ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်း စိတ်ချရပြီလား “နစက”

7296

သုတကျော် (NP News) - မတ် ၃
လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲမည့် ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် မန္တလေး- နေပြည်တော် - မန္တလေး ခရီးစဉ်တို့ကို ဖေဖော်ဝါရီလ (၂၈) ရက်တွင် စတင်ခဲ့ပြီဖြစ်သည်။
ရန်ကုန်-နေပြည်တော် ခရီးစဉ်အမှတ်(၇) အဆန်ရထားနှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ် (၈)အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော်-မန္တလေးခရီးစဉ်အမှတ်(၂၇)အဆန် လူစီးရထားများကို လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ပြေးဆွဲမည် ဖြစ်သည်။
DEMU ရထားတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် (၃၁၂) ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော်-မန္တလေးပြေးဆွဲမည့် လေအိတ်ရထား ခရီးစဉ်အတွက် ရိုးရိုးတန်း လေးတွဲ၊ အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည်(၃၃၀)လိုက် ပါစီးနင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
သက်သောင့်သက်သာဖြင့် လိုရာခရီးသို့ အလွယ်တကူရောက်ရှိနိုင်မည်ဖြစ်ရာ မီးရထားစီး ခရီးသွား ပြည်သူများ ပိုမိုအဆင်ပြေသွားမည်ဖြစ်သည်။ ခေတ်မီရထားတွဲများသည် ရန်ကုန်-မန္တလေး ရထားလမ်းတွင် ဖြတ်သန်းသွားလာနေမည့်မြင်ကွင်းကလည်း မြန်မာ့မီးရထားအတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်ပေလိမ့်မည်။ သို့သော် အထက်ပါခရီးစဉ်နှင့် ပတ်သက်၍ စိုးရိမ်စိတ်များလည်းရှိနေသည်။
အဆိုးဆုံးအခြေအနေ မဟုတ်သော်လည်း အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုရှိတတ်သည့် အထက်ပါ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အသုံးပြုရန်အတွက် အပြည့်အဝလုံခြုံရေးသည် မီးရထားစီးပြည်သူ များအတွက် လိုအပ်ချက်တစ်ခုဖြစ်လာနေသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်းသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့်အောက်ပိုင်းကို ကူးလူးဆက်သွယ်ရာ အချက်အချာ လမ်းကြောင်းများအနက်တစ်ခုဖြစ်ပြီး ခရီးသွားများ အားကိုးအားထားပြုရာလည်းဖြစ်ခဲ့သည်။ ဖြစ်နေ ဆဲလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူပြီးနောက် နှစ်အချို့အကြာတွင် စတင်လည်ပတ်ခဲ့သော ယင်းရထားလမ်း သည် ခရီးသည် ပေါင်းမြောက်မြားစွာကို လိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
သက်တမ်းကြာသည်နှင့်အမျှ ရထားလမ်းသည် ကာလပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်၏ ဒဏ်ကိုလည်းခံရသည်။ ထို့ပြင် ရန်ကုန်အစိုးရဟု အမည်ပြောင်ပေးခြင်းခံရသော ပြည်တွင်း သောင်းကျန်းမှုကာလအတွင်းကလည်း ရထားလမ်းပိုင်းရှိနေရာအချို့မှာ မသမာသူများ၏ ဖျက်ဆီးခြင်းဒဏ်ကို ခံခဲ့ရသည်။
ထို့နောက် ငြိမ်းချမ်းရေး၏အရသာကို အပြည့် အဝခံစားရစဉ် ရထားလမ်းပိုင်းကို အသုံးပြုသော ပြည်သူ အများအပြားသည် စိတ်အေးလက်အေးဖြင့် လိုရာခရီးကို သွားရောက်နိုင်ခဲ့သည်။ “ဂျုန်းဂျုန်း ဂျက်ဂျက်” အသံကို နားထောင်ရင်း ခရီးကူးလူးသွားလာခြင်း၊ ကုန်ပစ္စည်း ပို့ဆောင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။
သို့သော် အထက်ပါလမ်းပိုင်းသည် ယခင်လောက်မဆိုးသော်လည်း အကြမ်းဖက်သမားများ၏ ခြိမ်းခြောက် မှုကို တစ်ဖန်ကြုံတွေ့ရသည်။ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီးတွင် ရထားလမ်းများကို ထပ်မံရန်ရှာလာ ကြသည်။ မိုင်းထောင်ဖောက်ခွဲကာ အစိုးရကို အနှောင့်အယှက်ပြုရန်ကြိုးပမ်းသော်လည်း ခုတ်ရာတခြား၊ ရှရာ တစ်လွဲဖြစ်ကာ ထိခိုက်ရသည်ကား ပြည်သူများပင် ဖြစ်သည်။
ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံး တွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း (၈၀) ကြိမ်၊ ရထားတံတား/ သံလမ်းများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရခြင်း(၁၇၄)ကြိမ်၊ ဘူတာအဆောက်အအုံ နှင့် ဝန်ထမ်းနေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ်ရှိပြီဖြစ်သည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက် ည(၁၀)နာရီ အချိန်ခန့်က ရန်ကုန် -မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး ဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/ ၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် သောင်းကျန်းသူအဖွဲ့က ထောင် ထားသည့် မိုင်းပေါက်ကွဲခဲ့ရာ ယင်းလမ်းပိုင်းတွင် ထိခိုက်မှုအချို့ ဖြစ်ပွား ခဲ့သည်။
ထို့ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၉၀၂-A)အစုန်ကုန်ရ ထားသည် လည်းကောင်း ၊ အမှတ်(၉၀၂-B) အစုန် လကုန်ရထားသည်လည်းကောင်း၊ အမှတ် (၉၂၃-B) အဆန်ကုန်ရထားသည် လည်းကောင်း၊ အမှတ် (၉၁၃) အဆန် ကုန်ရထားသည်လည်းကောင်း၊ အမှတ် (၉၁၄) အစုန်ကုန်ရထားသည်လည်း ကောင်း၊ အမှတ် (၁၁)အဆန်လူစီးရထားသည်လည်းကောင်း၊ အမှတ် (၁) အဆန်စာပို့ရထားသည်လည်းကောင်း လမ်းပိုင်းက ဘူတာများတွင် ယာယီရပ်တန့်ခဲ့ရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းသည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်အပါ အဝင် စီးပွားရေးကောင်းမွန်ပြီး ထင်ရှားသောမြို့ကြီးများ၊ မြို့ငယ်များကို ဖြတ်သန်းသွားသည်။ ပထဝီ အနေအထားအရ ရထားလမ်းသည် အမြန်လမ်းမကြီး နှင့်လည်းနီးသည်။ ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင် များ၏ထိန်းချုပ်ရာ သို့မဟုတ် အခြေချရာနေရာများနှင့်လည်း နီးစပ်မှုရှိနေခြင်းလည်းဖြစ်သည်။
အထူးသဖြင့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းရှိ ဖေဖော်ဝါရီလ (၂၅)ရက်က မိုင်းခွဲခံရသော ပိန်းဇလုပ် ဘူတာရှိရာ ညောင်လေးပင်မြို့နယ်နှင့် အနီးတဝိုက်က ရထားလမ်းပိုင်းများသည် ပြီးခဲ့သည့် နှစ်များအတွင်း ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ ယင်းဒေသ တွင် KNU နှင့် PDFများ လှုပ်ရှားနေခြင်းဖြစ်ပြီး အရှေ့ဘက်တွင်ကား ကရင်ပြည်နယ်တည်ရှိခြင်းဖြစ်သည်။
အထက်ပါဒေသမှ အဆိုးဆုံးဖြစ်စဉ်များအနက် ပြီးခဲ့သည့်နှစ် ဩဂုတ်လ (၁၅)ရက်က ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ်သည် ညောင်ပင်သာနှင့် ဖြူးဘူတာအကြား အဆန်လမ်း မိုင်တိုင်အမှတ်(၁၃၂) ကြေးနန်းတိုင် အမှတ် (၅)နှင့်(၆)အကြား၌ ဖြတ်သန်းစဉ် သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် လမ်းချော် ကျမှုဖြစ်ပွားကာ လူစီး နှင့်ကုန်ရထားများ ကြန့်ကြာမှုရှိခဲ့သည်။
ထို့ပြင် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်က ကျောက်တံခါးဘူတာမှထွက်ခွာလာသော အမှတ် (၆)အစုန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက် တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားအရောက်တွင် ရထားလမ်းကို KNLA နှင့် PDF များ၏ မိုင်းခွဲ ဖျက်ဆီးထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက် ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီး တွဲ(၃)တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့ သေးသည်။
ရထားလမ်း မိုင်းခွဲခံရသောဖြစ်စဉ်များသည် ဆက်တိုက် ဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ ဖြစ်စဉ်တစ်ခု နှင့် တစ်ခုကြား အချိန်ခြားသည်။ ထို့ကြောင့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အခြေအနေ ကို ကြည့်ကာ လှုပ်ရှားခြင်းမျိုးဖြစ်သည် ဟု ကောက်ချက် ချနိုင်သည်။
“တစ်ဖက်က အဖျက်သမားအနေနဲ့ ဟိုဘက်က ခွဲလိုက်၊ ဒီဘက်ကခွဲလိုက်လုပ်တဲ့အခါကျတော့ ရထားလမ်းဆွဲမယ်ဆိုရင်တော့ နစကအနေနဲ့ ရထားလမ်းပိုင်း လုံခြုံရေးကို ဒီထက်ပိုပြီးထိထိရောက်ရောက် လုပ်သင့်ပါတယ်။ အဲဒါကတော့ အဓိက ပေးရမယ့်အချက်ပေါ့” ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက အကြံပြုသည်။ ယခင်က ရထားလမ်းလုံခြုံရေးနှင့်ပတ်သက်၍ နယ်မြေ အလိုက် တာဝန်ပေးထားခြင်းမျိုးရှိကြောင်း အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ဆိုသည်။
“ရထားလမ်းက ညောင်လေးပင်အနီးတစ်ဝိုက်က မိုင်းခွဲနေတာဆိုတော့ စောင့်ကြည့်ရဦးမယ်လို့ တွေးနေ တာ မကြာဘူး။ နောက်နေ့ကျကွဲတဲ့သတင်း ထွက်လာတာပဲလေ။ အဲဒီတော့ လုံခြုံရေးအနေနဲ့ အရင်က တပ်ထဲမှာ ရှိတယ်။ ရထားလမ်းဆိုတာ နယ်မြေအလိုက်ပေးထားပြီးသား။ တပ်တွေ၊ ရဲတွေရော မိုင်တိုင် အလိုက်လေ၊ ဧရိယာ အလိုက်။ အခုတော့ ဘယ်လိုစနစ်လည်း မသိတော့ဘူး။ ဧရိယာအလိုက် ပေးထားတဲ့အခါ အဲဒီဧရိယာအလိုက် သက်ဆိုင်ရာတပ်မှူးတွေကလည်း သူ့ကိုပေးထားတဲ့ဧရိယာမှာ တပ်တွေအမြဲတမ်းလွှတ်တယ်။ ရထားလမ်း တစ်လျှောက်ကို လိုက်လိုက်ကြည့်တာပေါ့နော်။ အန်ကယ် တပ်ရင်းမှူး လုပ်ခဲ့တုန်းက အဲဒီအတိုင်းပဲ။ မွန်ပြည်နယ် ရထားလမ်းဆိုရင် ဘီးလင်းတို့၊ ကျိုက်ထိုတို့လမ်း မှာ အမြဲတမ်းကြည့်ရတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က ရထားလမ်းမိုင်းခွဲရန်လာသူများကို ကင်းပုန်းစောင့်ဆိုင်းကာ လက်ဦးမှုရယူတိုက်ခိုက်ခြင်းများ ရှိခဲ့ကြောင်းလည်း အထက်ပါအငြိမ်းစား အရာရှိကြီးက ဆိုသည်။
လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ ဖြစ်တတ်သောနေရာများတွင်လုံခြုံရေးကို ထိထိမိမိယူပြီး ဆောင်ရွက်ပါက အန္တရာယ်ကိုလျှော့ချနိုင်ပြီး လုံခြုံရေးတွင် လုပ်လေ့လုပ်ထရှိသော သဘောတရားလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီတစ်နေရာကပဲ အမြဲတမ်းဖြစ်တယ်ဆိုရင် အဲဒီတစ်နေရာပတ်ချာလည် ဘယ်လောက်ကို လုံခြုံရေး သေချာထိထိမိမိလုပ်မလဲ။ လုံခြုံရေးကို ဘယ်လောက်အထိ စိတ်ချရတဲ့အနေအထားလုပ်မလဲပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ရမလဲဆိုတာ နည်း လမ်းတွေရှိပါတယ်။ ရှိတဲ့နည်းလမ်းကို ထိထိမိမိ အသုံးချပြီး လုံခြုံရေးပိုင်းရဲ့စိတ်ချရမှုကို မြှင့်တင်ဖို့ပဲ။ အဲဒါက အဓိကအရေးကြီးတဲ့အချက်ပါ။ အဲဒါကို သေချာအောင်လုပ်နိုင် ရင်ဖြစ်နိုင်တဲ့ Risk တွေ အကုန်လုံးလျော့ကျသွားမယ်” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦး က ဆိုသည်။
လုံခြုံရေးနှင့်ပတ်သက်၍ ထိထိမိမိလုပ်ရန်လိုအပ်ပြီး လုပ်နိုင်သော၊ ဖြစ်နိုင်သောနည်းလမ်းများ ကို အသုံးပြုပြီးဆောင်ရွက်မည်ဆိုပါက အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“လုပ်မယ်ဆိုရင်တော့ လုံခြုံရေးဆိုင်ရာ တိုင်းထွာချက်တွေ ရှိပါတယ်။ ဘယ်အချက်တွေကတော့ မဖြစ်မနေ လုပ်သင့်တယ်။ ဘယ်အချက်တွေကတော့ မဖြစ်မနေ လုပ်ရမယ်။ ဒါတွေကတော့ လုံခြုံရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေထဲမှာပါပြီးသားပါ။ ဘယ်လောက်အထိ လုပ်နိုင်မလဲပေါ့။ ဆိုလိုတာကတော့ ဒီပွင့်ပွင့်လင်းလင်းပြောရရင် အဖျက်သမားဆိုတာက တောထဲမှာ တစ်ချိန်လုံးထိုင်နေရတာ မဟုတ်ဘူး။ အနီးစပ်ဆုံး ရွာတွေမှာ သွားခိုနေရတာ။ ခိုနေတဲ့ရွာတွေကို ဘယ်လောက်အထိ Control လုပ်နိုင်မလဲ ပေါ့” ဟု ဦးသိန်းထွန်းဦးက ရှင်းပြသည်။
ဦးသိန်းထွန်းဦး ပြောသောအချက်နှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သော ဦး တင့်ဆွေကလည်း သဘောထားချင်း တိုက်ဆိုင်သည်။ ရထားလမ်းမိုင်းခွဲခံရလျှင် နီးစပ်သောကျေးရွာ အကြီးအကဲက လျော်ရသည့်ဖြစ်စဉ်များလည်းရှိခဲ့ဖူးရာ အဆိုပါ နည်းလမ်းကတစ်ဆင့် နောက်ပိုင်းတွင် ကျေးရွာများမှ သတင်းပေးခြင်းများ ပြုလုပ်လာကြကြောင်း ၎င်းက ဆိုသည်။
“ရွာတွေက သတင်းပေးတဲ့အခါကျတော့ အဲဒီလိုနည်းနဲ့ ဖြေရှင်းခဲ့တယ်ပေါ့နော်။ အဲဒီနည်းနဲ့ ဖြေ ရှင်းနိုင်ရင်တော့ သောင်းကျန်းသူက ပြည်သူတွေနဲ့ ဆက်စပ်နေတာလေ။ အဲဒီအခါကျ တပ်မတော်က သွားရှင်းလို့ရတာပေါ့နော်။ အဲဒီနည်းနဲ့ဆို မိုင်းခွဲတဲ့ ကိစ္စတွေ နည်းနည်းလျော့မယ်လို့ထင်တယ်” ဟု ၎င်း က ဆိုသည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း၏ လုံခြုံရေးအခြေအနေမှာမဆိုးဟု ဆိုနိုင်ပါသည်။ သို့ သော် တစ်ဖက်တွင် အကြမ်းဖက်သမားများမှ တိုက်ခိုက်မှုမပြုလုပ်ပါဟု လုံးဝယုံကြည်ထားနိုင်မည့် အခြေ အနေမျိုးလည်း မရှိပါချေ။
ယခုကဲ့သို့ အဆင့်မြင့်ရထားများ ပြေးဆွဲမည်ဆိုခြင်းအတွက် ပြည်သူအများအပြားက ကြိုဆိုကြ မည် ဖြစ်ပါသည်။ ခရီးသွားပြည်သူများအနေဖြင့် တစ်မျှော်တစ်ခေါ် ရှုခင်းများကိုကြည့်ရှုရင်း စိတ်အေး ချမ်းသာစွာဖြင့် ခရီးသွားရောက်လိုကြပေမည်။ သို့သော် ရထားလမ်းပိုင်း လုံခြုံရေးအတွက် မျှော်လင့် ချက်များကိုလည်း သတိပြုကြစေချင်ပါသည်။

Zawgyi Version:
ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး ရထားလမ္း စိတ္ခ်ရၿပီလား “နစက”
သုတေက်ာ္ (NP News) - မတ္ ၃
ေလေအးေပးစက္ပါရွိေသာ ေခတ္မီ DEMU ရထားတြဲဆိုင္းသစ္မ်ားျဖင့္ ေျပးဆြဲမည့္ ရန္ကုန္- ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ႏွင့္ မႏၲေလး- ေနျပည္ေတာ္ - မႏၲေလး ခရီးစဥ္တို႔ကို ေဖေဖာ္ဝါရီလ (၂၈) ရက္တြင္ စတင္ခဲ့ၿပီျဖစ္သည္။
ရန္ကုန္-ေနျပည္ေတာ္ ခရီးစဥ္အမွတ္(၇) အဆန္ရထားႏွင့္ ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္ အမွတ္ (၈)အစုန္ လူစီးရထားမ်ားကို ဂ်ပန္ႏိုင္ငံမွ ဝယ္ယူေရာက္ရွိလာသည့္ ေလေအးေပးစက္ပါရွိေသာ ေခတ္မီ DEMU ရထားတြဲဆိုင္းသစ္မ်ားျဖင့္ လည္းေကာင္း၊ မႏၲေလး-ေနျပည္ေတာ္ ခရီးစဥ္အမွတ္ (၂၈) အစုန္ႏွင့္ ေနျပည္ေတာ္-မႏၲေလးခရီးစဥ္အမွတ္(၂၇)အဆန္ လူစီးရထားမ်ားကို ေလအိတ္ရထားတြဲဆိုင္းျဖင့္လည္းေကာင္း ေျပးဆြဲမည္ ျဖစ္သည္။
DEMU ရထားတြင္ ပထမတန္း ေလးတြဲ၊ အထက္တန္းႏွစ္တြဲ စုစုေပါင္းတြဲဆိုင္းေျခာက္တြဲျဖင့္ ခရီးသည္ (၃၁၂) ဦး လိုက္ပါစီးနင္းႏိုင္မည္ျဖစ္ၿပီး ေနျပည္ေတာ္-မႏၲေလးေျပးဆြဲမည့္ ေလအိတ္ရထား ခရီးစဥ္အတြက္ ႐ိုး႐ိုးတန္း ေလးတြဲ၊ အထက္တန္း ႏွစ္တြဲ စုစုေပါင္း တြဲဆိုင္းေျခာက္တြဲျဖင့္ ခရီးသည္(၃၃၀)လိုက္ ပါစီးနင္းႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
သက္ေသာင့္သက္သာျဖင့္ လိုရာခရီးသို႔ အလြယ္တကူေရာက္ရွိႏိုင္မည္ျဖစ္ရာ မီးရထားစီး ခရီးသြား ျပည္သူမ်ား ပိုမိုအဆင္ေျပသြားမည္ျဖစ္သည္။ ေခတ္မီရထားတြဲမ်ားသည္ ရန္ကုန္-မႏၲေလး ရထားလမ္းတြင္ ျဖတ္သန္းသြားလာေနမည့္ျမင္ကြင္းကလည္း ျမန္မာ့မီးရထားအတြက္ ဂုဏ္ယူစရာ တစ္ခုျဖစ္ေပလိမ့္မည္။ သို႔ေသာ္ အထက္ပါခရီးစဥ္ႏွင့္ ပတ္သက္၍ စိုးရိမ္စိတ္မ်ားလည္းရွိေနသည္။
အဆိုးဆုံးအေျခအေန မဟုတ္ေသာ္လည္း အၾကမ္းဖက္သမားမ်ား၏ မိုင္းေထာင္ေဖာက္ခြဲမႈရွိတတ္သည့္ အထက္ပါ ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းကို အသုံးျပဳရန္အတြက္ အျပည့္အဝလုံၿခဳံေရးသည္ မီးရထားစီးျပည္သူ မ်ားအတြက္ လိုအပ္ခ်က္တစ္ခုျဖစ္လာေနသည္။
ရန္ကုန္-မႏၲေလး မီးရထားလမ္းသည္ ျမန္မာႏိုင္ငံအထက္ပိုင္းႏွင့္ေအာက္ပိုင္းကို ကူးလူးဆက္သြယ္ရာ အခ်က္အခ်ာ လမ္းေၾကာင္းမ်ားအနက္တစ္ခုျဖစ္ၿပီး ခရီးသြားမ်ား အားကိုးအားထားျပဳရာလည္းျဖစ္ခဲ့သည္။ ျဖစ္ေန ဆဲလည္း ျဖစ္သည္။ သီေပါမင္း ပါေတာ္မူၿပီးေနာက္ ႏွစ္အခ်ိဳ႕အၾကာတြင္ စတင္လည္ပတ္ခဲ့ေသာ ယင္းရထားလမ္း သည္ ခရီးသည္ ေပါင္းေျမာက္ျမားစြာကို လိုရာခရီးသို႔ ပို႔ေဆာင္ခဲ့ၿပီးျဖစ္သည္။
သက္တမ္းၾကာသည္ႏွင့္အမွ် ရထားလမ္းသည္ ကာလေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ခဲ့ရသည္။ ဒုတိယ ကမာၻစစ္၏ ဒဏ္ကိုလည္းခံရသည္။ ထို႔ျပင္ ရန္ကုန္အစိုးရဟု အမည္ေျပာင္ေပးျခင္းခံရေသာ ျပည္တြင္း ေသာင္းက်န္းမႈကာလအတြင္းကလည္း ရထားလမ္းပိုင္းရွိေနရာအခ်ိဳ႕မွာ မသမာသူမ်ား၏ ဖ်က္ဆီးျခင္းဒဏ္ကို ခံခဲ့ရသည္။
ထို႔ေနာက္ ၿငိမ္းခ်မ္းေရး၏အရသာကို အျပည့္ အဝခံစားရစဥ္ ရထားလမ္းပိုင္းကို အသုံးျပဳေသာ ျပည္သူ အမ်ားအျပားသည္ စိတ္ေအးလက္ေအးျဖင့္ လိုရာခရီးကို သြားေရာက္ႏိုင္ခဲ့သည္။ “ဂ်ဳန္းဂ်ဳန္း ဂ်က္ဂ်က္” အသံကို နားေထာင္ရင္း ခရီးကူးလူးသြားလာျခင္း၊ ကုန္ပစၥည္း ပို႔ေဆာင္ျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္ခဲ့ၾကသည္။
သို႔ေသာ္ အထက္ပါလမ္းပိုင္းသည္ ယခင္ေလာက္မဆိုးေသာ္လည္း အၾကမ္းဖက္သမားမ်ား၏ ၿခိမ္းေျခာက္ မႈကို တစ္ဖန္ႀကဳံေတြ႕ရသည္။ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီးတြင္ ရထားလမ္းမ်ားကို ထပ္မံရန္ရွာလာ ၾကသည္။ မိုင္းေထာင္ေဖာက္ခြဲကာ အစိုးရကို အေႏွာင့္အယွက္ျပဳရန္ႀကိဳးပမ္းေသာ္လည္း ခုတ္ရာတျခား၊ ရွရာ တစ္လြဲျဖစ္ကာ ထိခိုက္ရသည္ကား ျပည္သူမ်ားပင္ ျဖစ္သည္။
ၿပီးခဲ့သည့္ (၂၀၂၁)ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယေန႔အခ်ိန္အထိ ျမန္မာ့မီးရထားလမ္းကြန္ရက္ တစ္ခုလုံး တြင္ ရထားလမ္းႏွင့္ ရထားဘူတာနယ္ေျမအတြင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရျခင္း (၈၀) ႀကိမ္၊ ရထားတံတား/ သံလမ္းမ်ားကို မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခံရျခင္း(၁၇၄)ႀကိမ္၊ ဘူတာအေဆာက္အအုံ ႏွင့္ ဝန္ထမ္းေနအိမ္မ်ား ကို မီးရႈိ႕ဖ်က္ဆီးျခင္း (၁၆)ႀကိမ္ရွိၿပီျဖစ္သည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၅)ရက္ ည(၁၀)နာရီ အခ်ိန္ခန႔္က ရန္ကုန္ -မႏၲေလးရထားလမ္းပိုင္းအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေက်ာက္တံခါး ဘူတာႏွင့္ ပိန္းဇလုပ္ ဘူတာအၾကား၊ မိုင္တိုင္အမွတ္ ၁၀၇/ ၁၀-၉ ေနရာရွိ အစုန္ရထားလမ္းေပၚတြင္ ေသာင္းက်န္းသူအဖြဲ႕က ေထာင္ ထားသည့္ မိုင္းေပါက္ကြဲခဲ့ရာ ယင္းလမ္းပိုင္းတြင္ ထိခိုက္မႈအခ်ိဳ႕ ျဖစ္ပြား ခဲ့သည္။
ထို႔ေၾကာင့္ ရန္ကုန္-မႏၲေလးလမ္းပိုင္းအတြင္း ေျပးဆြဲလ်က္ရွိသည့္ အမွတ္(၉၀၂-A)အစုန္ကုန္ရ ထားသည္ လည္းေကာင္း ၊ အမွတ္(၉၀၂-B) အစုန္ လကုန္ရထားသည္လည္းေကာင္း၊ အမွတ္ (၉၂၃-B) အဆန္ကုန္ရထားသည္ လည္းေကာင္း၊ အမွတ္ (၉၁၃) အဆန္ ကုန္ရထားသည္လည္းေကာင္း၊ အမွတ္ (၉၁၄) အစုန္ကုန္ရထားသည္လည္း ေကာင္း၊ အမွတ္ (၁၁)အဆန္လူစီးရထားသည္လည္းေကာင္း၊ အမွတ္ (၁) အဆန္စာပို႔ရထားသည္လည္းေကာင္း လမ္းပိုင္းက ဘူတာမ်ားတြင္ ယာယီရပ္တန႔္ခဲ့ရသည္။
ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းသည္ ျမန္မာႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္သည့္ ေနျပည္ေတာ္အပါ အဝင္ စီးပြားေရးေကာင္းမြန္ၿပီး ထင္ရွားေသာၿမိဳ႕ႀကီးမ်ား၊ ၿမိဳ႕ငယ္မ်ားကို ျဖတ္သန္းသြားသည္။ ပထဝီ အေနအထားအရ ရထားလမ္းသည္ အျမန္လမ္းမႀကီး ႏွင့္လည္းနီးသည္။ ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕ဝင္ မ်ား၏ထိန္းခ်ဳပ္ရာ သို႔မဟုတ္ အေျခခ်ရာေနရာမ်ားႏွင့္လည္း နီးစပ္မႈရွိေနျခင္းလည္းျဖစ္သည္။
အထူးသျဖင့္ ရန္ကုန္ - မႏၲေလး ရထားလမ္းပိုင္းရွိ ေဖေဖာ္ဝါရီလ (၂၅)ရက္က မိုင္းခြဲခံရေသာ ပိန္းဇလုပ္ ဘူတာရွိရာ ေညာင္ေလးပင္ၿမိဳ႕နယ္ႏွင့္ အနီးတဝိုက္က ရထားလမ္းပိုင္းမ်ားသည္ ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္း ထိခိုက္မႈအမ်ားဆုံးျဖစ္ခဲ့သည္။ ယင္းေဒသ တြင္ KNU ႏွင့္ PDFမ်ား လႈပ္ရွားေနျခင္းျဖစ္ၿပီး အေရွ႕ဘက္တြင္ကား ကရင္ျပည္နယ္တည္ရွိျခင္းျဖစ္သည္။
အထက္ပါေဒသမွ အဆိုးဆုံးျဖစ္စဥ္မ်ားအနက္ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လ (၁၅)ရက္က ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းအတြင္း ျဖဴးၿမိဳ႕နယ္၊ ေညာင္ပင္သာ ဘူတာမွ လုံၿခဳံေရးကင္းလွည့္ထြက္ခြာလာသည့္ သံလမ္းေျပးယာဥ္သည္ ေညာင္ပင္သာႏွင့္ ျဖဴးဘူတာအၾကား အဆန္လမ္း မိုင္တိုင္အမွတ္(၁၃၂) ေၾကးနန္းတိုင္ အမွတ္ (၅)ႏွင့္(၆)အၾကား၌ ျဖတ္သန္းစဥ္ ေသာင္းက်န္းသူအဖြဲ႕က Remote မိုင္းျဖင့္ ေဖာက္ခြဲခဲ့သျဖင့္ လမ္းေခ်ာ္ က်မႈျဖစ္ပြားကာ လူစီး ႏွင့္ကုန္ရထားမ်ား ၾကန႔္ၾကာမႈရွိခဲ့သည္။
ထို႔ျပင္ (၂၀၂၃) ခုႏွစ္ ဒီဇင္ဘာလ (၁၃) ရက္က ေက်ာက္တံခါးဘူတာမွထြက္ခြာလာေသာ အမွတ္ (၆)အစုန္ ရန္ကုန္-မႏၲေလး လူစီးအျမန္ရထားသည္ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္ ေက်ာက္ တံခါးဘူတာႏွင့္ ပိန္းဇလုပ္ဘူတာအၾကားအေရာက္တြင္ ရထားလမ္းကို KNLA ႏွင့္ PDF မ်ား၏ မိုင္းခြဲ ဖ်က္ဆီးထားျခင္းေၾကာင့္ ရထားသံလမ္းျပတ္ေတာက္ ပ်က္စီးေန၍ ရထားစက္ေခါင္းႏွင့္အတူ လူစီး တြဲ(၃)တြဲ လမ္းေခ်ာ္က်မႈျဖစ္ပြားခဲ့ ေသးသည္။
ရထားလမ္း မိုင္းခြဲခံရေသာျဖစ္စဥ္မ်ားသည္ ဆက္တိုက္ ျဖစ္ပြားျခင္းမ်ိဳးမဟုတ္ဘဲ ျဖစ္စဥ္တစ္ခု ႏွင့္ တစ္ခုၾကား အခ်ိန္ျခားသည္။ ထို႔ေၾကာင့္ အၾကမ္းဖက္ လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ အေျခအေန ကို ၾကည့္ကာ လႈပ္ရွားျခင္းမ်ိဳးျဖစ္သည္ ဟု ေကာက္ခ်က္ ခ်ႏိုင္သည္။
“တစ္ဖက္က အဖ်က္သမားအေနနဲ႔ ဟိုဘက္က ခြဲလိုက္၊ ဒီဘက္ကခြဲလိုက္လုပ္တဲ့အခါက်ေတာ့ ရထားလမ္းဆြဲမယ္ဆိုရင္ေတာ့ နစကအေနနဲ႔ ရထားလမ္းပိုင္း လုံၿခဳံေရးကို ဒီထက္ပိုၿပီးထိထိေရာက္ေရာက္ လုပ္သင့္ပါတယ္။ အဲဒါကေတာ့ အဓိက ေပးရမယ့္အခ်က္ေပါ့” ဟု ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက အႀကံျပဳသည္။ ယခင္က ရထားလမ္းလုံၿခဳံေရးႏွင့္ပတ္သက္၍ နယ္ေျမ အလိုက္ တာဝန္ေပးထားျခင္းမ်ိဳးရွိေၾကာင္း အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးတစ္ဦးက ဆိုသည္။
“ရထားလမ္းက ေညာင္ေလးပင္အနီးတစ္ဝိုက္က မိုင္းခြဲေနတာဆိုေတာ့ ေစာင့္ၾကည့္ရဦးမယ္လို႔ ေတြးေန တာ မၾကာဘူး။ ေနာက္ေန႔က်ကြဲတဲ့သတင္း ထြက္လာတာပဲေလ။ အဲဒီေတာ့ လုံၿခဳံေရးအေနနဲ႔ အရင္က တပ္ထဲမွာ ရွိတယ္။ ရထားလမ္းဆိုတာ နယ္ေျမအလိုက္ေပးထားၿပီးသား။ တပ္ေတြ၊ ရဲေတြေရာ မိုင္တိုင္ အလိုက္ေလ၊ ဧရိယာ အလိုက္။ အခုေတာ့ ဘယ္လိုစနစ္လည္း မသိေတာ့ဘူး။ ဧရိယာအလိုက္ ေပးထားတဲ့အခါ အဲဒီဧရိယာအလိုက္ သက္ဆိုင္ရာတပ္မႉးေတြကလည္း သူ႔ကိုေပးထားတဲ့ဧရိယာမွာ တပ္ေတြအၿမဲတမ္းလႊတ္တယ္။ ရထားလမ္း တစ္ေလွ်ာက္ကို လိုက္လိုက္ၾကည့္တာေပါ့ေနာ္။ အန္ကယ္ တပ္ရင္းမႉး လုပ္ခဲ့တုန္းက အဲဒီအတိုင္းပဲ။ မြန္ျပည္နယ္ ရထားလမ္းဆိုရင္ ဘီးလင္းတို႔၊ က်ိဳက္ထိုတို႔လမ္း မွာ အၿမဲတမ္းၾကည့္ရတယ္” ဟု ၎က ဆိုသည္။
ယခင္က ရထားလမ္းမိုင္းခြဲရန္လာသူမ်ားကို ကင္းပုန္းေစာင့္ဆိုင္းကာ လက္ဦးမႈရယူတိုက္ခိုက္ျခင္းမ်ား ရွိခဲ့ေၾကာင္းလည္း အထက္ပါအၿငိမ္းစား အရာရွိႀကီးက ဆိုသည္။
လုံၿခဳံေရးပိုင္းႏွင့္ပတ္သက္၍ ျဖစ္တတ္ေသာေနရာမ်ားတြင္လုံၿခဳံေရးကို ထိထိမိမိယူၿပီး ေဆာင္႐ြက္ပါက အႏၲရာယ္ကိုေလွ်ာ့ခ်ႏိုင္ၿပီး လုံၿခဳံေရးတြင္ လုပ္ေလ့လုပ္ထရွိေသာ သေဘာတရားလည္းျဖစ္ေၾကာင္း ၎က ဆိုသည္။
“ဒီတစ္ေနရာကပဲ အၿမဲတမ္းျဖစ္တယ္ဆိုရင္ အဲဒီတစ္ေနရာပတ္ခ်ာလည္ ဘယ္ေလာက္ကို လုံၿခဳံေရး ေသခ်ာထိထိမိမိလုပ္မလဲ။ လုံၿခဳံေရးကို ဘယ္ေလာက္အထိ စိတ္ခ်ရတဲ့အေနအထားလုပ္မလဲေပါ့။ ဒါေတြနဲ႔ ပတ္သက္လို႔ ဘယ္လိုလုပ္ရမလဲဆိုတာ နည္း လမ္းေတြရွိပါတယ္။ ရွိတဲ့နည္းလမ္းကို ထိထိမိမိ အသုံးခ်ၿပီး လုံၿခဳံေရးပိုင္းရဲ႕စိတ္ခ်ရမႈကို ျမႇင့္တင္ဖို႔ပဲ။ အဲဒါက အဓိကအေရးႀကီးတဲ့အခ်က္ပါ။ အဲဒါကို ေသခ်ာေအာင္လုပ္ႏိုင္ ရင္ျဖစ္ႏိုင္တဲ့ Risk ေတြ အကုန္လုံးေလ်ာ့က်သြားမယ္” ဟု ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ ဦးသိန္းထြန္းဦး က ဆိုသည္။
လုံၿခဳံေရးႏွင့္ပတ္သက္၍ ထိထိမိမိလုပ္ရန္လိုအပ္ၿပီး လုပ္ႏိုင္ေသာ၊ ျဖစ္ႏိုင္ေသာနည္းလမ္းမ်ား ကို အသုံးျပဳၿပီးေဆာင္႐ြက္မည္ဆိုပါက အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“လုပ္မယ္ဆိုရင္ေတာ့ လုံၿခဳံေရးဆိုင္ရာ တိုင္းထြာခ်က္ေတြ ရွိပါတယ္။ ဘယ္အခ်က္ေတြကေတာ့ မျဖစ္မေန လုပ္သင့္တယ္။ ဘယ္အခ်က္ေတြကေတာ့ မျဖစ္မေန လုပ္ရမယ္။ ဒါေတြကေတာ့ လုံၿခဳံေရး ဆိုင္ရာ လုပ္ငန္းစဥ္ေတြထဲမွာပါၿပီးသားပါ။ ဘယ္ေလာက္အထိ လုပ္ႏိုင္မလဲေပါ့။ ဆိုလိုတာကေတာ့ ဒီပြင့္ပြင့္လင္းလင္းေျပာရရင္ အဖ်က္သမားဆိုတာက ေတာထဲမွာ တစ္ခ်ိန္လုံးထိုင္ေနရတာ မဟုတ္ဘူး။ အနီးစပ္ဆုံး ႐ြာေတြမွာ သြားခိုေနရတာ။ ခိုေနတဲ့႐ြာေတြကို ဘယ္ေလာက္အထိ Control လုပ္ႏိုင္မလဲ ေပါ့” ဟု ဦးသိန္းထြန္းဦးက ရွင္းျပသည္။
ဦးသိန္းထြန္းဦး ေျပာေသာအခ်က္ႏွင့္ ပတ္သက္၍ ဒီမိုကရက္တစ္ပါတီမွ ဒုတိယဥကၠ႒ျဖစ္ေသာ ဦး တင့္ေဆြကလည္း သေဘာထားခ်င္း တိုက္ဆိုင္သည္။ ရထားလမ္းမိုင္းခြဲခံရလွ်င္ နီးစပ္ေသာေက်း႐ြာ အႀကီးအကဲက ေလ်ာ္ရသည့္ျဖစ္စဥ္မ်ားလည္းရွိခဲ့ဖူးရာ အဆိုပါ နည္းလမ္းကတစ္ဆင့္ ေနာက္ပိုင္းတြင္ ေက်း႐ြာမ်ားမွ သတင္းေပးျခင္းမ်ား ျပဳလုပ္လာၾကေၾကာင္း ၎က ဆိုသည္။
“႐ြာေတြက သတင္းေပးတဲ့အခါက်ေတာ့ အဲဒီလိုနည္းနဲ႔ ေျဖရွင္းခဲ့တယ္ေပါ့ေနာ္။ အဲဒီနည္းနဲ႔ ေျဖ ရွင္းႏိုင္ရင္ေတာ့ ေသာင္းက်န္းသူက ျပည္သူေတြနဲ႔ ဆက္စပ္ေနတာေလ။ အဲဒီအခါက် တပ္မေတာ္က သြားရွင္းလို႔ရတာေပါ့ေနာ္။ အဲဒီနည္းနဲ႔ဆို မိုင္းခြဲတဲ့ ကိစၥေတြ နည္းနည္းေလ်ာ့မယ္လို႔ထင္တယ္” ဟု ၎ က ဆိုသည္။ ရန္ကုန္-မႏၲေလး မီးရထားလမ္းပိုင္း၏ လုံၿခဳံေရးအေျခအေနမွာမဆိုးဟု ဆိုႏိုင္ပါသည္။ သို႔ ေသာ္ တစ္ဖက္တြင္ အၾကမ္းဖက္သမားမ်ားမွ တိုက္ခိုက္မႈမျပဳလုပ္ပါဟု လုံးဝယုံၾကည္ထားႏိုင္မည့္ အေျခ အေနမ်ိဳးလည္း မရွိပါေခ်။
ယခုကဲ့သို႔ အဆင့္ျမင့္ရထားမ်ား ေျပးဆြဲမည္ဆိုျခင္းအတြက္ ျပည္သူအမ်ားအျပားက ႀကိဳဆိုၾက မည္ ျဖစ္ပါသည္။ ခရီးသြားျပည္သူမ်ားအေနျဖင့္ တစ္ေမွ်ာ္တစ္ေခၚ ရႈခင္းမ်ားကိုၾကည့္ရႈရင္း စိတ္ေအး ခ်မ္းသာစြာျဖင့္ ခရီးသြားေရာက္လိုၾကေပမည္။ သို႔ေသာ္ ရထားလမ္းပိုင္း လုံၿခဳံေရးအတြက္ ေမွ်ာ္လင့္ ခ်က္မ်ားကိုလည္း သတိျပဳၾကေစခ်င္ပါသည္။