KTLA နှင့် KNU တို့၏ တင်းမာမှုများအကြား ထားဝယ်ဒေသခံများ နေရကျပ်နေ

611

သန့်ဇင် (NP News)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် KTLA နှင့် KNU တို့၏ ပဋိပက္ခတင်းမာမှုများ ကြောင့် ဒေသခံများအနေဖြင့်လည်း ယခင်ထက်နေထိုင်ရကျပ်တည်းလာပြီဖြစ်ကြောင်း ဒေသခံ တစ်ဦး NP News သို့ပြောသည်။
လက်ရှိထားဝယ်မြို့နယ်အတွင်းရှိ KTLA အဖွဲ့ကို KNU လက်အောက်ခံ KNLA အဖွဲ့က လာ ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး KTLA နှင့် KNU အဖွဲ့တို့ကြား စစ်ရေးတင်းမာ နေလျက်ရှိကြောင်း သိရသည်။ “သူတို့အဖွဲ့တွေဖြစ်တာက ထားဝယ်အရှေ့တောမှာ ဖြစ်တာ။ အဓိက က တော့ ဒေသခံတွေအကုန်လုံး နေရစားရတာအကုန် ကျပ်ကုန်တာပေါ့။ သူတို့ဖြစ်လေလေ ပြည်သူတွေနေ ရထိုင်ရကျပ်လေပဲ။ နောက်ဆုံး ထားဝယ်မြို့မှာပဲ အကုန်လာပြီးသောင်တင်ကုန်ကြတာပေါ့။ အရင်က ထားဝယ်မြို့မှာ လူဦးရေ (၄)သိန်းရှိရင် အခုဆိုရင် (၇)သိန်းလောက် ရှိလာတာပေါ့”ဟု ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။ KTLA အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ၎င်းတို့၏ဌာနချုပ်မှ အဖွဲ့ဝင်များနှင့် လက်နက်ခဲ ယမ်းများအား KNU အဖွဲ့က ဖမ်းဆီးယူဆောင် သွားခြင်းနှင့် KTLA အဖွဲ့ဝင်များကို ဖမ်းဆီးနှိပ်စက်မှုများ ကြောင့် ပဋိပက္ခများပိုမိုကြီးထွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် KTLA အဖွဲ့နှင့် KNU တို့သည် ထားဝယ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး အဆိုပါ တိုက်ပွဲအတွင်း ဒေသတွင်း PDF များဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း KTLA ကထုတ်ပြန်ခဲ့ ဖူးသည်။ “သူတို့က ထားဝယ်နဲ့ ထီးခီးကြားက လမ်းပိုင်းမှာ နေရာယူကြတာများတယ်။ ထားဝယ်အရှေ့ တောတစ်ခွင်မှာပဲရှိတယ်။ အဲဒီကောင်တွေက အဲဒီမှာဆိုတော့ ထားဝယ်မြစ်ရဲ့ အရှေ့ခြမ်းတစ်ခြမ်းလုံး ကိုရှင်းထုတ်နိုင်ခဲ့ရင် ပြီးပြီ။ အဲခွင်ကို ရှင်းထုတ်နိုင်ရင် တနင်္သာရီတိုင်းတစ်တိုင်းလုံးနီးပါး အေးပြီ။ အခုဒီ ကောင်တွေ လှုပ်ရှားတာအဲဒီနေရာပဲရှိတယ်။ နယ်စပ် မှာဆိုရင် မောတောင်ရှိတယ်။ ထီးခီးရှိတယ်။ အဲဒီ နယ်စပ်နားမှာပဲ ဒီကောင်တွေ အသက်ရှင်ရပ်တည် တဲ့ကောင်တွေ။ အဲဒီမှာပဲ ဒုက္ခပေးနေတာ”ဟု အ ထက်ပါ ဒေသခံက ဆိုသည်။ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလကလည်း ထားဝယ်ဒေသတွင် KNU လက်အောက်ခံ KNLA နှင့် KTLA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ထားဝယ်ဒေသနှင့် မြန်မာ-ထိုင်းနယ်စပ် တစ်လျှောက်ကျင်လည်နေသည့် အထက်ပါလက် နက်ကိုင်အဖွဲ့များသည် ဓားပြတိုက်ခြင်းဖြင့်သာ အဓိက စီးပွားရှာနေကြကြောင်း အထက်ပါ သတင်း ရင်းမြစ်ကဆိုသည်။ “ဒီကောင်တွေကတော့ ဓားပြတိုက်စားတယ်။ သူတို့နဲ့ နည်းနည်းငြိစွန်းသူတွေ ဆိုရင် ငွေအကြိုက်တောင်းတာပဲ။ လမ်းပေါ်တွေကို လည်း နည်းနည်းအေးချမ်းပြီဆိုတက်လာပြီ။ ပိုက်ဆံ ကောက်ပြန်ပြီ။ အခုတော့ တပ်ဘက်ကသူတို့ကို တိုက်ပွဲဖော်ရင် ပြန်ဗျင်းမယ်ဆိုတဲ့ အသံတွေထွက် နေတယ်။ မငြိမ်ရင်တော့ ဗျင်းခံရတော့မယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

Zawgyi Version:
KTLA ႏွင့္ KNU တို႔၏ တင္းမာမႈမ်ားအၾကား ထားဝယ္ေဒသခံမ်ား ေနရက်ပ္ေန
သန႔္ဇင္ (NP News)
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္တြင္ KTLA ႏွင့္ KNU တို႔၏ ပဋိပကၡတင္းမာမႈမ်ား ေၾကာင့္ ေဒသခံမ်ားအေနျဖင့္လည္း ယခင္ထက္ေနထိုင္ရက်ပ္တည္းလာၿပီျဖစ္ေၾကာင္း ေဒသခံ တစ္ဦး NP News သို႔ေျပာသည္။
လက္ရွိထားဝယ္ၿမိဳ႕နယ္အတြင္းရွိ KTLA အဖြဲ႕ကို KNU လက္ေအာက္ခံ KNLA အဖြဲ႕က လာ ေရာက္တိုက္ခိုက္မည္ဆိုသည့္ သတင္းမ်ားထြက္ေပၚေနၿပီး KTLA ႏွင့္ KNU အဖြဲ႕တို႔ၾကား စစ္ေရးတင္းမာ ေနလ်က္ရွိေၾကာင္း သိရသည္။ “သူတို႔အဖြဲ႕ေတြျဖစ္တာက ထားဝယ္အေရွ႕ေတာမွာ ျဖစ္တာ။ အဓိက က ေတာ့ ေဒသခံေတြအကုန္လုံး ေနရစားရတာအကုန္ က်ပ္ကုန္တာေပါ့။ သူတို႔ျဖစ္ေလေလ ျပည္သူေတြေန ရထိုင္ရက်ပ္ေလပဲ။ ေနာက္ဆုံး ထားဝယ္ၿမိဳ႕မွာပဲ အကုန္လာၿပီးေသာင္တင္ကုန္ၾကတာေပါ့။ အရင္က ထားဝယ္ၿမိဳ႕မွာ လူဦးေရ (၄)သိန္းရွိရင္ အခုဆိုရင္ (၇)သိန္းေလာက္ ရွိလာတာေပါ့”ဟု ေဒသခံအမ်ိဳးသား တစ္ဦးက ဆိုသည္။ KTLA အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္မူ ၎တို႔၏ဌာနခ်ဳပ္မွ အဖြဲ႕ဝင္မ်ားႏွင့္ လက္နက္ခဲ ယမ္းမ်ားအား KNU အဖြဲ႕က ဖမ္းဆီးယူေဆာင္ သြားျခင္းႏွင့္ KTLA အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးႏွိပ္စက္မႈမ်ား ေၾကာင့္ ပဋိပကၡမ်ားပိုမိုႀကီးထြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ KTLA အဖြဲ႕ႏွင့္ KNU တို႔သည္ ထားဝယ္ေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားလာႏိုင္ၿပီး အဆိုပါ တိုက္ပြဲအတြင္း ေဒသတြင္း PDF မ်ားဝင္ေရာက္စြက္ဖက္ျခင္းမျပဳရန္လည္း KTLA ကထုတ္ျပန္ခဲ့ ဖူးသည္။ “သူတို႔က ထားဝယ္နဲ႔ ထီးခီးၾကားက လမ္းပိုင္းမွာ ေနရာယူၾကတာမ်ားတယ္။ ထားဝယ္အေရွ႕ ေတာတစ္ခြင္မွာပဲရွိတယ္။ အဲဒီေကာင္ေတြက အဲဒီမွာဆိုေတာ့ ထားဝယ္ျမစ္ရဲ႕ အေရွ႕ျခမ္းတစ္ျခမ္းလုံး ကိုရွင္းထုတ္ႏိုင္ခဲ့ရင္ ၿပီးၿပီ။ အဲခြင္ကို ရွင္းထုတ္ႏိုင္ရင္ တနသၤာရီတိုင္းတစ္တိုင္းလုံးနီးပါး ေအးၿပီ။ အခုဒီ ေကာင္ေတြ လႈပ္ရွားတာအဲဒီေနရာပဲရွိတယ္။ နယ္စပ္ မွာဆိုရင္ ေမာေတာင္ရွိတယ္။ ထီးခီးရွိတယ္။ အဲဒီ နယ္စပ္နားမွာပဲ ဒီေကာင္ေတြ အသက္ရွင္ရပ္တည္ တဲ့ေကာင္ေတြ။ အဲဒီမွာပဲ ဒုကၡေပးေနတာ”ဟု အ ထက္ပါ ေဒသခံက ဆိုသည္။ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ေဖေဖာ္ဝါရီလကလည္း ထားဝယ္ေဒသတြင္ KNU လက္ေအာက္ခံ KNLA ႏွင့္ KTLA အဖြဲ႕တို႔ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။
ထားဝယ္ေဒသႏွင့္ ျမန္မာ-ထိုင္းနယ္စပ္ တစ္ေလွ်ာက္က်င္လည္ေနသည့္ အထက္ပါလက္ နက္ကိုင္အဖြဲ႕မ်ားသည္ ဓားျပတိုက္ျခင္းျဖင့္သာ အဓိက စီးပြားရွာေနၾကေၾကာင္း အထက္ပါ သတင္း ရင္းျမစ္ကဆိုသည္။ “ဒီေကာင္ေတြကေတာ့ ဓားျပတိုက္စားတယ္။ သူတို႔နဲ႔ နည္းနည္းၿငိစြန္းသူေတြ ဆိုရင္ ေငြအႀကိဳက္ေတာင္းတာပဲ။ လမ္းေပၚေတြကို လည္း နည္းနည္းေအးခ်မ္းၿပီဆိုတက္လာၿပီ။ ပိုက္ဆံ ေကာက္ျပန္ၿပီ။ အခုေတာ့ တပ္ဘက္ကသူတို႔ကို တိုက္ပြဲေဖာ္ရင္ ျပန္ဗ်င္းမယ္ဆိုတဲ့ အသံေတြထြက္ ေနတယ္။ မၿငိမ္ရင္ေတာ့ ဗ်င္းခံရေတာ့မယ္”ဟု အထက္ပါ ေဒသခံက ဆိုသည္။