ညောင်ရွှေမြို့တွင် Agri and Farming Tourism ခရီးစဉ် စီစဉ်နေ

176

NP News - မတ်လ ၆
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ဝိုင်ထုတ်လုပ်သည့်လုပ်ငန်းဖြင့် တွဲဖက်ပြီး ၊Agri and Farming Tourism ခရီးစဥ် ကို အကောင်အထည်ဖော်ဖို့စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ညောင်ရွှေဒေသသို့ ခရီးသွားများအတွက် အပန်းဖြေလေ့လာလည်ပတ်နိုင်သည့် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု အဖြစ် ဝိုင်ထုတ်လုပ်သောလုပ်ငန်းဖြင့် တွဲဖက်ပြီး Agri and Farming Tourism ခရီးစဥ်ကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်ကို ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ လာရောက်ကြည့်ရှုလေ့လာနိုင်ဖို့ စနစ်တကျပြင်ဆင်ပြီး ခရီးသွားဆွဲဆောင်မှုတစ်ရပ်အနေနဲ့ ပြင်ဆင်ဖို့လိုပါတယ်။ စပျစ်ခြံတွေနဲ့ရှုခင်းတွေမှာ ခရီးသွားတွေ စိတ်ဝင်တစားနဲ့လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လို့ ဝိုင် ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ တွဲဖက်ပြီး စိုက်ပျိုးရေးကို အခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့ Agri and Farming Tourism ကို အကောင်အထည် ဖော်ဖို့ လိုပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Agri and Farming Tourism အကောင်အထည်ဖော်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများ နှင့် ဒေသခံစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှာကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။
Zawgyi Version:
ေညာင္ေ႐ႊၿမိဳ႕တြင္ Agri and Farming Tourism ခရီးစဥ္ စီစဥ္ေန
NP News - မတ္လ ၆
ေညာင္ေ႐ႊၿမိဳ႕နယ္ အင္းေလးေဒသအတြင္း ဝိုင္ထုတ္လုပ္သည့္လုပ္ငန္းျဖင့္ တြဲဖက္ၿပီး ၊Agri and Farming Tourism ခရီးစဥ္ ကို အေကာင္အထည္ေဖာ္ဖို႔စီစဥ္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ သိရသည္။
ေညာင္ေ႐ႊေဒသသို႔ ခရီးသြားမ်ားအတြက္ အပန္းေျဖေလ့လာလည္ပတ္ႏိုင္သည့္ ခရီးသြားဆြဲေဆာင္ရာ ေနရာတစ္ခု အျဖစ္ ဝိုင္ထုတ္လုပ္ေသာလုပ္ငန္းျဖင့္ တြဲဖက္ၿပီး Agri and Farming Tourism ခရီးစဥ္ကိုပါ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဝိုင္ထုတ္လုပ္ေရးလုပ္ငန္း အဆင့္ဆင့္ကို ျပည္တြင္း၊ျပည္ပ ခရီးသြားေတြ လာေရာက္ၾကည့္ရႈေလ့လာႏိုင္ဖို႔ စနစ္တက်ျပင္ဆင္ၿပီး ခရီးသြားဆြဲေဆာင္မႈတစ္ရပ္အေနနဲ႔ ျပင္ဆင္ဖို႔လိုပါတယ္။ စပ်စ္ၿခံေတြနဲ႔ရႈခင္းေတြမွာ ခရီးသြားေတြ စိတ္ဝင္တစားနဲ႔လာေရာက္လည္ပတ္ဖို႔ ဆြဲေဆာင္ရာေနရာတစ္ခုျဖစ္လို႔ ဝိုင္ ထုတ္လုပ္တဲ့လုပ္ငန္းနဲ႔ တြဲဖက္ၿပီး စိုက္ပ်ိဳးေရးကို အေျခခံခရီးသြားလုပ္ငန္းျဖစ္တဲ့ Agri and Farming Tourism ကို အေကာင္အထည္ ေဖာ္ဖို႔ လိုပါတယ္” ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
Agri and Farming Tourism အေကာင္အထည္ေဖာ္ႏိုင္ရန္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ား ႏွင့္ ေဒသခံစိုက္ပ်ိဳးထုတ္လုပ္သူလုပ္ငန္းရွင္မ်ားအၾကား ေတြ႕ဆုံေဆြးေႏြးမွာၾကားမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။