ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ရဲ့အပြုသဘောဆောင်တဲ့ကြိုးပမ်းမှုတွေကို တရုတ်သမ္မတ ချီးကျူး

203

Pika (NP News) - ဖေဖော်ဝါရီ ၂၅
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ရဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်သမ္မတရှီကျင့်ဖျင်က ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ရှီကျင့်ဖျင့်ဟာ ရုရှားသမ္မတပူတင်နဲ့ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ယခုလိုချီးကျူးဂုဏ်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့ပြင် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ရုရှားနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေက အပြုသဘောဆောင်တဲ့ကြိုးပမ်းမှုတွေလုပ်ဆောင်နေတာကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာမိတယ်လို့လည်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ရုရှားနဲ့တရုတ်တို့ဟာ စစ်ရေးနဲ့ ကုန်သွယ်ရေးဆက်ဆံရေးတွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ရုရှားရဲ့ နီးကပ်တဲ့ နိုင်ငံရေးနဲ့စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က တရုတ်ကို ယူကရိန်းပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပေးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ခေါင်းစဉ်တပ်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် တရုတ်နဲ့ရုရှားနိုင်ငံတို့ဟာ အချင်းချင်းပံ့ပိုးကူညီနေကြတဲ့ စစ်မှန်တဲ့သူငယ်ချင်းတွေဖြစ်တယ်လို့ ရှီကျင့်ဖျင်က ထပ်မံပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ရဲ႕အျပဳသေဘာေဆာင္တဲ့ႀကိဳးပမ္းမႈေတြကို တ႐ုတ္သမၼတ ခ်ီးက်ဴး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ရဲ႕ အျပဳသေဘာေဆာင္တဲ့ ႀကိဳးပမ္းအားထုတ္မႈေတြကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ရွီက်င့္ဖ်င့္ဟာ ႐ုရွားသမၼတပူတင္နဲ႔ဖုန္းေခၚဆိုမႈတစ္ခုအတြင္း ယခုလိုခ်ီးက်ဴးဂုဏ္ျပဳခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းအက်ပ္အတည္းကို ေျဖရွင္းဖို႔အတြက္ ႐ုရွားနဲ႔သက္ဆိုင္ရာအဖြဲ႕အစည္းေတြက အျပဳသေဘာေဆာင္တဲ့ႀကိဳးပမ္းမႈေတြလုပ္ေဆာင္ေနတာကို ေတြ႕ျမင္ရတဲ့အတြက္ ဝမ္းသာမိတယ္လို႔လည္း ရွီက်င့္ဖ်င္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ စစ္ေရးနဲ႔ ကုန္သြယ္ေရးဆက္ဆံေရးေတြကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားရဲ႕ နီးကပ္တဲ့ ႏိုင္ငံေရးနဲ႔စီးပြားေရးမိတ္ဖက္ႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္လ်က္ရွိၿပီး ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
တ႐ုတ္ရဲ႕လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕က တ႐ုတ္ကို ယူကရိန္းပဋိပကၡျဖစ္ေအာင္ လႈံ႕ေဆာ္ေပးတဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ေခါင္းစဥ္တပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ တ႐ုတ္နဲ႔႐ုရွားႏိုင္ငံတို႔ဟာ အခ်င္းခ်င္းပံ့ပိုးကူညီေနၾကတဲ့ စစ္မွန္တဲ့သူငယ္ခ်င္းေတြျဖစ္တယ္လို႔ ရွီက်င့္ဖ်င္က ထပ္မံေျပာၾကားခဲ့တယ္လို႔လည္းသိရပါတယ္။