စစ်တပ်ကို ဒရုန်းတွေကိုပစ်ချခွင့်ပြုဖို့ ဂျာမနီအစိုးရ စဉ်းစားနေ

226

Pika (NP News) - စက်တင်ဘာ ၂၉
ဂျာမနီစစ်တပ်ကို ဒရုန်းတွေကို ပစ်ချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ ဂျာမနီအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဒရုန်းဖြစ်ရပ်တွေကြောင့် ဥရောပနဲ့ရုရှားကြားတင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ ဂျာမနီအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုလန်နဲ့ ဒိန်းမတ်လေဆိပ်တို့မှာ ဒရုန်းပျံသန်းမှုတွေကို ကြုံတွေ့ခဲ့ရပြီး လေဆိပ်တွေကို ယာယီပိတ်ထားတာမျိုးတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒိန်းမတ်ရဲ့အကြီးဆုံး စစ်အခြေစိုက် စခန်းအနီးမှာ ဒရုန်းတစ်စင်းပျံသန်းနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းရဲ့အဓိကကျောထောက်နောက်ခံနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကလည်း မကြာသေးခင်အချိန်အတွင်း သံသယ ဖြစ်ဖွယ် ဒရုန်းတွေ့ရှိမှုတွေ မြင့်တက်လာခဲ့တယ်ဆိုတဲ့အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒရုန်းဖြစ်ရပ် တွေနဲ့ပတ်သက်ပြီး တိတိကျကျ သက်သေပြမှုတွေ မရှိခဲ့ပေမယ့်လည်း အများစုက ရုရှားကို သံသယဝင်ခဲ့ကြပါတယ်။
ရုရှားရဲ့ခြိမ်းခြောက်မှုတွေကြီးထွားလာတာကို တုံ့ပြန်ဖို့အတွက် ဒရုန်းကာကွယ်ရေးစနစ်ကို မြှင့်တင်သွားမယ့် အစီအစဉ်တွေကို ဂျာမနီအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ အစီအစဉ်တွေထဲမှာ ဂျာမနီစစ်တပ်ကို အချို့အခြေအနေတွေမှာ ဒရုန်းတွေကို ပစ်ချခွင့်ပြုဖို့ ဂျာမနီအစိုးရက စဉ်းစားနေတယ်ဆိုတဲ့အချက်လည်းပါဝင်တယ်လို့ Tabloid Bild သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
စစ္တပ္ကို ဒ႐ုန္းေတြကိုပစ္ခ်ခြင့္ျပဳဖို႔ ဂ်ာမနီအစိုးရ စဥ္းစားေန
Pika (NP News) - စက္တင္ဘာ ၂၉
ဂ်ာမနီစစ္တပ္ကို ဒ႐ုန္းေတြကို ပစ္ခ်ခြင့္ျပဳဖို႔ စဥ္းစားေနတယ္လို႔ ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ မၾကာေသးခင္ကျဖစ္ပြားခဲ့တဲ့ ဒ႐ုန္းျဖစ္ရပ္ေတြေၾကာင့္ ဥေရာပနဲ႔႐ုရွားၾကားတင္းမာမႈေတြ ျမင့္တက္လာခ်ိန္မွာပဲ ဂ်ာမနီအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ပိုလန္နဲ႔ ဒိန္းမတ္ေလဆိပ္တို႔မွာ ဒ႐ုန္းပ်ံသန္းမႈေတြကို ႀကဳံေတြ႕ခဲ့ရၿပီး ေလဆိပ္ေတြကို ယာယီပိတ္ထားတာမ်ိဳးေတြ လုပ္ေဆာင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဒိန္းမတ္ရဲ႕အႀကီးဆုံး စစ္အေျခစိုက္ စခန္းအနီးမွာ ဒ႐ုန္းတစ္စင္းပ်ံသန္းေနတဲ့ျဖစ္ရပ္တစ္ခုလည္းျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းရဲ႕အဓိကေက်ာေထာက္ေနာက္ခံႏိုင္ငံျဖစ္တဲ့ ဂ်ာမနီႏိုင္ငံကလည္း မၾကာေသးခင္အခ်ိန္အတြင္း သံသယ ျဖစ္ဖြယ္ ဒ႐ုန္းေတြ႕ရွိမႈေတြ ျမင့္တက္လာခဲ့တယ္ဆိုတဲ့အစီရင္ခံစာတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ ဒ႐ုန္းျဖစ္ရပ္ ေတြနဲ႔ပတ္သက္ၿပီး တိတိက်က် သက္ေသျပမႈေတြ မရွိခဲ့ေပမယ့္လည္း အမ်ားစုက ႐ုရွားကို သံသယဝင္ခဲ့ၾကပါတယ္။
႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြႀကီးထြားလာတာကို တုံ႔ျပန္ဖို႔အတြက္ ဒ႐ုန္းကာကြယ္ေရးစနစ္ကို ျမႇင့္တင္သြားမယ့္ အစီအစဥ္ေတြကို ဂ်ာမနီအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီ အစီအစဥ္ေတြထဲမွာ ဂ်ာမနီစစ္တပ္ကို အခ်ိဳ႕အေျခအေနေတြမွာ ဒ႐ုန္းေတြကို ပစ္ခ်ခြင့္ျပဳဖို႔ ဂ်ာမနီအစိုးရက စဥ္းစားေနတယ္ဆိုတဲ့အခ်က္လည္းပါဝင္တယ္လို႔ Tabloid Bild သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။