သမိုင်းဝင် ဗိသုကာလက်ရာများနှင့် အထင်ကရ နေရာများရှိရာ ချားလ်စတန်မြို့မဟာ

107

Pika (NP News) - ဇူလိုင် ၁ဝ
ချားလ်စတန်မြို့သည် အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်တွင် လူဦးရေအထူထပ်ဆုံး မြို့ တစ်မြို့ဖြစ်ပြီး ကောင်းမွန်စွာထိန်းသိမ်း ထားသော ဗိသုကာလက်ရာများ၊သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှု ဆိုင်ရာမြင်ကွင်းနေရာများကြောင့် နာမည်ကျော်ကြားသည်။ ချားလ်စတန်မြို့ သည် Ashley ၊ Cooper နှင့် Wando မြစ်များ၏ ပေါင်းဆုံရာ အတ္တလန္တိတ်သမုဒ္ဒရာ၏ ဝင်ပေါက်ဖြစ်သော တောင်ကာရိုလိုင်း နားကမ်းရိုး တန်း၏ ပထဝီဝင် အလယ်ဗဟို၏တောင်ဘက်ခြမ်းတွင် တည်ရှိသည်။ ချားလ်စတန်မြို့တွင် နေထိုင်သူလူဦးရေ မှာ (၁၅၀၂၂၇)ဦးရှိပြီး ချားလ်စတန်မြို့ပြဧရိယာတွင် နေထိုင်သည့်လူဦးရေမှာ (၈၇၀ဝဝဝ)ခန့်ရှိကြောင်း သိရ သည်။ ထို့ပြင် ချားလ်စတန်မြို့သည် တောင်ကာရိုလိုင်းနားပြည်နယ်တွင် (၃)ခုမြောက်လူဦးရေ အထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ပြီး အမေရိကန် နိုင်ငံတွင်းတွင် (၇၁)ခုမြောက်လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာ တစ်ခု ဖြစ်ကြောင်းသိရသည်။ ချားလ်စတန်မြို့သည် ချားလ်စတန်ကောင်တီ၏ ကောင်တီရုံးအခြေစိုက်ရာ နေရာတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
သမိုင်းကြောင်း
ချားလ်စတန်မြို့ကို (၁၆၇၀)ပြည့်နှစ်တွင် အင်္ဂလိပ်များက ဘုရင် Charles II ကို ဂုဏ်ပြုသောအားဖြင့် Charles Town မြို့အဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ချားလ်စတန် မြို့ကို Ashley မြစ် အနောက်ဘက်ကမ်းရှိ Albemarle Poin အတွင်း စတင်တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း (၁၆၈၀)ပြည့်နှစ် တွင် လက်ရှိတည်နေရာသို့ရွှေ့ပြောင်းခဲ့ပြီးနောက် (၁၆၉၀) ပြည့်နှစ်များအတွင်း ချားလ်စတန်မြို့သည် မြောက် အမေရိကတွင် (၅)ခုမြောက်အကြီးဆုံးမြို့တစ်မြို့ ဖြစ်လာခဲ့ကြောင်းသိရသည်။ ကိုလိုနီခေတ်အတွင်း ချားလ် စတန်မြို့သည် ပေါင်းစည်းခြင်းမျိုးမလုပ်ဆောင်ဘဲ ဆက်လက်တည်ရှိခဲ့ကာ ကိုလိုနီဥပဒေပြု လွှတ်တော်နှင့် တော်ဝင်ဘုရင်ခံတစ်ဦးတို့က အုပ်ချုပ်ခဲ့ကြောင်း သိရသည်။ (၁၇၈၈)ခုနှစ်တွင် တောင်ကာရိုလိုင်းနား ပြည်နယ် ၏မြို့တော်ကို ကိုလံဘီယာ မြို့အဖြစ် ပြောင်းလဲခဲ့သော်လည်း ချားလ်စတန်မြို့ သည် (၁၈၄၀)ပြည့်နှစ်များအထိ နေထိုင်သူလူဦးရေအရ အမေရိကန်ထိပ်တန်းမြို့ကြီး(၁၀)မြို့တွင် ပါဝင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ချားလ် စတန်မြို့၏ သမိုင်းကြောင်းတွင် ထင်ရှားသောအစိတ်အပိုင်း တစ်ခုမှာ ပြည်တွင်းကုန်သည်များသည် တော်ဝင် အာဖရိက ကုမ္ပဏီ၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်နိုင်ခဲ့ပြီး ချားလ်စတန်မြို့ကို ကျွန်ပြုခံရသော အာဖရိက လူမျိုးများအတွက် အဓိကဝင်ပေါက်တစ်ခုဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် အမေရိကန် သို့တင်သွင်းသည့် ကျွန်များ၏ထက်ဝက်နီးပါးမှာ ချားလ်စတန်မြို့သို့ရောက်ရှိလာခဲ့ကြောင်းလည်းသိရသည်။ သို့ သော်လည်း (၂၀၁၈)ခုနှစ်တွင် ချားလ်စတန်မြို့သည် အမေရိကန်ကျွန်းကုန်သွယ်ရေးတွင် ၎င်း၏ အခန်းကဏ္ဍ အတွက် တရားဝင်တောင်းပန်ခဲ့ကြောင်းသိရသည်။ ချားလ်စတန်မြို့၏ စီးပွားရေးသည် ခရီးသွားလုပ်ငန်း၊ ဆိပ် ကမ်းနှင့်သယ် ယူပို့ဆောင်ရေး၊ အာကာသနှင့် သတင်းအချက် အလက် နည်းပညာတို့အပေါ် အခြေခံထား ကြောင်း သိရသည်။ ချားလ်စတန်မြို့သည် ဒေသတွင်း ကုန်သွယ်မှုနှင့် စီးပွားရေးလှုပ်ရှားမှုများကို သိသာ ထင် ရှားစွာ ပံ့ပိုးပေးသည့် အမေရိကန်နိုင်ငံတွင်းတွင် အလုပ်အများဆုံးဆိပ်ကမ်းတစ်ခုဖြစ်သော ချားလ် စတန် ဆိပ် ကမ်း၏နေအိမ်လည်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် Boeing နှင့် အခြားသော အဓိက ကုမ္ပဏီကြီးများသည် ချားလ်စတန်မြို့တွင် အား ကောင်းသည့် အာကာသဆိုင်ရာတည်ရှိမှုကို ထူ ထောင်ထားကြောင်းလည်းသိရသည်။ ချားလ် စတန် မြို့သည် ကောင်းမွန်စွာထိန်းသိမ်းထားသော ဗိသုကာ လက်ရာများ၊ သမိုင်းဝင်အထင်ကရနေရာ များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဂီတနှင့် အနုပညာ ဆိုင်ရာမြင်ကွင်းနေရာများကြောင့် လူသိများကြောင်း သိရ သည်။ ထို့ပြင် ချားလ်စတန်မြို့၏ လူကြိုက်များသောဆွဲဆောင်ရာနေရာများတွင် သမိုင်းဝင်ဈေး၊ Fort Sumter သမိုင်းဝင်အထိမ်းအမှတ်နေရာနှင့် အထင်ကရနေရာများဖြစ်သော Battery နှင့် Rainbow Row တစ်လျှောက်ရှိ antebellum ဗိသုကာလက်ရာပုံစံ နေအိမ်များပါဝင်ကြောင်း သိရသည်။
စီးပွားရေး
သင်္ဘောဖြင့် ကူးသန်းရောင်းဝယ်ရေးသည် ချားလ်စတန်မြို့၏ စီးပွားရေးအတွက် အရေးပါ ကြောင်းသိရသည်။ ချားလ်စတန်မြို့တွင် သင်္ဘောဆိပ် ကမ်းနှစ်ခုရှိပြီး အရှေ့ကမ်းရိုးတန်းတွင် လေးခု မြောက် အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းနှင့် အမေရိ ကန်နိုင်ငံတွင် (၇)ခုမြောက်အကြီးဆုံးကွန်တိန်နာဆိပ် ကမ်းတို့ဖြစ် ကြောင်းသိရသည်။ အဆိုပါဆိပ်ကမ်းကို Mercedes နှင့် Volvo တို့ကဲ့သို့သော ချားလ်စတန် မြို့၏ ကား ထုတ် လုပ်ရေးလုပ်ငန်းအတွက် ကားများ နှင့် ကားအစိတ်အပိုင်းများ လွှဲပြောင်းရန်အတွက်လည်း အသုံးပြု ကြောင်း သိရသည်။ တစ်ခါတစ်ရံတွင် Silicon Harbor ဟုလူသိများသော ချားလ် စတန်မြို့သည် မြင့်မားသောနည်း ပညာ နှင့် ဆန်းသစ်တီထွင်မှုများအတွက် ရေပန်းစားသောနေရာတစ်ခုဖြစ်လာပြီး (၂၀၁၁)ခုနှစ်နှင့် (၂၀၁၂)ခုနှစ်ကြားတွင် အဆိုပါကဏ္ဍတွင် တိုးတက်မှုနှုန်းအမြင့်ဆုံးရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ချားလ်စ တန်မြို့၏ IT ကဏ္ဍ ကြီးထွား လာမှုကြောင့် (၂၀၁၃)ခုနှစ်တွင် Milken Instituteu ချားလ် စတန်မြို့ ကို အမေရိကန်တွင် ကိုးခုမြောက် စွမ်း ဆောင်ရည် အကောင်းဆုံးစီးပွားရေးအဖြစ် အဆင့်သတ်မှတ်ခဲ့ ကြောင်းသိရသည်။ ချားလ် စတန်မြို့ရှိ ထင်ရှား သော ကုမ္ပဏီများတွင် Blackbaud ၊ Greystar Real Estate Partners ၊ Evening Post Industries ၊ Le Creuset ၊ Booz Allen Hamilton ကုမ္ပဏီ၏လုပ်ငန်းခွဲ SPARC ၊ BoomTown ၊ CSS နှင့် Benefitfocus ကုမ္ပဏီတို့ ပါဝင်သည်။ (၂၀၁၇)ခုနှစ် ဇွန်လတွင် ချားလ်စတန်မြို့ရှိ အိမ်တစ်လုံး အတွက် ရောင်းဈေးမှာ အမေရိ ကန်ဒေါ်လာ (၃၅၁၁၈၆)ဒေါ်လာရှိပြီး ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂၆၀ဝဝဝ)ရှိကြောင်း သိရသည်။

Zawgyi Version:
သမိုင္းဝင္ ဗိသုကာလက္ရာမ်ားႏွင့္ အထင္ကရ ေနရာမ်ားရွိရာ ခ်ားလ္စတန္ၿမိဳ႕မဟာ
Pika (NP News) - ဇူလိုင္ ၁ဝ
ခ်ားလ္စတန္ၿမိဳ႕သည္ အေမရိကန္ႏိုင္ငံ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္တြင္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ေကာင္းမြန္စြာထိန္းသိမ္း ထားေသာ ဗိသုကာလက္ရာမ်ား၊သမိုင္းဝင္ေနရာမ်ားႏွင့္ ယဥ္ေက်းမႈ ဆိုင္ရာျမင္ကြင္းေနရာမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ခ်ားလ္စတန္ၿမိဳ႕ သည္ Ashley ၊ Cooper ႏွင့္ Wando ျမစ္မ်ား၏ ေပါင္းဆုံရာ အတၱလႏၲိတ္သမုဒၵရာ၏ ဝင္ေပါက္ျဖစ္ေသာ ေတာင္ကာ႐ိုလိုင္း နားကမ္း႐ိုး တန္း၏ ပထဝီဝင္ အလယ္ဗဟို၏ေတာင္ဘက္ျခမ္းတြင္ တည္ရွိသည္။ ခ်ားလ္စတန္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရ မွာ (၁၅၀၂၂၇)ဦးရွိၿပီး ခ်ားလ္စတန္ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သည့္လူဦးေရမွာ (၈၇၀ဝဝဝ)ခန႔္ရွိေၾကာင္း သိရ သည္။ ထို႔ျပင္ ခ်ားလ္စတန္ၿမိဳ႕သည္ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္တြင္ (၃)ခုေျမာက္လူဦးေရ အထူထပ္ဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ၿပီး အေမရိကန္ ႏိုင္ငံတြင္းတြင္ (၇၁)ခုေျမာက္လူဦးေရအထူထပ္ဆုံး ၿမိဳ႕ျပဧရိယာ တစ္ခု ျဖစ္ေၾကာင္းသိရသည္။ ခ်ားလ္စတန္ၿမိဳ႕သည္ ခ်ားလ္စတန္ေကာင္တီ၏ ေကာင္တီ႐ုံးအေျခစိုက္ရာ ေနရာတစ္ခု ျဖစ္ေၾကာင္းလည္းသိရသည္။
သမိုင္းေၾကာင္း
ခ်ားလ္စတန္ၿမိဳ႕ကို (၁၆၇၀)ျပည့္ႏွစ္တြင္ အဂၤလိပ္မ်ားက ဘုရင္ Charles II ကို ဂုဏ္ျပဳေသာအားျဖင့္ Charles Town ၿမိဳ႕အျဖစ္ စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ခ်ားလ္စတန္ ၿမိဳ႕ကို Ashley ျမစ္ အေနာက္ဘက္ကမ္းရွိ Albemarle Poin အတြင္း စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေသာ္လည္း (၁၆၈၀)ျပည့္ႏွစ္ တြင္ လက္ရွိတည္ေနရာသို႔ေ႐ႊ႕ေျပာင္းခဲ့ၿပီးေနာက္ (၁၆၉၀) ျပည့္ႏွစ္မ်ားအတြင္း ခ်ားလ္စတန္ၿမိဳ႕သည္ ေျမာက္ အေမရိကတြင္ (၅)ခုေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ကိုလိုနီေခတ္အတြင္း ခ်ားလ္ စတန္ၿမိဳ႕သည္ ေပါင္းစည္းျခင္းမ်ိဳးမလုပ္ေဆာင္ဘဲ ဆက္လက္တည္ရွိခဲ့ကာ ကိုလိုနီဥပေဒျပဳ လႊတ္ေတာ္ႏွင့္ ေတာ္ဝင္ဘုရင္ခံတစ္ဦးတို႔က အုပ္ခ်ဳပ္ခဲ့ေၾကာင္း သိရသည္။ (၁၇၈၈)ခုႏွစ္တြင္ ေတာင္ကာ႐ိုလိုင္းနား ျပည္နယ္ ၏ၿမိဳ႕ေတာ္ကို ကိုလံဘီယာ ၿမိဳ႕အျဖစ္ ေျပာင္းလဲခဲ့ေသာ္လည္း ခ်ားလ္စတန္ၿမိဳ႕ သည္ (၁၈၄၀)ျပည့္ႏွစ္မ်ားအထိ ေနထိုင္သူလူဦးေရအရ အေမရိကန္ထိပ္တန္းၿမိဳ႕ႀကီး(၁၀)ၿမိဳ႕တြင္ ပါဝင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ခ်ားလ္ စတန္ၿမိဳ႕၏ သမိုင္းေၾကာင္းတြင္ ထင္ရွားေသာအစိတ္အပိုင္း တစ္ခုမွာ ျပည္တြင္းကုန္သည္မ်ားသည္ ေတာ္ဝင္ အာဖရိက ကုမၸဏီ၏ လက္ဝါးႀကီးအုပ္မႈကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ခ်ားလ္စတန္ၿမိဳ႕ကို ကြၽန္ျပဳခံရေသာ အာဖရိက လူမ်ိဳးမ်ားအတြက္ အဓိကဝင္ေပါက္တစ္ခုျဖစ္ေအာင္ လုပ္ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အေမရိကန္ သို႔တင္သြင္းသည့္ ကြၽန္မ်ား၏ထက္ဝက္နီးပါးမွာ ခ်ားလ္စတန္ၿမိဳ႕သို႔ေရာက္ရွိလာခဲ့ေၾကာင္းလည္းသိရသည္။ သို႔ ေသာ္လည္း (၂၀၁၈)ခုႏွစ္တြင္ ခ်ားလ္စတန္ၿမိဳ႕သည္ အေမရိကန္ကြၽန္းကုန္သြယ္ေရးတြင္ ၎၏ အခန္းက႑ အတြက္ တရားဝင္ေတာင္းပန္ခဲ့ေၾကာင္းသိရသည္။ ခ်ားလ္စတန္ၿမိဳ႕၏ စီးပြားေရးသည္ ခရီးသြားလုပ္ငန္း၊ ဆိပ္ ကမ္းႏွင့္သယ္ ယူပို႔ေဆာင္ေရး၊ အာကာသႏွင့္ သတင္းအခ်က္ အလက္ နည္းပညာတို႔အေပၚ အေျခခံထား ေၾကာင္း သိရသည္။ ခ်ားလ္စတန္ၿမိဳ႕သည္ ေဒသတြင္း ကုန္သြယ္မႈႏွင့္ စီးပြားေရးလႈပ္ရွားမႈမ်ားကို သိသာ ထင္ ရွားစြာ ပံ့ပိုးေပးသည့္ အေမရိကန္ႏိုင္ငံတြင္းတြင္ အလုပ္အမ်ားဆုံးဆိပ္ကမ္းတစ္ခုျဖစ္ေသာ ခ်ားလ္ စတန္ ဆိပ္ ကမ္း၏ေနအိမ္လည္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ Boeing ႏွင့္ အျခားေသာ အဓိက ကုမၸဏီႀကီးမ်ားသည္ ခ်ားလ္စတန္ၿမိဳ႕တြင္ အား ေကာင္းသည့္ အာကာသဆိုင္ရာတည္ရွိမႈကို ထူ ေထာင္ထားေၾကာင္းလည္းသိရသည္။ ခ်ားလ္ စတန္ ၿမိဳ႕သည္ ေကာင္းမြန္စြာထိန္းသိမ္းထားေသာ ဗိသုကာ လက္ရာမ်ား၊ သမိုင္းဝင္အထင္ကရေနရာ မ်ား၊ ယဥ္ေက်းမႈအေမြအႏွစ္မ်ား၊ ဂီတႏွင့္ အႏုပညာ ဆိုင္ရာျမင္ကြင္းေနရာမ်ားေၾကာင့္ လူသိမ်ားေၾကာင္း သိရ သည္။ ထို႔ျပင္ ခ်ားလ္စတန္ၿမိဳ႕၏ လူႀကိဳက္မ်ားေသာဆြဲေဆာင္ရာေနရာမ်ားတြင္ သမိုင္းဝင္ေဈး၊ Fort Sumter သမိုင္းဝင္အထိမ္းအမွတ္ေနရာႏွင့္ အထင္ကရေနရာမ်ားျဖစ္ေသာ Battery ႏွင့္ Rainbow Row တစ္ေလွ်ာက္ရွိ antebellum ဗိသုကာလက္ရာပုံစံ ေနအိမ္မ်ားပါဝင္ေၾကာင္း သိရသည္။
စီးပြားေရး
သေဘၤာျဖင့္ ကူးသန္းေရာင္းဝယ္ေရးသည္ ခ်ားလ္စတန္ၿမိဳ႕၏ စီးပြားေရးအတြက္ အေရးပါ ေၾကာင္းသိရသည္။ ခ်ားလ္စတန္ၿမိဳ႕တြင္ သေဘၤာဆိပ္ ကမ္းႏွစ္ခုရွိၿပီး အေရွ႕ကမ္း႐ိုးတန္းတြင္ ေလးခု ေျမာက္ အႀကီးဆုံးကြန္တိန္နာဆိပ္ကမ္းႏွင့္ အေမရိ ကန္ႏိုင္ငံတြင္ (၇)ခုေျမာက္အႀကီးဆုံးကြန္တိန္နာဆိပ္ ကမ္းတို႔ျဖစ္ ေၾကာင္းသိရသည္။ အဆိုပါဆိပ္ကမ္းကို Mercedes ႏွင့္ Volvo တို႔ကဲ့သို႔ေသာ ခ်ားလ္စတန္ ၿမိဳ႕၏ ကား ထုတ္ လုပ္ေရးလုပ္ငန္းအတြက္ ကားမ်ား ႏွင့္ ကားအစိတ္အပိုင္းမ်ား လႊဲေျပာင္းရန္အတြက္လည္း အသုံးျပဳ ေၾကာင္း သိရသည္။ တစ္ခါတစ္ရံတြင္ Silicon Harbor ဟုလူသိမ်ားေသာ ခ်ားလ္ စတန္ၿမိဳ႕သည္ ျမင့္မားေသာနည္း ပညာ ႏွင့္ ဆန္းသစ္တီထြင္မႈမ်ားအတြက္ ေရပန္းစားေသာေနရာတစ္ခုျဖစ္လာၿပီး (၂၀၁၁)ခုႏွစ္ႏွင့္ (၂၀၁၂)ခုႏွစ္ၾကားတြင္ အဆိုပါက႑တြင္ တိုးတက္မႈႏႈန္းအျမင့္ဆုံးရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ခ်ားလ္စ တန္ၿမိဳ႕၏ IT က႑ ႀကီးထြား လာမႈေၾကာင့္ (၂၀၁၃)ခုႏွစ္တြင္ Milken Instituteu ခ်ားလ္ စတန္ၿမိဳ႕ ကို အေမရိကန္တြင္ ကိုးခုေျမာက္ စြမ္း ေဆာင္ရည္ အေကာင္းဆုံးစီးပြားေရးအျဖစ္ အဆင့္သတ္မွတ္ခဲ့ ေၾကာင္းသိရသည္။ ခ်ားလ္ စတန္ၿမိဳ႕ရွိ ထင္ရွား ေသာ ကုမၸဏီမ်ားတြင္ Blackbaud ၊ Greystar Real Estate Partners ၊ Evening Post Industries ၊ Le Creuset ၊ Booz Allen Hamilton ကုမၸဏီ၏လုပ္ငန္းခြဲ SPARC ၊ BoomTown ၊ CSS ႏွင့္ Benefitfocus ကုမၸဏီတို႔ ပါဝင္သည္။ (၂၀၁၇)ခုႏွစ္ ဇြန္လတြင္ ခ်ားလ္စတန္ၿမိဳ႕ရွိ အိမ္တစ္လုံး အတြက္ ေရာင္းေဈးမွာ အေမရိ ကန္ေဒၚလာ (၃၅၁၁၈၆)ေဒၚလာရွိၿပီး ပ်မ္းမွ်ေဈးႏႈန္းမွာ အေမရိကန္ေဒၚလာ (၂၆၀ဝဝဝ)ရွိေၾကာင္း သိရသည္။