ငြိမ်းချမ်းရေးအတွက် ယူကရိန်းသမ္မတအနေနဲ့ အဆင်သင့်မဖြစ်သေးဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 1334

Pika (NP News) - မတ် ၁

ယူကရိန်းသမ္မတဇီလန်စကီးဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအရေးစေ့စပ်ညှိနှိုင်းမှုတွေမှာ အမေရိကန်ရဲ့ပါဝင်ပတ်သက်မှုဟာ ကိုယ်တိုင်အကျိုးအမြတ်ရရှိဖို့ လုပ်ဆောင်နေတာမျိုးဖြစ်တယ်လို့ ဇီလန်စကီးက ရှုမြင်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ဖေဖော်ဝါရီလ(၂၈)ရက်မှာ တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် ယခုလိုပြောဆို ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်မှုနဲ့အတူ ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ကြား တွေ့ဆုံမှုတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုမှတ်ချက် တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအတွင်း ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ကြား အချေအတင်ပြောဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရုရှားနဲ့ စစ်ပွဲဖြစ်ပွားချိန်ကနေ စတင်ပြီး အမေရိကန်က စစ်ရေးအကူအညီအဖြစ် ထောက်ပံ့ပေးခဲ့တဲ့ အကူအညီတွေ အားလုံးအတွက် လျော်ကြေးငွေအဖြစ် ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီးနောက် ယခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ သဘောတူညီချက်ကို အစောပိုင်းမှာ ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Pika (NP News) - မတ် ၁



Picture

Zawoo Than

05/03/2025 21:44

မှန်သ​ပေါ့...လူရွင်​တော်က လူကြမ်းလုပ်ချင်​တော့ ဘယ် သဘာဝကျမလဲ​လေ😁

Picture

Zawoo Than

05/03/2025 21:45

မှန်သ​ပေါ့...လူရွင်​တော်က လူကြမ်းလုပ်ချင်​တော့ ဘယ် သဘာဝကျမလဲ​လေ😁

Picture

Zawoo Than

05/03/2025 21:50

​သြော်...​မေ့လို့....with Daw nwe tun😄

Related news

© 2021. All rights reserved.