ထရမ့်ရဲ့ ရုရှားအပေါ် မူဝါဒအပြောင်းအလဲက တရုတ်- ရုရှားဆက်ဆံရေးကို ပျက်ပြားအောင် ဖန်တီးနိုင်ပါ့မလား . . .

966

တင်ဇာ (NP News) - မတ် ၅
သမ္မတထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် သမားရိုးကျလမ်းကြောင်းမှ သွေဖည်သွားနေကြောင်း တွေ့မြင်နိုင်သည်။ ရုရှားနိုင်ငံအပေါ် ၎င်း၏ ချဉ်း ကပ်မှုသည် ကမ္ဘာလုံးဆိုင်ရာလိုက်လျောညီထွေမှုကို ပြန်လည်ပုံဖော်ရန်ရည်ရွယ်သည့် ၎င်း၏ဗျူဟာများ ကို မြင်တွေ့နေရသည်။ ယခင်အစိုးရများ၏ ထိပ်တိုက်ရင် ဆိုင်မှုရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်း မည့်အစား ထရမ့်က မော်စကိုနှင့်အတူ ညှိနှိုင်းဖြေရှင်းရေး ချဉ်းကပ်မှုပုံစံဖြင့်သွားလိုကြောင်း ထင်ရှား လာသည်။ ထရမ့်အနေဖြင့် တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကို တန်ပြန်ရန် အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်ဖို့ လိုလားနေပုံရသည်။ သို့သော် ယင်းအပြောင်းအလဲသည် နေတိုးမဟာမိတ်အဖွဲ့နှင့် ကမ္ဘာ လုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆက်များရှိလာနိုင်မည်လောဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ထရမ့်၏ရုရှားမူဝါဒ အဘယ်ကြောင့် ပြောင်းလဲလာသနည်း
ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် ရုရှားနှင့်တရုတ်နိုင်ငံတို့ အပေါ် ချုပ်ကိုင်လိုခြင်း၊ ထိန်းသိမ်းလိုခြင်းပုံစံဖြင့် သွားနေခဲ့သည်။ သို့သော် ထရမ့်အာဏာပြန်ရလာချိန် တွင် ရုရှားနှင့်အမေရိကန်ကြား တင်းမာမှုများကို ဖြေလျှော့ရန်ကြိုးပမ်းလာခဲ့ပြီး တရုတ်နိုင်ငံကို ပထဝီ ဝင် နိုင်ငံရေးစိန်ခေါ်သူအဖြစ်ဦးစားပေးကာ အာရုံစိုက်သွားမည့်လက္ခဏာများကို ညွှန်ပြနေသည်။ အမေ ရိကန်အနေဖြင့် ရုရှားကို ဆက်လက်ဆန့်ကျင်နေမည်ဆိုပါက တရုတ်၏ဗျူဟာလမ်းကြောင်းထဲသို့ ရုရှား ကို ပိုမိုတွန်းပို့သကဲ့သို့ဖြစ်နေလိမ့်မည်ဟု အမေရိကန်က ယုံကြည်နေသည်။ ခိုင်မာသော တရုတ်-ရုရှား မိတ်ဖက်ဆက်ဆံရေးသည် အမေရိကန်အတွက် အဆိုးရွားဆုံးသောစိန်ခေါ်မှု ဖြစ်လာနိုင်သည်ဟု ယူဆ သည်။ အင်အားကြီးနှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ညှိနှိုင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းလာပါက အမေရိကန်အနေဖြင့် ပိုမိုရှုပ်ထွေးသော ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထရမ့်အစိုးရက ရုရှားကို သံတမန်ရေးနှင့် စီးပွားရေးမက်လုံးများပေးခြင်းဖြင့် တရုတ်- ရုရှား မိတ်ဖက် ဆက်ဆံရေးကို အားနည်းယုတ်လျော့သွားအောင် ဖန်တီးလိုသည်။ သို့မှသာ အမေရိကန်အနေဖြင့် အနာဂတ်တွင် တရုတ် နှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ရာ၌ ရုရှား၏အန္တရာယ်ကို လျစ်လျူရှုထားနိုင်မည်ဖြစ်သည်။
အမေရိကန်အနေဖြင့် တရုတ်ကို တန်ပြန်ရန် အရေးတကြီးလုပ်ဆောင်ရခြင်းမှာ ၎င်း၏ ကြီး ထွားလာသော စီးပွားရေးနှင့် စစ်ရေးအင်အားကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန် သွယ်နိုင်ငံအဖြစ် အမေရိကန်ကိုကျော်လွန်ကာ AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုနှင့် ကွမ်တမ်ကွန် ပျူတာတို့တွင် သိသိသာသာတိုးတက်လာခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၏ ခေတ်မီ တိုးတက်လာခြင်းနှင့် ၎င်း၏ရေတပ်အင်အားကြီးထွားလာမှုသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် ကို စိန်ခေါ်သလိုဖြစ်လာသည်။ တစ်ချိန်တည်းတွင် ရပ်ဝန်းနှင့်ပိုးလမ်းမကြီးကဲ့သို့သော စီမံကိန်းများမှ တစ်ဆင့် ဘေဂျင်းသည် အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပတစ်ဝန်းလုံးတွင် ၎င်း၏ဩဇာကို သိသိသာသာ ချဲ့ထွင်လာခဲ့သည်။ ထိုသို့သော အကြောင်းအရင်းများကြောင့် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အဖွဲ့သည် ရုရှားကို ဒုတိယစိုးရိမ်မှုအဖြစ်ရှုမြင်လာကာ တရုတ်၏ ဗျူဟာမြောက်လမ်းကြောင်းထဲသို့ ဝင် မသွားစေရန် ရုရှား နှင့်သင့်မြတ်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ရုရှားနှင့် တရုတ်အကြား သံတမန်ရေးရာ ကွဲပြားစွာ ဆက်ဆံလာခြင်း
ထရမ့်၏ချဉ်းကပ်မှုသည် (၁၉၇၂) ခုနှစ်တွင် သမ္မတရစ်ချတ်နစ်ဆင်၏ တရုတ်နိုင်ငံကို ရင်းနှီးစွာ ဆက်ဆံခဲ့သည့်အချိန်များကို ပြန်ပြောင်းအမှတ် ရစေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် အမေရိ ကန်သည် တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ရပ်တည် ချက်ကို အားနည်းသွားစေရန် ရုရှားနှင့် တိုက်ရိုက်ထိ တွေ့ဆက်ဆံဖို့ ကြိုးပမ်းနေသောကြောင့် အဆိုပါ အခန်းကဏ္ဍများသည် ပြောင်းပြန်ဖြစ်သွားသည်ဟုဆို ရမည်။ အမေရိကန်အစိုးရက ရုရှားကို သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများပြုလုပ်နိုင်ရန် ယခင် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများရုပ်သိမ်းရေး၊ ယူကရိန်းနှင့်ပတ်သက်၍ တင်းမာမှုများကို လျှော့ချပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့သောမက်လုံးများက မော်စကိုကို ဘေဂျင်းနှင့်ဆက်ဆံရေးကို ယုတ်လျော့သွားအောင် ပြု လုပ်နိုင်မည်ဟု အမေရိကန်ကယူဆနေသည်။ သို့သော် ယူဆချက်တွင် ချို့ယွင်းချက်များရှိနေသည်။ စစ်အေးကာလတွင် အယူဝါဒကွဲလွဲမှုများသည် တရုတ်နှင့် ဆိုဗီယက်ယူနီယံကို ပိုင်းခြားထားနိုင်သော် လည်း ယနေ့ ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာမူ အနောက်တိုင်းကြီးစိုးမှုကို ဆန့်ကျင်ခြင်းအဖြစ် တည် ဆောက်ထားသည်။ နှစ်နိုင်ငံစလုံးသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစစ်ရေးလေ့ကျင့်မှု များနှင့် BRICS အပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကဲ့သို့သော နိုင်ငံပေါင်းစုံအဖွဲ့အစည်းများ တွင် သံတမန်ရေးရာ ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ခိုင်မာသောမိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ထား သည်။ သို့ဖြစ်ပါ၍ ရုရှားအနေဖြင့် ဤဖြစ်ရပ်မှန်အခြေအနေများကိုထောက်ရှု၍ မသေချာမရေရာသော အမေရိကန်၏ လိုက်လျောမှုများနှင့် လဲလှယ်ခြင်းဖြင့် ၎င်းနှင့်တရုတ်အကြား ဆက်ဆံရေးကို စွန့်လွှတ် ရန်မှာ မသေချာမရေရာသောကိစ္စ ဖြစ်လာသည်။
ထရမ့်မူဝါဒ၏ နေတိုးနှင့်ဥရောပလုံခြုံရေးအပေါ် အကျိုးအပြစ်များ
ထရမ့်၏ ထိုသို့သောချဉ်းကပ်မှုများသည် သိသာထင်ရှားသောမဟာဗျူဟာမြောက် အန္တရာယ် များကို သယ်ဆောင်လာခဲ့သည်။ ထရမ့်သည် ယူကရိန်းအပေါ်ထောက်ခံမှုကိုလျှော့ချပြီး မော်စကိုအပေါ် ဖိအားများဖြေလျှော့ခြင်းကြောင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်အတွက် စိတ်ခွန်အားများတိုးလာနိုင် သည်။ အမေရိကန်က ၎င်းကိုဆန့်ကျင်ခြင်းမရှိတော့သောကြောင့် ရုရှားသည် အရှေ့ဥရောပတွင် ပေါင်း စပ်စစ်ပွဲ သို့မဟုတ် တိုက်ရိုက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ၎င်း၏ ဩဇာချဲ့ထွင်မှုကို ပြုလုပ် လာနိုင်သည်။ ထို့ပြင် အမေရိကန်ဘက်မှ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရေးကတိကဝတ်များ က မသေချာတော့သောကြောင့် နေတိုးအဖွဲ့ပြိုကွဲရန်လည်း ဖြစ်နိုင်ခြေများ တိုးပွားလာခဲ့သည်။
ထိုကဲ့သို့ ယုံကြည်စိတ်ချရမှု နည်းပါးလာသောဝါရှင်တန်ကြောင့် ဥရောပနိုင်ငံများသည် နေတိုး မဟုတ်သော အစားထိုးလုံခြုံရေးအစီအစဉ်များကို ရှာဖွေလာနိုင်သည်။ ထို့ပြင် ဥရောပပါဝင်မှုမရှိဘဲ မော်စကို နှင့်တိုက်ရိုက်ညှိနှိုင်းမှုများကြောင့် ဂျာမနီ၊ ပြင်သစ်နှင့် ပိုလန်ကဲ့သို့သော အမေရိကန်၏ အဓိက မဟာမိတ်များအဖို့ ဘေးဖယ်ထားသလိုခံစားရစေသည်။ ယင်းက ဥရောပနိုင်ငံများကို ပိုမိုလွတ်လပ် သော နိုင်ငံခြားရေးမူဝါဒရပ်တည်ချက်ဆီသို့ တွန်းပို့နိုင်သည်။ ထို့ပြင် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကို တစုတစည်းတည်းတုံ့ပြန်ရန် ဝါရှင်တန်၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလည်း လျော့ကျသွားနိုင်သည်။
ထရမ့်၏ပြန်လည်ချိန်ညှိမှုသည် ခိုင်မာသောမူဝါဒဆုံးဖြတ်ချက်များတွင် ထင်ရှားနေပြီဖြစ်သည်။ ၎င်း၏ အစိုးရအဖွဲ့သည် ဥရောပလုံခြုံရေးအတွက် ယခင်ကပေးအပ်ထားသော ကတိကဝတ်များ နှင့်သွေ ဖည်သွားပြီဖြစ်ကြောင်း အချက်ပြလာသည်။ အမေရိကန်က ယူကရိန်းအတွက် စစ်ရေးအကူအညီများ ပေးအပ်ခြင်းကိုလျှော့ချရန် တိုက်ငတွန်းလာပြီဖြစ်သောကြောင့် ယူကရိန်းအနေဖြင့် ရုရှားကို တန်ပြန် ထိုးစစ်များဆင်နွှဲရန် ခက်ခဲသွားမည်ဖြစ်သည်။
ဤအစီအမံများသည် အမေရိကန်-တရုတ် ထိပ်တိုက်တွေ့မှုတွင် မော်စကို၏ ကြားနေရေးကို သေချာစေရန်ရည်ရွယ်သော်လည်း ၎င်းတို့သည် ရေတိုအကျိုးအမြတ်ထက်သာလွန်သည့် ရေရှည် အန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။ ထို့ပြင် ရုရှားသည် အဆိုပါအခြေအနေများကို အနောက်အုပ် စု၏အားနည်းချက်များအဖြစ် ရှုမြင်လာမည်ဆိုပါက ရုရှားက ဥရောပတစ်ခွင် ပထဝီနိုင်ငံရေးအရ အမြတ် ထုတ်ရန်ကြိုးပမ်းလာနိုင်သည်။
ထရမ့်၏ ရုရှားနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲသည် ကမ္ဘာလုံးဆိုင်ရာ လိုက်လျော ညီထွေဖြစ်စေမှုများအတွက်ရည်မှန်းသော်လည်း ၎င်း၏ရေရှည်အကျိုးဆက်များမှာ မရေရာသေးပါ။ ရုရှားနှင့်တရုတ်အကြား ခွဲခြားခြင်းသည် သီအိုရီအရ အမေရိကန်ကို ဗျူဟာမြောက် ပြောင်းလွယ် ပြင် လွယ်အနေအထားမျိုးကို ပေးနိုင်သော်လည်း ယင်းမူဝါဒကို အကောင်အထည်ဖော်ခြင်းသည် မလိုလား အပ်သော အကျိုးဆက်များဖြစ်ပေါ်စေနိုင်သောကြောင့် စိုးရိမ်ပူပန်မှုများတိုးပွားစေသည်။ ထို့ပြင် ဥရောပ နိုင်ငံများ၏ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်မည့် နေတိုးသည် အမေရိကန်၏ လျစ်လျူရှုမှုများ ကြောင့် အားနည်းလာနိုင်သလို ရုရှားကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူလာနိုင်သည်။ ထို့ပြင် တရုတ်နှင့် ဝေးကွာအောင်ဆွဲဆောင်နေသော အမေရိကန်၏ ရုရှားအတွက် မက်လုံးများသည် အကန့် အသတ်ရှိနေဆဲဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် အမေရိကန်၏ ရုရှားအပေါ် ပြောင်းလဲလာသောနိုင်ငံခြားရေးမူဝါဒ သည် ကြုံတောင့်ကြုံခဲအခြေအနေဖြစ်သည်။ ထရမ့်အစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခကို အမြန်ဆုံး အဖြေရှာရန်ဟူသော ခေါင်းစဉ်ဖြင့် ရုရှားနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်ကြိုးပမ်းလာသော်လည်း အ မှန်တကယ်ရည်ရွယ်ချက်မှာမူ ၎င်းနှင့်တရုတ်အကြား အနာဂတ်ပြိုင်ဆိုင်မှုများတွင် ရုရှားပါဝင်လာခြင်းမ ရှိအောင် မဟာဗျူဟာမြောက် အကွက်ရွှေ့ခြင်း သက်သက်သာဖြစ်သည်။ ဤအခြေအနေတွင် အမေရိ ကန်ကို ယုံစားမိသော အနောက်ဥရောပမဟာမိတ်များနှင့် ယူကရိန်းမှာ သိသိသာသာအထိ နာမည့် အလားအလာများရှိနေသည်။ ၎င်းတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သော ဒေသတွင်းစိန်ခေါ်မှုများကို တုံ့ပြန် ရန်အတွက် စုပေါင်းမဟာမိတ်လုံခြုံရေးမှာလည်း အမေရိကန်ကြောင့် တဖြည်းဖြည်း စည်းလုံးမှု ပျက် ပြားကာ ပြိုကွဲတော့မည့်အနေအထားဖြစ်နေသည်။ ထို့ကြောင့် အမေရိကန်၏ ရုရှားအပေါ် ဗျူဟာ မြောက်အပြောင်းအလဲသည် ဥရောပနိုင်ငံများကိုသာ အထိနာစေမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖြစ်ပေါ် လာနိုင်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
ထရမ့္ရဲ႕ ႐ုရွားအေပၚ မူဝါဒ အေျပာင္းအလဲက တ႐ုတ္- ႐ုရွားဆက္ဆံေရးကို ပ်က္ျပားေအာင္ ဖန္တီးႏိုင္ပါ့မလား . . .
တင္ဇာ (NP News) - မတ္ ၅
သမၼတထရမ့္ အိမ္ျဖဴေတာ္သို႔ ျပန္ေရာက္လာၿပီးေနာက္ အေမရိကန္၏ ႏိုင္ငံျခားေရးမူဝါဒသည္ သမား႐ိုးက်လမ္းေၾကာင္းမွ ေသြဖည္သြားေနေၾကာင္း ေတြ႕ျမင္ႏိုင္သည္။ ႐ုရွားႏိုင္ငံအေပၚ ၎၏ ခ်ဥ္း ကပ္မႈသည္ ကမာၻလုံးဆိုင္ရာလိုက္ေလ်ာညီေထြမႈကို ျပန္လည္ပုံေဖာ္ရန္ရည္႐ြယ္သည့္ ၎၏ဗ်ဴဟာမ်ား ကို ျမင္ေတြ႕ေနရသည္။ ယခင္အစိုးရမ်ား၏ ထိပ္တိုက္ရင္ ဆိုင္မႈရပ္တည္ခ်က္ကို ဆက္လက္ထိန္းသိမ္း မည့္အစား ထရမ့္က ေမာ္စကိုႏွင့္အတူ ညႇိႏႈိင္းေျဖရွင္းေရး ခ်ဥ္းကပ္မႈပုံစံျဖင့္သြားလိုေၾကာင္း ထင္ရွား လာသည္။ ထရမ့္အေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ ဩဇာႀကီးထြားလာမႈကို တန္ျပန္ရန္ အေျပာင္းအလဲ တစ္ခုကို လုပ္ေဆာင္ဖို႔ လိုလားေနပုံရသည္။ သို႔ေသာ္ ယင္းအေျပာင္းအလဲသည္ ေနတိုးမဟာမိတ္အဖြဲ႕ႏွင့္ ကမာၻ လုံးဆိုင္ရာ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အက်ိဳးဆက္မ်ားရွိလာႏိုင္မည္ေလာဟူ၍ ေမးခြန္းထုတ္စရာ ျဖစ္လာသည္။
ထရမ့္၏႐ုရွားမူဝါဒ အဘယ္ေၾကာင့္ ေျပာင္းလဲလာသနည္း
ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ အေမရိကန္၏ ႏိုင္ငံျခားေရးမူဝါဒသည္ ႐ုရွားႏွင့္တ႐ုတ္ႏိုင္ငံတို႔ အေပၚ ခ်ဳပ္ကိုင္လိုျခင္း၊ ထိန္းသိမ္းလိုျခင္းပုံစံျဖင့္ သြားေနခဲ့သည္။ သို႔ေသာ္ ထရမ့္အာဏာျပန္ရလာခ်ိန္ တြင္ ႐ုရွားႏွင့္အေမရိကန္ၾကား တင္းမာမႈမ်ားကို ေျဖေလွ်ာ့ရန္ႀကိဳးပမ္းလာခဲ့ၿပီး တ႐ုတ္ႏိုင္ငံကို ပထဝီ ဝင္ ႏိုင္ငံေရးစိန္ေခၚသူအျဖစ္ဦးစားေပးကာ အာ႐ုံစိုက္သြားမည့္လကၡဏာမ်ားကို ၫႊန္ျပေနသည္။ အေမ ရိကန္အေနျဖင့္ ႐ုရွားကို ဆက္လက္ဆန႔္က်င္ေနမည္ဆိုပါက တ႐ုတ္၏ဗ်ဴဟာလမ္းေၾကာင္းထဲသို႔ ႐ုရွား ကို ပိုမိုတြန္းပို႔သကဲ့သို႔ျဖစ္ေနလိမ့္မည္ဟု အေမရိကန္က ယုံၾကည္ေနသည္။ ခိုင္မာေသာ တ႐ုတ္-႐ုရွား မိတ္ဖက္ဆက္ဆံေရးသည္ အေမရိကန္အတြက္ အဆိုး႐ြားဆုံးေသာစိန္ေခၚမႈ ျဖစ္လာႏိုင္သည္ဟု ယူဆ သည္။ အင္အားႀကီးႏွစ္ႏိုင္ငံအၾကား စစ္ေရး၊ စီးပြားေရးႏွင့္ သံတမန္ေရးရာ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ား ပိုမို နက္ရႈိင္းလာပါက အေမရိကန္အေနျဖင့္ ပိုမိုရႈပ္ေထြးေသာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ရင္ဆိုင္ရမည္ျဖစ္သည္။ ထရမ့္အစိုးရက ႐ုရွားကို သံတမန္ေရးႏွင့္ စီးပြားေရးမက္လုံးမ်ားေပးျခင္းျဖင့္ တ႐ုတ္- ႐ုရွား မိတ္ဖက္ ဆက္ဆံေရးကို အားနည္းယုတ္ေလ်ာ့သြားေအာင္ ဖန္တီးလိုသည္။ သို႔မွသာ အေမရိကန္အေနျဖင့္ အနာဂတ္တြင္ တ႐ုတ္ ႏွင့္ထိပ္တိုက္ရင္ဆိုင္ေတြ႕ရာ၌ ႐ုရွား၏အႏၲရာယ္ကို လ်စ္လ်ဴရႈထားႏိုင္မည္ျဖစ္သည္။
အေမရိကန္အေနျဖင့္ တ႐ုတ္ကို တန္ျပန္ရန္ အေရးတႀကီးလုပ္ေဆာင္ရျခင္းမွာ ၎၏ ႀကီး ထြားလာေသာ စီးပြားေရးႏွင့္ စစ္ေရးအင္အားေၾကာင့္ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး ကုန္ သြယ္ႏိုင္ငံအျဖစ္ အေမရိကန္ကိုေက်ာ္လြန္ကာ AI ၊ တစ္ပိုင္းလွ်ပ္ကူးပစၥည္းထုတ္လုပ္မႈႏွင့္ ကြမ္တမ္ကြန္ ပ်ဴတာတို႔တြင္ သိသိသာသာတိုးတက္လာခဲ့သည္။ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္၏ ေခတ္မီ တိုးတက္လာျခင္းႏွင့္ ၎၏ေရတပ္အင္အားႀကီးထြားလာမႈသည္ အင္ဒို-ပစိဖိတ္ေဒသတြင္ အေမရိကန္ ကို စိန္ေခၚသလိုျဖစ္လာသည္။ တစ္ခ်ိန္တည္းတြင္ ရပ္ဝန္းႏွင့္ပိုးလမ္းမႀကီးကဲ့သို႔ေသာ စီမံကိန္းမ်ားမွ တစ္ဆင့္ ေဘဂ်င္းသည္ အာဖရိက၊ လက္တင္အေမရိကႏွင့္ ဥေရာပတစ္ဝန္းလုံးတြင္ ၎၏ဩဇာကို သိသိသာသာ ခ်ဲ႕ထြင္လာခဲ့သည္။ ထိုသို႔ေသာ အေၾကာင္းအရင္းမ်ားေၾကာင့္ ထရမ့္၏ ႏိုင္ငံျခားေရးမူဝါဒ အဖြဲ႕သည္ ႐ုရွားကို ဒုတိယစိုးရိမ္မႈအျဖစ္ရႈျမင္လာကာ တ႐ုတ္၏ ဗ်ဴဟာေျမာက္လမ္းေၾကာင္းထဲသို႔ ဝင္ မသြားေစရန္ ႐ုရွား ႏွင့္သင့္ျမတ္ရန္ ႀကိဳးပမ္းလာျခင္းျဖစ္သည္။
႐ုရွားႏွင့္ တ႐ုတ္အၾကား သံတမန္ေရးရာ ကြဲျပားစြာ ဆက္ဆံလာျခင္း
ထရမ့္၏ခ်ဥ္းကပ္မႈသည္ (၁၉၇၂) ခုႏွစ္တြင္ သမၼတရစ္ခ်တ္နစ္ဆင္၏ တ႐ုတ္ႏိုင္ငံကို ရင္းႏွီးစြာ ဆက္ဆံခဲ့သည့္အခ်ိန္မ်ားကို ျပန္ေျပာင္းအမွတ္ ရေစသည္။ သို႔ေသာ္လည္း ယခုတစ္ႀကိမ္တြင္ အေမရိ ကန္သည္ တ႐ုတ္ႏိုင္ငံ၏ ဗ်ဴဟာေျမာက္ ရပ္တည္ ခ်က္ကို အားနည္းသြားေစရန္ ႐ုရွားႏွင့္ တိုက္႐ိုက္ထိ ေတြ႕ဆက္ဆံဖို႔ ႀကိဳးပမ္းေနေသာေၾကာင့္ အဆိုပါ အခန္းက႑မ်ားသည္ ေျပာင္းျပန္ျဖစ္သြားသည္ဟုဆို ရမည္။ အေမရိကန္အစိုးရက ႐ုရွားကို သံတမန္ေရးအရ ထိေတြ႕ဆက္ဆံမႈမ်ားျပဳလုပ္ႏိုင္ရန္ ယခင္ ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ား႐ုပ္သိမ္းေရး၊ ယူကရိန္းႏွင့္ပတ္သက္၍ တင္းမာမႈမ်ားကို ေလွ်ာ့ခ်ေပးျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္သည္။
ထိုသို႔ေသာမက္လုံးမ်ားက ေမာ္စကိုကို ေဘဂ်င္းႏွင့္ဆက္ဆံေရးကို ယုတ္ေလ်ာ့သြားေအာင္ ျပဳ လုပ္ႏိုင္မည္ဟု အေမရိကန္ကယူဆေနသည္။ သို႔ေသာ္ ယူဆခ်က္တြင္ ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနသည္။ စစ္ေအးကာလတြင္ အယူဝါဒကြဲလြဲမႈမ်ားသည္ တ႐ုတ္ႏွင့္ ဆိုဗီယက္ယူနီယံကို ပိုင္းျခားထားႏိုင္ေသာ္ လည္း ယေန႔ ႐ုရွား-တ႐ုတ္ မိတ္ဖက္ဆက္ဆံေရးမွာမူ အေနာက္တိုင္းႀကီးစိုးမႈကို ဆန႔္က်င္ျခင္းအျဖစ္ တည္ ေဆာက္ထားသည္။ ႏွစ္ႏိုင္ငံစလုံးသည္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ၊ ပူးတြဲစစ္ေရးေလ့က်င့္မႈ မ်ားႏွင့္ BRICS အပါအဝင္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကဲ့သို႔ေသာ ႏိုင္ငံေပါင္းစုံအဖြဲ႕အစည္းမ်ား တြင္ သံတမန္ေရးရာ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားျဖင့္ ခိုင္မာေသာမိတ္ဖက္ဆက္ဆံေရးကို တည္ေထာင္ထား သည္။ သို႔ျဖစ္ပါ၍ ႐ုရွားအေနျဖင့္ ဤျဖစ္ရပ္မွန္အေျခအေနမ်ားကိုေထာက္ရႈ၍ မေသခ်ာမေရရာေသာ အေမရိကန္၏ လိုက္ေလ်ာမႈမ်ားႏွင့္ လဲလွယ္ျခင္းျဖင့္ ၎ႏွင့္တ႐ုတ္အၾကား ဆက္ဆံေရးကို စြန႔္လႊတ္ ရန္မွာ မေသခ်ာမေရရာေသာကိစၥ ျဖစ္လာသည္။
ထရမ့္မူဝါဒ၏ ေနတိုးႏွင့္ဥေရာပလုံၿခဳံေရးအေပၚ အက်ိဳးအျပစ္မ်ား
ထရမ့္၏ ထိုသို႔ေသာခ်ဥ္းကပ္မႈမ်ားသည္ သိသာထင္ရွားေသာမဟာဗ်ဴဟာေျမာက္ အႏၲရာယ္ မ်ားကို သယ္ေဆာင္လာခဲ့သည္။ ထရမ့္သည္ ယူကရိန္းအေပၚေထာက္ခံမႈကိုေလွ်ာ့ခ်ၿပီး ေမာ္စကိုအေပၚ ဖိအားမ်ားေျဖေလွ်ာ့ျခင္းေၾကာင့္ ႐ုရွားသမၼတ ဗလာ ဒီမာပူတင္အတြက္ စိတ္ခြန္အားမ်ားတိုးလာႏိုင္ သည္။ အေမရိကန္က ၎ကိုဆန႔္က်င္ျခင္းမရွိေတာ့ေသာေၾကာင့္ ႐ုရွားသည္ အေရွ႕ဥေရာပတြင္ ေပါင္း စပ္စစ္ပြဲ သို႔မဟုတ္ တိုက္႐ိုက္ စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္းျဖင့္ ၎၏ ဩဇာခ်ဲ႕ထြင္မႈကို ျပဳလုပ္ လာႏိုင္သည္။ ထို႔ျပင္ အေမရိကန္ဘက္မွ ယူကရိန္းအတြက္ စစ္ေရးအကူအညီေပးေရးကတိကဝတ္မ်ား က မေသခ်ာေတာ့ေသာေၾကာင့္ ေနတိုးအဖြဲ႕ၿပိဳကြဲရန္လည္း ျဖစ္ႏိုင္ေျခမ်ား တိုးပြားလာခဲ့သည္။
ထိုကဲ့သို႔ ယုံၾကည္စိတ္ခ်ရမႈ နည္းပါးလာေသာဝါရွင္တန္ေၾကာင့္ ဥေရာပႏိုင္ငံမ်ားသည္ ေနတိုး မဟုတ္ေသာ အစားထိုးလုံၿခဳံေရးအစီအစဥ္မ်ားကို ရွာေဖြလာႏိုင္သည္။ ထို႔ျပင္ ဥေရာပပါဝင္မႈမရွိဘဲ ေမာ္စကို ႏွင့္တိုက္႐ိုက္ညႇိႏႈိင္းမႈမ်ားေၾကာင့္ ဂ်ာမနီ၊ ျပင္သစ္ႏွင့္ ပိုလန္ကဲ့သို႔ေသာ အေမရိကန္၏ အဓိက မဟာမိတ္မ်ားအဖို႔ ေဘးဖယ္ထားသလိုခံစားရေစသည္။ ယင္းက ဥေရာပႏိုင္ငံမ်ားကို ပိုမိုလြတ္လပ္ ေသာ ႏိုင္ငံျခားေရးမူဝါဒရပ္တည္ခ်က္ဆီသို႔ တြန္းပို႔ႏိုင္သည္။ ထို႔ျပင္ ကမာၻ႔လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈ မ်ားကို တစုတစည္းတည္းတုံ႔ျပန္ရန္ ဝါရွင္တန္၏ ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္းလည္း ေလ်ာ့က်သြားႏိုင္သည္။
ထရမ့္၏ျပန္လည္ခ်ိန္ညႇိမႈသည္ ခိုင္မာေသာမူဝါဒဆုံးျဖတ္ခ်က္မ်ားတြင္ ထင္ရွားေနၿပီျဖစ္သည္။ ၎၏ အစိုးရအဖြဲ႕သည္ ဥေရာပလုံၿခဳံေရးအတြက္ ယခင္ကေပးအပ္ထားေသာ ကတိကဝတ္မ်ား ႏွင့္ေသြ ဖည္သြားၿပီျဖစ္ေၾကာင္း အခ်က္ျပလာသည္။ အေမရိကန္က ယူကရိန္းအတြက္ စစ္ေရးအကူအညီမ်ား ေပးအပ္ျခင္းကိုေလွ်ာ့ခ်ရန္ တိုက္ငတြန္းလာၿပီျဖစ္ေသာေၾကာင့္ ယူကရိန္းအေနျဖင့္ ႐ုရွားကို တန္ျပန္ ထိုးစစ္မ်ားဆင္ႏႊဲရန္ ခက္ခဲသြားမည္ျဖစ္သည္။
ဤအစီအမံမ်ားသည္ အေမရိကန္-တ႐ုတ္ ထိပ္တိုက္ေတြ႕မႈတြင္ ေမာ္စကို၏ ၾကားေနေရးကို ေသခ်ာေစရန္ရည္႐ြယ္ေသာ္လည္း ၎တို႔သည္ ေရတိုအက်ိဳးအျမတ္ထက္သာလြန္သည့္ ေရရွည္ အႏၲရာယ္မ်ားကို သယ္ေဆာင္လာႏိုင္သည္။ ထို႔ျပင္ ႐ုရွားသည္ အဆိုပါအေျခအေနမ်ားကို အေနာက္အုပ္ စု၏အားနည္းခ်က္မ်ားအျဖစ္ ရႈျမင္လာမည္ဆိုပါက ႐ုရွားက ဥေရာပတစ္ခြင္ ပထဝီႏိုင္ငံေရးအရ အျမတ္ ထုတ္ရန္ႀကိဳးပမ္းလာႏိုင္သည္။
ထရမ့္၏ ႐ုရွားႏိုင္ငံအေပၚ ႏိုင္ငံျခားေရးမူဝါဒ အေျပာင္းအလဲသည္ ကမာၻလုံးဆိုင္ရာ လိုက္ေလ်ာ ညီေထြျဖစ္ေစမႈမ်ားအတြက္ရည္မွန္းေသာ္လည္း ၎၏ေရရွည္အက်ိဳးဆက္မ်ားမွာ မေရရာေသးပါ။ ႐ုရွားႏွင့္တ႐ုတ္အၾကား ခြဲျခားျခင္းသည္ သီအိုရီအရ အေမရိကန္ကို ဗ်ဴဟာေျမာက္ ေျပာင္းလြယ္ ျပင္ လြယ္အေနအထားမ်ိဳးကို ေပးႏိုင္ေသာ္လည္း ယင္းမူဝါဒကို အေကာင္အထည္ေဖာ္ျခင္းသည္ မလိုလား အပ္ေသာ အက်ိဳးဆက္မ်ားျဖစ္ေပၚေစႏိုင္ေသာေၾကာင့္ စိုးရိမ္ပူပန္မႈမ်ားတိုးပြားေစသည္။ ထို႔ျပင္ ဥေရာပ ႏိုင္ငံမ်ား၏ လုံၿခဳံေရးအတြက္ အာမခံခ်က္ေပးႏိုင္မည့္ ေနတိုးသည္ အေမရိကန္၏ လ်စ္လ်ဴရႈမႈမ်ား ေၾကာင့္ အားနည္းလာႏိုင္သလို ႐ုရွားကလည္း ထိုအေျခအေနကို အခြင့္ေကာင္းယူလာႏိုင္သည္။ ထို႔ျပင္ တ႐ုတ္ႏွင့္ ေဝးကြာေအာင္ဆြဲေဆာင္ေနေသာ အေမရိကန္၏ ႐ုရွားအတြက္ မက္လုံးမ်ားသည္ အကန႔္ အသတ္ရွိေနဆဲျဖစ္သည္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ အေမရိကန္၏ ႐ုရွားအေပၚ ေျပာင္းလဲလာေသာႏိုင္ငံျခားေရးမူဝါဒ သည္ ႀကဳံေတာင့္ႀကဳံခဲအေျခအေနျဖစ္သည္။ ထရမ့္အစိုးရအေနျဖင့္ ယူကရိန္းပဋိပကၡကို အျမန္ဆုံး အေျဖရွာရန္ဟူေသာ ေခါင္းစဥ္ျဖင့္ ႐ုရွားႏွင့္ တိုက္႐ိုက္ထိေတြ႕ဆက္ဆံရန္ႀကိဳးပမ္းလာေသာ္လည္း အ မွန္တကယ္ရည္႐ြယ္ခ်က္မွာမူ ၎ႏွင့္တ႐ုတ္အၾကား အနာဂတ္ၿပိဳင္ဆိုင္မႈမ်ားတြင္ ႐ုရွားပါဝင္လာျခင္းမ ရွိေအာင္ မဟာဗ်ဴဟာေျမာက္ အကြက္ေ႐ႊ႕ျခင္း သက္သက္သာျဖစ္သည္။ ဤအေျခအေနတြင္ အေမရိ ကန္ကို ယုံစားမိေသာ အေနာက္ဥေရာပမဟာမိတ္မ်ားႏွင့္ ယူကရိန္းမွာ သိသိသာသာအထိ နာမည့္ အလားအလာမ်ားရွိေနသည္။ ၎တို႔အေနျဖင့္ ျဖစ္ေပၚလာႏိုင္ေသာ ေဒသတြင္းစိန္ေခၚမႈမ်ားကို တုံ႔ျပန္ ရန္အတြက္ စုေပါင္းမဟာမိတ္လုံၿခဳံေရးမွာလည္း အေမရိကန္ေၾကာင့္ တျဖည္းျဖည္း စည္းလုံးမႈ ပ်က္ ျပားကာ ၿပိဳကြဲေတာ့မည့္အေနအထားျဖစ္ေနသည္။ ထို႔ေၾကာင့္ အေမရိကန္၏ ႐ုရွားအေပၚ ဗ်ဴဟာ ေျမာက္အေျပာင္းအလဲသည္ ဥေရာပႏိုင္ငံမ်ားကိုသာ အထိနာေစမည္ျဖစ္ၿပီး ၎တို႔အေနျဖင့္ ျဖစ္ေပၚ လာႏိုင္ေသာ အေျခအေနမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ထားသင့္ၿပီျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။