မတူညီသောအုတ်ခဲ အများဆုံး စုဆောင်းမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့် အမေရိကန်အမျိုးသား

 243

Pika (NP News) - ဖေဖော်ဝါရိ ၂၇

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် မတူညီသောအုတ်ခဲပေါင်း (၈၈၈၂)ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အသက် (၈၇)နှစ် အရွယ် Clem Reinkemeyer ဆိုသည့် အမျိုးသား၏ မိသားစုသည် ၎င်းစုဆောင်းထားသော မတူညီသည့် အုတ်ခဲများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့တင်ပြကာ ဂင်းနစ်စံချိန်လက်မှတ်ကို ၎င်း မသိအောင် ရယူခဲ့ပြီးနောက် ယခုလို အံ့အားသင့်အောင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
Clem Reinkemeyer က မြို့ပြင်သို့ထွက်သွားသည့်အချိန်တွင် ၎င်း၏ သမီးဖြစ်သူ နှင့် သားမက်ဖြစ်သူ ဒန်းဘီဆက် တို့သည် ၎င်းတို့၏သူငယ်ချင်းများကို စုစည်းကာ မတူညီသောအုတ်ခဲများကို ရေတွက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်လက်မှတ်ကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Clem Reink emeyer က အိမ်သို့ပြန်ရောက်လာသည့်အချိန် တွင် ၎င်း၏ မိသားစုက မတူညီသောအုတ်ခဲအများဆုံး စုဆောင်းမှု ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဖြင့် အံ့အားသင့် အောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Clem Reinkemeyer “ကျွန်တော် အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာ ဒီလက်မှတ်ကို တွေ့ခဲ့ရပြီး အရမ်းကို အံ့အား သင့်ခဲ့ရပါတယ်။ ဒီဂင်းနစ်စံချိန်မှတ်တမ်းလက်မှတ်ကို ရရှိတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်” ဟု ပြောခဲ့ သည်။ နှစ်ပေါင်း (၄၀) ကြာစုဆောင်းထားသော Clem Reinkemeyer ၏ စုဆောင်းမှုတွင် အေဒီ(၁၀ဝ)ခန့်က ရောမအုတ်တစ်ချပ် ပါဝင်ပြီး အများစုမှာ လွန်ခဲ့သောနှစ်ရာကျော်မှ အုတ်ခဲများဖြစ်ကြောင်း သိရသည်။
Clem Reinkemeyer က “အုတ်ခဲတွေ လုပ်တဲ့ရေစီးကြောင်းက (၁၈၇၀) ပြည့်နှစ်ကနေ (၁၉၁၀) ခုနှစ်လောက်က ဖြစ်နိုင်ပါတယ်။ ဒီလိုအထူးအုတ်တွေကိုလုပ်ဖို့အတွက် အပူဒဏ်ခံနိုင်တဲ့ ရွှံ့စေးတစ်ခုရှိတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
မတူညီေသာအုတ္ခဲ အမ်ားဆုံး စုေဆာင္းမႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရိ ၂၇

အေမရိကန္ႏိုင္ငံ အိုကလာဟိုးမားျပည္နယ္ရွိ အမ်ိဳးသားတစ္ဦးသည္ မတူညီေသာအုတ္ခဲေပါင္း (၈၈၈၂)ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အသက္ (၈၇)ႏွစ္ အ႐ြယ္ Clem Reinkemeyer ဆိုသည့္ အမ်ိဳးသား၏ မိသားစုသည္ ၎စုေဆာင္းထားေသာ မတူညီသည့္ အုတ္ခဲမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔တင္ျပကာ ဂင္းနစ္စံခ်ိန္လက္မွတ္ကို ၎ မသိေအာင္ ရယူခဲ့ၿပီးေနာက္ ယခုလို အံ့အားသင့္ေအာင္လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
Clem Reinkemeyer က ၿမိဳ႕ျပင္သို႔ထြက္သြားသည့္အခ်ိန္တြင္ ၎၏ သမီးျဖစ္သူ ႏွင့္ သားမက္ျဖစ္သူ ဒန္းဘီဆက္ တို႔သည္ ၎တို႔၏သူငယ္ခ်င္းမ်ားကို စုစည္းကာ မတူညီေသာအုတ္ခဲမ်ားကို ေရတြက္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္လက္မွတ္ကို ရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Clem Reink emeyer က အိမ္သို႔ျပန္ေရာက္လာသည့္အခ်ိန္ တြင္ ၎၏ မိသားစုက မတူညီေသာအုတ္ခဲအမ်ားဆုံး စုေဆာင္းမႈ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းျဖင့္ အံ့အားသင့္ ေအာင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Clem Reinkemeyer “ကြၽန္ေတာ္ အိမ္ကို ျပန္ေရာက္လာတဲ့အခ်ိန္မွာ ဒီလက္မွတ္ကို ေတြ႕ခဲ့ရၿပီး အရမ္းကို အံ့အား သင့္ခဲ့ရပါတယ္။ ဒီဂင္းနစ္စံခ်ိန္မွတ္တမ္းလက္မွတ္ကို ရရွိတဲ့အတြက္ အရမ္းကို ေပ်ာ္႐ႊင္မိပါတယ္” ဟု ေျပာခဲ့ သည္။ ႏွစ္ေပါင္း (၄၀) ၾကာစုေဆာင္းထားေသာ Clem Reinkemeyer ၏ စုေဆာင္းမႈတြင္ ေအဒီ(၁၀ဝ)ခန႔္က ေရာမအုတ္တစ္ခ်ပ္ ပါဝင္ၿပီး အမ်ားစုမွာ လြန္ခဲ့ေသာႏွစ္ရာေက်ာ္မွ အုတ္ခဲမ်ားျဖစ္ေၾကာင္း သိရသည္။
Clem Reinkemeyer က “အုတ္ခဲေတြ လုပ္တဲ့ေရစီးေၾကာင္းက (၁၈၇၀) ျပည့္ႏွစ္ကေန (၁၉၁၀) ခုႏွစ္ေလာက္က ျဖစ္ႏိုင္ပါတယ္။ ဒီလိုအထူးအုတ္ေတြကိုလုပ္ဖို႔အတြက္ အပူဒဏ္ခံႏိုင္တဲ့ ႐ႊံ႕ေစးတစ္ခုရွိတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.