တောင်ကြီး-ကျောက်တလုံးကြီးမှသည် ဖယ်ခုံ-မိုးဗြဲ စစ်မြေပြင်ဆီသို့

710

သုတကျော် (NP News)
“အုန်း” ဆိုသော ကျယ်လောင်လှသည့် အသံကြောင့် ယင်းအသံထွက်ပေါ်ရာသို့မှန်းဆကာ ကျီးကန်းတောင်းမှောက် ကြည့်လိုက်မိသည်။ အနီးမှ တစ်ဦးက “ဘာမှမဖြစ်ဘူး ကျွန်တော်တို့ဘက်က ပစ်နေတာ” ဟုပြောမှသာ အရှက်ပြေပြုံးပြလိုက်ရ၏။ စာရေးသူရောက်နေသောနေရာကား သူပုန် လုံးဝ ကင်းစင်သွားလေပြီဖြစ်သော မိုးဗြဲမြို့ထိပ်တွင် ဖြစ်လေသည်။
စာရေးသူတို့ မိုးဗြဲခရီးစဉ် စတင်ဖြစ်ခဲ့ပုံက မမျှော်လင့်သောခရီးဟု ဆိုရမည်ဖြစ်သည်။ The Statesman ဂျာနယ် ထွက်ရန် ဖောင်ပိတ်ပြီးနောက် အယ်ဒီတာချုပ် ကိုကျော်မျိုးမင်းနှင့် စာရေးသူတို့ တောင်ကြီးသို့ မီဒီယာသင်တန်းတစ်ခုအတွက် ရောက်လာကြသည်။ မှတ်မှတ်ရရ ယင်း အပတ်စဉ်ထုတ် ဂျာနယ်တွင် မြေပြင်သတင်းရင်းမြစ်များကိုမေးမြန်းကာ မိုးဗြဲကို တပ်မတော်က ပြည်သူ့လက်အတွင်း ပြန်လည်အပ်နှံနိုင်တော့မည်ဖြစ်ကြောင်း မျက်နှာဖုံးသတင်းဖော်ပြထားခဲ့၏။
တပ်မတော်ကလည်း ဇူလိုင်လ (၆) ရက်တွင် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ ထိုအချိန်တွင် တောင်ကြီးသို့ လာရင်း အလုပ်ကိစ္စကပြီးလေပြီ။ တိုက်တိုက်ဆိုင် ဆိုင်ပင် ဇူလိုင်လ (၈)ရက်တွင် မိုးဗြဲမြို့သို့ သွား ရောက်သတင်းယူရန် အခွင့်အရေးပေါ်လာခဲ့ရာ ကိုကျော် မျိုးမင်းနှင့် စာရေးသူတို့အတွက် နှစ်ခါ ပြန်ပင်ပြောစရာမလိုသောကိစ္စဖြစ်ခဲ့လေသည်။
ယင်းနေရာသို့သွားရန်အတွက် ပထမဆုံး စဉ်းစားရသောကိစ္စမှာ မည်သည့်လမ်းမှသွားမည်နည်း ဆိုသောအကြောင်း ဖြစ်သည်။ ပင်လောင်း - ဖယ်ခုံ - မိုးဗြဲ လမ်းပွင့်ပြီဟုသိထားသော်လည်း ဖြတ်လမ်း ဖြစ်သည့် တောင်ကြီးမှ ကျောက်တလုံးကြီး၊ ထိုမှတစ်ဆင့် ဖယ်ခုံနှင့် မိုးဗြဲသို့သွားလျှင် အကောင်းဆုံး ဖြစ် ကြောင်း ဒေသခံမိတ်ဆွေများ၏ အကြံပြုချက်ကို စာရေးသူတို့ လက်ခံလိုက်ကြသည်။
စာရေးသူတို့သည် တောင်ကြီးမှ ဇူလိုင်လ (၈)ရက် နံနက်(၈)နာရီအချိန်တွင် စတင်ထွက်ခွာလာ ခဲ့ကြ၏။ ယခုရာသီတွင် ယင်းဒေသ၏ ထုံးစံအတိုင်း မိုးဖွဲဖွဲ မှိုင်းပျပျအခြေအနေတွင် မြူများ ကလည်း ဆိုင်း နေသေးလေရာ တောင်ကြီး - ဟမ်း ဆီး - နောင်ယာဆိုင်းလမ်းအတိုင်း မြူထူထူကို ဖြတ်သန်းပြီး ကားစီးရသည်မှာ အတွေ့အကြုံတစ် မျိုးဟု ဆိုရဖွယ်ရှိသည်။ ရှမ်းပြည်နယ်တွင် မြူကျခြင်းမှာ ကန့်လန် ကာ ချထားသကဲ့သို့ရှိလေရာ ယာဉ်အန္တရာယ်တစ်စုံတစ်ရာဖြစ်မည်လောဟုလည်း စိတ်တထင့်ထင့်။
သို့သော် လမ်းတစ်လျှောက် အဖြူ၊ အစိမ်း ဝတ်စုံများဖြင့် ကျောင်းသွားနေကြသော အနာဂတ် ခွန်အားများဖြစ်သည့် ကလေးငယ်များကို ဟိုတစ်စ၊ သည်တစ်စ မြင်ရသည်မှာလည်း နံနက်ခင်းခရီး အတွက် စိတ်အာရုံကို တက်ကြွလန်းဆန်းစေသည်။ လမ်းတစ်လျှောက် မောင်းလာခဲ့ရာ မကြာမီ မွေ တော် ကက္ကူလမ်းဆုံသို့ရောက်ပြီး ကျောက်တလုံးကြီးဘက် သို့ စာရေးသူတို့၏ကားဦးတည်လာခဲ့သည်။ ကျောက်တလုံးကြီးသို့ သွားရာလမ်းကာ အနည်းငယ်ကြမ်းသည့်အပြင် လမ်းအနေအထားအရ ခရီးသည် တင်ကား သွားသောလမ်းမဟုတ်ကြောင်း သိသာစေ၏။ အဆိုပါ လမ်းကား စာရေးသူတို့ မိုးဗြဲခရီးတွင် အတန်ကြာ အသုံးတော်ခံမည့်လမ်းပိုင်း ဖြစ်လေသည်။
လမ်းတစ်လျှောက်တွင် ပြောင်းပင်များကို အများစုတွေ့ရသည်။ ရံဖန်ရံခါ သနပ်ဖက် အခင်းများ ကို တွေ့ရသော်လည်း အလွန်နည်းလှသည်။ မြင်သမျှ ပြောင်းခင်းများ၏ရှုခင်းများကို ကြည့်ရင်း၊ မှတ် သားရင်း ရွာစဉ်များကို ဖြတ်သန်းလာရာ မကြာမီ နောင်ယားဆိုင်းဆိုသော ရွာကြီးသို့ရောက်သည်။ ယင်း ရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တပ်ဂိတ်ကို စတွေ့ရသည်။ ယင်းခရီးအတွင်း ပထမဆုံးတွေ့ရ သည့်ဂိတ်ပင်။
နောင်ယားဆိုင်းအကျော်တွင် လမ်းက တောရိပ်တောင်ရိပ်များအကြား ဖြတ်သန်းသွားသည်။ မြွေ လိမ်၊ မြွေကောက်လမ်း အတက်၊ အဆင်းအတိုင်း ကားစီးရင်း ကျောက်တလုံးကြီးမြို့သို့ ရောက်တော့ သည်။ စာရေးသူတို့ ရောက်ချိန်တွင် ကျောက်တလုံးကြီးဈေး၌ ကားနှင့် ဆိုင်ကယ်များစွာရှိနေသော ကြောင့် ခရီးတွင်ပါလာသော ဒေသခံတစ်ဦးကို မေးကြည့်ရာ ဈေးနေ့ဟု ရှင်းပြသည်။
ကျောက်တလုံးကြီးမြို့ကိုဖြတ်ကျော်ပြီး နောက် တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းမောင်းနှင် စဉ် ဘေးမှရှုခင်းများက စာရေးသူကို ပါးစပ်အဟောင်းသားပင် ဖြစ်သွားစေသည်။ တောင်ပတ် လမ်းကွေ့ များက အန္တရာယ်များသော်လည်း ယင်းတောင်အောက်မှ လယ်ကွင်းများနှင့် နောက်ခံတောင်များက ပနံရလွန်းလှသည်။
ကားလမ်းဘေးတစ်လျှောက်တွင် ပြောင်း နှင့် စပါးကို ဘေးချင်းကပ်စိုက်သော လယ်ကွင်းများ ကိုလည်း တွေ့ရသည်။ လမ်းကား ပိုကျဉ်းလာသည့်အပြင် ကားအသွားအလာလည်း နည်းသည်ကို တွေ့ရ သည်။ သို့သော် ထူးခြားသည်ကား စာရေးသူ ဖြတ်သန်းခဲ့သည့် ယင်း လမ်းတစ်လျှောက် ရွာများတွင် ရွာ ငယ်ပင် ငယ်သော်လည်း အိမ်ကြီးအိမ်ကောင်းများကို အများစုတွေ့ရခြင်းဖြစ်သည်။ ကုန်းလွယ်ရွာတွင် ဆိလျှင် အသစ်ဆောက်နေသော တိုက်တစ်လုံးကိုပင် လမ်းဘေးတွင် တွေ့ရသေး၏။
ယင်းဒေသတွင်ကား စိုက်ပျိုးရေးအတွက် ကောင်းစွာဖြစ်ထွန်းဟန်တူသည်။ ထို့ပြင် လမ်းလည်း ပေါက်သောကြောင့် ကုန်များ သယ်ယူပို့ဆောင်ရာတွင်လည်း အဆင်ပြေသည်ဟု ယူဆနိုင်သည်။ လမ်း ပန်းဆက်သွယ်ရေးမှာ လမ်းကျဉ်းသော်လည်း ကျေးရွာများအတွက် အရေးပါသော လမ်းဖြစ်ခြင်းနှင့် အတူ လူမှု၊ စီးပွားဘဝများ ဖွံ့ဖြိုးမြင့်တက်လာကြောင်း တွေ့ရလေသည်။
ဆက်လာရင်း ပင်အောင်းရွာတွင် PNO ဂိတ်ကို ထပ်တွေ့ရသည်။ ယင်းမှာ ဒုတိယမြောက် တွေ့ရ သော PNO ဂိတ်ဖြစ်သည်။ လမ်းတွင် မိုးက လည်း ရွာ၏။ ထို့ကြောင့် ပိုမိုသတိထားမောင်းနှင်ရသည်။ လမ်း အခြေအနေကြောင့် ကားအောက်ပိုင်းနိမ့် ပါက အဆင်ပြေလိမ့်မည်မဟုတ်ပေ။ မောင်းလာရင်း ကျောက်တလုံးရွာတွင် ဆေးနှင့် ကုန်စုံဆိုင်အကြီး ကြီးကိုပင် သတိထားမိသေး၏။ လမ်းတစ်လျှောက် တွင်လည်း ကုန်စုံဆိုင်ကြီးများကိုဖြတ်သန်းခဲ့သည်။ ယခုကဲ့သို့နေရာတွင် ယင်းကဲ့သို့ဆိုင်များကို မြင်ရ ခြင်းမှာ ဒေသ၏စီးပွားရေးကို လျှော့မတွက်သင့်ကြောင်း ဖော်ပြနေသကဲ့သို့ပင်။
လမ်းဘေးမြင်ကွင်းသည် တစ်မျိုးပြောင်းလာသည်။ တောင်တန်းများနောက်ခံဖြင့် စိုက်ခင်းများ ရှိ နေသောလွင်ပြင်ငယ်ကို တွေ့ရ၏။ လမ်းတစ် လျှောက်တွင် ဘုရား၊ စေတီများကိုလည်း ဖူးမြင်ရသည်။ ယင်းကလည်း ဒေသခံတို့၏ သဒ္ဓါနှင့်ဓနကို ဖော်ပြနေခြင်းတစ်မျိုးဖြစ်သည်။ သို့သော် ရွာများသို့ အကြမ်း ဖက်သူပုန်များစိမ့်ဝင်နိုင်သောဘေးကိုလည်း တွေ့ရ၏။ ရွာများတွင် အိမ်ခြေနည်းသည့်အတွက် အကြမ်း ဖက်များစိမ့်ဝင်လျှင် ဒေသခံတို့ ခုခံရန်ခဲယဉ်းနိုင်သည်။ သို့သော် တပ်မတော်နှင့် PNO က ယင်းအရေးကို ကောင်စွာ ကာကွယ်ထားနိုင်သော အခြေအနေဟု ကားပေါ်ပါ ဒေသခံကဆိုသည်။
မကြာမီ စာရေးသူတို့ မှော်ဘီရွာသို့ ရောက်၏။ မှော်ဘီရွာတွင် စာရေးသူတို့ လမ်းချိုးမည် ဖြစ် သည်။ ရှေ့သို့ ဆက်သွားလျှင် မိုးဗြဲသို့ ရောက်နိုင် သော်လည်း ဝေးမည့်အပြင် အကြမ်းဖက်သမား ရန်က လည်း ရှိသေးသည်။ ထို့ကြောင့် တုံဟုံး တံတား ကတစ်ဆင့် ဖြတ်သန်းကာ စံကားအင်းနှင့် မိုးဗြဲဆည်ကို ဘေးလမ်းအတိုင်း သွားမည်ဖြစ်သည်။
တုံဟုံး တံတားတွင်းကား တစ်ဖက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးဂိတ်ရှိပြီး တစ် ဖက်တွင် PNO ဂိတ်ရှိသည်။ ထိုမှတစ်ဆင့် တောင်တက်လမ်းအတိုင်း ဆက်မောင်းရာ လမ်းက ကျယ်လာ သော်လည်း တောင်ပေါ်ဖြစ်သောကြောင့် ရွာစဉ် ပြတ်ပြီး စိုက်ခင်းအများစု ရှိသည်။ အာလူးခင်း၊ ခရမ်း ချဉ်သီးစိုက်ခင်းများကို တွေ့ရသည်။ ယင်း တောင်ပေါ်လမ်းသည်လည်း များစွာမကြာလှပါ။ မကြာမီ နောင်ပီးဆိုသောရွာကြီးသို့ ရောက်သည်။ နောင်ပီးတွင် တပ်မတော် နှင့် PNO ဂိတ် ရှိသည်။ ယင်းနောက် ပင်လောင်းမြို့ဘက်သို့ လမ်းချိုးအတိုင်း မဟုတ်ဘဲ ဖယ်ခုံမြို့နယ်ဘက် ဆက်လက်ထွက်ခွာခဲ့ရာ ထူးထူး ခြားခြားဟု ဆိုရလျှင် လမ်းအလွန်ကောင်းခြင်းဖြစ်သည်။ နယ်မြေအခြေအနေကြောင့် ကား အသွား အလာ နည်းခြင်းကလည်း လမ်းကောင်းရခြင်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။
ထို့နောက် နားမွန်းဆိုသော ရွာကြီးသို့ ရောက်သည်။ အဆိုပါရွာတွင် စစ်ဘေးရှောင်ဟု ယူဆရ သော ပြည်သူအချို့ကို မြင်တွေ့ခဲ့ရ၏။ ရွာအချို့ကိုဖြတ်ပြီး ကီးလုံရွာကို ရောက်သောအခါ PNO ဂိတ် ကို ဖြတ်သန်းပြီးနောက် ကျွန်တော်တို့ ညာဘက်တွင် မိုးဗြဲဆည်၏ရေပြင်ကား ထီးထီးကြီးပေါ်လာခဲ့လေ သည်။
“ဆည်ဟိုဘက်အခြမ်းမှာ ဟိုကောင်တွေ ရှိနေတယ်” ဟု ကားပေါ်ပါ ဒေသခံက လက်ညိုးညွှန် ရင်း ပြောပြသည်။ ယင်းနောက် ရွာ(၄)ရွာခန့် ကျော်ပြီးသည့်အထိ တိုက်ပွဲနှင့် ပတ်သက်၍ မမြင်ရသေး။ PNO ဂိတ်တစ်ခုကို ဖြတ်ကျော်ပြီးနောက် နန့်ဖာမူရွာတွင်ကား စစ်၏အရိပ်အယောင်ကို ရုတ် တရက်ပင် အများအပြား မြင်ရလေတော့သည်။
ယင်းရွာတွင်တိုက်ပွဲကြီးတစ်ပွဲ ကောင်းစွာဖြစ်ထားကြောင်း သင်္ကေတအဖြစ် ရွာရှိ အဆောက် အအုံအများအပြားတွင် ကျည်ဆန်ရာများရှိသည်။ အိမ်ခေါင်မိုး လန်နေသည်များလည်း ရှိသည်။ အချို့ အဆောက်အအုံများကား လုံးဝကို လူနေထိုင်၍မရတော့ပါ။ သို့သော် ယင်းဒေသသည် ငြိမ်းချမ်းသွားခဲ့ ပြီ။ သို့သော် စစ်၏ရိုက်ခတ်မှုကိုကား ခံနေရဆဲပင်။
“နမ့်ဖာမူက လေးထပ်တိုက်ဆို KNDF ပူးပေါင်းတပ်တွေ နေခဲ့တာလေ။ တပ်က တစ်လခွဲ လောက် တိုက်ယူရတယ်။ အခုတော့ တပ်မတော်က ဒီနယ်မြေကို အပြည့်အဝရထားပြီ” ဟု ဒေသခံ တစ်ဦးကဆိုသည်။
ပင်လောင်း - ဖယ်ခုံ - မိုးဗြဲလမ်းသည် ယခုအခါပွင့်သွားခဲ့ပြီဖြစ်သည်။ ဆောင်းပြောင်း ကျေးရွာ တွင် တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းလမ်းပိုင်းတွင် ယခင် က KNDF တို့သာ ကြီးစိုးထားခဲ့သော်လည်း ယခုတော့ တပ်မတော်က ကောင်းစွာ ထိန်းချုပ်ထားနိုင် ကြောင်း တွေ့မြင်ရသည်။
“ဆောင်းပြောင်းမှာလည်း သူတို့ ရှုံးတယ်။ နန့်ဖာမူက လေးထပ်တိုက်မှာလည်း ဒီကောင်တွေ တပ်စွဲထားတာ။ တပ်မတော်ကပြန်တိုက်လို့ သူတို့ ဒီတိုက်ကလည်းပြေးရရော ဒီဘက်ကနေ ဆုတ်ပြေး ကြတာပဲ” ဟု ယင်းဒေသခံကဆိုသည်။
နန့်ဖာမူကျေးရွာမှအထွက်ရွာများတွင် ကား လမ်းဘေးဝဲယာကအိမ်တို့တွင် စစ်၏ အမှတ် လက္ခ ဏာဖြစ်သော ကျည်ဆန်ရာတို့ကို မြင်ရသည်။ အကြမ်းဖက်သူပုန်တို့ လူနေအိမ်များအပေါ် နေရာယူကာ တပ်မတော်ကို ပြန်လည်တိုက်ခိုက်ခဲ့သော အမှတ်အသားကိုလည်း တွေ့ရသည်။ ယခုအခါ ဒေသခံ တို့ တစ်စတစ်စပြန်လည်နေထိုင်နေကြပြီ ဖြစ်သော်လည်း အချို့နေရာများတွင် သာမန်အခြေအနေသို့ ပြန် ရောက်ရန် ဒေသခံတို့၏ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြန်လည် ထူထောင်ရပေဦးမည်။ နမ့်ဖာမူမှ ဖယ်ခုံမြို့ အကြား လမ်းမှာကား နှစ်နှစ်ခန့် ကားအသွားအလာ နည်းခဲ့သည်ဖြစ်ရာ လမ်းဘေးမှချုံနွယ်တို့က လမ်း ပေါ်သို့ပင် နယ်ကျော်စပြုနေကြောင်းလည်း တွေ့မြင်ရသည်။
ထို့နောက် ကျေးရွာအချို့၊ ဂိတ်အချို့ကို ဖြတ်သန်းပြီးနောက်တွင်ကား ဖယ်ခုံမြို့သို့ စာရေးသူတို့ လိုက်ပါလာသော ကား စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ဖယ်ခုံမြို့အဝင်တွင် ဦးစွာမြင်ရသည်ကား လမ်းဘေးမှ ချုံနွယ်ပိတ်ပေါင်းများနှင့် ယင်းကို ခုတ်ထွင်ရှင်းလင်းနေသူများ ဖြစ်သည်။
ထို့နောက် မြို့အတွင်းဝင်ရောက်ချိန် လမ်းဘေးဝဲယာတွင် နေအိမ်နှင့် ဆိုင်ခန်းအပျက်အစီး များ ကို မြင်တွေ့ရသည်။ တိတ်ဆိတ်နေသော ဖယ်ခုံအထက်တန်းကျောင်းကို မြင်ရသည်ကား စိတ်မသက် မသာဖြစ်စေသည်။ လမ်းဘေးတွင် ဆော့ကစားနေသော ကလေးငယ်အချို့ကိုလည်း မြင်ရပြီ။ စစ် ကြောင့် မိဘများနှင့်အတူ ထွက်ပြေးရပြီး ယခုတော့ ကလေးဘာသာဘာဝ ကိုယ့်ဇာတိ၊ ကိုယ့် အိမ်ရှေ့ တွင် လွတ်လပ်စွာဆော့ကစားနိုင်လေပြီ။ ဖယ်ခုံသို့ မြို့ခံ (၆၀)ရာခိုင်နှုန်းခန့် ပြန်လည်ဝင်ရောက်နေထိုင် ကာ ပြန်လည်အားယူနေကြောင်း သိရသည်။ သို့သော် မြို့အလုံးစုံ ပြန်လည်ထူထောင်ရေးကား အချိန် ယူရမည့်သဘော မြင်တွေ့ရ ၏။
“ဟိုကမြင်ရတဲ့တိုက်ဖြူဖြူလေ အဲဒါ နေမျိုးဇင်က တပ်ဘက်ကိုလှည့်ပြီး လော်စပီကာနဲ့ အော်ခဲ့ တဲ့နေရာ” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ရယ်မော ရင်း တိုက်တစ်လုံးကို လက်ညှိုးထိုးပြသည်။
ဖယ်ခုံတွင် KNDF ပူးပေါင်းအဖွဲ့တို့က တပ်မတော်ကို မြို့မှအပြီးတိုင်တိုက်ခိုက်ရန် ကြိုးပမ်း သည်။ စိတ်ဓာတ်ကျဆင်းစေရန် စိတ်ဓာတ်စစ် ဆင်ရေးလုပ်သည်။ သို့သော် မချိုးဖျက်နိုင်ပါ။ တစ်နှစ် ကျော်စစ်ဆိုင်ခဲ့ပြီးနောက် တပ်မတော်၏ထိုးစစ်ကိုမခံနိုင်ဘဲ ရန်သူတို့ဖယ်ခုံမှ ဆုတ်ပြေးခဲ့ကြသည်။ ယခု အချိန်တွင် ရံဖန်ရံခါ မြို့သို့ အလစ်ချောင်းတိုက်ရန် ကြိုးပမ်းခြင်းများရှိသော် လည်း တပ်မတော်က အသာစီးရလေပြီ။
“မြို့ကိုတော့ ဒီကောင်တွေ မကပ်နိုင်တော့ဘူး။ အရင်မြို့မှာ ဒီကောင်တွေရှိတုန်းက တပ်က ဒရုန်းနဲ့ရိုက်တဲ့အခါ အိမ်တွေထဲက ဝင်ခိုးတာ တွေကို ရိုက်မိထားတာရှိတယ်။ ဒီကောင်တွေက တမင် လာလုသလိုပဲ။ မြို့ ထိသွားတာပေါ့။ အကုန်လုံး ကလည်း သိလာကြပြီ။ ဒေသခံတွေက ဘယ်ဟာ အမှန် ဆိုတာ နားလည်လာတယ်လေ” ဟု ယင်းက ဆိုသည်။
စာရေးသူတို့ရောက်နေသောနေရာမှာ ကုန်းမြင့်ဖြစ်သည်။ ယင်းနေရာမှဆီးကြည့်လျှင် မိုးဗြဲဆည်ကြီးကို အပေါ်စီးမှ မြင်ရ၏။
“ဟောဟိုမှာ ဒီကောင်တွေ ရှိတယ်။ ည ဘက်တွေ လှေလှော်လာပြီး ချောင်းပစ်ဖို့ ကြိုးစားတာရှိ တယ်။ ဘယ်လောက်ပဲ လုပ်လုပ် သူတို့ အသာ စီးမရတော့ဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။ စာရေး သူတို့သည် အပြန်ခရီးအတွက်လည်း အချိန် ကို ကြည့်ရသည်ဖြစ်ရာ ဖယ်ခုံတွင် ကြာရှည်စွာ မနေတော့ ဘဲ မိုးဗြဲမြို့ဆီသို့ ထွက်ခွာလာခဲ့သည်။ “အရင် လာတုန်းက လမ်းနဲ့ မတူတော့ဘူး” ဟု ကားပေါ်တွင် အတူလိုက်ပါလာသည့် ရှမ်းပြည်နယ်မှ ဒေသခံတစ်ဦးက လမ်းဘေးဝဲယာကို ကြည့်ရင်းဆိုသည်။ ဟုတ် ပေလိမ့်မည်။ ဖယ်ခုံ - မိုးဗြဲလမ်းပိုင်းတွင် KNDF ပူးပေါင်းအဖွဲ့တို့က လမ်းပိတ်ထားသည့် အပြင် ယင်း လမ်းပိုင်းကိုလည်း အသုံးမပြုနိုင်အောင် ပြုလုပ်ထားလေရာ နှစ်လမ်းမောင်း ကွန်ကရစ်လမ်းမှာ ဘေးမှ ချုံနွယ်များ၏ နေရာယူလာမှုကြောင့် တစ် လမ်းမောင်း သာသာ အခြေအနေသာ ရှိတော့သည်။ ပျောက် ဆုံးနေသော မြို့တစ်မြို့ကိုသွားရာ အဝင်လမ်းနှင့်ပင် တူနေပေသေးတော့၏။
မိုးဗြဲမြို့ကို KNDF တို့က နှစ်ချီ ထိန်းချုပ် ထားခဲ့သည်။ တပ်ရင်း (၄၂၂) ကိုပင် ရန်သူက အတွင်း ပိုင်းနေရာအချို့အထိဝင်နိုင်ခဲ့၏။ သို့သော် တပ်မတော်ဘက်က ကြံ့ကြံ့ခိုင်ခိုင်ခံစစ်ပြုထားနိုင်သည့်အပြင် တပ်ကူများကြောင့် မိုးဗြဲမြို့ကိုပြန်လည် ထိုးစစ်ဆင်နိုင်ခဲ့သည်။ ယခုတော့ မြို့ကိုပြန်လည်ရလေပြီ။
ဆောင်းပါးအစတွင် ဖော်ပြထားသကဲ့သို့ အမြောက်သံသည် မြို့အဝင်တွင် စာရေးသူတို့ ကြား လိုက်ကြရခြင်းဖြစ်သည်။ မိုးဗြဲကား မြို့ထိပ်မှ စတင်ကာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ချုံနွယ်များ သာ ကြီးစိုးနေသည်။ ချုံနွယ်များနောက်တွင်ကား အိမ်အပျက်စီးများပင်။ လမ်းဘေးဝဲယာတစ်လျှောက် တွင် ယင်းအပျက်အစီးများသာ မြင်ရသည်။ ကျည် ဆန်ရာများကလည်း အနှံ့။ တပ်မတော်အနေဖြင့် မိုးဗြဲ ကို ရရှိရေးအတွက် မည်မျှ အားထုတ်ထားကြောင်း မြင်တွေ့ရသည်။
“မိုးဗြဲမြို့ ဟိုဘက်က ဝါရီကောခူ ဘက်မှာ ဒီဘက်ကအဖွဲ့နဲ့ လွိုင်ကော်ကအဖွဲ့ ညှပ်ပြီး တိုက်နေ တယ်။ မိုးဗြဲ-လွိုင်ကော်လမ်းလည်း လုံးဝ ပွင့်တော့မယ်။ ဒီကောင်တွေ ပြိုဆင်းမှာပါပဲ” ဟု တာဝန်ရှိသူ တစ်ဦးက စာရေးသူတို့ကို အသိပေး သည်။ မြို့ ဟိုဘက်ခြမ်းဆီက ထွက်ပေါ်လာတတ်သည့် အမြောက် သံနဲ့ ပစ်ခတ်သံအချို့က မိုးဗြဲမှ ကြိုဆိုနေ လေပြီ။
မိုးဗြဲမြို့အတွင်းကား လုံခြုံသွားပြီဖြစ်သည်။ အချို့နေရာများတွင်သာ မိုင်းရှင်းလင်းရန် ကျန်ပြီး မြို့တစ်ခုလုံးကား တပ်မတော်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ။ စာရေးသူတို့သည် တပ်မတော်သား များမှ လွဲ၍ အရပ်သားမမြင်ရသောမြို့အတွင်းသို့ ချင်းနင်းဝင်ရောက်လေလေ မြို့အပျက်အစီးက ပိုတွေ့ရလေ လေ ဖြစ်သည်။ “ဒီကောင်တွေက အိမ်တွေမှာ အပေါက်ဖောက်ပြီး ပြန်ပစ်တယ်လေ။ ခံစစ် လုပ်တာ” ဟု အထက်ပါတာဝန်ရှိသူကပင် ရှင်းပြသည်။
စာရေးသူတို့သည် လုံးဝနီးပါး မီးရှို့ခံထားရသော မိုးဗြဲဈေးကို ဖြတ်ကျော်လာခဲ့ကြသည်။ ဘီလူး ချောင်းကိုကျော်ပြီး KNDF တို့ ခံစစ်ဆင်ခဲ့ရာ ညောင်ဝိုင်းကျောင်းတိုက်သို့ရောက်၏။ စာရေးသူတို့ ရောက် နေသောနေရာမှ ဟိုဘက်တစ်မိုင်ခန့်မရှိ၊ တရှိ ဝါရီကောခူကျေးရွာဘက်တွင်မူ တပ်မတော်မှ တိုက်စစ် ဆင်နေသည်။
“ကျောင်းထိုင်ဆရာတော်က ဘုရားတောင် အပြီးမတည်ရသေးဘူး။ ဒီကောင်တွေက လာနေရာ ယူလိုက်တာပဲ။ ဒီထဲမှာ သူတို့လုပ်သွားတဲ့ ဘန်ကာတွေရှိတယ်” ဟု အဆိုပါတာဝန်ရှိသူက လိုက်ပြ သည်။ ယင်း ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်မတော်မှ နေရာယူထားသည်။ ပင်ပန်းနွမ်းနယ် နေကြ ဟန်တူသော်လည်း ယင်းအောင်ပွဲရ တပ်မ တော်သားများ၏မျက်နှာတွင် စိတ်အားထက်သန်မှုကို တွေ့ မြင်ရသည်။
စာရေးသူက လက်ဆောင်ပေးရန် The Statesman ဂျာနယ် ယူလာချိန်တွင် တပ်မတော်သား တစ်ဦးက “ကျွန်တော်တို့ မိုးဗြဲအောင်ပွဲ ကော ဂျာနယ်မှာပါပြီလားအစ်ကို” ဟု မေးလေရာ စာရေးသူ ရင်ထဲနင့်သွားမိသည်။ တပ်မတော်သား များသည် မိုးဗြဲတွင် တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ တာဝန် ထမ်း ဆောင်ရင်း အောင်ပွဲရသည့်အကြောင်းကို အများပြည်သူထံသိစေချင်ကြောင်းစိတ်ကို စာရေးသူ ခံစား လိုက်ရ၏။
“တပ်မတော်သားတွေ ပြန်ယူပေးထားတဲ့ မြို့အကြောင်း ကျွန်တော်တို့ သေချာရေးသားဖော်ပြ ပေးထားပါတယ်ခင်ဗျ” ဟု ဂျာနယ်ပေးရင်း၊ ဖော်ပြထားသည့်သတင်းနှင့် ဓာတ်ပုံများကို ပြရင်း ပြော သည့်အခါ အဆိုပါတပ်မတော်သားက ပြုံးရင်း နားထောင်လေ၏။ အဆိုပါမြင်ကွင်းကို စာရေးသူ တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
ထို့နောက် မိုးဗြဲ မွေတော် ဓာတ်စစ် ဘုရားကြီးသို့ ရောက်ရှိခဲ့သည်။ အဆိုပါ ဘုရားကြီးတွင် လည်း KNDF တို့ နေရာယူထားခဲ့၏။ တပ်မတော်က သာသနိကအဆောက်အအုံကို ထိခိုက်မှု အနည်း ဆုံးဖြစ်စေရန်ဆောင်ရွက်ပြီး ရယူခဲ့သောနေရာဖြစ်သည်။ စာရေးသူတို့ရောက်ရှိချိန်တွင် ယင်း သာသနိက နယ်မြေသည်ကား ဆည်းလည်းသံဖြင့် ငြိမ်းချမ်းနေလေပြီ။
“ဒီကောင်တွေက ဘုရားတွေမှာ နေရာယူတာ။ ဒီနေရာကတော့ ဆေးကုတဲ့နေရာလိုပုံမျိုးပေါ့။ တပ်မတော်ဘက်ကဘုရားကို မထိအောင်သတိထားပြီး သိမ်းယူခဲ့တာ” ဟု တာဝန်ရှိသူကဆိုသည်။
ထို့နောက် အကြမ်းဖက်သမားတို့ မီးရှို့သွားသော မိုးဗြဲမြို့မဈေးသို့ အသေးစိတ် မှတ်တမ်းယူရန် ရောက်သည်။ ကနဦးက ဖြတ်သွားခဲ့ သော်လည်း ပျက်စီးသည်ဟုသာ သိထားခဲ့သည်။ အနီးကပ် ရောက် သောအခါတွင်ကား ပို၍သိသာနေ ၏။ ချုံနွယ်တို့ကလည်း ဈေးအတွင်း နေရာယူပေါက် ရောက်နေပြီ။ ဈေးကို အစမှပြန်ဆောက်ရမည့် အနေအထားပင်။ ဈေး၏ မျက်စောင်းထိုးတွင်ရှိသော ဆွေသစ်မွန် အမည်ရှိတိုက်ကို KNDF တို့ အကာအကွယ်ယူ ပစ်ခတ်နေသောကြောင့် တပ်မတော်သားများက အ တော်ပင် ချေမှုန်းလိုက်ရကြောင်း သိရ သည်။ ယင်းနေရာသည်လည်း သမိုင်းဝင်နေရာ တစ်ခု ဖြစ်လာ ဖွယ်ရှိ၏။
ပျက်စီးနေသော မိုးဗြဲဈေးရှေ့ လမ်းမအတိုင်း ဗီဒီယိုရိုက်ရင်း လမ်းလျှောက်သည့်အခါ လန်နေ သော သွပ်ပြားများကို လေတိုက်သောကြောင့် ထွက်လာသည့် တကျွီကျွီ မြည်သည်မှလွဲ၍ ပတ်ဝန်းကျင် က တိတ်ဆိတ်နေသည်။ ဝါရီကောခူ ရွာဘက်မှ ပစ်ခတ်သံ အချို့ကိုသာ ရံဖန်ရံခါ ကြားရ၏။ စာရေးသူ ကြည့်ခဲ့ဖူးသော ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင်ကားများကိုပင် ပြန်တွေးမိသေးသည်။ ယခုလည်း စစ် ကြောင့် ပျက်စီးသွားသော မြို့၊ ယမ်းငွေ့ ပြယ်စ မြို့၊ တစ်ချိန်က စည်ကားခဲ့သော်လည်း ယခုတော့ တိတ် ဆိတ်သွားလေသော မြို့အတွင်းကလမ်းတွင် စာရေးသူလည်း လမ်းလျှောက်နေသည်မဟုတ်ပါလား။
မြို့ကား နေရာအနှံ့တွင်ပင် အပျက်အစီးက ရှိနေသည်။ မိုးဗြဲရဲစခန်းသို့ သွားရောက်ရာတွင်ကား ရဲစခန်းရှေ့ ရောက်နေသည့်တိုင် စာရေးသူရဲစခန်းကို မမြင်သောကြောင့် လိုက်ပါရှင်းလင်းပြသပေးသော တာဝန်ရှိသူကိုပင်မေးယူရ၏။ ရဲစခန်းကား ချုံများနှင့် ဖုံးလွှမ်းသွားပြီဖြစ်သည့်အပြင် ဆိုင်းဘုတ်လည်း ဖျက်ဆီးခံထားရလေရာ “ဪသာ် ဒီချုံတောဟာ ရဲစခန်း ဖြစ်ခဲ့တာပဲ” ဟု စိတ်အတွင်းက မှတ်ယူရ တော့သည်။
ရသည့်အချိန်အတွင်း မိုးဗြဲမြို့တွင် သတင်းမှတ်တမ်းရယူပြီးနောက် အပြန်တွင် မိုးဗြဲမြို့မှ လယ် တီကမ္မဋ္ဌာန်းကျောင်းတိုက်သို့ နောက်ဆုံးလေ့ လာခဲ့ကြသည်။ ယင်းနေရာတွင် KNDF တို့က မိုင်းများ ထောင်ခဲ့ကြသည်။ အသေအလဲ ဆုပ်ကိုင်ခဲ့ကြသေးသော်လည်း တပ်မတော်က အောင်မြင်စွာ ထိန်းသိမ်း နိုင်သောနေရာဖြစ်ပြီး တပ်မတော်က သတင်းထုတ်ပြန်ရာတွင်လည်း ယင်းနေရာရှေ့တွင် ရိုက်ကူးထား သော အောင်ပွဲရတပ်မတော်သားများ၏ ဓာတ်ပုံပါဝင်သည်။
မိုးဗြဲမြို့ဆီမှ ပြန်ထွက်ချိန်တွင် စာရေးသူ တို့ရင်အတွင်း ကိုယ်စီအတွေးများပါလာကြ၏။ ထုတ် မပြောဖြစ်ကြသော်လည်း စစ်၏အခိုးအငွေ့ကို ခံစားလိုက်ရပုံချင်းတော့ အတူတူပင်ဖြစ်ပါသည်။ မိုးဗြဲ ကား တစ်ချိန်က စည်ကားခဲ့သည်။ မိုးဗြဲ ဆည်နံ ဘေးမှမြို့သည် စစ်ကြောင့်ထိခိုက်ခဲ့ရသည်။ မြို့ ၏ အပေါ်တွင် အမာရွတ်များစွာတို့ ကျန်နေလေပြီ။ သို့သော် ယင်းမြို့တွင် မကြာမီ ပြည်သူတို့ ပြန်လည် ဝင် ရောက်နေထိုင်နိုင်ကြတော့မည် ဖြစ်သည်။
ထိုအခါ စစ်ကိုမုန်းတီးကြောက်ရွံ့သွားသော ယင်း ပြည်သူတို့သည် နောင်လာနောင်သား များစွာ ကို စစ်အတွင်းက အတွေ့အကြုံများအကြောင်း ပြန်ပြောင်းပြောပြကြပေလိမ့်မည်။

Zawgyi Version:
ေတာင္ႀကီး-ေက်ာက္တလုံးႀကီးမွသည္ ဖယ္ခုံ-မိုးၿဗဲ စစ္ေျမျပင္ဆီသို႔
သုတေက်ာ္ (NP News)
“အုန္း” ဆိုေသာ က်ယ္ေလာင္လွသည့္ အသံေၾကာင့္ ယင္းအသံထြက္ေပၚရာသို႔မွန္းဆကာ က်ီးကန္းေတာင္းေမွာက္ ၾကည့္လိုက္မိသည္။ အနီးမွ တစ္ဦးက “ဘာမွမျဖစ္ဘူး ကြၽန္ေတာ္တို႔ဘက္က ပစ္ေနတာ” ဟုေျပာမွသာ အရွက္ေျပၿပဳံးျပလိုက္ရ၏။ စာေရးသူေရာက္ေနေသာေနရာကား သူပုန္ လုံးဝ ကင္းစင္သြားေလၿပီျဖစ္ေသာ မိုးၿဗဲၿမိဳ႕ထိပ္တြင္ ျဖစ္ေလသည္။
စာေရးသူတို႔ မိုးၿဗဲခရီးစဥ္ စတင္ျဖစ္ခဲ့ပုံက မေမွ်ာ္လင့္ေသာခရီးဟု ဆိုရမည္ျဖစ္သည္။ The Statesman ဂ်ာနယ္ ထြက္ရန္ ေဖာင္ပိတ္ၿပီးေနာက္ အယ္ဒီတာခ်ဳပ္ ကိုေက်ာ္မ်ိဳးမင္းႏွင့္ စာေရးသူတို႔ ေတာင္ႀကီးသို႔ မီဒီယာသင္တန္းတစ္ခုအတြက္ ေရာက္လာၾကသည္။ မွတ္မွတ္ရရ ယင္း အပတ္စဥ္ထုတ္ ဂ်ာနယ္တြင္ ေျမျပင္သတင္းရင္းျမစ္မ်ားကိုေမးျမန္းကာ မိုးၿဗဲကို တပ္မေတာ္က ျပည္သူ႔လက္အတြင္း ျပန္လည္အပ္ႏွံႏိုင္ေတာ့မည္ျဖစ္ေၾကာင္း မ်က္ႏွာဖုံးသတင္းေဖာ္ျပထားခဲ့၏။
တပ္မေတာ္ကလည္း ဇူလိုင္လ (၆) ရက္တြင္ မိုးၿဗဲၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ရာ ထိုအခ်ိန္တြင္ ေတာင္ႀကီးသို႔ လာရင္း အလုပ္ကိစၥကၿပီးေလၿပီ။ တိုက္တိုက္ဆိုင္ ဆိုင္ပင္ ဇူလိုင္လ (၈)ရက္တြင္ မိုးၿဗဲၿမိဳ႕သို႔ သြား ေရာက္သတင္းယူရန္ အခြင့္အေရးေပၚလာခဲ့ရာ ကိုေက်ာ္ မ်ိဳးမင္းႏွင့္ စာေရးသူတို႔အတြက္ ႏွစ္ခါ ျပန္ပင္ေျပာစရာမလိုေသာကိစၥျဖစ္ခဲ့ေလသည္။
ယင္းေနရာသို႔သြားရန္အတြက္ ပထမဆုံး စဥ္းစားရေသာကိစၥမွာ မည္သည့္လမ္းမွသြားမည္နည္း ဆိုေသာအေၾကာင္း ျဖစ္သည္။ ပင္ေလာင္း - ဖယ္ခုံ - မိုးၿဗဲ လမ္းပြင့္ၿပီဟုသိထားေသာ္လည္း ျဖတ္လမ္း ျဖစ္သည့္ ေတာင္ႀကီးမွ ေက်ာက္တလုံးႀကီး၊ ထိုမွတစ္ဆင့္ ဖယ္ခုံႏွင့္ မိုးၿဗဲသို႔သြားလွ်င္ အေကာင္းဆုံး ျဖစ္ ေၾကာင္း ေဒသခံမိတ္ေဆြမ်ား၏ အႀကံျပဳခ်က္ကို စာေရးသူတို႔ လက္ခံလိုက္ၾကသည္။
စာေရးသူတို႔သည္ ေတာင္ႀကီးမွ ဇူလိုင္လ (၈)ရက္ နံနက္(၈)နာရီအခ်ိန္တြင္ စတင္ထြက္ခြာလာ ခဲ့ၾက၏။ ယခုရာသီတြင္ ယင္းေဒသ၏ ထုံးစံအတိုင္း မိုးဖြဲဖြဲ မႈိင္းပ်ပ်အေျခအေနတြင္ ျမဴမ်ား ကလည္း ဆိုင္း ေနေသးေလရာ ေတာင္ႀကီး - ဟမ္း ဆီး - ေနာင္ယာဆိုင္းလမ္းအတိုင္း ျမဴထူထူကို ျဖတ္သန္းၿပီး ကားစီးရသည္မွာ အေတြ႕အႀကဳံတစ္ မ်ိဳးဟု ဆိုရဖြယ္ရွိသည္။ ရွမ္းျပည္နယ္တြင္ ျမဴက်ျခင္းမွာ ကန႔္လန္ ကာ ခ်ထားသကဲ့သို႔ရွိေလရာ ယာဥ္အႏၲရာယ္တစ္စုံတစ္ရာျဖစ္မည္ေလာဟုလည္း စိတ္တထင့္ထင့္။
သို႔ေသာ္ လမ္းတစ္ေလွ်ာက္ အျဖဴ၊ အစိမ္း ဝတ္စုံမ်ားျဖင့္ ေက်ာင္းသြားေနၾကေသာ အနာဂတ္ ခြန္အားမ်ားျဖစ္သည့္ ကေလးငယ္မ်ားကို ဟိုတစ္စ၊ သည္တစ္စ ျမင္ရသည္မွာလည္း နံနက္ခင္းခရီး အတြက္ စိတ္အာ႐ုံကို တက္ႂကြလန္းဆန္းေစသည္။ လမ္းတစ္ေလွ်ာက္ ေမာင္းလာခဲ့ရာ မၾကာမီ ေမြ ေတာ္ ကကၠဴလမ္းဆုံသို႔ေရာက္ၿပီး ေက်ာက္တလုံးႀကီးဘက္ သို႔ စာေရးသူတို႔၏ကားဦးတည္လာခဲ့သည္။ ေက်ာက္တလုံးႀကီးသို႔ သြားရာလမ္းကာ အနည္းငယ္ၾကမ္းသည့္အျပင္ လမ္းအေနအထားအရ ခရီးသည္ တင္ကား သြားေသာလမ္းမဟုတ္ေၾကာင္း သိသာေစ၏။ အဆိုပါ လမ္းကား စာေရးသူတို႔ မိုးၿဗဲခရီးတြင္ အတန္ၾကာ အသုံးေတာ္ခံမည့္လမ္းပိုင္း ျဖစ္ေလသည္။
လမ္းတစ္ေလွ်ာက္တြင္ ေျပာင္းပင္မ်ားကို အမ်ားစုေတြ႕ရသည္။ ရံဖန္ရံခါ သနပ္ဖက္ အခင္းမ်ား ကို ေတြ႕ရေသာ္လည္း အလြန္နည္းလွသည္။ ျမင္သမွ် ေျပာင္းခင္းမ်ား၏ရႈခင္းမ်ားကို ၾကည့္ရင္း၊ မွတ္ သားရင္း ႐ြာစဥ္မ်ားကို ျဖတ္သန္းလာရာ မၾကာမီ ေနာင္ယားဆိုင္းဆိုေသာ ႐ြာႀကီးသို႔ေရာက္သည္။ ယင္း ႐ြာတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) တပ္ဂိတ္ကို စေတြ႕ရသည္။ ယင္းခရီးအတြင္း ပထမဆုံးေတြ႕ရ သည့္ဂိတ္ပင္။
ေနာင္ယားဆိုင္းအေက်ာ္တြင္ လမ္းက ေတာရိပ္ေတာင္ရိပ္မ်ားအၾကား ျဖတ္သန္းသြားသည္။ ေႁမြ လိမ္၊ ေႁမြေကာက္လမ္း အတက္၊ အဆင္းအတိုင္း ကားစီးရင္း ေက်ာက္တလုံးႀကီးၿမိဳ႕သို႔ ေရာက္ေတာ့ သည္။ စာေရးသူတို႔ ေရာက္ခ်ိန္တြင္ ေက်ာက္တလုံးႀကီးေဈး၌ ကားႏွင့္ ဆိုင္ကယ္မ်ားစြာရွိေနေသာ ေၾကာင့္ ခရီးတြင္ပါလာေသာ ေဒသခံတစ္ဦးကို ေမးၾကည့္ရာ ေဈးေန႔ဟု ရွင္းျပသည္။
ေက်ာက္တလုံးႀကီးၿမိဳ႕ကိုျဖတ္ေက်ာ္ၿပီး ေနာက္ ေတာင္ဆင္းလမ္းအတိုင္း ျဖတ္သန္းေမာင္းႏွင္ စဥ္ ေဘးမွရႈခင္းမ်ားက စာေရးသူကို ပါးစပ္အေဟာင္းသားပင္ ျဖစ္သြားေစသည္။ ေတာင္ပတ္ လမ္းေကြ႕ မ်ားက အႏၲရာယ္မ်ားေသာ္လည္း ယင္းေတာင္ေအာက္မွ လယ္ကြင္းမ်ားႏွင့္ ေနာက္ခံေတာင္မ်ားက ပနံရလြန္းလွသည္။
ကားလမ္းေဘးတစ္ေလွ်ာက္တြင္ ေျပာင္း ႏွင့္ စပါးကို ေဘးခ်င္းကပ္စိုက္ေသာ လယ္ကြင္းမ်ား ကိုလည္း ေတြ႕ရသည္။ လမ္းကား ပိုက်ဥ္းလာသည့္အျပင္ ကားအသြားအလာလည္း နည္းသည္ကို ေတြ႕ရ သည္။ သို႔ေသာ္ ထူးျခားသည္ကား စာေရးသူ ျဖတ္သန္းခဲ့သည့္ ယင္း လမ္းတစ္ေလွ်ာက္ ႐ြာမ်ားတြင္ ႐ြာ ငယ္ပင္ ငယ္ေသာ္လည္း အိမ္ႀကီးအိမ္ေကာင္းမ်ားကို အမ်ားစုေတြ႕ရျခင္းျဖစ္သည္။ ကုန္းလြယ္႐ြာတြင္ ဆိလွ်င္ အသစ္ေဆာက္ေနေသာ တိုက္တစ္လုံးကိုပင္ လမ္းေဘးတြင္ ေတြ႕ရေသး၏။
ယင္းေဒသတြင္ကား စိုက္ပ်ိဳးေရးအတြက္ ေကာင္းစြာျဖစ္ထြန္းဟန္တူသည္။ ထို႔ျပင္ လမ္းလည္း ေပါက္ေသာေၾကာင့္ ကုန္မ်ား သယ္ယူပို႔ေဆာင္ရာတြင္လည္း အဆင္ေျပသည္ဟု ယူဆႏိုင္သည္။ လမ္း ပန္းဆက္သြယ္ေရးမွာ လမ္းက်ဥ္းေသာ္လည္း ေက်း႐ြာမ်ားအတြက္ အေရးပါေသာ လမ္းျဖစ္ျခင္းႏွင့္ အတူ လူမႈ၊ စီးပြားဘဝမ်ား ဖြံ႕ၿဖိဳးျမင့္တက္လာေၾကာင္း ေတြ႕ရေလသည္။
ဆက္လာရင္း ပင္ေအာင္း႐ြာတြင္ PNO ဂိတ္ကို ထပ္ေတြ႕ရသည္။ ယင္းမွာ ဒုတိယေျမာက္ ေတြ႕ရ ေသာ PNO ဂိတ္ျဖစ္သည္။ လမ္းတြင္ မိုးက လည္း ႐ြာ၏။ ထို႔ေၾကာင့္ ပိုမိုသတိထားေမာင္းႏွင္ရသည္။ လမ္း အေျခအေနေၾကာင့္ ကားေအာက္ပိုင္းနိမ့္ ပါက အဆင္ေျပလိမ့္မည္မဟုတ္ေပ။ ေမာင္းလာရင္း ေက်ာက္တလုံး႐ြာတြင္ ေဆးႏွင့္ ကုန္စုံဆိုင္အႀကီး ႀကီးကိုပင္ သတိထားမိေသး၏။ လမ္းတစ္ေလွ်ာက္ တြင္လည္း ကုန္စုံဆိုင္ႀကီးမ်ားကိုျဖတ္သန္းခဲ့သည္။ ယခုကဲ့သို႔ေနရာတြင္ ယင္းကဲ့သို႔ဆိုင္မ်ားကို ျမင္ရ ျခင္းမွာ ေဒသ၏စီးပြားေရးကို ေလွ်ာ့မတြက္သင့္ေၾကာင္း ေဖာ္ျပေနသကဲ့သို႔ပင္။
လမ္းေဘးျမင္ကြင္းသည္ တစ္မ်ိဳးေျပာင္းလာသည္။ ေတာင္တန္းမ်ားေနာက္ခံျဖင့္ စိုက္ခင္းမ်ား ရွိ ေနေသာလြင္ျပင္ငယ္ကို ေတြ႕ရ၏။ လမ္းတစ္ ေလွ်ာက္တြင္ ဘုရား၊ ေစတီမ်ားကိုလည္း ဖူးျမင္ရသည္။ ယင္းကလည္း ေဒသခံတို႔၏ သဒၶါႏွင့္ဓနကို ေဖာ္ျပေနျခင္းတစ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ ႐ြာမ်ားသို႔ အၾကမ္း ဖက္သူပုန္မ်ားစိမ့္ဝင္ႏိုင္ေသာေဘးကိုလည္း ေတြ႕ရ၏။ ႐ြာမ်ားတြင္ အိမ္ေျခနည္းသည့္အတြက္ အၾကမ္း ဖက္မ်ားစိမ့္ဝင္လွ်င္ ေဒသခံတို႔ ခုခံရန္ခဲယဥ္းႏိုင္သည္။ သို႔ေသာ္ တပ္မေတာ္ႏွင့္ PNO က ယင္းအေရးကို ေကာင္စြာ ကာကြယ္ထားႏိုင္ေသာ အေျခအေနဟု ကားေပၚပါ ေဒသခံကဆိုသည္။
မၾကာမီ စာေရးသူတို႔ ေမွာ္ဘီ႐ြာသို႔ ေရာက္၏။ ေမွာ္ဘီ႐ြာတြင္ စာေရးသူတို႔ လမ္းခ်ိဳးမည္ ျဖစ္ သည္။ ေရွ႕သို႔ ဆက္သြားလွ်င္ မိုးၿဗဲသို႔ ေရာက္ႏိုင္ ေသာ္လည္း ေဝးမည့္အျပင္ အၾကမ္းဖက္သမား ရန္က လည္း ရွိေသးသည္။ ထို႔ေၾကာင့္ တုံဟုံး တံတား ကတစ္ဆင့္ ျဖတ္သန္းကာ စံကားအင္းႏွင့္ မိုးၿဗဲဆည္ကို ေဘးလမ္းအတိုင္း သြားမည္ျဖစ္သည္။
တုံဟုံး တံတားတြင္းကား တစ္ဖက္တြင္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းလုံၿခဳံေရးဂိတ္ရွိၿပီး တစ္ ဖက္တြင္ PNO ဂိတ္ရွိသည္။ ထိုမွတစ္ဆင့္ ေတာင္တက္လမ္းအတိုင္း ဆက္ေမာင္းရာ လမ္းက က်ယ္လာ ေသာ္လည္း ေတာင္ေပၚျဖစ္ေသာေၾကာင့္ ႐ြာစဥ္ ျပတ္ၿပီး စိုက္ခင္းအမ်ားစု ရွိသည္။ အာလူးခင္း၊ ခရမ္း ခ်ဥ္သီးစိုက္ခင္းမ်ားကို ေတြ႕ရသည္။ ယင္း ေတာင္ေပၚလမ္းသည္လည္း မ်ားစြာမၾကာလွပါ။ မၾကာမီ ေနာင္ပီးဆိုေသာ႐ြာႀကီးသို႔ ေရာက္သည္။ ေနာင္ပီးတြင္ တပ္မေတာ္ ႏွင့္ PNO ဂိတ္ ရွိသည္။ ယင္းေနာက္ ပင္ေလာင္းၿမိဳ႕ဘက္သို႔ လမ္းခ်ိဳးအတိုင္း မဟုတ္ဘဲ ဖယ္ခုံၿမိဳ႕နယ္ဘက္ ဆက္လက္ထြက္ခြာခဲ့ရာ ထူးထူး ျခားျခားဟု ဆိုရလွ်င္ လမ္းအလြန္ေကာင္းျခင္းျဖစ္သည္။ နယ္ေျမအေျခအေနေၾကာင့္ ကား အသြား အလာ နည္းျခင္းကလည္း လမ္းေကာင္းရျခင္း အေၾကာင္းအရင္းတစ္ရပ္ ျဖစ္ေပလိမ့္မည္။
ထို႔ေနာက္ နားမြန္းဆိုေသာ ႐ြာႀကီးသို႔ ေရာက္သည္။ အဆိုပါ႐ြာတြင္ စစ္ေဘးေရွာင္ဟု ယူဆရ ေသာ ျပည္သူအခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရ၏။ ႐ြာအခ်ိဳ႕ကိုျဖတ္ၿပီး ကီးလုံ႐ြာကို ေရာက္ေသာအခါ PNO ဂိတ္ ကို ျဖတ္သန္းၿပီးေနာက္ ကြၽန္ေတာ္တို႔ ညာဘက္တြင္ မိုးၿဗဲဆည္၏ေရျပင္ကား ထီးထီးႀကီးေပၚလာခဲ့ေလ သည္။
“ဆည္ဟိုဘက္အျခမ္းမွာ ဟိုေကာင္ေတြ ရွိေနတယ္” ဟု ကားေပၚပါ ေဒသခံက လက္ညိဳးၫႊန္ ရင္း ေျပာျပသည္။ ယင္းေနာက္ ႐ြာ(၄)႐ြာခန႔္ ေက်ာ္ၿပီးသည့္အထိ တိုက္ပြဲႏွင့္ ပတ္သက္၍ မျမင္ရေသး။ PNO ဂိတ္တစ္ခုကို ျဖတ္ေက်ာ္ၿပီးေနာက္ နန႔္ဖာမူ႐ြာတြင္ကား စစ္၏အရိပ္အေယာင္ကို ႐ုတ္ တရက္ပင္ အမ်ားအျပား ျမင္ရေလေတာ့သည္။
ယင္း႐ြာတြင္တိုက္ပြဲႀကီးတစ္ပြဲ ေကာင္းစြာျဖစ္ထားေၾကာင္း သေကၤတအျဖစ္ ႐ြာရွိ အေဆာက္ အအုံအမ်ားအျပားတြင္ က်ည္ဆန္ရာမ်ားရွိသည္။ အိမ္ေခါင္မိုး လန္ေနသည္မ်ားလည္း ရွိသည္။ အခ်ိဳ႕ အေဆာက္အအုံမ်ားကား လုံးဝကို လူေနထိုင္၍မရေတာ့ပါ။ သို႔ေသာ္ ယင္းေဒသသည္ ၿငိမ္းခ်မ္းသြားခဲ့ ၿပီ။ သို႔ေသာ္ စစ္၏႐ိုက္ခတ္မႈကိုကား ခံေနရဆဲပင္။
“နမ့္ဖာမူက ေလးထပ္တိုက္ဆို KNDF ပူးေပါင္းတပ္ေတြ ေနခဲ့တာေလ။ တပ္က တစ္လခြဲ ေလာက္ တိုက္ယူရတယ္။ အခုေတာ့ တပ္မေတာ္က ဒီနယ္ေျမကို အျပည့္အဝရထားၿပီ” ဟု ေဒသခံ တစ္ဦးကဆိုသည္။
ပင္ေလာင္း - ဖယ္ခုံ - မိုးၿဗဲလမ္းသည္ ယခုအခါပြင့္သြားခဲ့ၿပီျဖစ္သည္။ ေဆာင္းေျပာင္း ေက်း႐ြာ တြင္ တပ္မေတာ္ႏွင့္ KNDF ပူးေပါင္းအဖြဲ႕ တို႔အၾကား တိုက္ပြဲျပင္းထန္ခဲ့သည္။ ယင္းလမ္းပိုင္းတြင္ ယခင္ က KNDF တို႔သာ ႀကီးစိုးထားခဲ့ေသာ္လည္း ယခုေတာ့ တပ္မေတာ္က ေကာင္းစြာ ထိန္းခ်ဳပ္ထားႏိုင္ ေၾကာင္း ေတြ႕ျမင္ရသည္။
“ေဆာင္းေျပာင္းမွာလည္း သူတို႔ ရႈံးတယ္။ နန႔္ဖာမူက ေလးထပ္တိုက္မွာလည္း ဒီေကာင္ေတြ တပ္စြဲထားတာ။ တပ္မေတာ္ကျပန္တိုက္လို႔ သူတို႔ ဒီတိုက္ကလည္းေျပးရေရာ ဒီဘက္ကေန ဆုတ္ေျပး ၾကတာပဲ” ဟု ယင္းေဒသခံကဆိုသည္။
နန႔္ဖာမူေက်း႐ြာမွအထြက္႐ြာမ်ားတြင္ ကား လမ္းေဘးဝဲယာကအိမ္တို႔တြင္ စစ္၏ အမွတ္ လကၡ ဏာျဖစ္ေသာ က်ည္ဆန္ရာတို႔ကို ျမင္ရသည္။ အၾကမ္းဖက္သူပုန္တို႔ လူေနအိမ္မ်ားအေပၚ ေနရာယူကာ တပ္မေတာ္ကို ျပန္လည္တိုက္ခိုက္ခဲ့ေသာ အမွတ္အသားကိုလည္း ေတြ႕ရသည္။ ယခုအခါ ေဒသခံ တို႔ တစ္စတစ္စျပန္လည္ေနထိုင္ေနၾကၿပီ ျဖစ္ေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ သာမန္အေျခအေနသို႔ ျပန္ ေရာက္ရန္ ေဒသခံတို႔၏ စိတ္ပိုင္းဆိုင္ရာကိုလည္း ျပန္လည္ ထူေထာင္ရေပဦးမည္။ နမ့္ဖာမူမွ ဖယ္ခုံၿမိဳ႕ အၾကား လမ္းမွာကား ႏွစ္ႏွစ္ခန႔္ ကားအသြားအလာ နည္းခဲ့သည္ျဖစ္ရာ လမ္းေဘးမွခ်ဳံႏြယ္တို႔က လမ္း ေပၚသို႔ပင္ နယ္ေက်ာ္စျပဳေနေၾကာင္းလည္း ေတြ႕ျမင္ရသည္။
ထို႔ေနာက္ ေက်း႐ြာအခ်ိဳ႕၊ ဂိတ္အခ်ိဳ႕ကို ျဖတ္သန္းၿပီးေနာက္တြင္ကား ဖယ္ခုံၿမိဳ႕သို႔ စာေရးသူတို႔ လိုက္ပါလာေသာ ကား စတင္ဝင္ေရာက္လာခဲ့ၿပီ ျဖစ္သည္။ ဖယ္ခုံၿမိဳ႕အဝင္တြင္ ဦးစြာျမင္ရသည္ကား လမ္းေဘးမွ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားႏွင့္ ယင္းကို ခုတ္ထြင္ရွင္းလင္းေနသူမ်ား ျဖစ္သည္။
ထို႔ေနာက္ ၿမိဳ႕အတြင္းဝင္ေရာက္ခ်ိန္ လမ္းေဘးဝဲယာတြင္ ေနအိမ္ႏွင့္ ဆိုင္ခန္းအပ်က္အစီး မ်ား ကို ျမင္ေတြ႕ရသည္။ တိတ္ဆိတ္ေနေသာ ဖယ္ခုံအထက္တန္းေက်ာင္းကို ျမင္ရသည္ကား စိတ္မသက္ မသာျဖစ္ေစသည္။ လမ္းေဘးတြင္ ေဆာ့ကစားေနေသာ ကေလးငယ္အခ်ိဳ႕ကိုလည္း ျမင္ရၿပီ။ စစ္ ေၾကာင့္ မိဘမ်ားႏွင့္အတူ ထြက္ေျပးရၿပီး ယခုေတာ့ ကေလးဘာသာဘာဝ ကိုယ့္ဇာတိ၊ ကိုယ့္ အိမ္ေရွ႕ တြင္ လြတ္လပ္စြာေဆာ့ကစားႏိုင္ေလၿပီ။ ဖယ္ခုံသို႔ ၿမိဳ႕ခံ (၆၀)ရာခိုင္ႏႈန္းခန႔္ ျပန္လည္ဝင္ေရာက္ေနထိုင္ ကာ ျပန္လည္အားယူေနေၾကာင္း သိရသည္။ သို႔ေသာ္ ၿမိဳ႕အလုံးစုံ ျပန္လည္ထူေထာင္ေရးကား အခ်ိန္ ယူရမည့္သေဘာ ျမင္ေတြ႕ရ ၏။
“ဟိုကျမင္ရတဲ့တိုက္ျဖဴျဖဴေလ အဲဒါ ေနမ်ိဳးဇင္က တပ္ဘက္ကိုလွည့္ၿပီး ေလာ္စပီကာနဲ႔ ေအာ္ခဲ့ တဲ့ေနရာ” ဟု ဖယ္ခုံၿမိဳ႕ခံတစ္ဦးက ရယ္ေမာ ရင္း တိုက္တစ္လုံးကို လက္ညႇိဳးထိုးျပသည္။
ဖယ္ခုံတြင္ KNDF ပူးေပါင္းအဖြဲ႕တို႔က တပ္မေတာ္ကို ၿမိဳ႕မွအၿပီးတိုင္တိုက္ခိုက္ရန္ ႀကိဳးပမ္း သည္။ စိတ္ဓာတ္က်ဆင္းေစရန္ စိတ္ဓာတ္စစ္ ဆင္ေရးလုပ္သည္။ သို႔ေသာ္ မခ်ိဳးဖ်က္ႏိုင္ပါ။ တစ္ႏွစ္ ေက်ာ္စစ္ဆိုင္ခဲ့ၿပီးေနာက္ တပ္မေတာ္၏ထိုးစစ္ကိုမခံႏိုင္ဘဲ ရန္သူတို႔ဖယ္ခုံမွ ဆုတ္ေျပးခဲ့ၾကသည္။ ယခု အခ်ိန္တြင္ ရံဖန္ရံခါ ၿမိဳ႕သို႔ အလစ္ေခ်ာင္းတိုက္ရန္ ႀကိဳးပမ္းျခင္းမ်ားရွိေသာ္ လည္း တပ္မေတာ္က အသာစီးရေလၿပီ။
“ၿမိဳ႕ကိုေတာ့ ဒီေကာင္ေတြ မကပ္ႏိုင္ေတာ့ဘူး။ အရင္ၿမိဳ႕မွာ ဒီေကာင္ေတြရွိတုန္းက တပ္က ဒ႐ုန္းနဲ႔႐ိုက္တဲ့အခါ အိမ္ေတြထဲက ဝင္ခိုးတာ ေတြကို ႐ိုက္မိထားတာရွိတယ္။ ဒီေကာင္ေတြက တမင္ လာလုသလိုပဲ။ ၿမိဳ႕ ထိသြားတာေပါ့။ အကုန္လုံး ကလည္း သိလာၾကၿပီ။ ေဒသခံေတြက ဘယ္ဟာ အမွန္ ဆိုတာ နားလည္လာတယ္ေလ” ဟု ယင္းက ဆိုသည္။
စာေရးသူတို႔ေရာက္ေနေသာေနရာမွာ ကုန္းျမင့္ျဖစ္သည္။ ယင္းေနရာမွဆီးၾကည့္လွ်င္ မိုးၿဗဲဆည္ႀကီးကို အေပၚစီးမွ ျမင္ရ၏။
“ေဟာဟိုမွာ ဒီေကာင္ေတြ ရွိတယ္။ ည ဘက္ေတြ ေလွေလွာ္လာၿပီး ေခ်ာင္းပစ္ဖို႔ ႀကိဳးစားတာရွိ တယ္။ ဘယ္ေလာက္ပဲ လုပ္လုပ္ သူတို႔ အသာ စီးမရေတာ့ဘူး” ဟု အဆိုပါ ေဒသခံက ဆိုသည္။ စာေရး သူတို႔သည္ အျပန္ခရီးအတြက္လည္း အခ်ိန္ ကို ၾကည့္ရသည္ျဖစ္ရာ ဖယ္ခုံတြင္ ၾကာရွည္စြာ မေနေတာ့ ဘဲ မိုးၿဗဲၿမိဳ႕ဆီသို႔ ထြက္ခြာလာခဲ့သည္။ “အရင္ လာတုန္းက လမ္းနဲ႔ မတူေတာ့ဘူး” ဟု ကားေပၚတြင္ အတူလိုက္ပါလာသည့္ ရွမ္းျပည္နယ္မွ ေဒသခံတစ္ဦးက လမ္းေဘးဝဲယာကို ၾကည့္ရင္းဆိုသည္။ ဟုတ္ ေပလိမ့္မည္။ ဖယ္ခုံ - မိုးၿဗဲလမ္းပိုင္းတြင္ KNDF ပူးေပါင္းအဖြဲ႕တို႔က လမ္းပိတ္ထားသည့္ အျပင္ ယင္း လမ္းပိုင္းကိုလည္း အသုံးမျပဳႏိုင္ေအာင္ ျပဳလုပ္ထားေလရာ ႏွစ္လမ္းေမာင္း ကြန္ကရစ္လမ္းမွာ ေဘးမွ ခ်ဳံႏြယ္မ်ား၏ ေနရာယူလာမႈေၾကာင့္ တစ္ လမ္းေမာင္း သာသာ အေျခအေနသာ ရွိေတာ့သည္။ ေပ်ာက္ ဆုံးေနေသာ ၿမိဳ႕တစ္ၿမိဳ႕ကိုသြားရာ အဝင္လမ္းႏွင့္ပင္ တူေနေပေသးေတာ့၏။
မိုးၿဗဲၿမိဳ႕ကို KNDF တို႔က ႏွစ္ခ်ီ ထိန္းခ်ဳပ္ ထားခဲ့သည္။ တပ္ရင္း (၄၂၂) ကိုပင္ ရန္သူက အတြင္း ပိုင္းေနရာအခ်ိဳ႕အထိဝင္ႏိုင္ခဲ့၏။ သို႔ေသာ္ တပ္မေတာ္ဘက္က ႀကံ့ႀကံ့ခိုင္ခိုင္ခံစစ္ျပဳထားႏိုင္သည့္အျပင္ တပ္ကူမ်ားေၾကာင့္ မိုးၿဗဲၿမိဳ႕ကိုျပန္လည္ ထိုးစစ္ဆင္ႏိုင္ခဲ့သည္။ ယခုေတာ့ ၿမိဳ႕ကိုျပန္လည္ရေလၿပီ။
ေဆာင္းပါးအစတြင္ ေဖာ္ျပထားသကဲ့သို႔ အေျမာက္သံသည္ ၿမိဳ႕အဝင္တြင္ စာေရးသူတို႔ ၾကား လိုက္ၾကရျခင္းျဖစ္သည္။ မိုးၿဗဲကား ၿမိဳ႕ထိပ္မွ စတင္ကာ လမ္းေဘးဝဲယာတစ္ေလွ်ာက္တြင္ ခ်ဳံႏြယ္မ်ား သာ ႀကီးစိုးေနသည္။ ခ်ဳံႏြယ္မ်ားေနာက္တြင္ကား အိမ္အပ်က္စီးမ်ားပင္။ လမ္းေဘးဝဲယာတစ္ေလွ်ာက္ တြင္ ယင္းအပ်က္အစီးမ်ားသာ ျမင္ရသည္။ က်ည္ ဆန္ရာမ်ားကလည္း အႏွံ႔။ တပ္မေတာ္အေနျဖင့္ မိုးၿဗဲ ကို ရရွိေရးအတြက္ မည္မွ် အားထုတ္ထားေၾကာင္း ျမင္ေတြ႕ရသည္။
“မိုးၿဗဲၿမိဳ႕ ဟိုဘက္က ဝါရီေကာခူ ဘက္မွာ ဒီဘက္ကအဖြဲ႕နဲ႔ လြိဳင္ေကာ္ကအဖြဲ႕ ညႇပ္ၿပီး တိုက္ေန တယ္။ မိုးၿဗဲ-လြိဳင္ေကာ္လမ္းလည္း လုံးဝ ပြင့္ေတာ့မယ္။ ဒီေကာင္ေတြ ၿပိဳဆင္းမွာပါပဲ” ဟု တာဝန္ရွိသူ တစ္ဦးက စာေရးသူတို႔ကို အသိေပး သည္။ ၿမိဳ႕ ဟိုဘက္ျခမ္းဆီက ထြက္ေပၚလာတတ္သည့္ အေျမာက္ သံနဲ႔ ပစ္ခတ္သံအခ်ိဳ႕က မိုးၿဗဲမွ ႀကိဳဆိုေန ေလၿပီ။
မိုးၿဗဲၿမိဳ႕အတြင္းကား လုံၿခဳံသြားၿပီျဖစ္သည္။ အခ်ိဳ႕ေနရာမ်ားတြင္သာ မိုင္းရွင္းလင္းရန္ က်န္ၿပီး ၿမိဳ႕တစ္ခုလုံးကား တပ္မေတာ္မွ ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ၿပီ။ စာေရးသူတို႔သည္ တပ္မေတာ္သား မ်ားမွ လြဲ၍ အရပ္သားမျမင္ရေသာၿမိဳ႕အတြင္းသို႔ ခ်င္းနင္းဝင္ေရာက္ေလေလ ၿမိဳ႕အပ်က္အစီးက ပိုေတြ႕ရေလ ေလ ျဖစ္သည္။ “ဒီေကာင္ေတြက အိမ္ေတြမွာ အေပါက္ေဖာက္ၿပီး ျပန္ပစ္တယ္ေလ။ ခံစစ္ လုပ္တာ” ဟု အထက္ပါတာဝန္ရွိသူကပင္ ရွင္းျပသည္။
စာေရးသူတို႔သည္ လုံးဝနီးပါး မီးရႈိ႕ခံထားရေသာ မိုးၿဗဲေဈးကို ျဖတ္ေက်ာ္လာခဲ့ၾကသည္။ ဘီလူး ေခ်ာင္းကိုေက်ာ္ၿပီး KNDF တို႔ ခံစစ္ဆင္ခဲ့ရာ ေညာင္ဝိုင္းေက်ာင္းတိုက္သို႔ေရာက္၏။ စာေရးသူတို႔ ေရာက္ ေနေသာေနရာမွ ဟိုဘက္တစ္မိုင္ခန႔္မရွိ၊ တရွိ ဝါရီေကာခူေက်း႐ြာဘက္တြင္မူ တပ္မေတာ္မွ တိုက္စစ္ ဆင္ေနသည္။
“ေက်ာင္းထိုင္ဆရာေတာ္က ဘုရားေတာင္ အၿပီးမတည္ရေသးဘူး။ ဒီေကာင္ေတြက လာေနရာ ယူလိုက္တာပဲ။ ဒီထဲမွာ သူတို႔လုပ္သြားတဲ့ ဘန္ကာေတြရွိတယ္” ဟု အဆိုပါတာဝန္ရွိသူက လိုက္ျပ သည္။ ယင္း ဘုန္းႀကီးေက်ာင္းဝင္းအတြင္း တပ္မေတာ္မွ ေနရာယူထားသည္။ ပင္ပန္းႏြမ္းနယ္ ေနၾက ဟန္တူေသာ္လည္း ယင္းေအာင္ပြဲရ တပ္မ ေတာ္သားမ်ား၏မ်က္ႏွာတြင္ စိတ္အားထက္သန္မႈကို ေတြ႕ ျမင္ရသည္။
စာေရးသူက လက္ေဆာင္ေပးရန္ The Statesman ဂ်ာနယ္ ယူလာခ်ိန္တြင္ တပ္မေတာ္သား တစ္ဦးက “ကြၽန္ေတာ္တို႔ မိုးၿဗဲေအာင္ပြဲ ေကာ ဂ်ာနယ္မွာပါၿပီလားအစ္ကို” ဟု ေမးေလရာ စာေရးသူ ရင္ထဲနင့္သြားမိသည္။ တပ္မေတာ္သား မ်ားသည္ မိုးၿဗဲတြင္ တိုင္းျပည္အတြက္ ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ ထမ္း ေဆာင္ရင္း ေအာင္ပြဲရသည့္အေၾကာင္းကို အမ်ားျပည္သူထံသိေစခ်င္ေၾကာင္းစိတ္ကို စာေရးသူ ခံစား လိုက္ရ၏။
“တပ္မေတာ္သားေတြ ျပန္ယူေပးထားတဲ့ ၿမိဳ႕အေၾကာင္း ကြၽန္ေတာ္တို႔ ေသခ်ာေရးသားေဖာ္ျပ ေပးထားပါတယ္ခင္ဗ်” ဟု ဂ်ာနယ္ေပးရင္း၊ ေဖာ္ျပထားသည့္သတင္းႏွင့္ ဓာတ္ပုံမ်ားကို ျပရင္း ေျပာ သည့္အခါ အဆိုပါတပ္မေတာ္သားက ၿပဳံးရင္း နားေထာင္ေလ၏။ အဆိုပါျမင္ကြင္းကို စာေရးသူ တစ္သက္လုံး ေမ့ႏိုင္ေတာ့မည္ မဟုတ္ေပ။
ထို႔ေနာက္ မိုးၿဗဲ ေမြေတာ္ ဓာတ္စစ္ ဘုရားႀကီးသို႔ ေရာက္ရွိခဲ့သည္။ အဆိုပါ ဘုရားႀကီးတြင္ လည္း KNDF တို႔ ေနရာယူထားခဲ့၏။ တပ္မေတာ္က သာသနိကအေဆာက္အအုံကို ထိခိုက္မႈ အနည္း ဆုံးျဖစ္ေစရန္ေဆာင္႐ြက္ၿပီး ရယူခဲ့ေသာေနရာျဖစ္သည္။ စာေရးသူတို႔ေရာက္ရွိခ်ိန္တြင္ ယင္း သာသနိက နယ္ေျမသည္ကား ဆည္းလည္းသံျဖင့္ ၿငိမ္းခ်မ္းေနေလၿပီ။
“ဒီေကာင္ေတြက ဘုရားေတြမွာ ေနရာယူတာ။ ဒီေနရာကေတာ့ ေဆးကုတဲ့ေနရာလိုပုံမ်ိဳးေပါ့။ တပ္မေတာ္ဘက္ကဘုရားကို မထိေအာင္သတိထားၿပီး သိမ္းယူခဲ့တာ” ဟု တာဝန္ရွိသူကဆိုသည္။
ထို႔ေနာက္ အၾကမ္းဖက္သမားတို႔ မီးရႈိ႕သြားေသာ မိုးၿဗဲၿမိဳ႕မေဈးသို႔ အေသးစိတ္ မွတ္တမ္းယူရန္ ေရာက္သည္။ ကနဦးက ျဖတ္သြားခဲ့ ေသာ္လည္း ပ်က္စီးသည္ဟုသာ သိထားခဲ့သည္။ အနီးကပ္ ေရာက္ ေသာအခါတြင္ကား ပို၍သိသာေန ၏။ ခ်ဳံႏြယ္တို႔ကလည္း ေဈးအတြင္း ေနရာယူေပါက္ ေရာက္ေနၿပီ။ ေဈးကို အစမွျပန္ေဆာက္ရမည့္ အေနအထားပင္။ ေဈး၏ မ်က္ေစာင္းထိုးတြင္ရွိေသာ ေဆြသစ္မြန္ အမည္ရွိတိုက္ကို KNDF တို႔ အကာအကြယ္ယူ ပစ္ခတ္ေနေသာေၾကာင့္ တပ္မေတာ္သားမ်ားက အ ေတာ္ပင္ ေခ်မႈန္းလိုက္ရေၾကာင္း သိရ သည္။ ယင္းေနရာသည္လည္း သမိုင္းဝင္ေနရာ တစ္ခု ျဖစ္လာ ဖြယ္ရွိ၏။
ပ်က္စီးေနေသာ မိုးၿဗဲေဈးေရွ႕ လမ္းမအတိုင္း ဗီဒီယို႐ိုက္ရင္း လမ္းေလွ်ာက္သည့္အခါ လန္ေန ေသာ သြပ္ျပားမ်ားကို ေလတိုက္ေသာေၾကာင့္ ထြက္လာသည့္ တကြၽီကြၽီ ျမည္သည္မွလြဲ၍ ပတ္ဝန္းက်င္ က တိတ္ဆိတ္ေနသည္။ ဝါရီေကာခူ ႐ြာဘက္မွ ပစ္ခတ္သံ အခ်ိဳ႕ကိုသာ ရံဖန္ရံခါ ၾကားရ၏။ စာေရးသူ ၾကည့္ခဲ့ဖူးေသာ ဒုတိယ ကမာၻစစ္ ေနာက္ခံ ႐ုပ္ရွင္ကားမ်ားကိုပင္ ျပန္ေတြးမိေသးသည္။ ယခုလည္း စစ္ ေၾကာင့္ ပ်က္စီးသြားေသာ ၿမိဳ႕၊ ယမ္းေငြ႕ ျပယ္စ ၿမိဳ႕၊ တစ္ခ်ိန္က စည္ကားခဲ့ေသာ္လည္း ယခုေတာ့ တိတ္ ဆိတ္သြားေလေသာ ၿမိဳ႕အတြင္းကလမ္းတြင္ စာေရးသူလည္း လမ္းေလွ်ာက္ေနသည္မဟုတ္ပါလား။
ၿမိဳ႕ကား ေနရာအႏွံ႔တြင္ပင္ အပ်က္အစီးက ရွိေနသည္။ မိုးၿဗဲရဲစခန္းသို႔ သြားေရာက္ရာတြင္ကား ရဲစခန္းေရွ႕ ေရာက္ေနသည့္တိုင္ စာေရးသူရဲစခန္းကို မျမင္ေသာေၾကာင့္ လိုက္ပါရွင္းလင္းျပသေပးေသာ တာဝန္ရွိသူကိုပင္ေမးယူရ၏။ ရဲစခန္းကား ခ်ဳံမ်ားႏွင့္ ဖုံးလႊမ္းသြားၿပီျဖစ္သည့္အျပင္ ဆိုင္းဘုတ္လည္း ဖ်က္ဆီးခံထားရေလရာ “ဪသာ္ ဒီခ်ဳံေတာဟာ ရဲစခန္း ျဖစ္ခဲ့တာပဲ” ဟု စိတ္အတြင္းက မွတ္ယူရ ေတာ့သည္။
ရသည့္အခ်ိန္အတြင္း မိုးၿဗဲၿမိဳ႕တြင္ သတင္းမွတ္တမ္းရယူၿပီးေနာက္ အျပန္တြင္ မိုးၿဗဲၿမိဳ႕မွ လယ္ တီကမၼ႒ာန္းေက်ာင္းတိုက္သို႔ ေနာက္ဆုံးေလ့ လာခဲ့ၾကသည္။ ယင္းေနရာတြင္ KNDF တို႔က မိုင္းမ်ား ေထာင္ခဲ့ၾကသည္။ အေသအလဲ ဆုပ္ကိုင္ခဲ့ၾကေသးေသာ္လည္း တပ္မေတာ္က ေအာင္ျမင္စြာ ထိန္းသိမ္း ႏိုင္ေသာေနရာျဖစ္ၿပီး တပ္မေတာ္က သတင္းထုတ္ျပန္ရာတြင္လည္း ယင္းေနရာေရွ႕တြင္ ႐ိုက္ကူးထား ေသာ ေအာင္ပြဲရတပ္မေတာ္သားမ်ား၏ ဓာတ္ပုံပါဝင္သည္။
မိုးၿဗဲၿမိဳ႕ဆီမွ ျပန္ထြက္ခ်ိန္တြင္ စာေရးသူ တို႔ရင္အတြင္း ကိုယ္စီအေတြးမ်ားပါလာၾက၏။ ထုတ္ မေျပာျဖစ္ၾကေသာ္လည္း စစ္၏အခိုးအေငြ႕ကို ခံစားလိုက္ရပုံခ်င္းေတာ့ အတူတူပင္ျဖစ္ပါသည္။ မိုးၿဗဲ ကား တစ္ခ်ိန္က စည္ကားခဲ့သည္။ မိုးၿဗဲ ဆည္နံ ေဘးမွၿမိဳ႕သည္ စစ္ေၾကာင့္ထိခိုက္ခဲ့ရသည္။ ၿမိဳ႕ ၏ အေပၚတြင္ အမာ႐ြတ္မ်ားစြာတို႔ က်န္ေနေလၿပီ။ သို႔ေသာ္ ယင္းၿမိဳ႕တြင္ မၾကာမီ ျပည္သူတို႔ ျပန္လည္ ဝင္ ေရာက္ေနထိုင္ႏိုင္ၾကေတာ့မည္ ျဖစ္သည္။
ထိုအခါ စစ္ကိုမုန္းတီးေၾကာက္႐ြံ႕သြားေသာ ယင္း ျပည္သူတို႔သည္ ေနာင္လာေနာင္သား မ်ားစြာ ကို စစ္အတြင္းက အေတြ႕အႀကဳံမ်ားအေၾကာင္း ျပန္ေျပာင္းေျပာျပၾကေပလိမ့္မည္။