင့်မှကြည့်ပါကလည်း BrahMos မစ်ဇိုင်း ဒုံးကျည်များတင်ပို့ရာတွင် အောင်မြင်မှုရရှိခြင်း သည် နိုင်ငံ၏ကာကွယ်ရေးလုပ်ငန်းတွင် နည်းပညာအရ ရော၊ စီးပွားရေးအရပါ အောင်မြင်မှုရရှိခြင်းဖြစ်ရုံ သာမကဘဲ ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံရရှိလိုက်ခြင်းပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာကို ၎င်း၏ မဟာဗျူဟာမြောက် နောက်ဖေးပေါက်အဖြစ် ရှုမြင်ထားပြီး ဒေသတွင်း တည်ငြိမ် ရေးနှင့် ငြိမ်းချမ်းရေးသည် ဒေသတွင်းနိုင်ငံအားလုံးအတွက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (SAGAR-Security and Growth for All in the Region) မူဝါဒအရ ထိပ်တန်းဦးစားပေးတစ်ရပ်ဖြစ်သည်။
BrahMos မစ်ဇိုင်းဒုံးကျည်ဝယ်ယူရေး သဘောတူညီချက်သည် အင်ဒိုနီးရှားရေတပ် ခေတ်မီရေး အတွက် အထောက်အပံ့ဖြစ်စေရုံသာမကဘဲ အိန္ဒိယကဲ့သို့သော ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကြား ကာကွယ်ရေးသံခင်း တမန်ခင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တစ်ခု ဖွင့် လှစ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ BrahMos မစ်ဇိုင်းဒုံးကျည်ဝယ်ယူရေး သဘောတူညီချက်သည် အိန္ဒိယ နိုင်ငံအတွက်လည်း ကာကွယ်ရေးပစ္စည်း တင်ပို့မှုအောင်မြင်ခြင်းဆိုသည်ထက်များစွာ ကျယ်ဝန်း နက်ရှိုင်းသည့်အဓိပ္ပာယ်ဆောင်ပါကြောင်း တင်ပြရသည်။
zawgyi version
အိႏၵိယထုတ္ Brah Mos မစ္ဇိုင္း ဒုံးက်ည္မ်ား အင္ဒိုနီးရွားဝယ္ယူေတာ့မွာလား
သန္းထိုက္စိုး (NP News) - ေဖေဖာ္ဝါရီ ၂၅
အင္ဒိုနီးရွားသမၼတ Prabowo Subianto သည္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၂၃)ရက္မွ (၂၆) ရက္အထိ အိႏၵိယႏိုင္ငံသို႔ ႏိုင္ငံေတာ္အဆင့္ အလည္ အပတ္ခရီးသြားေရာက္ခဲ့ရာ ကာကြယ္ေရးႏွင့္လုံၿခဳံ ေရးက႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္ သေဘာတူညီခဲ့ၾကသည္။ အဆိုပါသေဘာတူညီခ်က္ တြင္ BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္မ်ား ဝယ္ယူေရးလည္းပါႏိုင္သည္ဟု ခန႔္မွန္းေျပာဆိုေန ၾကသည္။ ဗီယက္နမ္ႏွင့္ မေလးရွားႏိုင္ငံတို႔ကလည္း တာလတ္ပစ္မစ္ဇိုင္းဒုံးက်ည္မ်ားဝယ္ယူရန္ စိတ္ဝင္စားေနၾကသည္။
အင္ဒိုနီးရွားႏိုင္ငံ၏ BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္ဝယ္ယူေရးအစီအမံသည္ မၾကာ ေသးမီ လမ်ားအတြင္းက ပညာရွင္အသိုင္းအဝိုင္းႏွင့္ အမ်ားျပည္သူ၏အာ႐ုံစိုက္မႈခံရသည့္ ကိစၥရပ္ တစ္ ခုျဖစ္ခဲ့သည္။ အင္ဒိုနီးရွားအစိုးရသည္ (၂၀၂၄) ခုႏွစ္ေနာက္ပိုင္းတြင္ အဆိုပါ အစီအမံကို ျပန္လည္ ေဖာ္ ထုတ္လာခဲ့ျခင္းျဖစ္သည္။ အင္ဒိုနီး ရွားေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Muhammad Ali သည္ (၂၀၂၄) ခု ႏွစ္ ဒီဇင္ဘာ (၁၆)ရက္တြင္ ၎ႏွင့္အဆင့္တူ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Dinesh Kumar Tripathi အား အိႏၵိယ ေရတပ္ဌာနခ်ဳပ္ Cilangkap ၌ ေတြ႕ဆုံစဥ္ကလည္း BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္ဝယ္ယူေရးကိစၥရပ္အေပၚ အေၾကအလည္ေဆြးေႏြးခဲ့ၾကပုံရသည္။
ထိုကဲ့သို႔ေတြ႕ဆုံၿပီးေနာက္တြင္ အိႏၵိယႏိုင္ငံရွိ BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္ထုတ္ ကုမၸဏီႏွင့္ အင္ဒိုနီးရွားႏိုင္ငံပိုင္ စစ္ဘက္သုံးႏွင့္ အရပ္ဘက္ သုံးေရယာဥ္ထုတ္လုပ္ေရးကုမၸဏီမွ တာဝန္ ရွိသူမ်ားသည္ အင္ဒိုနီးရွားစစ္သေဘၤာမ်ားတြင္ BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္မ်ား တပ္ဆင္ ႏိုင္ေရးႏွင့္ပတ္သက္၍ အျပန္အလွန္သြားေရာက္ခဲ့ၾကသည္။ အင္ဒိုနီးရွားေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Muhammad Ali ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ဇန္နဝါရီလ (၂၇) ရက္တြင္ BrahMos ေလ ေၾကာင္းအာကာသ႐ုံးခ်ဳပ္သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး supersonic ခ႐ုမစ္ဇိုင္း ဒုံးက်ည္မ်ား၏ စြမ္းေဆာင္ရည္ကို ေလ့လာခဲ့ၾကသည္။
အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ BrahMos supersonic ခ႐ုမစ္ဇိုင္းဒုံးက်ည္ဝယ္ယူရန္ မေသခ်ာေသး ေသာ္လည္း ၎၏လုံၿခဳံေရးကိုခိုင္မာေစရန္ ႏွင့္ ေရတပ္စြမ္းရည္ေခတ္မီေစေရး အေလးထား ေဆာင္ ႐ြက္ရန္လိုအပ္ေနသည္မွာ ေသခ်ာသည္။ ထိုသို႔ေဆာင္႐ြက္မည္ဆိုပါကလည္း BrahMos ဝယ္ယူ တပ္ ဆင္ေရးမွာ စိတ္ဝင္စားစရာေကာင္းသည့္ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္သည္။
BrahMos သည္ အိႏၵိယႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔ပူးတြဲထုတ္လုပ္သည့္ မစ္ဇိုင္းလက္နက္ တစ္မ်ိဳး ျဖစ္သည္။ Brahmaputra ႏွင့္ Moskva Rivers တို႔၏အမည္မ်ားကိုအေျခခံ၍ BrahMos ဟု အမည္ေပး ထားျခင္းျဖစ္သည္။ အသံထက္ ပိုမိုလ်င္ျမန္ၿပီး supersonic ၏ သြင္ျပင္လကၡဏာမ်ား ရွိသည့္အတြက္ BrahMos supersonic ခ႐ုမစ္ ဇိုင္းဒုံးက်ည္ဟု အမည္ေပးထားျခင္းျဖစ္သည္။ အဆိုပါမစ္ဇိုင္းသည္ ေျမျပင္၊ ေရျပင္ႏွင့္ ေရငုပ္သေဘၤာမွျဖစ္ေစ၊ ေလေၾကာင္းမွျဖစ္ေစ ပစ္ခတ္ႏိုင္စြမ္းရွိသည္။ ေရတပ္ကိုအဆင့္ျမႇင့္တင္ရန္ ႀကိဳးပမ္းေနသည့္အင္ဒိုနီးရွားႏိုင္ငံအတြက္ BrahMos ၏ စြမ္းရည္သည္ ဆြဲေဆာင္မႈတစ္ခုျဖစ္ေနသည္။ ယခင္အသုံးျပဳေနသည့္ Yakhont မစ္ဇိုင္းဒုံးက်ည္ သည္ Ahmad Yani-class ဖရီးဂိတ္တစ္ခုတည္းတြင္သာ တပ္ဆင္ႏိုင္သည္။ BrahMos သည္ Yakhont ထက္ ပိုမိုေခတ္မီေသာ လမ္းၫႊန္စနစ္ျဖင့္ တပ္ဆင္ပစ္ခတ္ႏိုင္စြမ္းရွိသည္။ အဖ်က္သေဘၤာဒုံး က်ည္မ်ားသည္ အင္ဒိုနီးရွားႏိုင္ငံ၏ မဟာဗ်ဴဟာေမွ်ာ္မွန္းခ်က္တြင္ အၿမဲတေစ ေနရာယူထားသည္။ ထိုသို႔ ယူထားရျခင္း မွာလည္း ျမင့္တက္လာသည့္ပထဝီႏိုင္ငံေရးဆိုင္ရာ တင္းမာမႈမ်ားၾကားတြင္ ၎၏ေရပိုင္နက္ကို လုံၿခဳံမႈ ရွိေစရန္ျဖစ္သည္။ အင္ဒိုနီးရွားႏိုင္ငံသည္ Malacca, Sunda, Mombok ႏွင့္ Makassar ေရလက္ၾကား စသည့္ မဟာဗ်ဴဟာေျမာက္ေရလမ္းက်ဥ္းမ်ားကို ပိုင္ဆိုင္ထားသည္။
အဆိုပါေရလမ္းက်ဥ္းမ်ားသည္ အင္ဒိုနီးရွားႏိုင္ငံ၏စီမံခန႔္ခြဲမႈအတြက္ အဓိကက်သည့္ လမ္း ေၾကာင္းမ်ားျဖစ္သည္။ ကမာၻ႔ကုန္တင္သေဘၤာ (၄၀)ရာခိုင္ႏႈန္းခန႔္မွာ အဆိုပါ ေရလက္ၾကားက်ဥ္းမ်ား မွ ျဖတ္သန္းခုတ္ေမာင္းၾကရသည္။ အဆိုပါ မဟာဗ်ဴဟာေျမာက္ ေရလက္ၾကားက်ဥ္းမ်ား၏ အက်ယ္အ ဝန္းမွာ အက်ဥ္းဆုံးေနရာတြင္ (၁၈)ကီလိုမီတာရွိၿပီး အက်ယ္ဆုံးေနရာတြင္ (၃၀ဝ)ကီလိုမီတာရွိသည္။ အင္ဒိုနီးရွားအစိုးရသည္ အဆိုပါ ေရလက္ၾကားက်ဥ္း မ်ားတြင္ လက္ရွိတပ္ဆင္ထားသည့္ မစ္ဇိုင္းဒုံး က်ည္မ်ားသည္ လက္လွမ္းမမီႏိုင္သည့္ အကြာအေဝးမ်ားရွိေနဆဲျဖစ္ရာ BrahMos သည္ အဆိုပါ လိုအပ္ ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္သည္။ တစ္နည္းအားျဖင့္ ပင္လယ္ျပင္ေရလမ္းေၾကာင္းမ်ား၏ လုံၿခဳံေရးကို ထိန္းသိမ္းေပးမည္ဆိုသည့္ အင္ဒိုနီးရွားအစိုးရ ကတိကဝတ္ကိုလည္း ျဖည့္ဆည္းေပးရာေရာက္ ႏိုင္သည္။
အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ BrahMos မစ္ဇိုင္းဒုံးက်ည္ဝယ္ယူေရး သေဘာတူညီခ်က္ကို စစ္ဘက္ သုံးတစ္ခုတည္းအတြက္မဟုတ္ဘဲ ကုန္ ထုတ္လုပ္မႈကြင္းဆက္ႏွင့္ သံခင္းတမန္ခင္းဆိုင္ရာ မဟာဗ်ဴဟာ ေျမာက္ေမွ်ာ္မွန္းခ်က္အတြက္လည္း ရည္႐ြယ္ထားျခင္းျဖစ္ႏိုင္သည္။ ထို႔ျပင္ အင္ဒိုနီးရွား ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံ မွ BrahMos ဝယ္ယူရျခင္းမွာ ပထဝီႏိုင္ငံေရးအရ အခ်က္အခ်ာက်သည့္ႏိုင္ငံမ်ားအေပၚ တြင္ မွီခိုေနရျခင္းကိုေလွ်ာ့ခ်ၿပီး အျခား ႏိုင္ငံမ်ားမွလည္း လက္နက္မ်ားဝယ္ယူႏိုင္ေရး ႀကိဳးပမ္းရန္ လို အပ္သည္ဟုယူဆသည့္အတြက္ ယခုကဲ့သို႔ အိႏၵိယႏိုင္ငံမွ BrahMos မစ္ဇိုင္းဒုံးက်ည္မ်ား ဝယ္ယူရန္ ႀကိဳးပမ္း လာျခင္းျဖစ္သည္။ LAB-45 ၏ သု ေတသနျပဳခ်က္အရ ပထဝီႏိုင္ငံေရးဆိုင္ရာ တင္းမာမႈမ်ား ျမင့္တက္လာသည္ႏွင့္အမွ် ႏိုင္ငံမ်ားအေနျဖင့္ လက္နက္ဝယ္ယူရာတြင္လည္းေကာင္း၊ ေရာင္းခ်ရာတြင္ လည္းေကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံတည္းအေပၚ မွီခို ရပ္တည္ျခင္း၊ ဘက္တစ္ဖက္ကိုေ႐ြးခ်ယ္ျခင္းမ်ိဳးကို လက္ေရွာင္ လာၾကသည္။ ျမင္သာထင္သာရွိသည့္ ႏိုင္ငံကိုျပပါဆိုလွ်င္ အင္ဒိုနီးရွားႏိုင္ငံပင္ျဖစ္သည္။ ထို႔ျပင္ အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ ၎၏ လက္ရွိအသုံးျပဳေနသည့္လက္နက္မ်ားကို တ႐ုတ္၊ ႐ုရွားႏိုင္ငံ ထုတ္ လက္နက္အစိတ္အပိုင္းမ်ားျဖင့္တပ္ဆင္ပါက အေမရိကန္ႏိုင္ငံ၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ျပဳလုပ္ လာ ႏိုင္သည္ျဖစ္ရာ ယင္းအတြက္ ႀကိဳတင္ျပင္ဆင္ျခင္း လည္းျဖစ္သည္။ BrahMos ၏ အေရးႀကီး အစိတ္အပိုင္း မ်ားကို အိႏၵိယႏိုင္ငံတြင္ ထုတ္လုပ္ျခင္းျဖစ္ရာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကင္းလြတ္ေၾကာင္း အိႏၵိယႏိုင္ငံကလည္း အာမခံခ်က္ေပးသည္။ အေမရိကန္ႏိုင္ငံ၏ ကာလရွည္ၾကာ မဟာမိတ္တစ္ႏိုင္ငံ ျဖစ္သည့္ ဖိလစ္ပိုင္ႏိုင္ငံကလည္း မၾကာေသးမီကပင္ BrahMos ဝယ္ယူေရး သေဘာတူညီခ်က္တစ္ရပ္ ကို လက္မွတ္ေရးထိုးခဲ့သည္။
BrahMos မစ္ဇိုင္းဝယ္ယူႏိုင္ေရးႀကိဳးပမ္းျခင္းအေပၚ သံတမန္ေရးရႈေထာင့္မွၾကည့္ပါက ေဒသ တြင္း အင္အားႀကီးႏိုင္ငံမ်ား၊ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားႏွင့္ မိတ္ဖက္ျဖစ္ေရး၊ ေကာင္းမြန္သည့္ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ထိန္းသိမ္းႏိုင္ေရးအတြက္ ႀကိဳးပမ္းေနသည့္သမၼတ Prabowo ၏ အိမ္နီးခ်င္းေကာင္း မူဝါဒ အေကာင္အထည္ေဖာ္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္လည္း ရႈျမင္ႏိုင္သည္။ အဆိုပါ မူဝါဒတြင္ ကပၸလီ ကြၽန္းမ်ား၊ အိႏၵိယသမုဒၵရာရွိ အင္ဒိုနီးရွားႏိုင္ငံႏွင့္ နယ္နိ မိတ္ခ်င္းထိစပ္ေနသည့္ အိႏၵိယ ႏိုင္ငံလည္း အပါအဝင္ ျဖစ္သည္။ အင္ဒိုနီးရွားႏိုင္ငံႏွင့္အိႏၵိယႏိုင္ငံၾကား ထိေတြ႕ဆက္ဆံမႈမွာ (၂၀၂၄) ခုႏွစ္ ႏိုဝင္ ဘာလက ဘရာဇီးလ္ ႏိုင္ငံ Rio de Janeiro တြင္က်င္းပခဲ့သည့္ G-20 ထိပ္သီးအစည္းအေဝးတြင္ သမၼတ Prabowo ႏွင့္ ဝန္ႀကီးခ်ဳပ္မိုဒီတို႔ၾကား ေတြ႕ဆုံၿပီးေနာက္ပိုင္းတြင္ သိသိသာသာ တိုးတက္လာခဲ့ျခင္းျဖစ္ သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံ ေရတပ္ဦးစီးခ်ဳပ္မ်ားမွာလည္း ခပ္စိပ္စိပ္ေတြ႕ဆုံလာခဲ့ၾကသည္။ BrahMos မစ္ ဇိုင္း ဒုံးက်ည္ ဝယ္ယူေရးသာ လက္ေတြ႕အေကာင္အထည္ေပၚလာ ခဲ့ပါက အင္ဒိုနီးရွားႏိုင္ငံအတြက္ အင္ဒို-ပစိဖိတ္ေဒသႏွင့္ ေရေၾကာင္းက႑တြင္ အိႏၵိယႏိုင္ငံႏွင့္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ ျဖစ္လာ မည္မွာေသခ်ာသည္။ သို႔ေသာ္ အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ ေရရွည္တြင္ မည္သို႔ ထိန္းသိမ္းျပဳျပင္မည္၊ အျခား လက္နက္စနစ္မ်ားအေပၚမွီခိုမႈကို မည္သို႔ေရွာင္လႊဲမည္ဆိုသည္ႏွင့္ပတ္သက္၍ ေမးခြန္ထုတ္ စရာရွိေနဆဲျဖစ္သည္။
BrahMos ၏ အစိတ္အပိုင္းအခ်ိဳ႕ကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္လုပ္ျခင္းျဖစ္သည္။ သို႔ျဖစ္ရာ အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ အင္ဒိုနီးရွားႏိုင္ငံတြင္ လက္ရွိအသုံးျပဳေနသည့္ အေနာက္ႏိုင္ငံ ထုတ္ ေရယာဥ္မ်ားတြင္ အံဝင္ခြင္က်ျဖစ္ေအာင္တပ္ ဆင္ႏိုင္ေရးအတြက္ ဂ႐ုတစိုက္ေလ့လာရမည္ျဖစ္ သည္။ အင္ဒိုနီးရွားႏိုင္ငံပိုင္ PT PAL သေဘၤာကုမၸဏီသည္ Ahmad Yani-class ဖရီးဂိတ္စစ္ေရယာဥ္မ်ား တြင္ Yakhont မစ္ဇိုင္းဒုံးက်ည္မ်ားတပ္ဆင္ခဲ့သည့္ အေတြ႕အႀကဳံမ်ားရွိထားၿပီးျဖစ္သည္။ သို႔ေသာ္ အဆို ပါ ဖရီးဂိတ္စစ္ေရယာဥ္မ်ားသည္ ယခုအခါ အေတာ္ေဟာင္းႏြမ္းေနၿပီျဖစ္ရာ အသစ္မ်ားျဖင့္အစားထိုးရန္ လိုအပ္ေနၿပီျဖစ္သည္။ သို႔ျဖစ္ရာ ဖရီးဂိတ္ စစ္ေရယာဥ္သစ္မ်ားတြင္ BrahMos မစ္ဇိုင္းဒုံးက်ည္မ်ား တပ္ ဆင္ရန္လိုအပ္မည္ျဖစ္သည္။
အင္ဒိုနီးရွားႏိုင္ငံသည္ ႏိုင္ငံ၏ကာကြယ္ေရးက႑ဖြံ႕ၿဖိဳးတိုးတက္မႈ အေထာက္အကူျဖစ္ေစေရး ႀကိဳးပမ္းလ်က္ရွိရာ နည္းပညာႏွင့္အေတြ႕အႀကဳံ လႊဲေျပာင္းရယူလိုမႈသည္ ထိပ္တန္းဦးစားေပးကိစၥရပ္ ျဖစ္သည္။ အိႏၵိယႏိုင္ငံကလည္း အေတြ႕အႀကဳံႏွင့္ အတတ္ပညာမ်ား မွ်ေဝျခင္းမွတစ္ဆင့္ အင္ဒိုနီးရွား ႏိုင္ငံ၏ ကာကြယ္ေရးက႑ေခတ္မီေရး ႀကိဳးပမ္းေန မႈကိုေထာက္ပံ့ကူညီေပးရန္ သေဘာတူညီထားၿပီး ျဖစ္ႏိုင္သည္။
အင္ဒိုနီးရွားႏိုင္ငံ၏ရႈေထာင့္မွၾကည့္ပါက အိႏၵိယသမုဒၵရာႏွင့္ပစိဖိတ္သမုဒၵရာၾကား ေပါင္းကူး ေပးထားၿပီး မဟာဗ်ဴဟာေျမာက္ေနရာတြင္ တည္ရွိေနျခင္းျဖစ္သည္။ ကြၽန္းအမ်ားအျပားရွိသည့္ ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္သကဲ့သို႔ ႀကီးမားသည့္အထူးစီးပြားေရး ဇုန္လည္းရွိေနရာ ေဒသတစ္ခုလုံးကိုလႊမ္းၿခဳံသည္ အထိ ကင္းလွည့္ရန္မွာအခက္အခဲရွိသည္။ အိႏၵိယႏိုင္ငံ၏ ရႈေထာင့္မွၾကည့္ပါကလည္း BrahMos မစ္ဇိုင္း ဒုံးက်ည္မ်ားတင္ပို႔ရာတြင္ ေအာင္ျမင္မႈရရွိျခင္း သည္ ႏိုင္ငံ၏ကာကြယ္ေရးလုပ္ငန္းတြင္ နည္းပညာအရ ေရာ၊ စီးပြားေရးအရပါ ေအာင္ျမင္မႈရရွိျခင္းျဖစ္႐ုံ သာမကဘဲ ေဒသတြင္း လုံၿခဳံေရးေဆာင္႐ြက္ရာတြင္ ခိုင္မာအားေကာင္းသည့္ မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံရရွိလိုက္ျခင္းပင္ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အိႏၵိယ သမုဒၵရာကို ၎၏ မဟာဗ်ဴဟာေျမာက္ ေနာက္ေဖးေပါက္အျဖစ္ ရႈျမင္ထားၿပီး ေဒသတြင္း တည္ၿငိမ္ ေရးႏွင့္ ၿငိမ္းခ်မ္းေရးသည္ ေဒသတြင္းႏိုင္ငံအားလုံးအတြက္ လုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး (SAGAR-Security and Growth for All in the Region) မူဝါဒအရ ထိပ္တန္းဦးစားေပးတစ္ရပ္ျဖစ္သည္။
BrahMos မစ္ဇိုင္းဒုံးက်ည္ဝယ္ယူေရး သေဘာတူညီခ်က္သည္ အင္ဒိုနီးရွားေရတပ္ ေခတ္မီေရး အတြက္ အေထာက္အပံ့ျဖစ္ေစ႐ုံသာမကဘဲ အိႏၵိယကဲ့သို႔ေသာ ေဒသတြင္းအင္အားႀကီးႏိုင္ငံမ်ားႏွင့္ အင္ဒိုနီးရွား ႏိုင္ငံတို႔ၾကား ကာကြယ္ေရးသံခင္း တမန္ခင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ ေခတ္သစ္တစ္ခု ဖြင့္ လွစ္ေပးလိုက္ျခင္းလည္းျဖစ္သည္။ BrahMos မစ္ဇိုင္းဒုံးက်ည္ဝယ္ယူေရး သေဘာတူညီခ်က္သည္ အိႏၵိယ ႏိုင္ငံအတြက္လည္း ကာကြယ္ေရးပစၥည္း တင္ပို႔မႈေအာင္ျမင္ျခင္းဆိုသည္ထက္မ်ားစြာ က်ယ္ဝန္း နက္ရႈိင္းသည့္အဓိပၸာယ္ေဆာင္ပါေၾကာင္း တင္ျပရသည္။