အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်တစ်ခု ထပ်မံပေါက်ကွဲ

 194

Pika (NP News) - ဇူလိုင် ၈

အင်ဒိုနီးရှားနိုင်ငံက Lewotobi Laki-Laki မီးတောင်ဟာ ဇူလိုင်လ(၇)ရက်မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်တွေဟာ ကောင်းကင်ပေါ်ကို (၁၁)မိုင်လောက်အထိ ရောက်ရှိသွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုနဲ့အတူ အနီးအနားကရွာတွေမှာ ပြာတွေဖုံးလွှမ်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ မီးတောင်ပေါက်ကွဲစဉ်အချိန်အတွင်း တောင်စောင်းမှာဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ပြာမှုန့်တွေထွက်ပေါ်လာတာကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား ဘူမိဗေဒ အေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူအသေအပျောက်ရှိ/မရှိဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Lewotobi Laki-Laki မီးတောင်ပေါက်ကွဲခဲ့ရာ လူ(၉)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ Lewotobi Laki-Laki မီးတောင်ဟာ ယခုနှစ်မတ်လမှာလည်း ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အမြင့်(၁၅၄၈)မီတာရှိတဲ့ Lewotobi Laki-Laki မီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့တောင်ဘက်အကျဆုံး East Nusa Tenggara ပြည်နယ်မှာရှိတယ်လို့လည်း သိရပါတယ်။

zawgyi version
Pika (NP News) - ဇူလိုင် ၈




Related news

© 2021. All rights reserved.