တိုက်ပွဲဖြစ် ကောကရိတ်ဒေသနေ ကလေးငယ်များ ပညာရေး မနစ်နာစေရန် ပြည်နယ်အစိုးရက စီစဉ်ထား

213

Pearl/ချယ်ရီ (NP News) - မတ်လ ၁
ယခုရက်ပိုင်းအတွင်း ကော့ကရိတ်အနီးတဝိုက်၌ တိုက်ပွဲများဖြစ်ပေါ်နေမှုကြောင့် ကောကရိတ်ဒေသမှ ကလေး ငယ်များ၏ ပညာရေး မနစ်နာစေရန် ပြည်နယ်အစိုးရက စီစဉ်ထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က NP News သို့ ပြောသည်။
ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်နယ်မြေအနီးတဝိုက်၌ တပ်မတော်နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ကြား နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေကြရာ တိုက်ပွဲတိုင်း၏ နောက်ဆက်တွဲအကျိုးအဖြစ် ဒေသခံအချို့မှာ နီးစပ်ရာကျေးရွာများ၌ ရှောင်နေကြသလို စိုးရိမ်မှုများဖြင့် ကျီးလန့်းစာ စားရသည့်အနေအထား များ နှင့် နေထိုင်ကြရကြောင်း သိရသည်။
“ဒေသခံတွေကတော့ စစ်ပွဲဖြစ်တဲ့နောက်တော့ စိုးရိမ်တာပေါ့။ သူတို့ကော့ကရိတ်မှာပြန်ပြီးတော့ အခြေချနေထိုင် တာလည်း လပိုင်းပဲရှိသေးတာကို။ အဲဒီအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ နေရတာ ကျီးလန့်စာ စားသလိုဖြစ်နေတာပေါ့။ ဒါပေမဲ့လည်း ကော့ကရိတ်မြို့တွင်းကိုတော့ တပ်မတော်က ထိန်းချုပ်ထားနိုင်တယ်ဆိုရင် တော့လည်းနေရတာ သိပ်ပြဿနာမရှိဘူးပေါ့လေ။ ဒါပေမဲ့လည်း မြို့ပတ်ဝန်းကျင် သွားလာလှုပ်ရှားရတာတော့ တိုက်ပွဲရှိတော့လေ နည်းနည်း အန္တရာယ်များတာပေါ့” ဟု ဝန်ကြီးက ဆိုသည်။
လာမည့်မတ်လ(၁၇)ရက်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆိုရမည်ဖြစ်ရာ အဆိုပါမြို့ရှိ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးမနစ်နာစေရေးအတွက် ကော့ကရိတ်မြို့ရှိ စာစစ်ဌာနကို ဘားအံမြို့၊ အ.ထ.က-(၅)ကျောင်းသို့ စာစစ်ဌာနပြောင်းရွေ့လိုက်ကြောင်း ၎င်းကရှင်းပြသည်။
“အခုတော့ ဒီ Grade-12 ကျတော့ စာစစ်ဌာနနဲ့ အခြေခံပညာဦးစီးဌာနကို တင်ထားရတယ်ဆိုတော့ အခု အဲဒီကော့ကရိတ်စာစစ်ဌာနကို ဘားအံမြို့၊ အ.ထ.က-(၅)ကိုပြောင်းရွေ့ပြီး စာစစ်ဌာနဖွင့်လှစ်ဖို့အတွက် ပြည်နယ် ပညာရေးမှူးကနေပြီးတော့မှ အခြေခံပညာဦးစီးဌာနကို တင်ပြထားပြီးဖြစ်ပါတယ်။ ကော့ကရိတ်က ကျောင်းသား၊ ကျောင်းသူတွေ စာဖြေမယ့်အတွက်လည်းပဲ ပြည်နယ်အစိုးရဘက်က သွားလာရေးရော၊ နေထိုင်ရေးရော၊ စားသောက်ရေးက အစ အကုန်းလုံးကူညီဆောင်ရွက်ပေးပါတယ်”ဟု ဦးစောခင်မောင်မြင့်က ပြောသည်။
လက်ရှိတွင် ကော့ကရိတ်မြို့ပေါ်၌ ပုံမှန်အတိုင်း စာသင်ကြားမှုများရှိနေပြီး စာမေးပွဲဖြေဆိုမည့် (၃၊ ၄)ရက် အလို တွင် ဘားအံမြို့သို့ခေါ်ယူ၍ စာမေးပွဲဖြေဆိုပြီးချိန်အထိ ပညာဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စာမေးပွဲဖြေမယ့်ကာလလေးမှာ တစ်ခုခုစိတ်အနှောင့်ယှက်ဖြစ်မှာစိုးလို့ စာမေးပွဲဖြေတဲ့ကာလလေးကိုတော့ အေးအေးဆေးဆေးဖြေလို့ရအောင်ဆိုပြီးတော့ ဘားအံ၊ အ.ထ.က-၅ကို စာစစ်ဌာနပြောင်းရွေ့ဖို့ တင်ပြရခြင်းဖြစ် ပါတယ်။ သူတို့ Grade-12 အားလုံးကို ဒီကျောင်းအနားမှာရှိတဲ့ အဆောင်တွေမှာပဲ ထားပြီးတော့မှ စားရေး၊ သောက်ရေး၊ နေထိုင်ရေးတွေကို အားလုံးစီစဉ်ဆောင်ရွက်ပေးမှာပါ” ဟု စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က ပြောသည်။
လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသအချို့၌ အခြေခံပညာကျောင်းများအပါအဝင် အဆင့်မြင့် ပညာကျောင်းများကိုပါ ပိတ်သိမ်းခဲ့ရပြီး ပညာသင်ယူဆဲကျောင်းသားများ၌ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုများ ရှိနေသည့်အပြင် ပညာသင်ခွင့်ဆုံးရှုံးရသော ကျောင်းသား/သူအရေအတွက်မှာလည်း မြင့်တက်လာရုံသာမက အချို့ နေရာများတွင် အကြမ်းဖက်သမားများက ပညာသင်ကြားနေသော ကျောင်းသူ/သားများကို ခြိမ်းခြောက်ခြင်း၊ ကျောင်းမတက်စေရန် နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
“အကြမ်းဖက်သမားတွေရဲ့နှောက်ယှက်တာတွေ ရှိတာပေါ့နော်။ ပညာရေးရယ်၊ ကျန်းမာရေးရယ်က ကမ္ဘာမှာ ဘယ်စစ်ပွဲပဲဖြစ်ဖြစ် ၊ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ရှောင်ရတာပေါ့။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ပညာရေးဆိုတာလည်း နိုင်ငံတော်ရဲ့တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ အန်ကယ့်အနေနဲ့ အလေးအနက်ထားပြီးတော့ ပြောလိုပါတယ်” ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
Zawgyi Version:
တိုက္ပြဲျဖစ္ ေကာကရိတ္ေဒသေန ကေလးငယ္မ်ား ပညာေရး မနစ္နာေစရန္ ျပည္နယ္အစိုးရက စီစဥ္ထား
Pearl/ခ်ယ္ရီ (NP News) - မတ္လ ၁
ယခုရက္ပိုင္းအတြင္း ေကာ့ကရိတ္အနီးတဝိုက္၌ တိုက္ပြဲမ်ားျဖစ္ေပၚေနမႈေၾကာင့္ ေကာကရိတ္ေဒသမွ ကေလး ငယ္မ်ား၏ ပညာေရး မနစ္နာေစရန္ ျပည္နယ္အစိုးရက စီစဥ္ထားေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ၊ စီးပြားေရးရာဝန္ႀကီး ဦးေစာခင္ေမာင္ျမင့္က NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ သီတင္းတစ္ပတ္အတြင္း ကရင္ျပည္နယ္၊ ေကာ့ကရိတ္နယ္ေျမအနီးတဝိုက္၌ တပ္မေတာ္ႏွင့္ KNLA မဟာမိတ္ပူးေပါင္းအဖြဲ႕တို႔ ၾကား ေန႔စဥ္နီးပါးတိုက္ပြဲျဖစ္ေနၾကရာ တိုက္ပြဲတိုင္း၏ ေနာက္ဆက္တြဲအက်ိဳးအျဖစ္ ေဒသခံအခ်ိဳ႕မွာ နီးစပ္ရာေက်း႐ြာမ်ား၌ ေရွာင္ေနၾကသလို စိုးရိမ္မႈမ်ားျဖင့္ က်ီးလန႔္းစာ စားရသည့္အေနအထား မ်ား ႏွင့္ ေနထိုင္ၾကရေၾကာင္း သိရသည္။
“ေဒသခံေတြကေတာ့ စစ္ပြဲျဖစ္တဲ့ေနာက္ေတာ့ စိုးရိမ္တာေပါ့။ သူတို႔ေကာ့ကရိတ္မွာျပန္ၿပီးေတာ့ အေျခခ်ေနထိုင္ တာလည္း လပိုင္းပဲရွိေသးတာကို။ အဲဒီအနီးပတ္ဝန္းက်င္မွာ တိုက္ပြဲေတြျဖစ္တယ္ဆိုေတာ့ ေနရတာ က်ီးလန႔္စာ စားသလိုျဖစ္ေနတာေပါ့။ ဒါေပမဲ့လည္း ေကာ့ကရိတ္ၿမိဳ႕တြင္းကိုေတာ့ တပ္မေတာ္က ထိန္းခ်ဳပ္ထားႏိုင္တယ္ဆိုရင္ ေတာ့လည္းေနရတာ သိပ္ျပႆနာမရွိဘူးေပါ့ေလ။ ဒါေပမဲ့လည္း ၿမိဳ႕ပတ္ဝန္းက်င္ သြားလာလႈပ္ရွားရတာေတာ့ တိုက္ပြဲရွိေတာ့ေလ နည္းနည္း အႏၲရာယ္မ်ားတာေပါ့” ဟု ဝန္ႀကီးက ဆိုသည္။
လာမည့္မတ္လ(၁၇)ရက္၌ တကၠသိုလ္ဝင္တန္း စာေမးပြဲ စတင္ေျဖဆိုရမည္ျဖစ္ရာ အဆိုပါၿမိဳ႕ရွိ Grade-12 ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ပညာေရးမနစ္နာေစေရးအတြက္ ေကာ့ကရိတ္ၿမိဳ႕ရွိ စာစစ္ဌာနကို ဘားအံၿမိဳ႕၊ အ.ထ.က-(၅)ေက်ာင္းသို႔ စာစစ္ဌာနေျပာင္းေ႐ြ႕လိုက္ေၾကာင္း ၎ကရွင္းျပသည္။
“အခုေတာ့ ဒီ Grade-12 က်ေတာ့ စာစစ္ဌာနနဲ႔ အေျခခံပညာဦးစီးဌာနကို တင္ထားရတယ္ဆိုေတာ့ အခု အဲဒီေကာ့ကရိတ္စာစစ္ဌာနကို ဘားအံၿမိဳ႕၊ အ.ထ.က-(၅)ကိုေျပာင္းေ႐ြ႕ၿပီး စာစစ္ဌာနဖြင့္လွစ္ဖို႔အတြက္ ျပည္နယ္ ပညာေရးမႉးကေနၿပီးေတာ့မွ အေျခခံပညာဦးစီးဌာနကို တင္ျပထားၿပီးျဖစ္ပါတယ္။ ေကာ့ကရိတ္က ေက်ာင္းသား၊ ေက်ာင္းသူေတြ စာေျဖမယ့္အတြက္လည္းပဲ ျပည္နယ္အစိုးရဘက္က သြားလာေရးေရာ၊ ေနထိုင္ေရးေရာ၊ စားေသာက္ေရးက အစ အကုန္းလုံးကူညီေဆာင္႐ြက္ေပးပါတယ္”ဟု ဦးေစာခင္ေမာင္ျမင့္က ေျပာသည္။
လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ ပုံမွန္အတိုင္း စာသင္ၾကားမႈမ်ားရွိေနၿပီး စာေမးပြဲေျဖဆိုမည့္ (၃၊ ၄)ရက္ အလို တြင္ ဘားအံၿမိဳ႕သို႔ေခၚယူ၍ စာေမးပြဲေျဖဆိုၿပီးခ်ိန္အထိ ပညာဆက္လက္သင္ၾကားေပးမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“စာေမးပြဲေျဖမယ့္ကာလေလးမွာ တစ္ခုခုစိတ္အေႏွာင့္ယွက္ျဖစ္မွာစိုးလို႔ စာေမးပြဲေျဖတဲ့ကာလေလးကိုေတာ့ ေအးေအးေဆးေဆးေျဖလို႔ရေအာင္ဆိုၿပီးေတာ့ ဘားအံ၊ အ.ထ.က-၅ကို စာစစ္ဌာနေျပာင္းေ႐ြ႕ဖို႔ တင္ျပရျခင္းျဖစ္ ပါတယ္။ သူတို႔ Grade-12 အားလုံးကို ဒီေက်ာင္းအနားမွာရွိတဲ့ အေဆာင္ေတြမွာပဲ ထားၿပီးေတာ့မွ စားေရး၊ ေသာက္ေရး၊ ေနထိုင္ေရးေတြကို အားလုံးစီစဥ္ေဆာင္႐ြက္ေပးမွာပါ” ဟု စီးပြားေရးရာဝန္ႀကီး ဦးေစာခင္ေမာင္ျမင့္ က ေျပာသည္။
လက္ရွိျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသအခ်ိဳ႕၌ အေျခခံပညာေက်ာင္းမ်ားအပါအဝင္ အဆင့္ျမင့္ ပညာေက်ာင္းမ်ားကိုပါ ပိတ္သိမ္းခဲ့ရၿပီး ပညာသင္ယူဆဲေက်ာင္းသားမ်ား၌ ပညာေရးအခြင့္အလမ္း ဆုံးရႈံးမႈမ်ား ရွိေနသည့္အျပင္ ပညာသင္ခြင့္ဆုံးရႈံးရေသာ ေက်ာင္းသား/သူအေရအတြက္မွာလည္း ျမင့္တက္လာ႐ုံသာမက အခ်ိဳ႕ ေနရာမ်ားတြင္ အၾကမ္းဖက္သမားမ်ားက ပညာသင္ၾကားေနေသာ ေက်ာင္းသူ/သားမ်ားကို ၿခိမ္းေျခာက္ျခင္း၊ ေက်ာင္းမတက္ေစရန္ ေႏွာင့္ယွက္ျခင္းမ်ား ျပဳလုပ္ေနၾကေၾကာင္း သိရသည္။
“အၾကမ္းဖက္သမားေတြရဲ႕ေႏွာက္ယွက္တာေတြ ရွိတာေပါ့ေနာ္။ ပညာေရးရယ္၊ က်န္းမာေရးရယ္က ကမာၻမွာ ဘယ္စစ္ပြဲပဲျဖစ္ျဖစ္ ၊ ဘယ္တိုက္ပြဲပဲျဖစ္ျဖစ္ အတတ္ႏိုင္ဆုံး ေရွာင္ရတာေပါ့။ အထူးသျဖင့္ က်န္းမာေရးေပါ့။ ပညာေရးဆိုတာလည္း ႏိုင္ငံေတာ္ရဲ႕တစ္မ်ိဳးသားလုံးနဲ႔ဆိုင္တဲ့ အေရးကိစၥျဖစ္တဲ့အတြက္ မလုပ္သင့္ဘူးလို႔ အန္ကယ့္အေနနဲ႔ အေလးအနက္ထားၿပီးေတာ့ ေျပာလိုပါတယ္” ဟု စစ္ကိုင္းတိုင္းအစိုးရအဖြဲမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။