နမ့်ခမ်းနှင့် နမ္မတူရှိ စစ်ရှောင်ပြည်သူတို့၏နေအိမ်များကို TNLA က ပိုင်ရှင်ထံခွင့်မတောင်းဘဲ အိမ်အငှားချနေ

 261

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နှင့် နမ္မတူမြို့ရှိစစ်ရှောင်ပြည်သူတို့၏နေအိမ်များကို TNLA ကပိုင်ရှင်ထံခွင့်မတောင်းဘဲ အိမ်အငှားချနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။

TNLA ထိန်းချုပ်ထားရာ နမ္မတူမြို့နှင့် နမ့်ခမ်းမြို့တို့တွင်လည်း ဒေသခံများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး မြို့ခံများ ထားရစ်ခဲ့ရသည့်နေအိမ်များကို ဒေသဖွံ့ဖြိုးရေးအတွက်ဟု အကြောင်းပြ ကာ TNLA အဖွဲ့က အခြားသူများထံငှားစားရန် ပြင်ဆင်နေကြောင်း သိရသည်။ ထိုသို့ ငှားရမ်းရာတွင် (၆) လစာချုပ်နှင့် (၁)နှစ်စာချုပ်ဟူ၍ ခွဲခြားငှားရမ်းနေခြင်းဖြစ်ကာ ပိုင်ရှင်များကို ခွင့်မတောင်းသည့်အပြင် အငှားချခံထားရသောနေအိမ်တွင် ပိုင်ရှင်က ပြန်လည်နေထိုင်မည်ဆိုပါက နေခွင့်မပေးကြောင်းလည်း ကနဦးစုံစမ်းသိရှိရသည်။

“နမ္မတူရော နမ့်ခမ်းရော(၂)ခုစလုံးပေါ့။ နမ္မတူ နမ့်ခမ်းဆိုတာက ရှမ်းဒေသ။ ရှမ်းတွေရဲ့ အိမ်တွေ ပေါ့။ အများစုကတော့ ရှမ်းလူမျိုးတွေပေါ့လေ။ တခြားလူမျိုးတွေရဲ့ အိမ်တွေလည်း ပါတာပေါ့။ နမ္မတူနဲ့ နမ့်ခမ်းကမြို့ပေါ်အိမ်တွေပေါ့။ သူတို့က မြို့ကနေ ခွာပြီးပြန်မလာတော့တဲ့အိမ်တွေကို အဲဒီ လိုလုပ်တာ။ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို တိုက်ပွဲကာလတုန်းကတော့ ယူတာပေါ့လေ။ အဲဒီတုန်းကတော့ ပေါင်းအိုးကအစ မချန်ဘူးယူကြတာပေါ့။ အခု ကာလကတော့ ပြောရခက်တာပေါ့နော်။ ယူချင်လည်း ယူမယ်။ ဒါပေမဲ့ မရှိလောက်တော့ပါဘူး။ အိမ်တွေ အများစုက အခွံတွေပဲဖြစ်သွားတာပေါ့” ဟု အထက်ပါဒေသခံက ပြောသည်။

သို့သော် အိမ်ငှားရမ်းခဈေးနှုန်းနှင့်ပတ်သက်၍ တိတိကျကျမသိရှိရသေးကြောင်းနှင့် အိမ် ငှားရမ်းခပေးဆောင်ရမည့်ငွေကြေးကို မည်သို့ပေးဆောင်မည်ကို မသိရှိရသေးကြောင်း အထက်ပါဒေသခံက ဆို သည်။ “ဘယ်ဈေးဆိုတာတော့ မသိသေးဘူးပေါ့နော်။ လောလောဆယ်ဆယ်မှာတော့ TNLA က ယွမ် လည်းသုံးတယ်။ ကျပ်လည်းသုံးတယ်။ ဘယ်အ ရာကိုတောင်းမလဲတော့ မသိသေးဘူးပေါ့နော်။ တစ် ခါတလေအခွန်ကောက်တဲ့အခါ ယွမ်တောင်းတာ လည်းရှိတယ်။ ကျပ်သုံးတာလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ အများပြည်သူပိုင်နေအိမ်များကို ငှားရမ်းစားရန်ပြင်ဆင်နေသော TNLA ၏ လုပ်ဆောင်မှုအပေါ် ဒေသခံများစွာက ဒေါသထွက်နေကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။ “အာဏာရှင်လိုမျိုးဖြစ်သွာတာကိုး။ ပြောရမယ်ဆိုရင် TNLA က သူသွားတဲ့ လမ်းကြောင်းကနေ သွေဖည်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပျောက်သွားတာပေါ့။ မုခ်ဦးတွေ ဖျက်တယ်။ အရွယ် မရောက် တဲ့ကလေးတွေကို စစ်သားစုဆောင်းတယ်။ ဒါမျိုးတွေလုပ်တာက ပိုပြီးစိပ်စိပ်လာတယ်” ဟု ၎င်းက ပြောသည်။

zawgyi version
နမ့္ခမ္းႏွင့္ နမၼတူရွိ စစ္ေရွာင္ျပည္သူတို႔၏ေနအိမ္မ်ားကို TNLA က ပိုင္ရွင္ထံခြင့္မေတာင္းဘဲ အိမ္အငွားခ်ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၆

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နမ့္ခမ္းၿမိဳ႕ႏွင့္ နမၼတူၿမိဳ႕ရွိစစ္ေရွာင္ျပည္သူတို႔၏ေနအိမ္မ်ားကို TNLA ကပိုင္ရွင္ထံခြင့္မေတာင္းဘဲ အိမ္အငွားခ်ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။

TNLA ထိန္းခ်ဳပ္ထားရာ နမၼတူၿမိဳ႕ႏွင့္ နမ့္ခမ္းၿမိဳ႕တို႔တြင္လည္း ေဒသခံမ်ားစြာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရဆဲျဖစ္ၿပီး ၿမိဳ႕ခံမ်ား ထားရစ္ခဲ့ရသည့္ေနအိမ္မ်ားကို ေဒသဖြံ႕ၿဖိဳးေရးအတြက္ဟု အေၾကာင္းျပ ကာ TNLA အဖြဲ႕က အျခားသူမ်ားထံငွားစားရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ ထိုသို႔ ငွားရမ္းရာတြင္ (၆) လစာခ်ဳပ္ႏွင့္ (၁)ႏွစ္စာခ်ဳပ္ဟူ၍ ခြဲျခားငွားရမ္းေနျခင္းျဖစ္ကာ ပိုင္ရွင္မ်ားကို ခြင့္မေတာင္းသည့္အျပင္ အငွားခ်ခံထားရေသာေနအိမ္တြင္ ပိုင္ရွင္က ျပန္လည္ေနထိုင္မည္ဆိုပါက ေနခြင့္မေပးေၾကာင္းလည္း ကနဦးစုံစမ္းသိရွိရသည္။

“နမၼတူေရာ နမ့္ခမ္းေရာ(၂)ခုစလုံးေပါ့။ နမၼတူ နမ့္ခမ္းဆိုတာက ရွမ္းေဒသ။ ရွမ္းေတြရဲ႕ အိမ္ေတြ ေပါ့။ အမ်ားစုကေတာ့ ရွမ္းလူမ်ိဳးေတြေပါ့ေလ။ တျခားလူမ်ိဳးေတြရဲ႕ အိမ္ေတြလည္း ပါတာေပါ့။ နမၼတူနဲ႔ နမ့္ခမ္းကၿမိဳ႕ေပၚအိမ္ေတြေပါ့။ သူတို႔က ၿမိဳ႕ကေန ခြာၿပီးျပန္မလာေတာ့တဲ့အိမ္ေတြကို အဲဒီ လိုလုပ္တာ။ အိမ္မွာက်န္ခဲ့တဲ့ပစၥည္းေတြကို တိုက္ပြဲကာလတုန္းကေတာ့ ယူတာေပါ့ေလ။ အဲဒီတုန္းကေတာ့ ေပါင္းအိုးကအစ မခ်န္ဘူးယူၾကတာေပါ့။ အခု ကာလကေတာ့ ေျပာရခက္တာေပါ့ေနာ္။ ယူခ်င္လည္း ယူမယ္။ ဒါေပမဲ့ မရွိေလာက္ေတာ့ပါဘူး။ အိမ္ေတြ အမ်ားစုက အခြံေတြပဲျဖစ္သြားတာေပါ့” ဟု အထက္ပါေဒသခံက ေျပာသည္။

သို႔ေသာ္ အိမ္ငွားရမ္းခေဈးႏႈန္းႏွင့္ပတ္သက္၍ တိတိက်က်မသိရွိရေသးေၾကာင္းႏွင့္ အိမ္ ငွားရမ္းခေပးေဆာင္ရမည့္ေငြေၾကးကို မည္သို႔ေပးေဆာင္မည္ကို မသိရွိရေသးေၾကာင္း အထက္ပါေဒသခံက ဆို သည္။ “ဘယ္ေဈးဆိုတာေတာ့ မသိေသးဘူးေပါ့ေနာ္။ ေလာေလာဆယ္ဆယ္မွာေတာ့ TNLA က ယြမ္ လည္းသုံးတယ္။ က်ပ္လည္းသုံးတယ္။ ဘယ္အ ရာကိုေတာင္းမလဲေတာ့ မသိေသးဘူးေပါ့ေနာ္။ တစ္ ခါတေလအခြန္ေကာက္တဲ့အခါ ယြမ္ေတာင္းတာ လည္းရွိတယ္။ က်ပ္သုံးတာလည္း ရွိတယ္”ဟု ၎က ေျပာသည္။

ထိုသို႔ အမ်ားျပည္သူပိုင္ေနအိမ္မ်ားကို ငွားရမ္းစားရန္ျပင္ဆင္ေနေသာ TNLA ၏ လုပ္ေဆာင္မႈအေပၚ ေဒသခံမ်ားစြာက ေဒါသထြက္ေနေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။ “အာဏာရွင္လိုမ်ိဳးျဖစ္သြာတာကိုး။ ေျပာရမယ္ဆိုရင္ TNLA က သူသြားတဲ့ လမ္းေၾကာင္းကေန ေသြဖည္ၿပီးေတာ့ ဒီမိုကေရစီလမ္းေၾကာင္းေပ်ာက္သြားတာေပါ့။ မုခ္ဦးေတြ ဖ်က္တယ္။ အ႐ြယ္ မေရာက္ တဲ့ကေလးေတြကို စစ္သားစုေဆာင္းတယ္။ ဒါမ်ိဳးေတြလုပ္တာက ပိုၿပီးစိပ္စိပ္လာတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.