ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့် ဘရာဇီးလ်စုံတွဲ

 433

Pika (NP News) - ဖေဖော်ဝါရီ ၂၆

(၁၉၄၀)ပြည့်နှစ်တွင် လက်ထပ်ခဲ့သော ဘရာဇီးလ်စုံတွဲတစ်တွဲသည် (၈၄)နှစ်နှင့် (၇၇)ရက် ကြာ လက်ထပ်ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံ ကျင်းပခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော အရှည်ကြာ ဆုံး အိမ်ထောင်ရေးရှိသည့်စုံတွဲအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။

အသက်(၁၀၅) နှစ် အရွယ် Manoel Angelim Dino နှင့် အသက် (၁၀၁)နှစ်အရွယ် Maria de Sousa Dino တို့သည် ချစ်သူ များနေ့တွင် အိမ်ထောင်သက်(၈၄)နှစ်နှင့် (၇၇)ရက်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့အရှည်ကြာ ဆုံးအိမ်ထောင်ရေးရှိသည့် စုံတွဲအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် (၁၉၃၆)ခုနှစ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး (၁၉၄၀)ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ Ceará ပြည်နယ်ရှိ Boa Ventura ဘုရားကျောင်းတွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် သားသမီး(၁၃)ဦး မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် မြေး (၅၅) ဦး၊ မြစ် (၅၄) ဦးနှင့် တီ(၁၂)ဦးတို့ ရှိကြောင်းလည်းသိရသည်။ လက်ရှိ အချိန်အထိ ကမ္ဘာ့သမိုင်းတွင် ကမ္ဘာ့အရှည် ကြာဆုံး အိမ်ထောင်ရေးမှာ (၈၈) နှစ်နှင့် (၃၄၉)ရက် ဖြစ်ကြောင်းလည်းသိရသည်။ ဒေးဗစ်ဂျေကော့ဗ်ဟီလာ နှင့် ဆာရာဒေဗီဟီလာတို့သည် (၁၈၀၉)ခုနှစ်တွင် ကနေဒါနိုင်ငံတွင် လက်ထပ်ခဲ့ကြပြီးနောက် ကမ္ဘာ့ အရှည်ကြာဆုံး အိမ်ထောင်သက်တမ်းအဖြစ် (၈၈)နှစ်နှင့် (၃၄၉) ရက် ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။

သို့သော်လည်း Manoel Angelim Dino နှင့် Maria de Sousa Dino တို့သည် (၈၄)နှစ်နှင့် (၇၇) ရက်ကြာ ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော ကမ္ဘာ့ အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့်စုံတွဲအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
ကမာၻ႔အရွည္ၾကာဆုံး အိမ္ေထာင္သက္ရွိသည့္ ဘရာဇီးလ္စုံတြဲ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆

(၁၉၄၀)ျပည့္ႏွစ္တြင္ လက္ထပ္ခဲ့ေသာ ဘရာဇီးလ္စုံတြဲတစ္တြဲသည္ (၈၄)ႏွစ္ႏွင့္ (၇၇)ရက္ ၾကာ လက္ထပ္ေပါင္းသင္းေနထိုင္မႈကို ေအာင္ပြဲခံ က်င္းပခဲ့ၿပီးေနာက္ အသက္ရွင္လ်က္ရွိေသာ အရွည္ၾကာ ဆုံး အိမ္ေထာင္ေရးရွိသည့္စုံတြဲအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ေၾကာင္းသိရသည္။

အသက္(၁၀၅) ႏွစ္ အ႐ြယ္ Manoel Angelim Dino ႏွင့္ အသက္ (၁၀၁)ႏွစ္အ႐ြယ္ Maria de Sousa Dino တို႔သည္ ခ်စ္သူ မ်ားေန႔တြင္ အိမ္ေထာင္သက္(၈၄)ႏွစ္ႏွင့္ (၇၇)ရက္ရွိၿပီျဖစ္ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕က အတည္ျပဳခဲ့ၿပီးေနာက္ ကမာၻ႔အရွည္ၾကာ ဆုံးအိမ္ေထာင္ေရးရွိသည့္ စုံတြဲအျဖစ္ ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ၎တို႔ႏွစ္ဦးသည္ (၁၉၃၆)ခုႏွစ္တြင္ ေတြ႕ဆုံခဲ့ျခင္းျဖစ္ၿပီး (၁၉၄၀)ျပည့္ႏွစ္တြင္ ဘရာဇီးႏိုင္ငံ Ceará ျပည္နယ္ရွိ Boa Ventura ဘုရားေက်ာင္းတြင္ လက္ထပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၎တို႔ႏွစ္ဦးသည္ သားသမီး(၁၃)ဦး ေမြးဖြားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ေျမး (၅၅) ဦး၊ ျမစ္ (၅၄) ဦးႏွင့္ တီ(၁၂)ဦးတို႔ ရွိေၾကာင္းလည္းသိရသည္။ လက္ရွိ အခ်ိန္အထိ ကမာၻ႔သမိုင္းတြင္ ကမာၻ႔အရွည္ ၾကာဆုံး အိမ္ေထာင္ေရးမွာ (၈၈) ႏွစ္ႏွင့္ (၃၄၉)ရက္ ျဖစ္ေၾကာင္းလည္းသိရသည္။ ေဒးဗစ္ေဂ်ေကာ့ဗ္ဟီလာ ႏွင့္ ဆာရာေဒဗီဟီလာတို႔သည္ (၁၈၀၉)ခုႏွစ္တြင္ ကေနဒါႏိုင္ငံတြင္ လက္ထပ္ခဲ့ၾကၿပီးေနာက္ ကမာၻ႔ အရွည္ၾကာဆုံး အိမ္ေထာင္သက္တမ္းအျဖစ္ (၈၈)ႏွစ္ႏွင့္ (၃၄၉) ရက္ ၾကာ ေပါင္းသင္းေနထိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

သို႔ေသာ္လည္း Manoel Angelim Dino ႏွင့္ Maria de Sousa Dino တို႔သည္ (၈၄)ႏွစ္ႏွင့္ (၇၇) ရက္ၾကာ ေပါင္းသင္းေနထိုင္မႈကို ေအာင္ပြဲခံခဲ့ၿပီးေနာက္ အသက္ရွင္လ်က္ရွိေသာ ကမာၻ႔ အရွည္ၾကာဆုံး အိမ္ေထာင္သက္ရွိသည့္စုံတြဲအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.