ဂါဇာပြန်လည်တည်ဆောက်ရေးအစီအစဉ်က အဆင်သင့်ဖြစ်နေပြီလို့ အီဂျစ်အစိုးရပြော

274

Pika (NP News) - မတ် ၃
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းပြည်သူတွေ ဆက်လက်တည်ရှိနေစေမယ့် အီဂျစ်နိုင်ငံရဲ့ ဂါဇာပြန်လည် တည်ဆောက်ရေးအစီအစဉ်ဟာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့် မတ်လ(၄)ရက်မှာ ကျင်းပမယ့် အရေးပေါ် အာရပ်ထိပ်သီးအစည်းအဝေးမှာ တင်ပြသွားမယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty က ပြောကြားခဲ့ပါ တယ်။
အမေရိကန်က ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ပြီး ပါလက်စတိုင်းပြည်သူတွေကို ပြန်လည်နေရာချထားပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို လျင်မြန်စွာပယ်ချခဲ့ကြတဲ့ အာရပ်နိုင်ငံတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အတွေးအခေါ်ကို တုံ့ပြန်ဖို့အတွက် သံတမန်ရေးရာထိုးစစ်ဆင်မှုတွေကို သဘောတူညီမှုရရှိဖို့ အပြင်းအထန် လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။အစ္စရေး-ဟားမက် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၄)ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ အာရပ်နိုင်ငံတွေကို ဒေါသထွက်စေခဲ့တယ်လို့လည်း သိရပါတယ်။
အီဂျစ်နိုင်ငံရဲ့ဂါဇာပြန်လည်တည်ဆောက်ရေးအစီအစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ရန်ပုံငွေတွေ ရရှိလိမ့်မယ်လို့လည်း Badr Abdelatty က ပြောကြားခဲ့ပါတယ်။ Badr Abdelatty က “လာမယ့် အာရပ်ထိပ်သီးအစည်းအဝေးမှာ ဒီအစီအစဉ်ကို အတည်ပြုပြီးတာနဲ့ အဓိက အလှူရှင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာျပန္လည္တည္ေဆာက္ေရးအစီအစဥ္က အဆင္သင့္ျဖစ္ေနၿပီလို႔ အီဂ်စ္အစိုးရေျပာ
Pika (NP News) - မတ္ ၃
ဂါဇာကမ္းေျမာင္ေဒသမွာ ပါလက္စတိုင္းျပည္သူေတြ ဆက္လက္တည္ရွိေနေစမယ့္ အီဂ်စ္ႏိုင္ငံရဲ႕ ဂါဇာျပန္လည္ တည္ေဆာက္ေရးအစီအစဥ္ဟာ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး လာမယ့္ မတ္လ(၄)ရက္မွာ က်င္းပမယ့္ အေရးေပၚ အာရပ္ထိပ္သီးအစည္းအေဝးမွာ တင္ျပသြားမယ္လို႔ အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီး Badr Abdelatty က ေျပာၾကားခဲ့ပါ တယ္။
အေမရိကန္က ဂါဇာကမ္းေျမာင္ေဒသကို သိမ္းပိုက္ၿပီး ပါလက္စတိုင္းျပည္သူေတြကို ျပန္လည္ေနရာခ်ထားေပမယ့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ကို လ်င္ျမန္စြာပယ္ခ်ခဲ့ၾကတဲ့ အာရပ္ႏိုင္ငံေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ အေတြးအေခၚကို တုံ႔ျပန္ဖို႔အတြက္ သံတမန္ေရးရာထိုးစစ္ဆင္မႈေတြကို သေဘာတူညီမႈရရွိဖို႔ အျပင္းအထန္ လုပ္ေဆာင္ေနၾကတယ္လို႔လည္း သိရပါတယ္။အစၥေရး-ဟားမက္ အပစ္အခတ္ရပ္စဲေရးကာလအတြင္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၄)ရက္က ထုတ္ျပန္ေၾကညာခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ဟာ ပါလက္စတိုင္းျပည္သူေတြနဲ႔ အာရပ္ႏိုင္ငံေတြကို ေဒါသထြက္ေစခဲ့တယ္လို႔လည္း သိရပါတယ္။
အီဂ်စ္ႏိုင္ငံရဲ႕ဂါဇာျပန္လည္တည္ေဆာက္ေရးအစီအစဥ္ကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာရဲ႕ ပံ့ပိုးကူညီမႈေတြနဲ႔ရန္ပုံေငြေတြ ရရွိလိမ့္မယ္လို႔လည္း Badr Abdelatty က ေျပာၾကားခဲ့ပါတယ္။ Badr Abdelatty က “လာမယ့္ အာရပ္ထိပ္သီးအစည္းအေဝးမွာ ဒီအစီအစဥ္ကို အတည္ျပဳၿပီးတာနဲ႔ အဓိက အလႉရွင္ ႏိုင္ငံေတြနဲ႔ ေဆြးေႏြးမႈေတြကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။