နယ်မြေ သိမ်းယူရေး ဘင်္ဂလားဒေ့ရှ်၏ ပရိယာယ်

702

ကျွန်းသားငမန်း (NP News)
(ဤဆောင်းပါးကို NP News အတွဲ (၁) အမှတ်(၆၁)မှစတင်ဖော်ပြနေသည့် ဆရာဖြိုးဝေလင်း (ပုသိမ်)၏ မြန်မာနိုင်ငံ၏ အာခိလိဖနောင့်) ဆောင်းပါးနှင့် ဆက်စပ်ဖတ်ရှုပါက ပို၍ပြည့်စုံ မည်ဖြစ်ပါ သည်။)
မြန်မာပြည်သူများအနေဖြင့် ပြည်ထောင်စု နယ်မြေအတွင်း အချင်းချင်းတိုက်ခိုက်နေသော ပဋိ ပက္ခစစ်ရေးသတင်းများကိုသာ အာရုံစိုက်နေသော်လည်း မိမိတို့ပြည်ထောင်စုသားချင်းတို့အချင်းချင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအရှိန်ကို မြင့်မားစေပြီး အခွင့်သာလျှင် နယ်မြေသိမ်းယူရန်ကြိုးပမ်းလာ သည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အနောက်နိုင်ငံများ၊ OIC နိုင်ငံများ နှင့်ပူးပေါင်းလှုပ်ရှားမှုများပြုလုပ်လာနေသည်ကို အလေးထားရကောင်းမှန်းမသိဘဲဖြစ်နေကြသည်။ အချို့က အဆိုပါအချက်များကို ထောက်ပြပြောဆို နေကြသော်လည်း AA သို့ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း အလေးပေး ပြောကြားကြသည်ကိုသာတွေ့ရသည်။ ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီများကို ပြန်လည်နေရာချထားရေး အလေးပေးထောက်ပြ ဝေဖန်ခြင်းမပြုကြသည်ကို လည်းတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့သော တရုတ်ကွန်မြူနစ်ပါတီကိုယ် စားလှယ်အဖွဲ့နှင့် (၂၀၂၅) ခုနှစ် ဧပြီလ (၂၇) ရက် ကတွေ့ဆုံခဲ့စဉ် ရခိုင်ကိုဗဟိုပြုပြီး လွတ်လပ်သော မွတ်စလင်နိုင်ငံတော်ထူထောင်ရေးလှုံ့ဆော်သူ “ဂျ မတ်-အီ-အစ္စလာမ်မီ ဘင်္ဂလားဒေ့ရှ်” ပါတီမှ ဒေါက်တာ ဆေယက်အဗ္ဗဒူလာ မိုဟာမက်ဟာတားက မြန်မာနိုင်ငံမှထွက်ခွာလာသည့် ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူသားမဆန်စွာနေထိုင်ရ သည့်အခြေအနေမှာ ဖြေရှင်းချက်မဟုတ်ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်များ ဇာတိရပ်ရွာနေရပ်ပြန်ရေး သည်သာ စစ်မှန်သည့်ဖြေရှင်းချက်ဖြစ်ကြောင်း ဂျ မတ်-အီ-အစ္စလမ်ပါတီ (Jamaat -e- Islami) ပါတီ က တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် လွတ်လပ်သော ရခိုင်နိုင်ငံ သစ်ထူထောင်ရေးအတွက် အဆိုပြုတင်ပြခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။ ဤသတင်းနှင့် ဆက်စပ်ပြီး မေလ (၇) ရက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ခါလီလာရာမန်က ရခိုင်ပြည်နယ်တွင် AA က ဖွဲ့စည်းမည့် အစိုးရ အဖွဲ့အဆင့်တိုင်းတွင် ဘင်္ဂါလီများကို ထည့်သွင်းဖွဲ့စည်းသည်ကိုမြင်လိုကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားလာသည်ကိုတွေ့ရသည်။ ဤကိစ္စကို ကုလသမဂ္ဂသို့ တင်ပြကာ သဘောတူညီချက် များရရှိ ထားပြီးဖြစ်ကြောင်းလည်းဆိုပြီး ကုလသမဂ္ဂကိုပါ ထွက်ပြေးဘင်္ဂါလီများအရေးနှင့် ရခိုင်နိုင်ငံသစ် (မွတ်စလင်နိုင်ငံ)ထူထောင်ရေးအတွက် အင်အားတစ်ခုအဖြစ်ဆွဲထည့်လာသည်ကို တွေ့ရသည်။ ယင်းပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် AA နှင့် ဆက်ဆံမှုများလုပ်ဆောင်ခြင်းသည် ၎င်းတို့နိုင်ငံ၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၏ကန့်ကွက်ချက်များကို လက်ခံမည်မဟုတ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်ကိုတွေ့ရသည်။
ဤသတင်းများမတိုင်မီကလည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတိုင်ပင်ခံ မိုဟာမက်တို ဟစ်ဟူစိန်က AA နှင့်ဆက်ဆံရေး ထူထောင်ခြင်း ကိုလည်းကောင်း၊ ကုလသမဂ္ဂက တောင်းဆိုလာသည့် မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လူသားချင်းစာ နာမှုအကူအညီတစ်ခုပေးရန် စင်္ကြံလမ်းမကြီးတစ်ခု ဖွင့်လှစ်ပေးရန် သဘောတူကြောင်းကိုလည်းကောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းနှင့် မြန်မာနိုင်ငံမှ ထွက် ခွာလာသူ ဘင်္ဂါလီ (၁ ဒသမ ၃)သန်းကို လက်ခံထား ရှိရမှုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်းပြော ကြားခဲ့ခြင်းတို့မှာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာခြင်းပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကုလသမဂ္ဂ၊ OIC စသည့်နိုင်ငံများနှင့် ပူးပေါင်းကာ ၎င်းတို့ရည်မှန်းသော မြန်မာနိုင်ငံ အနောက်ခြမ်းဒေသကို သိမ်းပိုက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှထွက်ပြေးသွားသည့်ဘင်္ဂါလီများကို အ ကြောင်း ပြုပြီးလုပ်ဆောင်နေကြခြင်းပင်ဖြစ်သည်။
မကြာသေးမီကရရှိခဲ့သည့်သတင်းတစ် ပုဒ်တွင် ဟာဝိုင်အီအခြေစိုက် အမေရိကန်ပစိဖိတ်စစ် ဌာနချုပ် (USARPAC) ၏ ဒုတိယကွပ်ကဲရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး Joel ‘ JB ‘ Vowell ဦးဆောင် သည့် ထိပ်တန်းအရာရှိ (၄) ဦးပါအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး မတ်လ (၂၅) ရက်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။ ယင်းမတိုင်မီကလည်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်က OIC နိုင်ငံများအဖွဲ့ ကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက် ရှိခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်စခန်းသို့သွားရောက်ကာ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့ခြင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂါလီလက် နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဆိုသည့်သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်သည် မတ်လ(၁၅)ရက်တွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့မှု၊ ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မိုဟာမက်ယူနို့စ်သည်လည်း အတူလိုက်ပါခဲ့သည့်သတင်း များကိုကြားသိခဲ့ရသည်။ ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးချုပ်၏ခရီးစဉ်တွင် ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့သည် သာမက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော AA နှင့်ဆွေးနွေးရန်ကိုလည်း ပြောကြားခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မိုဟာမက်ယူနို့စ်ကလည်း ဘင်္ဂါလီဒုက္ခသည်များကို (၂၀၂၆) ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ပြန်လည်ပို့ဆောင်မည်ဟု ကတိပြုပြောကြားခဲ့သည်ဟု သတင်းများအရသိရသည်။
ဖော်ပြပါသတင်းများနှင့်အတူ လက်ရှိတွင် လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနယ်စပ် တက္ကနက်ဖ်မြို့၏ မြောက်ဘက် ကီလိုမီတာ (၃၀) အကွာရှိ ဆီလ်ခါလီဒေသရှိ သီးသန့်နေရာတစ်ခုကို ရွေးချယ်ထားကာ AA သို့ထောက်ပံ့ရေးပစ္စည်းများပေးပို့ရန်ပြင်ဆင်ထားကြောင်းသတင်းလည်း ထွက် ပေါ်လာသည်။ ဤလုပ်ငန်းများကိုလုပ်ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တပ်မတော်အကြီးအကဲ များ၊ အမေရိကန်တပ်မတော်အရာရှိများ နယ်စပ်ဒေသတွင် ရောက်ရှိလှုပ်ရှားမှုများရှိနေကြောင်းလည်း သတင်းများကဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်နိုင်ငံများသည် ဘင်္ဂါလီအရေးကို ဖုံးကွယ်ထား ကာ နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA တို့အကြား ပဋိပက္ခအရှိန်ကို ပိုမြင့်စေရန် လုပ် ကြံဖန်တီးသည့်လုပ်ရပ်လည်းဖြစ်နိုင်သည်။ ဤသတင်းများနှင့်ဆက်စပ်၍စဉ်းစားရန်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်၌လှုပ်ရှားနေသည့် ဘင်္ဂါလီအကြမ်းဖက် လက်နက်ကိုင်များ၏လှုပ်ရှားမှုများဖြစ်သည်။
ယခုအချိန်တွင် ဘင်္ဂါလီသောင်းကျန်းသူများ၏ တစ်ကျော့ပြန်တိုက်ခိုက်လာမှုများကို သတိထားကြရမည်ဖြစ်သည်။ ဤတိုက်ခိုက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏နယ်မြေဆုံးရှုံးသွားနိုင်သည့် အရေးကိုလည်း ထည့်သွင်းစဉ်းစားကြရန်လိုအပ်ကြပေမည်။ (၂၀၂၄) ခုနှစ် ဒီဇင်ဘာလတွင် AA သည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မောင်တောဒေသကို အလုံးစုံထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက် (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှစတင်ကာ ဘင်္ဂါလီသောင်းကျန်းသူများသည် တိုက်ပွဲများဖော်ဆောင်လာကြသည်ကို တွေ့ရသည်။ ဤသို့ တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက်လည်း ဘင်္ဂါလီအရေးတက်ြွကလှုပ်ရှားသူများဦး ဆောင်လှုပ်ရှားနေသည့် ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော RSO , ARSA, ARA နှင့် ARIM တို့ ပူးပေါင်းပြီး ဘုံသဘောတူညီချက်နှင့်အတူ FBA (Four Brothers Alliance) အဖြစ် မဟာမိတ်ဖွဲ့ စည်းခဲ့ ကြကြောင်းသိရသည်။
အဆိုပါအဖွဲ့များအနက် RSO သည် (၁၉၈၂) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်ပြီး သဘောထားအားဖြင့် ပျော့ပျောင်းသောအဖွဲ့လည်းဖြစ်သည်။ ARSA အဖွဲ့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့ဖြစ်ကာ (၂၀၁၆)ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သောအဖွဲ့လည်းဖြစ်သည်။ ယင်း အဖွဲ့၏ ခေါင်းဆောင်မှာ ပါကစ္စတန်နိုင်ငံသား အဘူတူလာဆိုသူဖြစ်ပြီး ဆော်ဒီနိုင်ငံတွင်ကြီးပြင်းခဲ့သူဖြစ် ကြောင်းလည်းသိရသည်။ ယင်းသည် ကာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့နှင့်လည်း ရင်းနှီးသူဖြစ် ကြောင်းသိရသည်။ ARSA အဖွဲ့သည် သဘောထား တင်းမာသောအဖွဲ့ဖြစ်ကာ (၂၀၁၆)ခုနှစ်နှင့် (၂၀၁၇) ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ခိုက်မှုများကိုဦး ဆောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်သာမက၊ ဒေ သခံ ဘင်္ဂါလီများကို အကြောက်တရားဖြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးစေခဲ့ပြီး မြန်မာနိုင်ငံအား လူ မျိုးတုံးသတ်ဖြတ်ကြောင်း ပုံဖော်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးခြင်းနှင့် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားခြင်း ခံရ သူလည်းဖြစ်သည်။ ARSA သည် (၂၀၁၆) ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လှုပ်ရှားနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ARA မှာ (၂၀၂၀) ပြည့်နှစ်က စတင်ဖွဲ့စည်းခဲ့သောအဖွဲ့ငယ်တစ်ဖွဲ့လည်း ဖြစ်သည်။ ARIM မှာလည်း မကြာသေးမီကဖွဲ့စည်းထားခဲ့သောအဖွဲ့ဖြစ်ကာ လူသိနည်းသော်လည်း ဘာ သာရေးအရအစွန်းရောက်မှုနှင့် ဘာသာရေးလွှမ်းမိုးမှုရှိသောအဖွဲ့လည်းဖြစ်သည်။ ရခိုင်ပြည်နယ်မြောက် ပိုင်း (မြန်မာနိုင်ငံအနောက်ပိုင်းနယ်ခြား) ဒေသမှာ AA ၏ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားပြီးနောက် နယ်စပ်ဒေသတွင် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ပေါင်းစည်းထားကာ FBA (Four Brothers Alliance) ဖွဲ့စည်းပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ကြောင်း သတင်းများရရှိလာသည်။ နိုင်ငံတော်၏အုပ် ချုပ်ယန္တရားကင်းမဲ့သွားသည်ကိုအခွင့်ကောင်းယူ၍ တိုက်ခိုက်လာခြင်းလည်းဖြစ်သည်။
ဤသတင်းများနှင့်ဆက်စပ်၍ စဉ်းစားရန် ဖြစ်စဉ်များအဖြစ် ကုလသမဂ္ဂအပါအဝင် အနောက် နိုင်ငံများနှင့် OIC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ ခိုးဝင်ရောက်ရှိနေထိုင်ခဲ့ကြပြီး ၎င်းတို့၏ မိခင်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားကြသည့်ဘင်္ဂါလီများ၏အရေးကို ရှေ့တန်းတင်လှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးစားလာကြ သည်ကို တွေ့ရသည်။ ဖြုတ်ချခံလိုက်ရသော ရှိတ်ဟာစီနာ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် မြန်မာ နိုင်ငံမှ ရောက်ရှိနေသော ဘင်္ဂါလီများပြန်ပို့ရေးကို နှောင့်နှေးနေစေရန်ဆောင်ရွက်ထားခဲ့ပြီး ကမ္ဘာ့အရေး အခင်းတစ်ခုအဖြစ်ဖန်တီးလျက် မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများကိုရယူနိုင်ရန် လမ်းခင်း ဆောင်ရွက်ထားခဲ့သည်။ ရှိတ်ဟာစီနာသည်လည်းကောင်း လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ခံ မိုဟာ မတ်ယူနို့စ်သည် လည်းကောင်း မောင်တော၊ ဘူးသီးတောင်နယ်ကို Safe Zone တစ်ခု ဖန်တီးပေးရန် တောင်းဆိုခဲ့သကဲ့သို့ ရှိတ်ဟာစီနာအစိုးရလက်ထက် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကလည်း မောင်တော၊ ဘူးသီးတောင်နယ်ရှိ ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီစောင့်ရှောက်ရန် လိုအပ် ပါက ကူညီပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသော ဘင်္ဂါလီလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (၄) ဖွဲ့၏ မဟာမိတ်ဖွဲ့စုဖွဲ့လှုပ်ရှားလာခြင်းနှင့် တိုက်ပွဲများ ဆင်နွှဲလာနေသည့်သတင်းများက အလေးထားရမည့်သတင်းများဖြစ်သည်။ မေလ (၇) ရက်တွင်ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ခါလီ လာရာမန်က ရခိုင်ပြည်နယ်တွင် AA ကဖွဲ့စည်းမည့်အစိုးရ အဖွဲ့အဆင့်တိုင်းတွင် ဘင်္ဂါလီများကို ထည့် သွင်း ဖွဲ့စည်းသည်ကိုမြင်လိုကြောင်း အတိအလင်းထုတ်ဖော် ပြောကြားခဲ့သည့်သတင်းနှင့် ကုလသမဂ္ဂ၏ သဘောထားများရရှိထားပြီးဖြစ်ကြောင်းသတင်းများကို ဆက်စပ်စဉ်းစားကြရန်လိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီများအတွက် သီးခြားလွတ်လပ်သည့် ပြည် နယ်တစ်ခု တည်ထောင်ခွင့်ရရှိနိုင်ရေးလိုအပ်နေသကဲ့သို့ ရခိုင်ပြည်နယ်တွင် ၎င်းတို့ ဩဇာခံအစိုးရ တစ်ရပ် ထူထောင်နိုင်ရေး ကြိုးစားလုပ်ဆောင်နေခြင်းပင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဤကဲ့သို့လုပ်ဆောင် ချက်များသည် မြန်မာနိုင်ငံအနောက်ပိုင်းနယ်စပ် မောင်တော၊ ဘူးသီးတောင်နယ်မြေအပါအဝင် ဒေသတစ်ခုလုံးကို သီးခြားမွတ်စလင်ပြည်နယ်သစ်အဖြစ် ထူထောင်ပေးရေးရည်မှန်းချက်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းကို အသုံးချရန်ကြိုးစားလာခြင်းလည်း ဖြစ်သည်။ ကုလသမဂ္ဂမှဝင်ရောက်စွက်ဖက်နိုင်စေရန်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီအရေး ကို ကမ္ဘာ့အရေးအဖြစ်ပုံပေါ်လာစေရန် ရေရှည်အချိန်ဆွဲဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။ သို့မှသာ မြန် မာနိုင်ငံအရေးကို ကုလသမဂ္ဂမှ R2P ဖြင့် ဝင်ရောက်နိုင်စေရေး လမ်းကြောင်းကိုဖွင့်ပေးနိုင်ရန် ကြံစည် ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။

Zawgyi Version:
နယ္ေျမ သိမ္းယူေရး ဘဂၤလားေဒ့ရွ္၏ ပရိယာယ္
ကြၽန္းသားငမန္း (NP News)
(ဤေဆာင္းပါးကို NP News အတြဲ (၁) အမွတ္(၆၁)မွစတင္ေဖာ္ျပေနသည့္ ဆရာၿဖိဳးေဝလင္း (ပုသိမ္)၏ ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္) ေဆာင္းပါးႏွင့္ ဆက္စပ္ဖတ္ရႈပါက ပို၍ျပည့္စုံ မည္ျဖစ္ပါ သည္။)
ျမန္မာျပည္သူမ်ားအေနျဖင့္ ျပည္ေထာင္စု နယ္ေျမအတြင္း အခ်င္းခ်င္းတိုက္ခိုက္ေနေသာ ပဋိ ပကၡစစ္ေရးသတင္းမ်ားကိုသာ အာ႐ုံစိုက္ေနေသာ္လည္း မိမိတို႔ျပည္ေထာင္စုသားခ်င္းတို႔အခ်င္းခ်င္း ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡအရွိန္ကို ျမင့္မားေစၿပီး အခြင့္သာလွ်င္ နယ္ေျမသိမ္းယူရန္ႀကိဳးပမ္းလာ သည့္ ျမန္မာႏိုင္ငံအေနာက္ပိုင္းမွ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္အေနာက္ႏိုင္ငံမ်ား၊ OIC ႏိုင္ငံမ်ား ႏွင့္ပူးေပါင္းလႈပ္ရွားမႈမ်ားျပဳလုပ္လာေနသည္ကို အေလးထားရေကာင္းမွန္းမသိဘဲျဖစ္ေနၾကသည္။ အခ်ိဳ႕က အဆိုပါအခ်က္မ်ားကို ေထာက္ျပေျပာဆို ေနၾကေသာ္လည္း AA သို႔ ေထာက္ပံ့ေပးႏိုင္ေရး ေဆာင္႐ြက္ျခင္းသာျဖစ္ေၾကာင္း အေလးေပး ေျပာၾကားၾကသည္ကိုသာေတြ႕ရသည္။ ၎တို႔အေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ေရာက္ရွိေနေသာ ေနရပ္စြန႔္ခြာဘဂၤါလီမ်ားကို ျပန္လည္ေနရာခ်ထားေရး အေလးေပးေထာက္ျပ ေဝဖန္ျခင္းမျပဳၾကသည္ကို လည္းေတြ႕ရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ အလည္ အပတ္ေရာက္ရွိခဲ့ေသာ တ႐ုတ္ကြန္ျမဴနစ္ပါတီကိုယ္ စားလွယ္အဖြဲ႕ႏွင့္ (၂၀၂၅) ခုႏွစ္ ဧၿပီလ (၂၇) ရက္ ကေတြ႕ဆုံခဲ့စဥ္ ရခိုင္ကိုဗဟိုျပဳၿပီး လြတ္လပ္ေသာ မြတ္စလင္ႏိုင္ငံေတာ္ထူေထာင္ေရးလႈံ႕ေဆာ္သူ “ဂ် မတ္-အီ-အစၥလာမ္မီ ဘဂၤလားေဒ့ရွ္” ပါတီမွ ေဒါက္တာ ေဆယက္အဗၺဒူလာ မိုဟာမက္ဟာတားက ျမန္မာႏိုင္ငံမွထြက္ခြာလာသည့္ ဘဂၤါလီလူမ်ိဳးမ်ား ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူသားမဆန္စြာေနထိုင္ရ သည့္အေျခအေနမွာ ေျဖရွင္းခ်က္မဟုတ္ေၾကာင္း၊ ဘဂၤါလီဒုကၡသည္မ်ား ဇာတိရပ္႐ြာေနရပ္ျပန္ေရး သည္သာ စစ္မွန္သည့္ေျဖရွင္းခ်က္ျဖစ္ေၾကာင္း ဂ် မတ္-အီ-အစၥလမ္ပါတီ (Jamaat -e- Islami) ပါတီ က တ႐ုတ္ကြန္ျမဴနစ္ပါတီေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံတြင္ လြတ္လပ္ေသာ ရခိုင္ႏိုင္ငံ သစ္ထူေထာင္ေရးအတြက္ အဆိုျပဳတင္ျပခဲ့ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚခဲ့သည္။ ဤသတင္းႏွင့္ ဆက္စပ္ၿပီး ေမလ (၇) ရက္တြင္ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္ ခါလီလာရာမန္က ရခိုင္ျပည္နယ္တြင္ AA က ဖြဲ႕စည္းမည့္ အစိုးရ အဖြဲ႕အဆင့္တိုင္းတြင္ ဘဂၤါလီမ်ားကို ထည့္သြင္းဖြဲ႕စည္းသည္ကိုျမင္လိုေၾကာင္း အတိအလင္း ထုတ္ေဖာ္ ေျပာၾကားလာသည္ကိုေတြ႕ရသည္။ ဤကိစၥကို ကုလသမဂၢသို႔ တင္ျပကာ သေဘာတူညီခ်က္ မ်ားရရွိ ထားၿပီးျဖစ္ေၾကာင္းလည္းဆိုၿပီး ကုလသမဂၢကိုပါ ထြက္ေျပးဘဂၤါလီမ်ားအေရးႏွင့္ ရခိုင္ႏိုင္ငံသစ္ (မြတ္စလင္ႏိုင္ငံ)ထူေထာင္ေရးအတြက္ အင္အားတစ္ခုအျဖစ္ဆြဲထည့္လာသည္ကို ေတြ႕ရသည္။ ယင္းျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္ AA ႏွင့္ ဆက္ဆံမႈမ်ားလုပ္ေဆာင္ျခင္းသည္ ၎တို႔ႏိုင္ငံ၏ လုပ္ပိုင္ခြင့္သာျဖစ္ၿပီး ျမန္မာႏိုင္ငံအစိုးရ၏ကန႔္ကြက္ခ်က္မ်ားကို လက္ခံမည္မဟုတ္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္ကိုေတြ႕ရသည္။
ဤသတင္းမ်ားမတိုင္မီကလည္း ဘဂၤလား ေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးအတိုင္ပင္ခံ မိုဟာမက္တို ဟစ္ဟူစိန္က AA ႏွင့္ဆက္ဆံေရး ထူေထာင္ျခင္း ကိုလည္းေကာင္း၊ ကုလသမဂၢက ေတာင္းဆိုလာသည့္ ျမန္မာ -ဘဂၤလားေဒ့ရွ္နယ္စပ္တြင္ လူသားခ်င္းစာ နာမႈအကူအညီတစ္ခုေပးရန္ စႀကႍလမ္းမႀကီးတစ္ခု ဖြင့္လွစ္ေပးရန္ သေဘာတူေၾကာင္းကိုလည္းေကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းႏွင့္ ျမန္မာႏိုင္ငံမွ ထြက္ ခြာလာသူ ဘဂၤါလီ (၁ ဒသမ ၃)သန္းကို လက္ခံထား ရွိရမႈအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေနေၾကာင္းေျပာ ၾကားခဲ့ျခင္းတို႔မွာ ျမန္မာႏိုင္ငံ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္လာျခင္းပင္ ျဖစ္သည္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသည္ ကုလသမဂၢ၊ OIC စသည့္ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းကာ ၎တို႔ရည္မွန္းေသာ ျမန္မာႏိုင္ငံ အေနာက္ျခမ္းေဒသကို သိမ္းပိုက္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံမွထြက္ေျပးသြားသည့္ဘဂၤါလီမ်ားကို အ ေၾကာင္း ျပဳၿပီးလုပ္ေဆာင္ေနၾကျခင္းပင္ျဖစ္သည္။
မၾကာေသးမီကရရွိခဲ့သည့္သတင္းတစ္ ပုဒ္တြင္ ဟာဝိုင္အီအေျခစိုက္ အေမရိကန္ပစိဖိတ္စစ္ ဌာနခ်ဳပ္ (USARPAC) ၏ ဒုတိယကြပ္ကဲေရးမႉးျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီး Joel ‘ JB ‘ Vowell ဦးေဆာင္ သည့္ ထိပ္တန္းအရာရွိ (၄) ဦးပါအဖြဲ႕သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ေရာက္ရွိခဲ့ၿပီး မတ္လ (၂၅) ရက္တြင္ ဘဂၤလားေဒ့ရွ္တပ္မေတာ္ထိပ္တန္းအရာရွိမ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။ ယင္းမတိုင္မီကလည္း ေဖေဖာ္ဝါရီလ ေနာက္ဆုံးပတ္က OIC ႏိုင္ငံမ်ားအဖြဲ႕ ကိုယ္စားလွယ္သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေရာက္ ရွိခဲ့ၿပီး ဘဂၤါလီဒုကၡသည္စခန္းသို႔သြားေရာက္ကာ ဒုကၡသည္မ်ားႏွင့္ေတြ႕ဆုံခဲ့ျခင္း၊ ရခိုင္ျပည္နယ္ ေျမာက္ ပိုင္းတြင္ လက္နက္ကိုင္တိုက္ခိုက္ေနသည့္ ဘဂၤါလီလက္ နက္ကိုင္အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ျခင္းဆိုသည့္သတင္းမ်ားထြက္ေပၚခဲ့သည္။ ထို႔အတူ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ယိုဂူတာရက္စ္သည္ မတ္လ(၁၅)ရက္တြင္ ဘဂၤလားေဒ့္ရွ္ႏိုင္ငံသို႔ေရာက္ရွိခဲ့ၿပီး ဘဂၤါလီဒုကၡသည္စခန္းသို႔ သြားေရာက္ကာ ဒုကၡသည္မ်ားႏွင့္ေတြ႕ဆုံခဲ့မႈ၊ ထိုသို႔ ေတြ႕ဆုံရာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏို႔စ္သည္လည္း အတူလိုက္ပါခဲ့သည့္သတင္း မ်ားကိုၾကားသိခဲ့ရသည္။ ကုလသမဂၢ အေထြ ေထြ အတြင္းေရးမႉးခ်ဳပ္၏ခရီးစဥ္တြင္ ဘဂၤါလီဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေရးကိစၥရပ္မ်ားကို ေဆြးေႏြး ခဲ့သည္ သာမက လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ AA ႏွင့္ေဆြးေႏြးရန္ကိုလည္း ေျပာၾကားခဲ့ သည္။ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏို႔စ္ကလည္း ဘဂၤါလီဒုကၡသည္မ်ားကို (၂၀၂၆) ခုႏွစ္တြင္ ရခိုင္ျပည္နယ္သို႔ျပန္လည္ပို႔ေဆာင္မည္ဟု ကတိျပဳေျပာၾကားခဲ့သည္ဟု သတင္းမ်ားအရသိရသည္။
ေဖာ္ျပပါသတင္းမ်ားႏွင့္အတူ လက္ရွိတြင္ လည္းဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံနယ္စပ္ တကၠနက္ဖ္ၿမိဳ႕၏ ေျမာက္ဘက္ ကီလိုမီတာ (၃၀) အကြာရွိ ဆီလ္ခါလီေဒသရွိ သီးသန႔္ေနရာတစ္ခုကို ေ႐ြးခ်ယ္ထားကာ AA သို႔ေထာက္ပံ့ေရးပစၥည္းမ်ားေပးပို႔ရန္ျပင္ဆင္ထားေၾကာင္းသတင္းလည္း ထြက္ ေပၚလာသည္။ ဤလုပ္ငန္းမ်ားကိုလုပ္ေဆာင္ရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ တပ္မေတာ္အႀကီးအကဲ မ်ား၊ အေမရိကန္တပ္မေတာ္အရာရွိမ်ား နယ္စပ္ေဒသတြင္ ေရာက္ရွိလႈပ္ရွားမႈမ်ားရွိေနေၾကာင္းလည္း သတင္းမ်ားကဆိုသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ အေနာက္ႏိုင္ငံမ်ားသည္ ဘဂၤါလီအေရးကို ဖုံးကြယ္ထား ကာ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ AA တို႔အၾကား ပဋိပကၡအရွိန္ကို ပိုျမင့္ေစရန္ လုပ္ ႀကံဖန္တီးသည့္လုပ္ရပ္လည္းျဖစ္ႏိုင္သည္။ ဤသတင္းမ်ားႏွင့္ဆက္စပ္၍စဥ္းစားရန္မွာ ဘဂၤလားေဒ့ရွ္ နယ္စပ္၌လႈပ္ရွားေနသည့္ ဘဂၤါလီအၾကမ္းဖက္ လက္နက္ကိုင္မ်ား၏လႈပ္ရွားမႈမ်ားျဖစ္သည္။
ယခုအခ်ိန္တြင္ ဘဂၤါလီေသာင္းက်န္းသူမ်ား၏ တစ္ေက်ာ့ျပန္တိုက္ခိုက္လာမႈမ်ားကို သတိထားၾကရမည္ျဖစ္သည္။ ဤတိုက္ခိုက္မႈမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံ၏နယ္ေျမဆုံးရႈံးသြားႏိုင္သည့္ အေရးကိုလည္း ထည့္သြင္းစဥ္းစားၾကရန္လိုအပ္ၾကေပမည္။ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလတြင္ AA သည္ ျမန္မာႏိုင္ငံ အေနာက္ဘက္နယ္စပ္ေမာင္ေတာေဒသကို အလုံးစုံထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီးေနာက္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွစတင္ကာ ဘဂၤါလီေသာင္းက်န္းသူမ်ားသည္ တိုက္ပြဲမ်ားေဖာ္ေဆာင္လာၾကသည္ကို ေတြ႕ရသည္။ ဤသို႔ တိုက္ပြဲေဖာ္ေဆာင္ႏိုင္ရန္အတြက္လည္း ဘဂၤါလီအေရးတက္ျြကလႈပ္ရွားသူမ်ားဦး ေဆာင္လႈပ္ရွားေနသည့္ ဘဂၤါလီလက္နက္ကိုင္တပ္ဖြဲ႕မ်ားျဖစ္ေသာ RSO , ARSA, ARA ႏွင့္ ARIM တို႔ ပူးေပါင္းၿပီး ဘုံသေဘာတူညီခ်က္ႏွင့္အတူ FBA (Four Brothers Alliance) အျဖစ္ မဟာမိတ္ဖြဲ႕ စည္းခဲ့ ၾကေၾကာင္းသိရသည္။
အဆိုပါအဖြဲ႕မ်ားအနက္ RSO သည္ (၁၉၈၂) ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့သည့္ လက္နက္ကိုင္ အဖြဲ႕ အစည္းျဖစ္ၿပီး သေဘာထားအားျဖင့္ ေပ်ာ့ေပ်ာင္းေသာအဖြဲ႕လည္းျဖစ္သည္။ ARSA အဖြဲ႕မွာ ဘာသာေရး အစြန္းေရာက္အဖြဲ႕ျဖစ္ကာ (၂၀၁၆)ခုႏွစ္တြင္ စတင္ေပၚေပါက္ခဲ့ေသာအဖြဲ႕လည္းျဖစ္သည္။ ယင္း အဖြဲ႕၏ ေခါင္းေဆာင္မွာ ပါကစၥတန္ႏိုင္ငံသား အဘူတူလာဆိုသူျဖစ္ၿပီး ေဆာ္ဒီႏိုင္ငံတြင္ႀကီးျပင္းခဲ့သူျဖစ္ ေၾကာင္းလည္းသိရသည္။ ယင္းသည္ ကာဖဂန္နစၥတန္ရွိ တာလီဘန္အဖြဲ႕ႏွင့္လည္း ရင္းႏွီးသူျဖစ္ ေၾကာင္းသိရသည္။ ARSA အဖြဲ႕သည္ သေဘာထား တင္းမာေသာအဖြဲ႕ျဖစ္ကာ (၂၀၁၆)ခုႏွစ္ႏွင့္ (၂၀၁၇) ခုႏွစ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတိုက္ခိုက္မႈမ်ားကိုဦး ေဆာင္ခဲ့သည့္ အဖြဲ႕အစည္းျဖစ္သည္သာမက၊ ေဒ သခံ ဘဂၤါလီမ်ားကို အေၾကာက္တရားျဖင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ထြက္ေျပးေစခဲ့ၿပီး ျမန္မာႏိုင္ငံအား လူ မ်ိဳးတုံးသတ္ျဖတ္ေၾကာင္း ပုံေဖာ္ခဲ့သည္။ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းမ်ားတြင္ မူးယစ္ေဆးဝါး ျဖန႔္ျဖဴးျခင္းႏွင့္ လူသတ္မႈ၊ ဓားျပမႈ၊ ျပန္ေပးမႈတို႔ျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဖမ္းဝရမ္းထုတ္ထားျခင္း ခံရ သူလည္းျဖစ္သည္။ ARSA သည္ (၂၀၁၆) ခုႏွစ္မွစတင္ကာ ဘဂၤလားေဒ့ရွ္နယ္စပ္တြင္လႈပ္ရွားေနသည့္ အဖြဲ႕အစည္းလည္းျဖစ္သည္။ ARA မွာ (၂၀၂၀) ျပည့္ႏွစ္က စတင္ဖြဲ႕စည္းခဲ့ေသာအဖြဲ႕ငယ္တစ္ဖြဲ႕လည္း ျဖစ္သည္။ ARIM မွာလည္း မၾကာေသးမီကဖြဲ႕စည္းထားခဲ့ေသာအဖြဲ႕ျဖစ္ကာ လူသိနည္းေသာ္လည္း ဘာ သာေရးအရအစြန္းေရာက္မႈႏွင့္ ဘာသာေရးလႊမ္းမိုးမႈရွိေသာအဖြဲ႕လည္းျဖစ္သည္။ ရခိုင္ျပည္နယ္ေျမာက္ ပိုင္း (ျမန္မာႏိုင္ငံအေနာက္ပိုင္းနယ္ျခား) ေဒသမွာ AA ၏ထိန္းခ်ဳပ္မႈေအာက္သို႔ေရာက္ရွိသြားၿပီးေနာက္ နယ္စပ္ေဒသတြင္ ဘဂၤါလီလက္နက္ကိုင္အဖြဲ႕ (၄) ဖြဲ႕ေပါင္းစည္းထားကာ FBA (Four Brothers Alliance) ဖြဲ႕စည္းၿပီး တိုက္ပြဲမ်ားေဖာ္ေဆာင္လာခဲ့ေၾကာင္း သတင္းမ်ားရရွိလာသည္။ ႏိုင္ငံေတာ္၏အုပ္ ခ်ဳပ္ယႏၲရားကင္းမဲ့သြားသည္ကိုအခြင့္ေကာင္းယူ၍ တိုက္ခိုက္လာျခင္းလည္းျဖစ္သည္။
ဤသတင္းမ်ားႏွင့္ဆက္စပ္၍ စဥ္းစားရန္ ျဖစ္စဥ္မ်ားအျဖစ္ ကုလသမဂၢအပါအဝင္ အေနာက္ ႏိုင္ငံမ်ားႏွင့္ OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ခိုးဝင္ေရာက္ရွိေနထိုင္ခဲ့ၾကၿပီး ၎တို႔၏ မိခင္ႏိုင္ငံ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္သြားၾကသည့္ဘဂၤါလီမ်ား၏အေရးကို ေရွ႕တန္းတင္လႈပ္ရွားမႈမ်ား ခပ္စိပ္စိပ္လုပ္ေဆာင္လာကာ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရန္ႀကိဳးစားလာၾက သည္ကို ေတြ႕ရသည္။ ျဖဳတ္ခ်ခံလိုက္ရေသာ ရွိတ္ဟာစီနာ၏ ဘဂၤလားေဒ့ရွ္ႏိုင္ငံအစိုးရသည္ ျမန္မာ ႏိုင္ငံမွ ေရာက္ရွိေနေသာ ဘဂၤါလီမ်ားျပန္ပို႔ေရးကို ေႏွာင့္ေႏွးေနေစရန္ေဆာင္႐ြက္ထားခဲ့ၿပီး ကမာၻ႔အေရး အခင္းတစ္ခုအျဖစ္ဖန္တီးလ်က္ ျမန္မာႏိုင္ငံ၏ နယ္ေျမအစိတ္အပိုင္းမ်ားကိုရယူႏိုင္ရန္ လမ္းခင္း ေဆာင္႐ြက္ထားခဲ့သည္။ ရွိတ္ဟာစီနာသည္လည္းေကာင္း လက္ရွိဘဂၤလားေဒ့ရွ္အစိုးရတာဝန္ခံ မိုဟာ မတ္ယူႏို႔စ္သည္ လည္းေကာင္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ကို Safe Zone တစ္ခု ဖန္တီးေပးရန္ ေတာင္းဆိုခဲ့သကဲ့သို႔ ရွိတ္ဟာစီနာအစိုးရလက္ထက္ တပ္မေတာ္ထိပ္ပိုင္း ေခါင္းေဆာင္တစ္ဦးကလည္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ရွိ ဘဂၤါလီမ်ားကို ဘဂၤလားေဒ့ရွ္အစိုးရက ကူညီေစာင့္ေရွာက္ရန္ လိုအပ္ ပါက ကူညီေပးရမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ လႈပ္ရွားေနေသာ ဘဂၤါလီလက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕ (၄) ဖြဲ႕၏ မဟာမိတ္ဖြဲ႕စုဖြဲ႕လႈပ္ရွားလာျခင္းႏွင့္ တိုက္ပြဲမ်ား ဆင္ႏႊဲလာေနသည့္သတင္းမ်ားက အေလးထားရမည့္သတင္းမ်ားျဖစ္သည္။ ေမလ (၇) ရက္တြင္ျပဳလုပ္ခဲ့ ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္ ခါလီ လာရာမန္က ရခိုင္ျပည္နယ္တြင္ AA ကဖြဲ႕စည္းမည့္အစိုးရ အဖြဲ႕အဆင့္တိုင္းတြင္ ဘဂၤါလီမ်ားကို ထည့္ သြင္း ဖြဲ႕စည္းသည္ကိုျမင္လိုေၾကာင္း အတိအလင္းထုတ္ေဖာ္ ေျပာၾကားခဲ့သည့္သတင္းႏွင့္ ကုလသမဂၢ၏ သေဘာထားမ်ားရရွိထားၿပီးျဖစ္ေၾကာင္းသတင္းမ်ားကို ဆက္စပ္စဥ္းစားၾကရန္လိုသည္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသတြင္ ဘဂၤါလီမ်ားအတြက္ သီးျခားလြတ္လပ္သည့္ ျပည္ နယ္တစ္ခု တည္ေထာင္ခြင့္ရရွိႏိုင္ေရးလိုအပ္ေနသကဲ့သို႔ ရခိုင္ျပည္နယ္တြင္ ၎တို႔ ဩဇာခံအစိုးရ တစ္ရပ္ ထူေထာင္ႏိုင္ေရး ႀကိဳးစားလုပ္ေဆာင္ေနျခင္းပင္ျဖစ္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ဤကဲ့သို႔လုပ္ေဆာင္ ခ်က္မ်ားသည္ ျမန္မာႏိုင္ငံအေနာက္ပိုင္းနယ္စပ္ ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ေျမအပါအဝင္ ေဒသတစ္ခုလုံးကို သီးျခားမြတ္စလင္ျပည္နယ္သစ္အျဖစ္ ထူေထာင္ေပးေရးရည္မွန္းခ်က္အတြက္ ကုလသမဂၢ အဖြဲ႕အစည္းကို အသုံးခ်ရန္ႀကိဳးစားလာျခင္းလည္း ျဖစ္သည္။ ကုလသမဂၢမွဝင္ေရာက္စြက္ဖက္ႏိုင္ေစရန္လည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ဘဂၤါလီအေရး ကို ကမာၻ႔အေရးအျဖစ္ပုံေပၚလာေစရန္ ေရရွည္အခ်ိန္ဆြဲေဆာင္႐ြက္ထားခဲ့ျခင္းျဖစ္သည္။ သို႔မွသာ ျမန္ မာႏိုင္ငံအေရးကို ကုလသမဂၢမွ R2P ျဖင့္ ဝင္ေရာက္ႏိုင္ေစေရး လမ္းေၾကာင္းကိုဖြင့္ေပးႏိုင္ရန္ ႀကံစည္ ေဆာင္႐ြက္ေနျခင္းပင္ျဖစ္သည္။