သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားမည်

 1378

ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း နစက ဥက္ကဋ္ဌ နှင့် ရုရှား သမ္မတတို့ တွေ့ဆုံခဲ့စဉ်

ပီယ (NP News) - ဖေဖော်ဝါရီ ၂၈

သမ္မတ မစ္စတာ ဗလာဒီမာပူတင် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော် အ ဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ဖွယ်ရှိကြောင်း သိရသည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှား သမ္မတ မစ္စတာ ဗလာဒီမာပူတင် နှင့် တွေ့ဆုံခဲ့သေးသည်။

zawgyi version
သမၼတ ပူတင္၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ ႐ုရွားႏိုင္ငံသို႔ သြားမည္
ပီယ (NP News) - ေဖေဖာ္ဝါရီ ၂၈

သမၼတ မစၥတာ ဗလာဒီမာပူတင္ ၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ုရွားႏိုင္ငံသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ ဖိတ္ၾကားခ်က္အရ မၾကာမီရက္ပိုင္းအတြင္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ႏိုင္ငံေတာ္ အ ဆင့္ တရားဝင္ခ်စ္ၾကည္ေရးခရီးသြားေရာက္ဖြယ္ရွိေၾကာင္း သိရသည္။ ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာ ဗလာဒီမာ ပူတင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံျခင္း၊ ႐ုရွားႏိုင္ငံဒူးမားလႊတ္ေတာ္ဥကၠ႒ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားအပါအဝင္ ႐ုရွားအစိုးရအဖြဲ႕မွတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ ႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆြးေႏြးေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အဆိုပါခ်စ္ၾကည္ေရးခရီးစဥ္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားႏွင့္ အဆင့္ျမင့္အရာရွိႀကီးမ်ား လိုက္ပါသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္က ႐ုရွားႏိုင္ငံ ခရီးစဥ္အတြင္း ႐ုရွား သမၼတ မစၥတာ ဗလာဒီမာပူတင္ ႏွင့္ ေတြ႕ဆုံခဲ့ေသးသည္။

Related news

© 2021. All rights reserved.