ချင်းလက်နက်ကိုင်အဖွဲ့များအတွင်း နိုင်ငံခြားသားများ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေဟုဆို

2319

ပုံစာ။ ။ တောတွင်းတစ်နေရာတွင် နိုင်ငံခြားသားတစ်ဦးမှ စစ်သင်တန်းပေးနေစဥ◌်
သန့်ဇင် (NP News)-ဇူလိုင် ၂၁
ချင်းပြည်နယ် ဖလမ်းမြို့ကိုတိုက်ပွဲဖော်ဆောင်ခဲ့သည့် CB အဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ဘက်တွင် နိုင်ငံခြားသားများ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဖလမ်းမြို့ကို CB အဖွဲ့နှင့်အတူ PDF ပူးပေါင်းအဖွဲ့တို့က ဧပြီလ(၉)ရက်တွင် ထိန်းချုပ်ကြောင်း ကြေညာပြီးနောက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများကိုယ်တိုင် နိုင်ငံခြားသားများ ပါဝင်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆေးကုသပေးတဲ့လူတွေထဲမှာလည်း နိုင်ငံခြားသားတွေပါနေတယ်လို့ ပြောတယ်။ သူတို့က နည်းဗျူဟာအပိုင်းကိုလည်း နောက်ကနေ ကွပ်ကဲနေတယ်လို့ကြားတယ်။ နိုင်ငံခြားသားတွေထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေရောပါ ပါတယ်။ ဘယ်လိုတိုက်ရမလဲဆိုတာနဲ့ ဘယ်လို ဘယ်လိုလုပ် ဆိုတာကိုလည်း ရုံးထိုင်ပြီးလုပ်နေတာလို့ကြားတယ်။ တရုတ်တွေမဟုတ်ဘူး။ အနောက်နိုင်ငံသားတွေ။ ကျွန်တော်တို့နိုင်ငံကိုလည်း အနောက်နိုင်ငံကလူ တွေတော်တော်စိတ်ဝင်စားတာပဲ” ဟု ၎င်းကပြော သည်။
နိုင်ငံခြားသားများပါဝင်ပတ်သက်နေသည့် ချင်းလက်နက်ကိုင်အဖွဲ့များအတွင်း တစ်ဖွဲ့လျှင် နိုင်ငံ ခြားသား(၁၀)ဦးမှ (၂၀)ဦးအထိ ရှိနေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
“တော်တော်များတယ်။ တစ်ဖွဲ့ကို (၁၀)ယောက်လောက်ပါတာပေါ့။ ပညာရှင်တွေလည်းပါလိမ့် မယ်။ ချင်းပြည်ဘက်မှာက အဲဒီလိုတွေဖြစ်နေတာ”ဟု ၎င်းကပြောသည်။
ချင်းလက်နက်ကိုင်အဖွဲ့များသည် ဖလမ်း မြို့တိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိသည့် တပ်မတော်သား များကိုစစ်ဆေးရာတွင် အမျိုးမျိုးနှိပ်စက်ညှဉ်း ပန်းစစ်ဆေးမေးမြန်းခြင်းနည်းလမ်းများကို အသုံးပြုခဲ့ ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “အခုပြန်လွတ်လာတဲ့လူတွေက ကလေးမြို့ကို ရောက် နေပြီ။ ရဲမေတွေကိုတော့ ဖမ်းထားတုန်းက မရိုက်ဘူး။ စစ်သည်တွေကိုတော့ ရိုက်တာတွေရှိတယ်။ တချို့ ကို လက်သည်းခွံတွေအစိမ်း လိုက်ချွတ်တာတွေရှိတယ်။ တော်တော်ဆိုးဆိုးရွားရွား နှိပ်စက်ကြတယ်။ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ရဲမေတွေကိုတော့ ပြန်လွှတ်လိုက်ပြီ။ ကြားရတာတော့ ချင်း လက်နက် ကိုင် အဖွဲ့အချင်းချင်း မတည့်လို့ ပြန်လွတ်တယ်လို့ ယူဆရတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ချင်းပြည်နယ်အတွင်း CB အဖွဲ့အတွင်းပါဝင်သော CNO/CNDF အဖွဲ့နှင့် CNA/CC တို့ အကြား တင်းမာမှုများရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း နယ်မြေများ အပြန်အလှန် သိမ်းယူခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

Zawgyi Version:
ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားအတြင္း ႏိုင္ငံျခားသားမ်ား ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ေနဟုဆို
သန႔္ဇင္ (NP News)-ဇူလိုင္ ၂၁
ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ကိုတိုက္ပြဲေဖာ္ေဆာင္ခဲ့သည့္ CB အဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕တို႔ဘက္တြင္ ႏိုင္ငံျခားသားမ်ား ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ေနေၾကာင္း ျဖစ္စဥ္ကိုသိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ဖလမ္းၿမိဳ႕ကို CB အဖြဲ႕ႏွင့္အတူ PDF ပူးေပါင္းအဖြဲ႕တို႔က ဧၿပီလ(၉)ရက္တြင္ ထိန္းခ်ဳပ္ေၾကာင္း ေၾကညာၿပီးေနာက္ တိုက္ပြဲအတြင္း ဖမ္းဆီးရမိသူမ်ားကိုယ္တိုင္ ႏိုင္ငံျခားသားမ်ား ပါဝင္ေနသည္ကို ေတြ႕ရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေဆးကုသေပးတဲ့လူေတြထဲမွာလည္း ႏိုင္ငံျခားသားေတြပါေနတယ္လို႔ ေျပာတယ္။ သူတို႔က နည္းဗ်ဴဟာအပိုင္းကိုလည္း ေနာက္ကေန ကြပ္ကဲေနတယ္လို႔ၾကားတယ္။ ႏိုင္ငံျခားသားေတြထဲမွာ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြေရာပါ ပါတယ္။ ဘယ္လိုတိုက္ရမလဲဆိုတာနဲ႔ ဘယ္လို ဘယ္လိုလုပ္ ဆိုတာကိုလည္း ႐ုံးထိုင္ၿပီးလုပ္ေနတာလို႔ၾကားတယ္။ တ႐ုတ္ေတြမဟုတ္ဘူး။ အေနာက္ႏိုင္ငံသားေတြ။ ကြၽန္ေတာ္တို႔ႏိုင္ငံကိုလည္း အေနာက္ႏိုင္ငံကလူ ေတြေတာ္ေတာ္စိတ္ဝင္စားတာပဲ” ဟု ၎ကေျပာ သည္။
ႏိုင္ငံျခားသားမ်ားပါဝင္ပတ္သက္ေနသည့္ ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားအတြင္း တစ္ဖြဲ႕လွ်င္ ႏိုင္ငံ ျခားသား(၁၀)ဦးမွ (၂၀)ဦးအထိ ရွိေနႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။
“ေတာ္ေတာ္မ်ားတယ္။ တစ္ဖြဲ႕ကို (၁၀)ေယာက္ေလာက္ပါတာေပါ့။ ပညာရွင္ေတြလည္းပါလိမ့္ မယ္။ ခ်င္းျပည္ဘက္မွာက အဲဒီလိုေတြျဖစ္ေနတာ”ဟု ၎ကေျပာသည္။
ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားသည္ ဖလမ္း ၿမိဳ႕တိုက္ပြဲအတြင္းမွ ဖမ္းဆီးရမိသည့္ တပ္မေတာ္သား မ်ားကိုစစ္ေဆးရာတြင္ အမ်ိဳးမ်ိဳးႏွိပ္စက္ညႇဥ္း ပန္းစစ္ေဆးေမးျမန္းျခင္းနည္းလမ္းမ်ားကို အသုံးျပဳခဲ့ ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ “အခုျပန္လြတ္လာတဲ့လူေတြက ကေလးၿမိဳ႕ကို ေရာက္ ေနၿပီ။ ရဲေမေတြကိုေတာ့ ဖမ္းထားတုန္းက မ႐ိုက္ဘူး။ စစ္သည္ေတြကိုေတာ့ ႐ိုက္တာေတြရွိတယ္။ တခ်ိဳ႕ ကို လက္သည္းခြံေတြအစိမ္း လိုက္ခြၽတ္တာေတြရွိတယ္။ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ႏွိပ္စက္ၾကတယ္။ အမ်ိဳးသမီးေတြ၊ ကေလးေတြနဲ႔ ရဲေမေတြကိုေတာ့ ျပန္လႊတ္လိုက္ၿပီ။ ၾကားရတာေတာ့ ခ်င္း လက္နက္ ကိုင္ အဖြဲ႕အခ်င္းခ်င္း မတည့္လို႔ ျပန္လြတ္တယ္လို႔ ယူဆရတယ္”ဟု ၎ကဆိုသည္။
လက္ရွိတြင္ ခ်င္းျပည္နယ္အတြင္း CB အဖြဲ႕အတြင္းပါဝင္ေသာ CNO/CNDF အဖြဲ႕ႏွင့္ CNA/CC တို႔ အၾကား တင္းမာမႈမ်ားရွိေနၿပီး ၿပီးခဲ့သည့္ရက္ပိုင္းကလည္း နယ္ေျမမ်ား အျပန္အလွန္ သိမ္းယူခဲ့သည့္ ျဖစ္စဥ္မ်ားရွိခဲ့သည္။