နစက ဥက္ကဋ္ဌ နှင့် ရုရှား သမ္မတ တို့ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့

 1035

ပီယ (NP News) – မတ် ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ (မတ်လ ၄ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးရာ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Vladimir Vladimirovich Putin က ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ယခုနိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက်ပိုမို တိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကိုမြို့တွင် တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့် ထပ်မံပြောကြားလိုပါကြောင်းနှင့် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မော်စကိုမြို့၌ တွေ့ဆုံရမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီးယခုအခါ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါ ကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ ဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် ပါကြောင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း ဖြင့် ထပ်မံ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုး ရေးမွေးမြူရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

zawgyi version

နစက ဥကၠ႒ ႏွင့္ ႐ုရွား သမၼတ တို႔ ရင္းႏွီးပြင့္လင္းစြာ ေတြ႕ဆုံေဆြးေႏြးခဲ့

ပီယ (NP News) – မတ္ ၄

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ H.E. Vladimir Vladimirovich Putin ၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံသို႔ တရားဝင္ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ (မတ္လ ၄ ရက္) ေဒသစံေတာ္ခ်ိန္ ညေနပိုင္းတြင္ ေမာ္စကိုၿမိဳ႕၊ ကရင္မလင္ နန္းေတာ္၌ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ H.E. Vladimir Vladimirovich Putin ႏွင့္ သီးျခားေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အား ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံသမၼတက ရင္းရင္းႏွီးႏွီးႀကိဳဆိုႏႈတ္ဆက္ၿပီး သီးျခားေတြ႕ဆုံ ေဆြးေႏြးရာ အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္း ေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးသန္းေဆြ၊ ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္းတို႔ တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသမၼတႏွင့္အတူ ႐ု႐ုားဖက္ဒေရးရွင္းႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီး ၊ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံသမၼတ၏ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ျပည္ပဆက္ဆံေရး လက္ေထာက္အရာရွိ၊ စက္မႈႏွင့္ ကုန္သြယ္ေရးဝန္ႀကီးဌာနဝန္ႀကီး၊ တာဝန္ရွိသူမ်ားႏွင့္ အစိုးရအဖြဲ႕အႀကီးအကဲမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ Η.Ε. Vladimir Vladimirovich Putin က ဒုတိယအႀကိမ္ထပ္မံေတြ႕ဆုံရသည့္အတြက္ ဝမ္းေျမာက္ ပါေၾကာင္း၊ ယခုႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ ခရီးစဥ္သည္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ မ်ားစြာအက်ိဳးျဖစ္ထြန္းေစပါေၾကာင္း၊ ယခုခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ သေဘာတူစာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုး ႏိုင္မည္ျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံကုန္သြယ္မႈလုပ္ငန္းမ်ားမွာလည္း ယခင္ကထက္ပိုမို တိုးတက္လာၿပီျဖစ္ပါေၾကာင္း၊ မိမိတို႔ႏွစ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္လည္း ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံမႈအတြက္ ဝမ္းေျမာက္ေၾကာင္းကို မိမိအေနျဖင့္ ထပ္မံေျပာၾကားလိုပါေၾကာင္းႏွင့္ ႀကိဳဆိုႏႈတ္ခြန္း ဆက္စကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေမာ္စကိုၿမိဳ႕၌ ေတြ႕ဆုံရမႈအတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ (၇) ႀကိမ္ေျမာက္ အေရွ႕ဖ်ား စီးပြားေရးဖိုရမ္၌ ေတြ႕ဆုံခဲ့ၿပီးယခုအခါ ဒုတိယအႀကိမ္ေတြ႕ဆုံေဆြးေႏြးျခင္း ျဖစ္ပါ ေၾကာင္း၊ ႐ုရွားႏိုင္ငံသည္ျမန္မာႏိုင္ငံအတြက္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ခရီးေဝးကြာေသာ္လည္း ခ်စ္ၾကည္ရင္းႏွီးသည့္ ႏိုင္ငံမ်ား ျဖစ္ပါ ေၾကာင္း၊ ႏွစ္ႏိုင္ငံသည္ ေရွးသမိုင္းအစဥ္အဆက္ကတည္းကပင္ ေအးအတူပူအမွ် ေနထိုင္ခဲ့ၾကေၾကာင္း၊ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံမႈမွာ (၇၇)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ ပါေၾကာင္း ယခုကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးမႈသည္ မိမိတို႔ႏွစ္ႏိုင္ငံအတြက္ မ်ားစြာအက်ိဳးရွိပါေၾကာင္း၊ ေတြ႕ဆုံမႈအတြက္လည္း ေက်းဇူးတင္ရွိသည္ကို ထပ္မံေျပာၾကားလိုေၾကာင္း ျဖင့္ ထပ္မံ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္ ႐ြက္ေရးကိစၥရပ္မ်ား၊ ကုန္ထုတ္လုပ္မႈႏွင့္ ကုန္သြယ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာကိစၥရပ္မ်ား၊ စိုက္ပ်ိဳး ေရးေမြးျမဴေရးႏွင့္ အျခားက႑ေပါင္းစုံ၌ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥရပ္မ်ား ႏွင့္ ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာျဖင့္ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.