ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

212

Pika (NP News) - မေ ၂ဝ
ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အစ္စရေးက ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့ နိုင်ငံတကာက အစ္စရေးကို ဖိအားပေးမှုတွေရှိနေချိန်မှာပဲ နေတန်ရာဟုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ဆင်ရေးအသစ်ကို ထုတ်ပြန်ကြေညာခဲ့တဲ့ အစ္စရေးစစ်တပ်ဟာ တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်ထားမှုနဲ့အတူ Khan Younis မြို့မှာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ကင်းရာဖြစ်တဲ့ ကမ်းရိုးတန်းဘက်ကို ချက်ချင်းပြောင်းရွှေ့ကြဖို့ မေလ(၁၉)ရက်မှာ သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
နေတန်ရာဟုက "ကြီးမားတဲ့ ထိုးစစ်ဆင်မှုတွေရှိလာပါလိမ့်မယ်။ ဂါဇာရဲ့ အစိတ်အပိုင်းတွေအားလုံးကို ကျွန်တော်တို့ ထိန်းချုပ်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့ အစ္စရေးအပေါ် ဖိအားပေးမှုတွေရှိခဲ့ပြီးနောက် အကူအညီပေးရေးထရပ်ကားတွေ ဂါဇာ ကမ်းမြောင်ဒေသမြောက်ပိုင်းကို ဦးတည်သွားတာကို တွေ့မြင်ခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်ဆင်မှုအသစ်ကို စတင်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ဂါဇာတစ္ခုလုံးကို ထိန္းခ်ဳပ္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - ေမ ၂ဝ
ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို အစၥေရးက ထိန္းခ်ဳပ္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသတြင္းကို အကူအညီေတြဝင္ေရာက္ခြင့္ေပးဖို႔ ႏိုင္ငံတကာက အစၥေရးကို ဖိအားေပးမႈေတြရွိေနခ်ိန္မွာပဲ ေနတန္ရာဟုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း စစ္ဆင္ေရးအသစ္ကို ထုတ္ျပန္ေၾကညာခဲ့တဲ့ အစၥေရးစစ္တပ္ဟာ တိုက္ခိုက္မႈတစ္ခုကို ျပင္ဆင္ထားမႈနဲ႔အတူ Khan Younis ၿမိဳ႕မွာရွိတဲ့ ေဒသခံေတြကို ေဘးလြတ္ကင္းရာျဖစ္တဲ့ ကမ္း႐ိုးတန္းဘက္ကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ၾကဖို႔ ေမလ(၁၉)ရက္မွာ သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ေနတန္ရာဟုက "ႀကီးမားတဲ့ ထိုးစစ္ဆင္မႈေတြရွိလာပါလိမ့္မယ္။ ဂါဇာရဲ႕ အစိတ္အပိုင္းေတြအားလုံးကို ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသတြင္းကို အကူအညီေတြဝင္ေရာက္ခြင့္ေပးဖို႔ အစၥေရးအေပၚ ဖိအားေပးမႈေတြရွိခဲ့ၿပီးေနာက္ အကူအညီေပးေရးထရပ္ကားေတြ ဂါဇာ ကမ္းေျမာင္ေဒသေျမာက္ပိုင္းကို ဦးတည္သြားတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔ ႐ိုက္တာသတင္းဌာနက ေရး သားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ ထိုးစစ္ဆင္မႈအသစ္ကို စတင္ခဲ့တဲ့ အစၥေရးရဲ႕လုပ္ရပ္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။