အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ

 155

Pika (NP News) - မေ ၂ဝ

အမေရိကန်နဲ့ ယူအေအီးနိုင်ငံတို့ဟာ အဓိက ကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ယူအေအီးအစိုးရတို့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်မှာ ယူအေအီးကို အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်လက်ထက်မှာ ယခုလိုထပ်မံသဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီသဘောတူညီချက်ကို ယူအေအီးကာကွယ်ရေးဝန်ကြီး Mohammed Mubarak Al Mazrouei နဲ့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်တို့က ပြီးခဲ့တဲ့သီတင်းပတ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပူးတွဲထုတ်ပြန်ချက်မှာ"ဒီသဘောတူညီချက်ဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပူးတွဲစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့နှစ်နိုင်ငံကြား ရေရှည်ကာကွယ်ရေးချိန်ညှိမှုကို လမ်းညွှန်ပေးမယ့်လမ်းပြမြေပုံကို ဖော်ဆောင်ဖို့ ကတိဝတ်တွေကို ကိုယ်စားပြုပါတယ်။ ပြီးတော့ အမေရိကန်နဲ့ ယူအေအီးနိုင်ငံတို့ဟာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေ အဆင်သင့်ဖြစ်မှု၊ အပြန်အလှန်လုပ်ဆောင်နိုင်မှုနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် မူဘောင်တစ်ခုကို ရှာဖွေသွားမှာပါ"လို့ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်အစိုးရဟာ ယူအေအီးနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းချမှု အများအပြားကိုလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုသဘောတူညီချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

zawgyi version
အဓိကကာကြယ္ေရးမိတ္ဖက္ႏိုင္ငံေတြအျဖစ္ ထူေထာင္ၾကဖို႔ အေမရိကန္နဲ႔ယူေအအီးတို႔ သေဘာတူ
Pika (NP News) - ေမ ၂ဝ

အေမရိကန္နဲ႔ ယူေအအီးႏိုင္ငံတို႔ဟာ အဓိက ကာကြယ္ေရးမိတ္ဖက္ႏိုင္ငံေတြအျဖစ္ ထူေထာင္ၾကဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ အေမရိကန္နဲ႔ယူေအအီးအစိုးရတို႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ ယူေအအီးကို အဓိကကာကြယ္ေရးမိတ္ဖက္ႏိုင္ငံအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္လက္ထက္မွာ ယခုလိုထပ္မံသေဘာတူညီခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အဲဒီသေဘာတူညီခ်က္ကို ယူေအအီးကာကြယ္ေရးဝန္ႀကီး Mohammed Mubarak Al Mazrouei နဲ႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္တို႔က ၿပီးခဲ့တဲ့သီတင္းပတ္မွာ လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ပူးတြဲထုတ္ျပန္ခ်က္မွာ"ဒီသေဘာတူညီခ်က္ဟာ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး၊ ပူးတြဲစြမ္းရည္ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ႏွစ္ႏိုင္ငံၾကား ေရရွည္ကာကြယ္ေရးခ်ိန္ညႇိမႈကို လမ္းၫႊန္ေပးမယ့္လမ္းျပေျမပုံကို ေဖာ္ေဆာင္ဖို႔ ကတိဝတ္ေတြကို ကိုယ္စားျပဳပါတယ္။ ၿပီးေတာ့ အေမရိကန္နဲ႔ ယူေအအီးႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံတပ္ဖြဲ႕ဝင္ေတြ အဆင္သင့္ျဖစ္မႈ၊ အျပန္အလွန္လုပ္ေဆာင္ႏိုင္မႈနဲ႔ ဆန္းသစ္တီထြင္မႈဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ဖို႔အတြက္ မူေဘာင္တစ္ခုကို ရွာေဖြသြားမွာပါ"လို႔ ေရးသားေဖာ္ျပထားပါတယ္။ အေမရိကန္အစိုးရဟာ ယူေအအီးႏိုင္ငံကို စစ္လက္နက္ပစၥည္းေရာင္းခ်မႈ အမ်ားအျပားကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုသေဘာတူညီခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.