အမေရိကန်သမ္မတရုံးခန်း ဇီလင်စကီးနှင့် အခြေအတင်ဖြစ်ပြီးနောက် ဗန့်စ်နှင့် မက်စ်တို့ ဝိုင်းဝန်း ဆန္ဒပြခံရ

1236

Htay Oung (NP News) - မတ် ၃
အမေရိကန်သမ္မတအိမ်တော် ဘဲဥပုံ ရုံးခန်းမှာ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလင်စကီးတို့အကြား အသည်းအသန်ငြင်းခုန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် စနေ-တနင်္ဂနွေ ၂ ရက်လုံး အမေရိကန် နိုင်ငံတစ်ဝှန်းမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ အယ်လ်လွန်မက်စ်တို့ကို ဦးတည်တဲ့ ရှုတ်ချဆန္ဒပြမှုတွေ ဖြစ်လာခဲ့ တယ်လို့ “သည် တယ်လီဂရပ်ဖ်” က ၂ဝ၂၅ ခုနှစ် မတ်လ ၂ ရက်မှာ ရေးသားခဲ့ပါတယ်။
သောကြာနေ့ ဘဲဥပုံ ရုံးခန်းမှာ အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ဟာ ဇီလင်စကီးကို လူပုံအလယ်ပြင်းထန်စွာ ဝေဖန်ခဲ့သူပါတယ်။ ရုံးပိတ်ရက် ဗားမောင့်ပြည်နယ်ကို အနားယူရန် ရောက်ရှိလာတဲ့ ဗန့်စ်ကို ဆန္ဒပြသူ များက “ ရုရှားမှာ စကိတ်သွား စီး” လို့ အော်ဟစ်ကန့်ကွက်ကြပါတယ်။ အလားတူ အယ်လွန်မက်စ်ကို ကန့်ကွက် ဆန္ဒပြမှုတွေဟာ “တက်စ်လာ ကားအရောင်းဆိုင်” အပြင်ဘက်မှာလည်း ဖြစ်ပွားခဲ့ပါတယ်။
ဗားမောင့်ပြည်နယ်ဆန္ဒပြသူတွေက “ဗန့်စ်ဟာ ပူတင့်လက်ပါးစေ သစ္စာဖောက်” “ဗားမောင့်ဆိုတာ ယူကရိန်းဘက် က ရပ်တည်တယ်” လို့ ရေးသားထားတဲ့ဆိုင်းဘုတ်တွေကို ကိုင်စွဲထားကြပါတယ်။ တချို့ဆန္ဒပြသူတွေက နာဇီ စင်္ကြာပုံတွေကို ထည့်သွင်းထားပြီး ယူကရိန်းအလံတွေကိုလည်း လွှင့်ထူခဲ့ကြပါတယ်။
သမ္မတအိမ်တော်ရုံးခန်းပြဿနာ ဝေဖန်သူတွေအတွက် ဗန့်စ်ရဲ့အပြောအဆိုလေသံဟာ လက်ညှိုးထိုးစရာ ဖြစ်ခဲ့ရပြီး ထရမ့်ကလည်း သူ့ရဲ့ဒုတိယသမ္မတကို ထောက်ခံခဲ့ပါတယ်။ အဲဒါ မှားတယ်လို့ ဗားမောင့်ဆန္ဒပြသူတွေ က ပြောပါတယ်။ ထရမ့်နဲ့ ဗန့်စ်တို့က ယူကရိန်းသမ္မတကို “ရုရှားနဲ့ သဘောတူညီချက်တစ်ခု ချုပ်ဆိုပါ၊ မဟုတ်ရင် ကျွန်တော်တို့ ကျောခိုင်းရုံပဲ” လို့ ပြောခဲ့ပြီး “အမေရိကန်ရဲ့အထောက်အပံ့တွေအတွက် ကျေးဇူးတင်ရကောင်းမှန်း မသိဘူး” လို့ ဆိုခဲ့ပါတယ်။
ဆန္ဒပြပွဲတွေအပေါ် ဗန့်စ်က ဘာမှ မှတ်ချက်မပေးခဲ့ပေမယ့် သူ့ရဲ့မိသားစုအနားယူဖို့ကိုတော့ အမည်မသိအခြား နေရာကို ပြောင်းရွှေ့သွားခဲ့ကြောင်း သိရှိရပါတယ်။ တကယ်တော့ ဆန္ဒပြဖို့ဟာ စောစောပိုင်းကတည်းက စီစဉ်ထားခဲ့ပြီး ဆိုင်းဘုတ်တွေကတော့ ဇီလင်စကီးကို ကြိမ်းမောင်းခဲ့တဲ့ သောကြာနေ့က ဖြစ်ရပ်တွေနဲ့ ဆက်စပ် နေပါတယ်။ အဲဒီကိစ္စကပဲ မဖြစ်မနေ ဆန္ဒပြဖို့ လှုံ့ဆော်သလိုဖြစ်သွားရတယ်လို့ ကန့်ကွက်ပွဲစီစဉ်သူများက ပြောပါတယ်။
ဆန္ဒပြသူတွေက နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်၊ ဘော်စတွန်တို့မှာ စုရုံးခဲ့ကြပြီး တက်စ်လာ စတိုးဆိုင်တွေ အပြင်ဘက်မှာ အယ်လ်လွန်မက်စ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ မက်စ်ရဲ့အစိုးရအသုံးစရိတ် လျှော့ချရေးလုပ်ရပ်တွေကို ဦးတည်ခဲ့ပေမယ့် ယူကရိန်းကို ထောက်ခံသူတွေလည်း ပါဝင်ခဲ့ပါတယ်။ နယူးယောက်စီးတီး စတိုးဆိုင်အပြင်ဘက်မှာတော့ “တက်စ်လာကို မီးရှို့ပစ်လိုက်ပြီး ဒီမိုကရေစီကို ကယ်တင်ကြ”နဲ့ “အမေရိကန်မှာ အာဏာရှင် မရှိ” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင် လူကိုးယောက်တော့ ဖမ်းဆီးခံခဲ့ရပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူသားဖြစ်သူ မက်စ်ဟာ ဖက်ဒရယ်အစိုးရရဲ့ အရွယ်အစားကို လျှော့ချဖို့ ကြိုး ပမ်းနေပါ တယ်။ ဒီအတွက် အလုပ်သမားပေါင်းများစွာ အလုပ်ထုတ်ခံခဲ့ရပြီး အထောက်အပံ့စာချုပ်တွေနဲ့ ဖက်ဒရယ် မြေငှား စာချုပ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
တချို့ကိစ္စတွေမှာတော့ ဖက်ဒရယ်အဖွဲ့အစည်းတွေက အလုပ်ထုတ်ခံခဲ့ရတဲ့အထဲက အဓိကလုပ်သားတွေကို ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းနေရပါတယ်။ ဒီလုပ်သားတွေထဲမှာ အမေရိကန်ရဲ့နျူကလီးယားလက်နက်တွေ၊ ကြက်ငှက်တုပ်ကွေးကို တိုက်ဖျက်နေတဲ့ သိပ္ပံပညာရှင်တွေနဲ့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ဇန်နဝါရီ ၂၀ ရက် ထရမ့် ရာထူးလက်ခံချိန်ကစပြီး ဖက်ဒရယ်လုပ်သား ၂.၃ သန်းထဲက အနည်းဆုံး ၁၀၀,၀၀၀ ယောက်တို့ အလုပ်ထုတ်ခဲ့ရပါတယ်။
ယူကရိန်းထောက်ခံသူပေါင်းများစွာတို့ဟာ နယူးယောက်မြို့ “တိုင်းမ်စကွဲ” မှာ စုရုံးခဲ့ကြပြီး လော့စ်အိန်ဂျယ် လိစ်မှာတော့ အယ်လ်လွန်မက်စ်ပိုင် “စပေ့ အိက်စ်” စက်ရုံအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်ဆန္ဒပြသူတွေက လန်ဒန်မြို့ ဝက်စ်ဖီးလ်ဈေးဝယ်စင်တာက တက်စ်လာ အရောင်းပြခန်းကို ၂၅ မိနစ်ခန့်ကြာ သိမ်းပိုက်ခဲ့ကြပါတယ်။
ဥရောပမြို့တော်တွေမှာလည်း ယူကရိန်းကို ထောက်ခံဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လန်ဒန်မြို့ ဗြိတိန်ဝန်ကြီး ချုပ် ရုံးကို ဇီလင်စကီးလာရောက်ချိန် လမ်းဘေးဝဲယာမှာ လူအများ တန်းစီပြီး ထောက်ခံကြောင်းပြသကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်မှာ လူကြိုက်မှုနှုန်းက ၄၄% အထိ ကျဆင်းသွားခဲ့ပါတယ်။
#HtayOung #OungMarine
#သမ္မတဒေါ်နယ်ထရမ့် #ဗိုလိုဒီမြာ_ဇီလင်စကီး #ယူကရိန်း #ရုရှား #ဂျေဒီဗန့်စ် #အယ်လ်လွန်မက်စ်

Zawgyi Version:
အေမရိကန္သမၼတ႐ုံးခန္း ဇီလင္စကီးႏွင့္ အေျခအတင္ျဖစ္ၿပီးေနာက္ ဗန႔္စ္ႏွင့္ မက္စ္တို႔ ဝိုင္းဝန္း ဆႏၵျပခံရ
Htay Oung (NP News) - မတ္ ၃
အေမရိကန္သမၼတအိမ္ေတာ္ ဘဲဥပုံ ႐ုံးခန္းမွာ ေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းသမၼတ ဗိုလိုဒီျမာ ဇီလင္စကီးတို႔အၾကား အသည္းအသန္ျငင္းခုန္ေျပာဆိုမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ အဲ့ဒီေနာက္ စေန-တနဂၤေႏြ ၂ ရက္လုံး အေမရိကန္ ႏိုင္ငံတစ္ဝွန္းမွာ ဒုတိယသမၼတ ေဂ်ဒီဗန႔္စ္နဲ႔ အယ္လ္လြန္မက္စ္တို႔ကို ဦးတည္တဲ့ ရႈတ္ခ်ဆႏၵျပမႈေတြ ျဖစ္လာခဲ့ တယ္လို႔ “သည္ တယ္လီဂရပ္ဖ္” က ၂ဝ၂၅ ခုႏွစ္ မတ္လ ၂ ရက္မွာ ေရးသားခဲ့ပါတယ္။
ေသာၾကာေန႔ ဘဲဥပုံ ႐ုံးခန္းမွာ အေမရိကန္ဒုတိယသမၼတ ေဂ်ဒီ ဗန႔္စ္ဟာ ဇီလင္စကီးကို လူပုံအလယ္ျပင္းထန္စြာ ေဝဖန္ခဲ့သူပါတယ္။ ႐ုံးပိတ္ရက္ ဗားေမာင့္ျပည္နယ္ကို အနားယူရန္ ေရာက္ရွိလာတဲ့ ဗန႔္စ္ကို ဆႏၵျပသူ မ်ားက “ ႐ုရွားမွာ စကိတ္သြား စီး” လို႔ ေအာ္ဟစ္ကန႔္ကြက္ၾကပါတယ္။ အလားတူ အယ္လြန္မက္စ္ကို ကန႔္ကြက္ ဆႏၵျပမႈေတြဟာ “တက္စ္လာ ကားအေရာင္းဆိုင္” အျပင္ဘက္မွာလည္း ျဖစ္ပြားခဲ့ပါတယ္။
ဗားေမာင့္ျပည္နယ္ဆႏၵျပသူေတြက “ဗန႔္စ္ဟာ ပူတင့္လက္ပါးေစ သစၥာေဖာက္” “ဗားေမာင့္ဆိုတာ ယူကရိန္းဘက္ က ရပ္တည္တယ္” လို႔ ေရးသားထားတဲ့ဆိုင္းဘုတ္ေတြကို ကိုင္စြဲထားၾကပါတယ္။ တခ်ိဳ႕ဆႏၵျပသူေတြက နာဇီ စၾကၤာပုံေတြကို ထည့္သြင္းထားၿပီး ယူကရိန္းအလံေတြကိုလည္း လႊင့္ထူခဲ့ၾကပါတယ္။
သမၼတအိမ္ေတာ္႐ုံးခန္းျပႆနာ ေဝဖန္သူေတြအတြက္ ဗန႔္စ္ရဲ႕အေျပာအဆိုေလသံဟာ လက္ညႇိဳးထိုးစရာ ျဖစ္ခဲ့ရၿပီး ထရမ့္ကလည္း သူ႔ရဲ႕ဒုတိယသမၼတကို ေထာက္ခံခဲ့ပါတယ္။ အဲဒါ မွားတယ္လို႔ ဗားေမာင့္ဆႏၵျပသူေတြ က ေျပာပါတယ္။ ထရမ့္နဲ႔ ဗန႔္စ္တို႔က ယူကရိန္းသမၼတကို “႐ုရွားနဲ႔ သေဘာတူညီခ်က္တစ္ခု ခ်ဳပ္ဆိုပါ၊ မဟုတ္ရင္ ကြၽန္ေတာ္တို႔ ေက်ာခိုင္း႐ုံပဲ” လို႔ ေျပာခဲ့ၿပီး “အေမရိကန္ရဲ႕အေထာက္အပံ့ေတြအတြက္ ေက်းဇူးတင္ရေကာင္းမွန္း မသိဘူး” လို႔ ဆိုခဲ့ပါတယ္။
ဆႏၵျပပြဲေတြအေပၚ ဗန႔္စ္က ဘာမွ မွတ္ခ်က္မေပးခဲ့ေပမယ့္ သူ႔ရဲ႕မိသားစုအနားယူဖို႔ကိုေတာ့ အမည္မသိအျခား ေနရာကို ေျပာင္းေ႐ႊ႕သြားခဲ့ေၾကာင္း သိရွိရပါတယ္။ တကယ္ေတာ့ ဆႏၵျပဖို႔ဟာ ေစာေစာပိုင္းကတည္းက စီစဥ္ထားခဲ့ၿပီး ဆိုင္းဘုတ္ေတြကေတာ့ ဇီလင္စကီးကို ႀကိမ္းေမာင္းခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ရပ္ေတြနဲ႔ ဆက္စပ္ ေနပါတယ္။ အဲဒီကိစၥကပဲ မျဖစ္မေန ဆႏၵျပဖို႔ လႈံ႕ေဆာ္သလိုျဖစ္သြားရတယ္လို႔ ကန႔္ကြက္ပြဲစီစဥ္သူမ်ားက ေျပာပါတယ္။
ဆႏၵျပသူေတြက နယူးေယာက္၊ ေလာ့စ္အိန္ဂ်ယ္လိစ္၊ ေဘာ္စတြန္တို႔မွာ စု႐ုံးခဲ့ၾကၿပီး တက္စ္လာ စတိုးဆိုင္ေတြ အျပင္ဘက္မွာ အယ္လ္လြန္မက္စ္ကို ဆန႔္က်င္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပြဲေတြဟာ မက္စ္ရဲ႕အစိုးရအသုံးစရိတ္ ေလွ်ာ့ခ်ေရးလုပ္ရပ္ေတြကို ဦးတည္ခဲ့ေပမယ့္ ယူကရိန္းကို ေထာက္ခံသူေတြလည္း ပါဝင္ခဲ့ပါတယ္။ နယူးေယာက္စီးတီး စတိုးဆိုင္အျပင္ဘက္မွာေတာ့ “တက္စ္လာကို မီးရႈိ႕ပစ္လိုက္ၿပီး ဒီမိုကေရစီကို ကယ္တင္ၾက”နဲ႔ “အေမရိကန္မွာ အာဏာရွင္ မရွိ” လို႔ ေရးသားထားတဲ့ ဆိုင္းဘုတ္ကိုင္ လူကိုးေယာက္ေတာ့ ဖမ္းဆီးခံခဲ့ရပါတယ္။
ကမာၻေပၚမွာ အခ်မ္းသာဆုံးလူသားျဖစ္သူ မက္စ္ဟာ ဖက္ဒရယ္အစိုးရရဲ႕ အ႐ြယ္အစားကို ေလွ်ာ့ခ်ဖို႔ ႀကိဳး ပမ္းေနပါ တယ္။ ဒီအတြက္ အလုပ္သမားေပါင္းမ်ားစြာ အလုပ္ထုတ္ခံခဲ့ရၿပီး အေထာက္အပံ့စာခ်ဳပ္ေတြနဲ႔ ဖက္ဒရယ္ ေျမငွား စာခ်ဳပ္ေတြကို ဖ်က္သိမ္းခဲ့ပါတယ္။
တခ်ိဳ႕ကိစၥေတြမွာေတာ့ ဖက္ဒရယ္အဖြဲ႕အစည္းေတြက အလုပ္ထုတ္ခံခဲ့ရတဲ့အထဲက အဓိကလုပ္သားေတြကို ျပန္လည္ခန႔္အပ္ဖို႔ ႀကိဳးပမ္းေနရပါတယ္။ ဒီလုပ္သားေတြထဲမွာ အေမရိကန္ရဲ႕န်ဴကလီးယားလက္နက္ေတြ၊ ၾကက္ငွက္တုပ္ေကြးကို တိုက္ဖ်က္ေနတဲ့ သိပၸံပညာရွင္ေတြနဲ႔ လွ်ပ္စစ္မီးျဖန႔္ျဖဴးေပးေနတဲ့ တာဝန္ရွိသူေတြ ပါဝင္ပါတယ္။ ဇန္နဝါရီ ၂၀ ရက္ ထရမ့္ ရာထူးလက္ခံခ်ိန္ကစၿပီး ဖက္ဒရယ္လုပ္သား ၂.၃ သန္းထဲက အနည္းဆုံး ၁၀၀,၀၀၀ ေယာက္တို႔ အလုပ္ထုတ္ခဲ့ရပါတယ္။
ယူကရိန္းေထာက္ခံသူေပါင္းမ်ားစြာတို႔ဟာ နယူးေယာက္ၿမိဳ႕ “တိုင္းမ္စကြဲ” မွာ စု႐ုံးခဲ့ၾကၿပီး ေလာ့စ္အိန္ဂ်ယ္ လိစ္မွာေတာ့ အယ္လ္လြန္မက္စ္ပိုင္ “စေပ့ အိက္စ္” စက္႐ုံအျပင္ဘက္မွာ ဆႏၵျပခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ ရာသီဥတုေျပာင္းလဲမႈကို ဆန႔္က်င္ဆႏၵျပသူေတြက လန္ဒန္ၿမိဳ႕ ဝက္စ္ဖီးလ္ေဈးဝယ္စင္တာက တက္စ္လာ အေရာင္းျပခန္းကို ၂၅ မိနစ္ခန႔္ၾကာ သိမ္းပိုက္ခဲ့ၾကပါတယ္။
ဥေရာပၿမိဳ႕ေတာ္ေတြမွာလည္း ယူကရိန္းကို ေထာက္ခံဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့ၿပီး လန္ဒန္ၿမိဳ႕ ၿဗိတိန္ဝန္ႀကီး ခ်ဳပ္ ႐ုံးကို ဇီလင္စကီးလာေရာက္ခ်ိန္ လမ္းေဘးဝဲယာမွာ လူအမ်ား တန္းစီၿပီး ေထာက္ခံေၾကာင္းျပသၾကပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ အေမရိကန္မွာ လူႀကိဳက္မႈႏႈန္းက ၄၄% အထိ က်ဆင္းသြားခဲ့ပါတယ္။
#HtayOung #OungMarine
#သမၼတေဒၚနယ္ထရမ့္ #ဗိုလိုဒီျမာ_ဇီလင္စကီး #ယူကရိန္း #႐ုရွား #ေဂ်ဒီဗန႔္စ္ #အယ္လ္လြန္မက္စ္