မြန်မာနိုင်ငံ ပြန်ရန် အခက်အခဲကြုံနေသည့် ဆော်ဒီအာရေဗျနိုင်ငံရောက် အမျိုးသမီး(၃) ဦးအား ပြန်လည်ပို့ဆောင်

 11164

Pearl (NP News) - စက်တင်ဘာ ၂၉

မြန်မာနိုင်ငံ ပြန်ရန် အခက်အခဲကြုံနေသည့် ဆော်ဒီအာရေဗျနိုင်ငံ ရောက် အမျိုးသမီး(၃) ဦးအား ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၂၉ရက်)က အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံး အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးအား ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကူညီပေးခဲ့ပြီး ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ ျပန္ရန္ အခက္အခဲႀကဳံေနသည့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံေရာက္ အမ်ိဳးသမီး(၃) ဦးအား ျပန္လည္ပို႔ေဆာင္
Pearl (NP News) - စက္တင္ဘာ ၂၉

ျမန္မာႏိုင္ငံ ျပန္ရန္ အခက္အခဲႀကဳံေနသည့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ေရာက္ အမ်ိဳးသမီး(၃) ဦးအား ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ (စက္တင္ဘာ ၂၉ရက္)က အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ရီရတ္ဒ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး အေနျဖင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၊ လူဝင္မႈႀကီးၾကပ္ေရးဌာနႏွင့္ ညႇိႏႈိင္း၍ ေဆာ္ဒီအာေရဗ်ႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံသို႔ ျပန္ရန္ အခက္အခဲ ႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး (၃) ဦးအား ကူညီေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ကူညီေပးခဲ့ၿပီး ယမန္ေန႔ (စက္တင္ဘာ ၂၈ရက္)က ရီရတ္ဒ္-ဒိုဟာ-ဗန္ေကာက္-ရန္ကုန္ ေလေၾကာင္းခရီးစဥ္ျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရပါသည္။

Picture

Tha Lwin

29/09/2025 19:04

ကောင်းလိုက်တာ

Related news

© 2021. All rights reserved.