တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အမေရိကန်နဲ့ယူကရိန်းတို့ ပြန်လည်စီစဉ်

626

Pika
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရနဲ့ ယူကရိန်းအစိုးရတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျက်ပြယ်သွားခဲ့တဲ့ အမေရိကန်နဲ့ ယူကရိန်းကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းကြား အခြေအတင်ပြောဆိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ယူကရိန်းကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အစီအစဉ်က ပျက်ပြယ်သွားခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်နဲ့ယူကရိန်းကြား တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့က ဖြစ်နိုင်သေးကြောင်းနဲ့ အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်လို့ အဲ့ဒီကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့ပြီးနောက် ယခုလိုအစီအစဉ်တွေ ပြန်လည်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အဲ့ဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို အမေရိကန်အစိုးရက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ဒါ့ပြင် ယူကရိန်းအစိုးရနဲ့ အမေရိကန်မှာရှိတဲ့ ယူကရိန်းသံရုံးတို့က အဲ့ဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို ပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Zawgyi Version:
တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ အေမရိကန္နဲ႔ယူကရိန္းတို႔ ျပန္လည္စီစဥ္
Pika
အေမရိကန္သမၼတေဒၚနယ္ထရမ့္ အစိုးရနဲ႔ ယူကရိန္းအစိုးရတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ပ်က္ျပယ္သြားခဲ့တဲ့ အေမရိကန္နဲ႔ ယူကရိန္းၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္ျဖဴေတာ္မွာ ေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းၾကား အေျခအတင္ေျပာဆိုမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ယူကရိန္းၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ အစီအစဥ္က ပ်က္ျပယ္သြားခဲ့တာလည္းျဖစ္ပါတယ္။အေမရိကန္နဲ႔ယူကရိန္းၾကား တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔က ျဖစ္ႏိုင္ေသးေၾကာင္းနဲ႔ အေျခအေနေတြက ေျပာင္းလဲသြားႏိုင္တယ္လို႔ အဲ့ဒီကိစၥနဲ႔ရင္းႏွီးတဲ့ သတင္းရင္းျမစ္သုံးခုက ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုအစီအစဥ္ေတြ ျပန္လည္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။အဲ့ဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို အေမရိကန္အစိုးရက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူကရိန္းအစိုးရနဲ႔ အေမရိကန္မွာရွိတဲ့ ယူကရိန္းသံ႐ုံးတို႔က အဲ့ဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာေတြကို ျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။