ဂျပန်ပန်းခြံတစ်ခု ကမ္ဘာ့အသေးဆုံး ပန်းခြံအဖြစ် ဂင်းနစ်စံချိန်တင်

327

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၈
ဂျပန်နိုင်ငံ၊ ရှီဇူက စီရင်စု၊ နာဂိုင်ဇူမီမြို့ရှိ သေးငယ်တဲ့ပန်းခြံတစ်ခုဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကမ္ဘာ့အသေးဆုံး ပန်းခြံအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂင်းနစ်မှတ်တမ်းအရ ပန်းခြံဟာ ၀.၂၄ စတုရန်းမီတာသာ ကျယ်ဝန်းပြီး အဲဒီအရွယ်အစားဟာ A3 စာရွက် ၂ ရွက်စာ လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ ပန်းခြံဟာ မူလက မြို့ရဲ့မြေယာပြင်ဆင်မှုလုပ်ငန်းကြောင့် စွန့်ပစ်မြေတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာ နေထိုင်သူတွေ အနားယူဖို့နေရာအဖြစ် ခုံတန်းငယ်တစ်ခု တပ်ဆင်ခဲ့ပါ တယ်။ အဲဒီတုန်းကတော့ ပန်းခြံအဖြစ် မှတ်ပုံမတင်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း "ကမ္ဘာ့အသေးဆုံး ပန်းခြံ” ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြန်ရေပန်းစားလာခြင်းကြောင့် ပန်းခြံအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာလည်း တရားဝင် အသိအမှတ်ပြုမှုရရှိဖို့ လျှောက်ထားခဲ့ပါတယ်။
ဂျပန်ပန်းခြံဟာ ယခင်ကမ္ဘာ့အသေးဆုံးပန်းခြံဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်မြို့ရှိ ၀.၂၉ စတုရန်းမီတာသာ ကျယ်ဝန်းတဲ့ Mill Ends Park ကို ကျော်ဖြတ်ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ဂ်ပန္ပန္းၿခံတစ္ခု ကမာၻ႔အေသးဆုံး ပန္းၿခံအျဖစ္ ဂင္းနစ္စံခ်ိန္တင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၈
ဂ်ပန္ႏိုင္ငံ၊ ရွီဇူက စီရင္စု၊ နာဂိုင္ဇူမီၿမိဳ႕ရွိ ေသးငယ္တဲ့ပန္းၿခံတစ္ခုဟာ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ကမာၻ႔အေသးဆုံး ပန္းၿခံအျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဂင္းနစ္မွတ္တမ္းအရ ပန္းၿခံဟာ ၀.၂၄ စတုရန္းမီတာသာ က်ယ္ဝန္းၿပီး အဲဒီအ႐ြယ္အစားဟာ A3 စာ႐ြက္ ၂ ႐ြက္စာ ေလာက္ပဲရွိတယ္လို႔ ဆိုပါတယ္။ ပန္းၿခံဟာ မူလက ၿမိဳ႕ရဲ႕ေျမယာျပင္ဆင္မႈလုပ္ငန္းေၾကာင့္ စြန႔္ပစ္ေျမတစ္ခု ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ၁၉၈၈ ခုႏွစ္မွာ ေနထိုင္သူေတြ အနားယူဖို႔ေနရာအျဖစ္ ခုံတန္းငယ္တစ္ခု တပ္ဆင္ခဲ့ပါ တယ္။ အဲဒီတုန္းကေတာ့ ပန္းၿခံအျဖစ္ မွတ္ပုံမတင္ခဲ့ပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း "ကမာၻ႔အေသးဆုံး ပန္းၿခံ” ဆိုၿပီး ဆိုရွယ္မီဒီယာေပၚမွာ ျပန္ေရပန္းစားလာျခင္းေၾကာင့္ ပန္းၿခံအျဖစ္ မွတ္ပုံတင္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းမွာလည္း တရားဝင္ အသိအမွတ္ျပဳမႈရရွိဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။
ဂ်ပန္ပန္းၿခံဟာ ယခင္ကမာၻ႔အေသးဆုံးပန္းၿခံျဖစ္တဲ့ အေမရိကန္ႏိုင္ငံ၊ ေအာ္ရီဂြန္ျပည္နယ္၊ ေပါ့လန္ၿမိဳ႕ရွိ ၀.၂၉ စတုရန္းမီတာသာ က်ယ္ဝန္းတဲ့ Mill Ends Park ကို ေက်ာ္ျဖတ္ၿပီး ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။