အကျော်ကြားဆုံးတောင်များကို လက်ဖြင့်တက်ပြခဲ့ပြီးနောက် နာမည်ကျော်ကြားလာခဲ့သည့် တရုတ်အမျိုးသား

241

Pika (NP News) - မတ် ၆
တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးသည် နိုင်ငံတွင်းရှိအကျော်ကြားဆုံးတောင်များကို ၎င်း၏လက်ကိုသာ အသုံးပြု ကာ တက်ပြခဲ့ပြီးနောက် နာမည်ကျော်ကြားလာခဲ့ကြောင်း သိရသည်။ အသက်(၃၈)နှစ်အရွယ် ဆန်းဂူအိုရှန် ဆိုသည့် အမျိုးသားသည် (၂၀၂၃)ခုနှစ် မေလတွင် လက်ကိုအသုံးပြုကာ ဇောက်ထိုးအနေအထားဖြင့် တောင်တက် ခြင်းကို စတင်လေ့ကျင့်ခဲ့ပြီးနောက် (၂၀၂၅)ခုနှစ် နွေဦးရာသီတွင် တရုတ်နိုင်ငံရှိ အကျော်ကြားဆုံးတောင် (၅၀)ခုကို တက်ရန် စိန်ခေါ်မှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ပညာရေးစနစ်ပိုင်းတွင် အလုပ်လုပ်ခဲ့သော ဆန်းဂူအိုရှန်သည် ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း ကျန်းမာရေး၏ အရေးကြီးပုံကို နားလည်သိရှိခဲ့ပြီးနောက် ကျန်းမာရေးလေ့ကျင့်ခန်းများနှင့်ပတ်သက်သည့် သတင်း စကားများကို အခြားလူများကိုပေးပို့နိုင်ရန်အတွက် အဆိုပါလေ့ကျင့်မှုများကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆန်းဂူအိုရှန်သည် အဆိုပါပုံမှန်မဟုတ်သော စိန်ခေါ်မှုကို (၂၀၂၄)ခုနှစ် မေလတွင် စတင်ခဲ့သော်လည်း အမြင့် (၁၆၁၂) မီတာရှိသည့် Wudang တောင်၏ အမြင့်ဆုံးတောင်ထိပ်ကို လက်ဖြင့်တက်ပြနေသည့် ၎င်း၏ ဗီဒီယိုဖိုင် သည် (၂၀၂၄)ခုနှစ် နိုဝင်ဘာလမှသာ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆန်းဂူအိုရှန် က “တရုတ်လူမျိုးတိုင်းဟာ သူတို့ရဲ့နှလုံးသားထဲမှာ ကိုယ်ခံပညာအိပ်မက်တွေရှိကြပါတယ်။ ဒီနှစ်နွေဦးရာသီမှာ တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံးတောင်(၅၀)ကိုတက်ဖို့အတွက် ကျွန်တော့်ရဲ့အထူးတောင်တက်နည်းလမ်းကို အသုံးပြုချင် ပါတယ်” ဟု ပြောခဲ့ သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆန်းဂူအိုရှန်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Zhangjiajie မြို့ရှိ Tianmen တောင်၏ လှေကားထစ်ပေါင်း (၉၉၉)ထစ်ကို လက်ဖြင့်တက်ရောက်ချိန်အတွင်း ပြီးဆုံးရန်အတွက် အချိန်(၅) နာရီကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။
ဆန်းဂူအိုရှန်က ‘‘ဒါက ကျွန်တော်စိန်ခေါ်မှု တွေလုပ်ဆောင်ခဲ့တဲ့ (၃၄)ခုမြောက်တောင်ဖြစ်ပြီး အခက်ခဲဆုံး တောင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီတောင်ကို တက်ချိန်အတွင်း ကျွန်တော်အကြိမ်(၁၀ဝ)နီးပါး ပြုတ်ကျခဲ့ပါတယ်” ဟု ပြောခဲ့သည်။
Zawgyi Version:
အေက်ာ္ၾကားဆုံးေတာင္မ်ားကို လက္ျဖင့္တက္ျပခဲ့ၿပီးေနာက္ နာမည္ေက်ာ္ၾကားလာခဲ့သည့္ တ႐ုတ္အမ်ိဳးသား
Pika (NP News) - မတ္ ၆
တ႐ုတ္ႏိုင္ငံရွိ အမ်ိဳးသားတစ္ဦးသည္ ႏိုင္ငံတြင္းရွိအေက်ာ္ၾကားဆုံးေတာင္မ်ားကို ၎၏လက္ကိုသာ အသုံးျပဳ ကာ တက္ျပခဲ့ၿပီးေနာက္ နာမည္ေက်ာ္ၾကားလာခဲ့ေၾကာင္း သိရသည္။ အသက္(၃၈)ႏွစ္အ႐ြယ္ ဆန္းဂူအိုရွန္ ဆိုသည့္ အမ်ိဳးသားသည္ (၂၀၂၃)ခုႏွစ္ ေမလတြင္ လက္ကိုအသုံးျပဳကာ ေဇာက္ထိုးအေနအထားျဖင့္ ေတာင္တက္ ျခင္းကို စတင္ေလ့က်င့္ခဲ့ၿပီးေနာက္ (၂၀၂၅)ခုႏွစ္ ေႏြဦးရာသီတြင္ တ႐ုတ္ႏိုင္ငံရွိ အေက်ာ္ၾကားဆုံးေတာင္ (၅၀)ခုကို တက္ရန္ စိန္ေခၚမႈကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က ပညာေရးစနစ္ပိုင္းတြင္ အလုပ္လုပ္ခဲ့ေသာ ဆန္းဂူအိုရွန္သည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလအတြင္း က်န္းမာေရး၏ အေရးႀကီးပုံကို နားလည္သိရွိခဲ့ၿပီးေနာက္ က်န္းမာေရးေလ့က်င့္ခန္းမ်ားႏွင့္ပတ္သက္သည့္ သတင္း စကားမ်ားကို အျခားလူမ်ားကိုေပးပို႔ႏိုင္ရန္အတြက္ အဆိုပါေလ့က်င့္မႈမ်ားကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဆန္းဂူအိုရွန္သည္ အဆိုပါပုံမွန္မဟုတ္ေသာ စိန္ေခၚမႈကို (၂၀၂၄)ခုႏွစ္ ေမလတြင္ စတင္ခဲ့ေသာ္လည္း အျမင့္ (၁၆၁၂) မီတာရွိသည့္ Wudang ေတာင္၏ အျမင့္ဆုံးေတာင္ထိပ္ကို လက္ျဖင့္တက္ျပေနသည့္ ၎၏ ဗီဒီယိုဖိုင္ သည္ (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလမွသာ ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဆန္းဂူအိုရွန္ က “တ႐ုတ္လူမ်ိဳးတိုင္းဟာ သူတို႔ရဲ႕ႏွလုံးသားထဲမွာ ကိုယ္ခံပညာအိပ္မက္ေတြရွိၾကပါတယ္။ ဒီႏွစ္ေႏြဦးရာသီမွာ တ႐ုတ္ႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံးေတာင္(၅၀)ကိုတက္ဖို႔အတြက္ ကြၽန္ေတာ့္ရဲ႕အထူးေတာင္တက္နည္းလမ္းကို အသုံးျပဳခ်င္ ပါတယ္” ဟု ေျပာခဲ့ သည္။
၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလတြင္ ဆန္းဂူအိုရွန္သည္ တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟူနန္ျပည္နယ္ Zhangjiajie ၿမိဳ႕ရွိ Tianmen ေတာင္၏ ေလွကားထစ္ေပါင္း (၉၉၉)ထစ္ကို လက္ျဖင့္တက္ေရာက္ခ်ိန္အတြင္း ၿပီးဆုံးရန္အတြက္ အခ်ိန္(၅) နာရီၾကာျမင့္ခဲ့ေၾကာင္းလည္း သိရသည္။
ဆန္းဂူအိုရွန္က ‘‘ဒါက ကြၽန္ေတာ္စိန္ေခၚမႈ ေတြလုပ္ေဆာင္ခဲ့တဲ့ (၃၄)ခုေျမာက္ေတာင္ျဖစ္ၿပီး အခက္ခဲဆုံး ေတာင္တစ္ခုလည္းျဖစ္ပါတယ္။ ဒီေတာင္ကို တက္ခ်ိန္အတြင္း ကြၽန္ေတာ္အႀကိမ္(၁၀ဝ)နီးပါး ျပဳတ္က်ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။