ကျားဖျန့်များ မြို့ပြများသို့ ရောက်ရှိလာကာ အရောင်းအဝယ်ကဏ္ဍအချို့သို့ဝင်ရောက် နေရာယူလာနေ

 3124

သန့်ဇင် (NP News) - မတ် ၄

မြန်မာ-ထိုင်းနယ်စပ်မှ ကျားဖျန့်နှိမ်နင်းရေးများကြောင့် ယင်းလုပ်ငန်းများ မြို့ပြများသို့ ရောက်ရှိလာကာ အရောင်းအဝယ်ကဏ္ဍအချို့သို့ ဝင်ရောက်နေရာယူနေပြီဖြစ်ကြောင်း ကျားဖျန့်အရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက NP News သို့ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၅)ရက်မှစတင်ကာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်နေရာများကို ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် ကျားဖျန့်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောက်ရွက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းလုပ်ငန်းများသည် ဒေသအသီးသီးသို့ပြောင်းရွှေ့သွားကြသည်များလည်းရှိ သကဲ့သို့ အချို့မှာ ရန်ကုန်မြို့တွင်းသို့ ဦးတည်ပြောင်းရွှေ့လာသည်ကိုလည်းမြင်တွေ့ရကြောင်း အထက်ပါ သတင်းအရင်းမြစ်က ဆိုသည်။

“ရောက်နေပြီ ကျားဖျန့်မှာတော့ခေါင်ကြီး တွေမဟုတ်ဘူးပေါ့နော်။ ခေါင်ရယ်။ သူတို့ရဲ့ လက် ဝေခံမန်နေဂျာရယ် သားကောင်ရယ်။ သူတို့ MLN ပုံစံမျိုးနဲ့သွားတာကိုး။ ကျားဖျန့်ရောက်ပြီဆိုရင် သူတို့ရဲ့ခေါင်းဆောင်ရှိမယ်။ နောက်ပြီးရင်းနှီးမြှုပ်နှံသူတွေရှိမယ်။ နောက်ပြီးတော့ လုပ်ငန်းအကြီးအကဲ ပိုင်းတွေရှိမယ်။ နောက်ပြီးတော့မှ ဝန်ထမ်းအငယ်တွေကိုခန့်မယ်။ ပြီးတော့မှ သားကောင်အဖြစ်ခံရတဲ့လူ ကို ရင်းနှီးမြှုပ်နှံမယ့်လူတွေကိုရှာမယ်။ ရင်းနှီးမြှုပ်နှံမယ့်လူတွေက ပထမပိုင်းမှာအလိမ်မခံရသေးဘူး။ ပေးရင်းပေးရင်းကနေ နောက်ပိုင်းကျရင် သူတို့ကလူခေါ်ပေးတာပေါ့။ အဲဒီလူခေါ်ပေးတဲ့လူ တွေက ကျားဖျန့်ဆိုတာသိတာနဲ့ သူတို့ကသိပ်မလုပ်တော့ဘူး။ နည်းနည်းပဲ။ ပါချင်လည်းပါ။ မြတ်ရင် တောင်မြတ်တယ်။ တချို့ဆိုရင် သိနေတဲ့ လူတွေကလေ။ အဲဒီတော့ ဝန်ထမ်းအငယ်တွေ ရောက်နေပြီ။ ကျားဖျန့်လုပ်ငန်းအကြီးတွေက နောက်ကလိုက်လာမယ်ပေါ့”ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းအချက်လက်များအရ သန်လျင် Starcity နှင့် ရန်ကုန်မြို့ လည် ကောင်(၃၉)လမ်းတို့တွင်လည်း ကျားဖျန့် လုပ်ငန်းများရောက်ရှိနေပြီဖြစ်ကြောင်း တွေ့မြင်လာရသည်။ ထို့နောက် နယ်စပ်ဒေသကျားဖျန့်နှိမ်နင်းရေးများလုပ်ဆောင်နေစဉ်ကာလအတွင်း ပြည်တွင်းတွင်မူကျားဖျန့် အမြစ်တွယ်နေပြီဖြစ်ကာ လျှပ်စစ်ပစ္စည်း၊ ကားနှင့် အိမ်ခြံမြေလုပ်ငန်းများတွင်လည်း ကျားဖျန့်နှင့်ဆက်စပ်မှု များပြန့်ပွား လာနေပြီဖြစ်ကြောင်း လျှပ်စစ်ပစ္စည်း အရောင်းဝယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“အခုသူတို့က electronic လောကမှာလည်း ဝင်လိမ်နေတယ်။ ကားမှာလည်းဝင်လိမ်နေတယ်။ အိမ်ခြံမြေမှာ လည်းဝင်လိမ်နေတယ်။ ဘာလို့ဆိုတော့ သူတို့တွေလုပ်ကြည့်လို့အဆင်ပြေပြီ ဆိုတာနဲ့ သူတို့လူအချိတ် အဆက်တွေ ရှိမယ်။ ကျားဖျန့်က ကဏ္ဍပေါင်းစုံမှာကိုဝင်နေတော့မှာ။ ကျွန်တော်တို့ Electronic မှာလည်း ကျားဖျန့်တွေဝင်နေ ပြီ။ အဲဒီလိုတွေဖြစ်နေတယ်။ အခုအိမ်ခြံမြေမှာလည်း လိမ်နေပြီ။ နောက်ဆိုရင် ကဏ္ဍပေါင်းစုံကိုဝင်ပြီးတော့ မွှေတော့မယ်” ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် တရုတ်လူမျိုးမျက်နှာသစ်များစွာ ရောက်ရှိနေသည်ကို တွေ့မြင်ရကြောင်းလည်း ဒေသခံအမျိုး သားတစ်ဦးကဆိုသည်။ “မန္တလေးမှာ တရုတ်မျက်နှာသစ်တွေတွေ့ နေရတယ်။ အိုးဝေငှားရင်တောင် မြန်မာစကားလုံးဝ မပြောတက်တဲ့ တရုတ်တွေကြုံရတယ်။ အဲဒီမှာ မိန်းကလေးငယ်တစ်ဦး။ ဒါမှမဟုတ်(၂)ဦး အဲဒီလိုတွေ တွဲတွဲ တွေ့ရတယ်။ ကျားဖျန့်တွေ ရောက်နေတယ် ထင်တယ်။ အရင်ကထက် တရုတ်တွေများလာတာ တော့ သေချာတယ်”ဟု ၎င်းကပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း များကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အိမ်နီး ချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားခဲ့ဖူးသည်။

ထို့ပြင် ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၂၅)ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅၃၈)ဦး ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
က်ားဖ်န႔္မ်ား ၿမိဳ႕ျပမ်ားသို႔ ေရာက္ရွိလာကာ အေရာင္းအဝယ္က႑အခ်ိဳ႕သို႔ဝင္ေရာက္ ေနရာယူလာေန
သန႔္ဇင္ (NP News) - မတ္ ၄

ျမန္မာ-ထိုင္းနယ္စပ္မွ က်ားဖ်န႔္ႏွိမ္နင္းေရးမ်ားေၾကာင့္ ယင္းလုပ္ငန္းမ်ား ၿမိဳ႕ျပမ်ားသို႔ ေရာက္ရွိလာကာ အေရာင္းအဝယ္က႑အခ်ိဳ႕သို႔ ဝင္ေရာက္ေနရာယူေနၿပီျဖစ္ေၾကာင္း က်ားဖ်န႔္အေရး ေလ့လာေစာင့္ၾကည့္ေနသူတစ္ဦးက NP News သို႔ေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၅)ရက္မွစတင္ကာ ျမန္မာ-ထိုင္းနယ္စပ္ရွိ က်ားဖ်န႔္လုပ္ငန္းႏွင့္ ဆက္စပ္ေနရာမ်ားကို ထိုင္းအစိုးရက လွ်ပ္စစ္မီးျဖတ္ေတာက္ၿပီးေနာက္ က်ားဖ်န႔္ႏွိမ္နင္းေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာက္႐ြက္လာခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ယင္းလုပ္ငန္းမ်ားသည္ ေဒသအသီးသီးသို႔ေျပာင္းေ႐ႊ႕သြားၾကသည္မ်ားလည္းရွိ သကဲ့သို႔ အခ်ိဳ႕မွာ ရန္ကုန္ၿမိဳ႕တြင္းသို႔ ဦးတည္ေျပာင္းေ႐ႊ႕လာသည္ကိုလည္းျမင္ေတြ႕ရေၾကာင္း အထက္ပါ သတင္းအရင္းျမစ္က ဆိုသည္။

“ေရာက္ေနၿပီ က်ားဖ်န႔္မွာေတာ့ေခါင္ႀကီး ေတြမဟုတ္ဘူးေပါ့ေနာ္။ ေခါင္ရယ္။ သူတို႔ရဲ႕ လက္ ေဝခံမန္ေနဂ်ာရယ္ သားေကာင္ရယ္။ သူတို႔ MLN ပုံစံမ်ိဳးနဲ႔သြားတာကိုး။ က်ားဖ်န႔္ေရာက္ၿပီဆိုရင္ သူတို႔ရဲ႕ေခါင္းေဆာင္ရွိမယ္။ ေနာက္ၿပီးရင္းႏွီးျမႇဳပ္ႏွံသူေတြရွိမယ္။ ေနာက္ၿပီးေတာ့ လုပ္ငန္းအႀကီးအကဲ ပိုင္းေတြရွိမယ္။ ေနာက္ၿပီးေတာ့မွ ဝန္ထမ္းအငယ္ေတြကိုခန႔္မယ္။ ၿပီးေတာ့မွ သားေကာင္အျဖစ္ခံရတဲ့လူ ကို ရင္းႏွီးျမႇဳပ္ႏွံမယ့္လူေတြကိုရွာမယ္။ ရင္းႏွီးျမႇဳပ္ႏွံမယ့္လူေတြက ပထမပိုင္းမွာအလိမ္မခံရေသးဘူး။ ေပးရင္းေပးရင္းကေန ေနာက္ပိုင္းက်ရင္ သူတို႔ကလူေခၚေပးတာေပါ့။ အဲဒီလူေခၚေပးတဲ့လူ ေတြက က်ားဖ်န႔္ဆိုတာသိတာနဲ႔ သူတို႔ကသိပ္မလုပ္ေတာ့ဘူး။ နည္းနည္းပဲ။ ပါခ်င္လည္းပါ။ ျမတ္ရင္ ေတာင္ျမတ္တယ္။ တခ်ိဳ႕ဆိုရင္ သိေနတဲ့ လူေတြကေလ။ အဲဒီေတာ့ ဝန္ထမ္းအငယ္ေတြ ေရာက္ေနၿပီ။ က်ားဖ်န႔္လုပ္ငန္းအႀကီးေတြက ေနာက္ကလိုက္လာမယ္ေပါ့”ဟု ၎ကေျပာသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ သတင္းအခ်က္လက္မ်ားအရ သန္လ်င္ Starcity ႏွင့္ ရန္ကုန္ၿမိဳ႕ လည္ ေကာင္(၃၉)လမ္းတို႔တြင္လည္း က်ားဖ်န႔္ လုပ္ငန္းမ်ားေရာက္ရွိေနၿပီျဖစ္ေၾကာင္း ေတြ႕ျမင္လာရသည္။ ထို႔ေနာက္ နယ္စပ္ေဒသက်ားဖ်န႔္ႏွိမ္နင္းေရးမ်ားလုပ္ေဆာင္ေနစဥ္ကာလအတြင္း ျပည္တြင္းတြင္မူက်ားဖ်န႔္ အျမစ္တြယ္ေနၿပီျဖစ္ကာ လွ်ပ္စစ္ပစၥည္း၊ ကားႏွင့္ အိမ္ၿခံေျမလုပ္ငန္းမ်ားတြင္လည္း က်ားဖ်န႔္ႏွင့္ဆက္စပ္မႈ မ်ားျပန႔္ပြား လာေနၿပီျဖစ္ေၾကာင္း လွ်ပ္စစ္ပစၥည္း အေရာင္းဝယ္လုပ္ငန္းရွင္ တစ္ဦးက ဆိုသည္။

“အခုသူတို႔က electronic ေလာကမွာလည္း ဝင္လိမ္ေနတယ္။ ကားမွာလည္းဝင္လိမ္ေနတယ္။ အိမ္ၿခံေျမမွာ လည္းဝင္လိမ္ေနတယ္။ ဘာလို႔ဆိုေတာ့ သူတို႔ေတြလုပ္ၾကည့္လို႔အဆင္ေျပၿပီ ဆိုတာနဲ႔ သူတို႔လူအခ်ိတ္ အဆက္ေတြ ရွိမယ္။ က်ားဖ်န႔္က က႑ေပါင္းစုံမွာကိုဝင္ေနေတာ့မွာ။ ကြၽန္ေတာ္တို႔ Electronic မွာလည္း က်ားဖ်န႔္ေတြဝင္ေန ၿပီ။ အဲဒီလိုေတြျဖစ္ေနတယ္။ အခုအိမ္ၿခံေျမမွာလည္း လိမ္ေနၿပီ။ ေနာက္ဆိုရင္ က႑ေပါင္းစုံကိုဝင္ၿပီးေတာ့ ေမႊေတာ့မယ္” ဟု ၎ကဆက္ေျပာသည္။

ထို႔ျပင္ ျမန္မာျပည္အလယ္ပိုင္း မႏၲေလးၿမိဳ႕တြင္ တ႐ုတ္လူမ်ိဳးမ်က္ႏွာသစ္မ်ားစြာ ေရာက္ရွိေနသည္ကို ေတြ႕ျမင္ရေၾကာင္းလည္း ေဒသခံအမ်ိဳး သားတစ္ဦးကဆိုသည္။ “မႏၲေလးမွာ တ႐ုတ္မ်က္ႏွာသစ္ေတြေတြ႕ ေနရတယ္။ အိုးေဝငွားရင္ေတာင္ ျမန္မာစကားလုံးဝ မေျပာတက္တဲ့ တ႐ုတ္ေတြႀကဳံရတယ္။ အဲဒီမွာ မိန္းကေလးငယ္တစ္ဦး။ ဒါမွမဟုတ္(၂)ဦး အဲဒီလိုေတြ တြဲတြဲ ေတြ႕ရတယ္။ က်ားဖ်န႔္ေတြ ေရာက္ေနတယ္ ထင္တယ္။ အရင္ကထက္ တ႐ုတ္ေတြမ်ားလာတာ ေတာ့ ေသခ်ာတယ္”ဟု ၎ကေျပာသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္လည္း တရားမဝင္အြန္လိုင္း ေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္း မ်ားကို တားဆီးကာကြယ္တိုက္ဖ်က္ႏိုင္ရန္ အိမ္နီး ခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္း မ်ားႏွင့္ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္အေရးယူမႈမ်ားကို ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း နစက က ထုတ္ျပန္ထားခဲ့ဖူးသည္။

ထို႔ျပင္ ဇန္နဝါရီ (၃၀) ရက္မွ ေဖေဖာ္ဝါရီ (၂၅)ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၂၅၃၈)ဦး ကို စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ခဲ့ဖူးသည္။

Picture

Zawoo Than

05/03/2025 21:41

​တွေးမိ​တွေးရာပါ၊ ဥပမာ ၊ ၊နိုင်ငံသားတစ်​ယောက်ဟာ နိိုင်ငံခြားသားတစ်​ယောက်နဲ့ ​တွေ့ဆုံရပြီဆိုပါစို့...... နိုင်ငံသားက....ဒီ​ကောင်ဟာ တရားဝင်ဝင်​ရောက်လာတဲ့​ကောင်မဟုတ်ဘူးဆိုတာ သိတယ်(or)မသ်ကာဖြစ်တယ်ဆိုရင် ဘယ်သူ့ဆီသတင်းပို့တိုင်ကြားရမလဲ? ထိ​ရောက်စွာအ​ရေးယူနိင်ဖို့အတွက်​ပြောတာပါ...မြို့နယ်အဆင့်/တိုင်း/ပြည်နယ်အဆင့်​တွေ သတင်းပို့တိုင်ကြားတာက​တော့ .... တွံ​တေးကြီးသီချင်းလို...ဘာတဲ့....ပြင်း​တောင်ပြင်း​သေးတယ်ဆိုလားပဲ...

Related news

© 2021. All rights reserved.