CNAထိန်းချုပ်ထားသော မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ကို CNDFက ဝင်ရောက်ထိန်းချုပ်

693

သန့်ဇင်(NP News)-ဇူလိုင် ၆
မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်ရှိ CNAထိန်းချုပ်ထားသော ရိခေါ်ဒါရ်မြို့ကို CNDFက ဝင်ရောက်ထိန်းချုပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
CNA က ဦးဆောင်သော CDF-Hualngoram, Tedim PDA , CDF-Thantlang, CDF-Zanngiatramပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို တိုက်ခိုက်ထိန်းချုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဇူလိုင်လ ၂ ရက်ကစတင်ကာ ရိခေါ်ဒါရ်မြို့ကို CNDF အဖွဲ့က ဝင်ရောက်လာခဲ့ပြီး ချင်းလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့အကြား စစ်ရေး တင်မာခဲ့ကာ ယမန်နေ့(ဇူလိုင်လ ၅ရက်) တွင် CNDF အဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
“သူတို့က ရိခေါ်ဒါရ်က ဖလမ်းအပိုင်ဆိုပြီး CNDFက ဖလမ်းကို Base လုပ်ထားတာလေ။ အဲဒီတော့ သူတို့နယ်မြေ သူတို့ယူတယ်ဆိုပြီး လုပ်တာ ဖြစ်မှာပေါ့။ ရိခေါ်ဒါရ်က မီဇိုရမ်နဲ့ ဝင်ထွက်လုပ်တဲ့ တံတားမှာရှိတဲ့ ချင်းအလံကိုတောင် သူတို့ဖြုတ်ချတယ်ဆိုပြီး ဓာတ်ပုံတွေ တက်လာတယ်လေ။ တိုက်ပွဲမဖြစ်ဘူး။ အဲဒီမှာ လူမရှိပဲဖြစ်နေတာ။ အဲဒီမှာ လူမရှိတော့ CNDFက ဝင်ထိန်းချုပ်တာပေါ့။ ဘာလို့ဆိုတော့ ဝင်ပြီးတော့ CNA အလံလို့ပြောမှာပေါ့နော်။ ချင်းအလံပေါ့နော်။ အဲဒီအလံတွေလည်းမရှိတော့ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
CNDFအဖွဲ့သည့် CBအဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖလမ်မြို့နယ်အတွင်း၌ CDF – Hualngoramအဖွဲ့နှင့် စစ်ရေးတင်းမာကာ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
CNAထိန္းခ်ဳပ္ထားေသာ ျမန္မာ-အိႏၵိယနယ္စပ္ ရိေခၚဒါရ္ၿမိဳ႕ကို CNDFက ဝင္ေရာက္ထိန္းခ်ဳပ္
သန႔္ဇင္(NP News)-ဇူလိုင္ ၆
ျမန္မာ-အိႏၵိယနယ္စပ္၊ ခ်င္းျပည္နယ္ရွိ CNAထိန္းခ်ဳပ္ထားေသာ ရိေခၚဒါရ္ၿမိဳ႕ကို CNDFက ဝင္ေရာက္ထိန္းခ်ဳပ္လိုက္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
CNA က ဦးေဆာင္ေသာ CDF-Hualngoram, Tedim PDA , CDF-Thantlang, CDF-Zanngiatramပူးေပါင္းအဖြဲ႕မ်ားသည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၁၃ ရက္တြင္ အိႏၵိယ-ျမန္မာနယ္စပ္၊ အမွတ္ ၂ နယ္စပ္ကုန္သြယ္ေရးစခန္းတည္ရွိရာ ရိေခါဒါရ္ၿမိဳ႕ကို တိုက္ခိုက္ထိန္းခ်ဳပ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇူလိုင္လ ၂ ရက္ကစတင္ကာ ရိေခၚဒါရ္ၿမိဳ႕ကို CNDF အဖြဲ႕က ဝင္ေရာက္လာခဲ့ၿပီး ခ်င္းလက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕အၾကား စစ္ေရး တင္မာခဲ့ကာ ယမန္ေန႔(ဇူလိုင္လ ၅ရက္) တြင္ CNDF အဖြဲ႕က ျပန္လည္ထိန္းခ်ဳပ္ခဲ့ေၾကာင္း သိရသည္။
“သူတို႔က ရိေခၚဒါရ္က ဖလမ္းအပိုင္ဆိုၿပီး CNDFက ဖလမ္းကို Baseလုပ္ထားတာေလ။ အဲဒီေတာ့ သူတို႔နယ္ေျမ သူတို႔ယူတယ္ဆိုၿပီး လုပ္တာ ျဖစ္မွာေပါ့။ ရိေခၚဒါရ္က မီဇိုရမ္နဲ႔ ဝင္ထြက္လုပ္တဲ့ တံတားမွာရွိတဲ့ ခ်င္းအလံကိုေတာင္ သူတို႔ျဖဳတ္ခ်တယ္ဆိုၿပီး ဓာတ္ပုံေတြ တက္လာတယ္ေလ။ တိုက္ပြဲမျဖစ္ဘူး။ အဲဒီမွာ လူမရွိပဲျဖစ္ေနတာ။ အဲဒီမွာ လူမရွိေတာ့ CNDFက ဝင္ထိန္းခ်ဳပ္တာေပါ့။ ဘာလို႔ဆိုေတာ့ ဝင္ၿပီးေတာ့ CANအလံလို႔ေျပာမွာေပါ့ေနာ္။ ခ်င္းအလံေပါ့ေနာ္။ အဲဒီအလံေတြလည္းမရွိေတာ့ဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။
CNDFအဖြဲ႕သည့္ CBအဖြဲ႕ဝင္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ဖလမ္ၿမိဳ႕နယ္အတြင္း၌ CDF – Hualngoramအဖြဲ႕ႏွင့္ စစ္ေရးတင္းမာကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ဖူးသည္။