အမြွာပူး(၁၅)တွဲတက်ရောက်ခဲ့သည့် အမေရိကန်မှ ဘွဲ့နှင်းသဘင်အခမ်းအနား

 196

Pika (NP News) - ဇူလိုင် ၈

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ရှိ Long Island ကျွန်းတွင် ပြုလုပ်‌သော အထက်တန်း ကျောင်းဘွဲ့နှင်းသဘင်အခမ်းအနားကို အမြွာပူး(၁၅)တွဲက ၎င်းတို့၏ဒီပလိုမာလက်မှတ်များကို လက်ခံရ ယူရန်အတွက် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Plainview-Old Bethpage John F. Kennedy အထက်တန်းကျောင်းတွင်ပြုလုပ်သော ဘွဲ့နှင်း သဘင်အခမ်းအနားကို တက်ရောက်ခဲ့သူများတွင် အမြွာပူး(၁၅) တွဲ ပါဝင်ခဲ့ကြောင်းသိရသည်။ သို့သော် လည်း အဆိုပါအမြွာပူးများကို ၎င်းတို့ ကိုယ်တိုင်ပင် သတိမထားမိခဲ့ကြကြောင်း အချို့သော ကျောင်း သားများက ပြောကြားခဲ့သည်။ အမြွာ Chloe Manzoက “ကျွန်တော်တို့တော်တော်များများက သူငယ် ချင်းတွေဖြစ်ပေမယ့် တခြား အမြွာပူးတွေ ရှိတယ်ဆိုတာကို လုံးဝ သတိမထားမိခဲ့ကြပါဘူး” ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း ယခင်က ကျောင်းတွင် အမြွာပူး(၉)တွဲနှင့် သုံးမြွာပူး တစ်တွဲတို့ကို တွေ့မြင်ခဲ့ဖူး ကြောင်း ကျောင်းအုပ်ကြီး Heather Dvorak က ထုတ်ဖော်ပြောဆိုခဲ့သည်။ Heather Dvorak က “အတန်းတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အငွေ့အသက်တွေရှိပါတယ်။ ဒီနှစ်က အရင်နှစ်တွေ ထက်စာရင် ပိုပြီးစည်းလုံးတဲ့နှစ်တစ်နှစ်ဖြစ်တယ်ဆိုတာ လုံးဝသေချာပါတယ်” ဟု ပြောဆိုခဲ့သည်။

zawgyi version
အႁမြာပူး(၁၅)တြဲတက္ေရာက္ခဲ့သည့္ အေမရိကန္မွ ဘြဲ႕ႏွင္းသဘင္အခမ္းအနား
Pika (NP News) - ဇူလိုင္ ၈

အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ရွိ Long Island ကြၽန္းတြင္ ျပဳလုပ္‌ေသာ အထက္တန္း ေက်ာင္းဘြဲ႕ႏွင္းသဘင္အခမ္းအနားကို အႁမြာပူး(၁၅)တြဲက ၎တို႔၏ဒီပလိုမာလက္မွတ္မ်ားကို လက္ခံရ ယူရန္အတြက္ တက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

Plainview-Old Bethpage John F. Kennedy အထက္တန္းေက်ာင္းတြင္ျပဳလုပ္ေသာ ဘြဲ႕ႏွင္း သဘင္အခမ္းအနားကို တက္ေရာက္ခဲ့သူမ်ားတြင္ အႁမြာပူး(၁၅) တြဲ ပါဝင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း အဆိုပါအႁမြာပူးမ်ားကို ၎တို႔ ကိုယ္တိုင္ပင္ သတိမထားမိခဲ့ၾကေၾကာင္း အခ်ိဳ႕ေသာ ေက်ာင္း သားမ်ားက ေျပာၾကားခဲ့သည္။ အႁမြာ Chloe Manzoက “ကြၽန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားက သူငယ္ ခ်င္းေတြျဖစ္ေပမယ့္ တျခား အႁမြာပူးေတြ ရွိတယ္ဆိုတာကို လုံးဝ သတိမထားမိခဲ့ၾကပါဘူး” ဟု ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း ယခင္က ေက်ာင္းတြင္ အႁမြာပူး(၉)တြဲႏွင့္ သုံးႁမြာပူး တစ္တြဲတို႔ကို ေတြ႕ျမင္ခဲ့ဖူး ေၾကာင္း ေက်ာင္းအုပ္ႀကီး Heather Dvorak က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Heather Dvorak က “အတန္းတိုင္းမွာ သူတို႔ရဲ႕ကိုယ္ပိုင္ယဥ္ေက်းမႈနဲ႔ အေငြ႕အသက္ေတြရွိပါတယ္။ ဒီႏွစ္က အရင္ႏွစ္ေတြ ထက္စာရင္ ပိုၿပီးစည္းလုံးတဲ့ႏွစ္တစ္ႏွစ္ျဖစ္တယ္ဆိုတာ လုံးဝေသခ်ာပါတယ္” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.