စလင်း - ချောက် လမ်း (သို့မဟုတ်) ခြောက်ခန်းလာသော သွေးကြော

 524

သုတကျော် (NP News) - ဇူလိုင် ၈

စလင်းမြို့နှင့် ချောက်မြို့ကို ဆက်သွယ်ထားသောလမ်းပိုင်းသည် (၃၅)မိုင် ကျော်ကျော်ခန့် မျှသာ ရှည်လျားသော်လည်း မြန်မာနိုင်ငံအတွင်းက အရေးပါသောလမ်းများအနက် လမ်းတစ်လမ်းအဖြစ် ၎င်း ၏တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
လမ်းပိုင်းက တိုပင်တိုသော်ငြားလည်း စလင်း-ဆိပ်ဖြူ-ချောက် ဆိုသော မြို့သုံးမြို့ကို ဆက်သွယ် ထားသည့်အပြင် ဘေးပတ်ဝန်းကျင်ရှိမြို့များအတွက်လည်း ကောင်းကျိုးများစွာကို ရရှိစေခဲ့သည်။ စလင်းမြို့သည် ပထဝီအနေအထားအရ အချက်အချာကျသောကြောင့် သက်ဦးဆံပိုင်ခေတ်ကပင် သူကြွယ်များနေထိုင်ရာ မြို့လည်းဖြစ်သည်။
ထို့ကြောင့် မျိုးရိုးစဉ်ဆက် ဆက်ခံရသည့် သူကောင်းမျိုးရိုးများသည် စလင်းမြို့တွင်ရှိသည်။ ချောက်မြို့သည်လည်း ရေနံကြောင့် နာမည်ကြီးမြို့ပင်ဖြစ်ရာ အထူးညွှန်းစရာလိုမည်မထင်ပေ။ ပထဝီ အနေအထားအရ ယင်းလမ်းပိုင်း၏ စမှတ်နှင့်ဆုံး မှတ် (၂) မြို့ စလုံးမှာ အရေးပါသောအနေအထားတွင် ရှိသည်ဟု ပြောနိုင်သည်။
ထို့ပြင် ယင်းလမ်းပိုင်း၏ အစိတ်အပိုင်း အများစုပါဝင်သော ဆိပ်ဖြူ - စလင်း - ပွင့်ဖြူ - မင်းဘူး လမ်းမကြီးသည် ကုန်သွယ်ရာလမ်းမကြီး ဖြစ်လေရာ ယင်းလမ်းပိုင်း တစ်လျှောက်မှ မြို့များ အတွက် အသီးအပွင့်ကောင်းများစွာကို ခံစားခဲ့ကြရသည်။
ကုန်စည်တို့ ကူးသန်းသွားလာသည့်အတွက် ပြည်သူများအဆင်ပြေသည်။ ထို့ပြင် ကုန်ဈေးနှုန်း သင့်တင့်မျှတသည်။ ရောင်းချလိုသူတို့အတွက် ဝယ်သူဈေးကွက်ကျယ်ပြီး အချိန်တိုအတွင်း လိုရာသို့ ပို့ဆောင်နိုင်သည်ဖြစ်ရာ ယင်းလမ်းမကြီး ထွန်းကားလာသည်နှင့်အမျှ ယင်းနှင့် ဆက်စပ်ရာ ပြည်သူတို့၏ ပိုက်ဆံအိတ်များလည်း ဖောင်းလာခဲ့သည်သာ ဖြစ်သည်။
“ဒေသခံတွေအတွက် သိပ်အရေးပါတာ။ ဘာလို့လဲဆိုတော့ စလင်းကထွက်တဲ့ ထွက်ကုန်တို့၊ မန္တလေးကလာတဲ့ ထွက်ကုန်တွေအတွက် တကယ်ကို ကုန်စည်စီးဆင်းမှုလမ်းပဲ” ဟု စလင်း မြို့ခံတစ်ဦး က မှတ်ချက်ပြုသည်။
လမ်းပန်းဆက်သွယ်ရေးမကောင်းမီ ကာလက ယင်းလမ်းပေါ်တွင် နွားလှည်း၊ မြင်းလှည်း စသည် ဖြင့်ရှိခဲ့သည်။ သို့သော် နှေးသည့်အပြင် ဝန်စည်စလယ်လည်း များစွာမသယ်ဆောင်နိုင်သော ယင်း ယာဉ် များကို အသုံးပြုမည့်အစား လှေကြီးများဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကုန်သွယ်ခဲ့ကြသည်။
အညာဆန်လှေဟုခေါ်သော လှေကြီးများဖြင့် ပြည်သူတို့၏ လိုအပ်ချက်ဖြစ်သော ကုန်မျိုးစုံကို တင်ကာရောင်းချခဲ့သော ခေတ်တစ်ခေတ်သည် ဧရာတီမြစ်ကိုအမှီပြုကာ ထွန်းကားခဲ့ဖူးသည်။ အညာ ဆန်လှေလာမှ ပစ္စည်းများကိုဝယ်ရ၊ ခြမ်းရသော အချိန်ကိုလည်း ပြည်သူများ ဖြတ်သန်းခဲ့ရဖူးသည်။
ယင်းနောက် အစိုးရအဆက်ဆက်တို့က လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန်ဆောင်ရွက်ခဲ့ရာ မော် တော်ယာဉ် အမျိုးမျိုးဖြင့် တင်ဆောင်သော ကုန်စည်တို့သည် လျင်မြန်သောအရှိန်ဖြင့် လိုရာရောက်နိုင် သော အခြေအနေဖြစ်လာသည်။ ကုန်စည်တို့သည် နယ်စည်းမခြားတော့ပေ။
သို့သော် ယင်းကောင်းခြင်းများစွာတို့သည် အချိန်တိုအတွင်း ကျိန်စာအဖြစ် ပြောင်းလဲသွားသည်။ အဘယ့်ကြောင့်ဆိုသော စစ်ပွဲတို့သည် ယင်း လမ်း ပိုင်းကို ချဉ်းကပ်လာခဲ့သောကြောင့်ပင်။ ယခင်က ကောင်းခြင်းများစွာရှိခဲ့သော စလင်း-ဆိပ်ဖြူ- ချောက်လမ်းအနီးသို့ PDF များ ချဉ်းကပ်လာသည်။
“အစကတော့ သိပ်မသိသာဘူးဗျ။ လမ်း က ဒီလိုပဲ သွားနေကြတာပေါ့။ နောက်တော့ တိုက်ပွဲ ဖြစ်လာတယ်။ တိုက်ပွဲဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံတွေက လမ်းကိုသုံးဖို့ခက်လာတယ်။ အဓိက တော့ PDF ဂိတ် ရောက်လာတယ်။ အခုကတော့ လမ်းပိတ်နေတာ” ဟု အထက်ပါဒေသခံက ဆိုသည်။
ဒေသခံတို့အတွက် အကျိုးရှိသော လမ်းသည် ပြောင်းပြန်ဖြစ်ကာ ဒေသခံတို့သုံးရန် စိုးရိမ် ထိတ် လန့်လာသည်။ လမ်းပိုင်းက အစိုးမရ။ PDF တို့၏ အကြောင်းပြချက်များစွာဖြင့် ယင်းလမ်းပိုင်း အသုံးပြု ခွင့်ကို ဟန့်တားကြသည်။ ထို့ပြင် အလှူခံသည်။
ငွေသုံးထောင်ခန့်မှစတင်ကာ ထည့်ဝင်ရပြီး သေနတ်အားကိုးဖြင့် လူစွာကျယ်လုပ်ခြင်းများ ရှိ လာသည်။ လက်တွင် သေနတ်ကိုင်ပြီး သဟောက်သဟမ်းပြုသည်။ “ငါနှင့်မတူ ငါ့ရန်သူ” ဆိုသော အကြည့်နှင့်အတူ လက်တွင် သေနတ်လည်းပါသည်ဖြစ်ရာ ပြည်သူတို့မှာ မိမိတို့အပြစ်မလုပ်ပါပဲ စိုးရိမ် စိတ်ကြီးမားကြရသည်။ ထိုအခါ “ဝေးပင် ဝေးစေဦးတော့ စိတ်ချမ်းသာရ အမြတ်” ဆိုသော သဘောဖြင့် ဝေးဝေးလံလံမှ ပတ်သွားကြတော့သည်။ ပြည်သူတို့အနေဖြင့် သူပုန်တွင်ဥပဒေ မရှိဆိုကြောင်းကို ကောင်းစွာ သိနားလည်ကြသည်။ တစ်စုံတစ်ရာ သံသယရှိပါက တရားဝင်အစိုးရဆိုလျှင် ဥပဒေ အကာ အကွယ်ဖြင့် အမှန်တရားပေါ်ထွက်ရန် ကြိုးစားနိုင်သော်လည်း သူပုန်တို့ကမူ အနည်းငယ် မေးမြန်းပြီး အားမရလျှင် သေနတ်မောင်းခလုတ် ဆွဲကြမည်သာ ဖြစ်သည်။ ကျည်ဆန်နှမြောသော သူပုန်တို့ကမူ ဓားသုံးကြမည်ကို အားလုံးကသိသည်။ ယင်း အပြု အမူမျိုးကို ယခင်ကလည်း PDF တို့ လုပ်ဖူးကြောင်း သိထားကြလေရာ ပြည်သူ့အများစုမှာ စိုးရိမ်စိတ်ဖြင့် မစွန့်စားလိုကြတော့ပါ။
“လမ်းကပိတ်နေတော့ အရှေ့ခြမ်းက ပတ်ရတယ်။ ပစ္စည်းလည်းဈေးကြီးတယ်။ ရောင်းတာက လည်း အလွယ်တကူ ရောင်းလို့မရတော့ဘူး။ အခုကတော့ စလင်း-မကွေး-မင်းဘူး-ရေနံချောင်း အဲဒီလမ်း ဘက်ကနေ ပတ်သွားနေရတယ်။ ပုံမှန်လမ်းက မိုင်းလေးဆယ်လောက်ပဲရှိတယ်။ လမ်းက သုံးဆ လောက်ပိုပတ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။
လမ်းအဆင်ပြေလျှင် ပစ္စည်းများချောချောမွေ့မွေ့ရောက်သောကြောင့် ကုန်ဈေးနှုန်းသင့်တင့်သည်။ လမ်း မပြေလျှင် ဝေးဝေးလံလံမှပတ်လာရသောကြောင့် အချို့ပုပ်သိုးလွယ်သောပစ္စည်းများ ထိခိုက်ရသကဲ့သို့ ကုန်ဈေးနှုန်းလည်း မြင့်တက်သည်။
“ကုန်ဈေးနှုန်းကတော့ တက်တယ်။ အရင်တုန်းက ရှစ်ရာလောက် ပစ္စည်းတစ်ခုက နှစ်ထောင် ကျော်လောက် ဖြစ်သွားတာလည်းရှိတယ်။ အရင် လေးရာက ရှစ်ရာကျော်သွားတာလည်း ရှိတယ်။ ဒါပေမဲ့ စပါးဈေးက မတက်ဘူး။ ဆန်ဈေးကျ တက်တယ်” ဟု ၎င်းကဆိုသည်။
ယင်း စလင်း - ချောက် လမ်းပိုင်းသည် သာ ပိတ်ခြင်းမဟုတ်ပါ။ ယင်းလမ်းပိုင်းမှ အချို့ နေရာ များတွင် PDF တို့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ကားလမ်းဘေး မှ တောဘေးသို့ ပြောင်းရွှေ့ နေထိုင်ရ သူများလည်း ရှိနေသည်။
“လမ်းဘေးက တချို့ရွာတွေဆို တိုက်ပွဲဖြစ်တော့ ရှောင်ကြတယ်လေ။ အဲဒီတော့ တောထဲ သွားရှောင်ရတာပေါ့။ ပိုက်ဆံရှိတဲ့သူတွေကတော့ တခြားမြို့တွေကိုပြောင်းကြတယ်။ ရန်ကုန်တို့ ဘာတို့လည်း ရောက်တယ်” ဟု အခြား စလင်းမြို့ခံတစ်ဦးက ဆိုသည်။
ထို့ပြင် စလင်း-ချောက် ကားလမ်းပိတ်သကဲ့သို့ ယင်းဒေသတွင် PDF တို့က ယင်းလမ်းနှင့် ချိတ် ဆက်နေသော ကျေးရွာချင်းဆက်လမ်းများတွင်လည်း ပိတ်ပင်တားဆီးခြင်းများရှိလာသည်။ ယင်း အတွက် ထိခိုက်ရသူမှာ ပြည်သူများသာဖြစ်ပြီး တောင်သူလယ်သမားတို့ကို ကျောမွဲသထက် မွဲစေရန် ဖန်တီးသကဲ့သို့ဖြစ်နေသည်။
“အခုက စပါးဆိုရင် အရင် ကိုဗစ်တုန်းက ကန့်သတ်သလိုလေ။ ဟိုရွာ ဒီရွာ စပါးမသယ်ရတော့ ကျွန်တော့် မိတ်ဆွေတွေဆိုရင် သူတို့စပါးတွေ ဘယ်ရောင်းရမှန်းမသိဘူးဖြစ်နေတယ်။ တချို့ကလည်း လဲပြီးစားကြတာပေါ့။ ဆိုလိုတာက စပါးနဲ့ တခြား ပစ္စည်းလဲတယ်ဆိုတာမျိုးပေါ့” ဟု ၎င်းကဆိုသည်။
စစ်ပွဲသည် ဒေသတို့၏တိုးတက်ရေးကို အောက်သို့ ဆွဲချသည်။ ထို့ပြင် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များကို ထိပါးသည်။ ခေတ်နောက်ပြန် ဆွဲစေသော၊ ကောင်းကျိုးမပေးသောစစ်သည် စလင်းမြို့နယ်မှ ဒေသခံအချို့ကို ငွေကြေးမပေါ်မီက ပစ္စည်းချင်းဖလှယ်ပြီး သုံးစွဲခဲ့ရသောခေတ်သို့ ပြန်ပို့ပေးနေခြင်းဖြစ်သည်ဟု ဆိုရမည့်ကိန်းပင် ဆိုက်နေသည်။
“ကျွန်တော်တို့စလင်းက စီးပွားရေး အရမ်းလုပ်လို့ကောင်းတယ်။ စိုက်ပျိုးလို့လည်း တော်တော် ဖြစ်တယ်လေ။ စလင်းမှာနေပြီးရင် ကြိုက်သွား ကြရော။ အခုတော့ စလင်းကနေလို့ကောင်း လိုက်တာ ဆိုတဲ့စကားမျိုးက အတိတ်လိုတောင် ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံကို လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဟုတင်စားပါက လမ်းကွန်ရက်များသည် သွေး ကြောများဟုဆိုနိုင်သည်။ သွေးကြောသည် သွေးတို့ကို လည်ပတ်စေခြင်းဖြင့် အသက်ဓာတ်ကို ထောက် ပံ့သကဲ့သို့ လမ်းတို့သည်လည်း ပြည်သူတို့၏ လူမှု၊ စီးပွားဘဝများကို ထောက်ပံ့ပေးသည်။ သို့သော် စလင်း - ချောက် လမ်းပိုင်းကား ခြောက်ခန်းနေသောသွေးကြောတစ်ခု ဖြစ်လာနေလေသည်။

zawgyi version
စလင္း - ေခ်ာက္ လမ္း (သို႔မဟုတ္) ေျခာက္ခန္းလာေသာ ေသြးေၾကာ
သုတေက်ာ္ (NP News) - ဇူလိုင္ ၈

စလင္းၿမိဳ႕ႏွင့္ ေခ်ာက္ၿမိဳ႕ကို ဆက္သြယ္ထားေသာလမ္းပိုင္းသည္ (၃၅)မိုင္ ေက်ာ္ေက်ာ္ခန႔္ မွ်သာ ရွည္လ်ားေသာ္လည္း ျမန္မာႏိုင္ငံအတြင္းက အေရးပါေသာလမ္းမ်ားအနက္ လမ္းတစ္လမ္းအျဖစ္ ၎ ၏တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ခဲ့သည္မွာ ႏွစ္ကာလၾကာျမင့္ခဲ့ၿပီျဖစ္သည္။
လမ္းပိုင္းက တိုပင္တိုေသာ္ျငားလည္း စလင္း-ဆိပ္ျဖဴ-ေခ်ာက္ ဆိုေသာ ၿမိဳ႕သုံးၿမိဳ႕ကို ဆက္သြယ္ ထားသည့္အျပင္ ေဘးပတ္ဝန္းက်င္ရွိၿမိဳ႕မ်ားအတြက္လည္း ေကာင္းက်ိဳးမ်ားစြာကို ရရွိေစခဲ့သည္။ စလင္းၿမိဳ႕သည္ ပထဝီအေနအထားအရ အခ်က္အခ်ာက်ေသာေၾကာင့္ သက္ဦးဆံပိုင္ေခတ္ကပင္ သူႂကြယ္မ်ားေနထိုင္ရာ ၿမိဳ႕လည္းျဖစ္သည္။
ထို႔ေၾကာင့္ မ်ိဳး႐ိုးစဥ္ဆက္ ဆက္ခံရသည့္ သူေကာင္းမ်ိဳး႐ိုးမ်ားသည္ စလင္းၿမိဳ႕တြင္ရွိသည္။ ေခ်ာက္ၿမိဳ႕သည္လည္း ေရနံေၾကာင့္ နာမည္ႀကီးၿမိဳ႕ပင္ျဖစ္ရာ အထူးၫႊန္းစရာလိုမည္မထင္ေပ။ ပထဝီ အေနအထားအရ ယင္းလမ္းပိုင္း၏ စမွတ္ႏွင့္ဆုံး မွတ္ (၂) ၿမိဳ႕ စလုံးမွာ အေရးပါေသာအေနအထားတြင္ ရွိသည္ဟု ေျပာႏိုင္သည္။
ထို႔ျပင္ ယင္းလမ္းပိုင္း၏ အစိတ္အပိုင္း အမ်ားစုပါဝင္ေသာ ဆိပ္ျဖဴ - စလင္း - ပြင့္ျဖဴ - မင္းဘူး လမ္းမႀကီးသည္ ကုန္သြယ္ရာလမ္းမႀကီး ျဖစ္ေလရာ ယင္းလမ္းပိုင္း တစ္ေလွ်ာက္မွ ၿမိဳ႕မ်ား အတြက္ အသီးအပြင့္ေကာင္းမ်ားစြာကို ခံစားခဲ့ၾကရသည္။
ကုန္စည္တို႔ ကူးသန္းသြားလာသည့္အတြက္ ျပည္သူမ်ားအဆင္ေျပသည္။ ထို႔ျပင္ ကုန္ေဈးႏႈန္း သင့္တင့္မွ်တသည္။ ေရာင္းခ်လိုသူတို႔အတြက္ ဝယ္သူေဈးကြက္က်ယ္ၿပီး အခ်ိန္တိုအတြင္း လိုရာသို႔ ပို႔ေဆာင္ႏိုင္သည္ျဖစ္ရာ ယင္းလမ္းမႀကီး ထြန္းကားလာသည္ႏွင့္အမွ် ယင္းႏွင့္ ဆက္စပ္ရာ ျပည္သူတို႔၏ ပိုက္ဆံအိတ္မ်ားလည္း ေဖာင္းလာခဲ့သည္သာ ျဖစ္သည္။
“ေဒသခံေတြအတြက္ သိပ္အေရးပါတာ။ ဘာလို႔လဲဆိုေတာ့ စလင္းကထြက္တဲ့ ထြက္ကုန္တို႔၊ မႏၲေလးကလာတဲ့ ထြက္ကုန္ေတြအတြက္ တကယ္ကို ကုန္စည္စီးဆင္းမႈလမ္းပဲ” ဟု စလင္း ၿမိဳ႕ခံတစ္ဦး က မွတ္ခ်က္ျပဳသည္။
လမ္းပန္းဆက္သြယ္ေရးမေကာင္းမီ ကာလက ယင္းလမ္းေပၚတြင္ ႏြားလွည္း၊ ျမင္းလွည္း စသည္ ျဖင့္ရွိခဲ့သည္။ သို႔ေသာ္ ေႏွးသည့္အျပင္ ဝန္စည္စလယ္လည္း မ်ားစြာမသယ္ေဆာင္ႏိုင္ေသာ ယင္း ယာဥ္ မ်ားကို အသုံးျပဳမည့္အစား ေလွႀကီးမ်ားျဖင့္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ကုန္သြယ္ခဲ့ၾကသည္။
အညာဆန္ေလွဟုေခၚေသာ ေလွႀကီးမ်ားျဖင့္ ျပည္သူတို႔၏ လိုအပ္ခ်က္ျဖစ္ေသာ ကုန္မ်ိဳးစုံကို တင္ကာေရာင္းခ်ခဲ့ေသာ ေခတ္တစ္ေခတ္သည္ ဧရာတီျမစ္ကိုအမွီျပဳကာ ထြန္းကားခဲ့ဖူးသည္။ အညာ ဆန္ေလွလာမွ ပစၥည္းမ်ားကိုဝယ္ရ၊ ျခမ္းရေသာ အခ်ိန္ကိုလည္း ျပည္သူမ်ား ျဖတ္သန္းခဲ့ရဖူးသည္။
ယင္းေနာက္ အစိုးရအဆက္ဆက္တို႔က လမ္းပန္း ဆက္သြယ္ေရးေကာင္းမြန္ေစရန္ေဆာင္႐ြက္ခဲ့ရာ ေမာ္ ေတာ္ယာဥ္ အမ်ိဳးမ်ိဳးျဖင့္ တင္ေဆာင္ေသာ ကုန္စည္တို႔သည္ လ်င္ျမန္ေသာအရွိန္ျဖင့္ လိုရာေရာက္ႏိုင္ ေသာ အေျခအေနျဖစ္လာသည္။ ကုန္စည္တို႔သည္ နယ္စည္းမျခားေတာ့ေပ။
သို႔ေသာ္ ယင္းေကာင္းျခင္းမ်ားစြာတို႔သည္ အခ်ိန္တိုအတြင္း က်ိန္စာအျဖစ္ ေျပာင္းလဲသြားသည္။ အဘယ့္ေၾကာင့္ဆိုေသာ စစ္ပြဲတို႔သည္ ယင္း လမ္း ပိုင္းကို ခ်ဥ္းကပ္လာခဲ့ေသာေၾကာင့္ပင္။ ယခင္က ေကာင္းျခင္းမ်ားစြာရွိခဲ့ေသာ စလင္း-ဆိပ္ျဖဴ- ေခ်ာက္လမ္းအနီးသို႔ PDF မ်ား ခ်ဥ္းကပ္လာသည္။
“အစကေတာ့ သိပ္မသိသာဘူးဗ်။ လမ္း က ဒီလိုပဲ သြားေနၾကတာေပါ့။ ေနာက္ေတာ့ တိုက္ပြဲ ျဖစ္လာတယ္။ တိုက္ပြဲျဖစ္လာၿပီးတဲ့ ေနာက္ပိုင္းမွာ ေဒသခံေတြက လမ္းကိုသုံးဖို႔ခက္လာတယ္။ အဓိက ေတာ့ PDF ဂိတ္ ေရာက္လာတယ္။ အခုကေတာ့ လမ္းပိတ္ေနတာ” ဟု အထက္ပါေဒသခံက ဆိုသည္။
ေဒသခံတို႔အတြက္ အက်ိဳးရွိေသာ လမ္းသည္ ေျပာင္းျပန္ျဖစ္ကာ ေဒသခံတို႔သုံးရန္ စိုးရိမ္ ထိတ္ လန႔္လာသည္။ လမ္းပိုင္းက အစိုးမရ။ PDF တို႔၏ အေၾကာင္းျပခ်က္မ်ားစြာျဖင့္ ယင္းလမ္းပိုင္း အသုံးျပဳ ခြင့္ကို ဟန႔္တားၾကသည္။ ထို႔ျပင္ အလႉခံသည္။
ေငြသုံးေထာင္ခန႔္မွစတင္ကာ ထည့္ဝင္ရၿပီး ေသနတ္အားကိုးျဖင့္ လူစြာက်ယ္လုပ္ျခင္းမ်ား ရွိ လာသည္။ လက္တြင္ ေသနတ္ကိုင္ၿပီး သေဟာက္သဟမ္းျပဳသည္။ “ငါႏွင့္မတူ ငါ့ရန္သူ” ဆိုေသာ အၾကည့္ႏွင့္အတူ လက္တြင္ ေသနတ္လည္းပါသည္ျဖစ္ရာ ျပည္သူတို႔မွာ မိမိတို႔အျပစ္မလုပ္ပါပဲ စိုးရိမ္ စိတ္ႀကီးမားၾကရသည္။ ထိုအခါ “ေဝးပင္ ေဝးေစဦးေတာ့ စိတ္ခ်မ္းသာရ အျမတ္” ဆိုေသာ သေဘာျဖင့္ ေဝးေဝးလံလံမွ ပတ္သြားၾကေတာ့သည္။ ျပည္သူတို႔အေနျဖင့္ သူပုန္တြင္ဥပေဒ မရွိဆိုေၾကာင္းကို ေကာင္းစြာ သိနားလည္ၾကသည္။ တစ္စုံတစ္ရာ သံသယရွိပါက တရားဝင္အစိုးရဆိုလွ်င္ ဥပေဒ အကာ အကြယ္ျဖင့္ အမွန္တရားေပၚထြက္ရန္ ႀကိဳးစားႏိုင္ေသာ္လည္း သူပုန္တို႔ကမူ အနည္းငယ္ ေမးျမန္းၿပီး အားမရလွ်င္ ေသနတ္ေမာင္းခလုတ္ ဆြဲၾကမည္သာ ျဖစ္သည္။ က်ည္ဆန္ႏွေျမာေသာ သူပုန္တို႔ကမူ ဓားသုံးၾကမည္ကို အားလုံးကသိသည္။ ယင္း အျပဳ အမူမ်ိဳးကို ယခင္ကလည္း PDF တို႔ လုပ္ဖူးေၾကာင္း သိထားၾကေလရာ ျပည္သူ႔အမ်ားစုမွာ စိုးရိမ္စိတ္ျဖင့္ မစြန႔္စားလိုၾကေတာ့ပါ။
“လမ္းကပိတ္ေနေတာ့ အေရွ႕ျခမ္းက ပတ္ရတယ္။ ပစၥည္းလည္းေဈးႀကီးတယ္။ ေရာင္းတာက လည္း အလြယ္တကူ ေရာင္းလို႔မရေတာ့ဘူး။ အခုကေတာ့ စလင္း-မေကြး-မင္းဘူး-ေရနံေခ်ာင္း အဲဒီလမ္း ဘက္ကေန ပတ္သြားေနရတယ္။ ပုံမွန္လမ္းက မိုင္းေလးဆယ္ေလာက္ပဲရွိတယ္။ လမ္းက သုံးဆ ေလာက္ပိုပတ္ရတာေပါ့” ဟု ၎က ဆိုသည္။
လမ္းအဆင္ေျပလွ်င္ ပစၥည္းမ်ားေခ်ာေခ်ာေမြ႕ေမြ႕ေရာက္ေသာေၾကာင့္ ကုန္ေဈးႏႈန္းသင့္တင့္သည္။ လမ္း မေျပလွ်င္ ေဝးေဝးလံလံမွပတ္လာရေသာေၾကာင့္ အခ်ိဳ႕ပုပ္သိုးလြယ္ေသာပစၥည္းမ်ား ထိခိုက္ရသကဲ့သို႔ ကုန္ေဈးႏႈန္းလည္း ျမင့္တက္သည္။
“ကုန္ေဈးႏႈန္းကေတာ့ တက္တယ္။ အရင္တုန္းက ရွစ္ရာေလာက္ ပစၥည္းတစ္ခုက ႏွစ္ေထာင္ ေက်ာ္ေလာက္ ျဖစ္သြားတာလည္းရွိတယ္။ အရင္ ေလးရာက ရွစ္ရာေက်ာ္သြားတာလည္း ရွိတယ္။ ဒါေပမဲ့ စပါးေဈးက မတက္ဘူး။ ဆန္ေဈးက် တက္တယ္” ဟု ၎ကဆိုသည္။
ယင္း စလင္း - ေခ်ာက္ လမ္းပိုင္းသည္ သာ ပိတ္ျခင္းမဟုတ္ပါ။ ယင္းလမ္းပိုင္းမွ အခ်ိဳ႕ ေနရာ မ်ားတြင္ PDF တို႔၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ ကားလမ္းေဘး မွ ေတာေဘးသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ရ သူမ်ားလည္း ရွိေနသည္။
“လမ္းေဘးက တခ်ိဳ႕႐ြာေတြဆို တိုက္ပြဲျဖစ္ေတာ့ ေရွာင္ၾကတယ္ေလ။ အဲဒီေတာ့ ေတာထဲ သြားေရွာင္ရတာေပါ့။ ပိုက္ဆံရွိတဲ့သူေတြကေတာ့ တျခားၿမိဳ႕ေတြကိုေျပာင္းၾကတယ္။ ရန္ကုန္တို႔ ဘာတို႔လည္း ေရာက္တယ္” ဟု အျခား စလင္းၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ စလင္း-ေခ်ာက္ ကားလမ္းပိတ္သကဲ့သို႔ ယင္းေဒသတြင္ PDF တို႔က ယင္းလမ္းႏွင့္ ခ်ိတ္ ဆက္ေနေသာ ေက်း႐ြာခ်င္းဆက္လမ္းမ်ားတြင္လည္း ပိတ္ပင္တားဆီးျခင္းမ်ားရွိလာသည္။ ယင္း အတြက္ ထိခိုက္ရသူမွာ ျပည္သူမ်ားသာျဖစ္ၿပီး ေတာင္သူလယ္သမားတို႔ကို ေက်ာမြဲသထက္ မြဲေစရန္ ဖန္တီးသကဲ့သို႔ျဖစ္ေနသည္။
“အခုက စပါးဆိုရင္ အရင္ ကိုဗစ္တုန္းက ကန႔္သတ္သလိုေလ။ ဟို႐ြာ ဒီ႐ြာ စပါးမသယ္ရေတာ့ ကြၽန္ေတာ့္ မိတ္ေဆြေတြဆိုရင္ သူတို႔စပါးေတြ ဘယ္ေရာင္းရမွန္းမသိဘူးျဖစ္ေနတယ္။ တခ်ိဳ႕ကလည္း လဲၿပီးစားၾကတာေပါ့။ ဆိုလိုတာက စပါးနဲ႔ တျခား ပစၥည္းလဲတယ္ဆိုတာမ်ိဳးေပါ့” ဟု ၎ကဆိုသည္။
စစ္ပြဲသည္ ေဒသတို႔၏တိုးတက္ေရးကို ေအာက္သို႔ ဆြဲခ်သည္။ ထို႔ျပင္ ျပည္သူတို႔၏ အသက္ အိုးအိမ္စည္းစိမ္မ်ားကို ထိပါးသည္။ ေခတ္ေနာက္ျပန္ ဆြဲေစေသာ၊ ေကာင္းက်ိဳးမေပးေသာစစ္သည္ စလင္းၿမိဳ႕နယ္မွ ေဒသခံအခ်ိဳ႕ကို ေငြေၾကးမေပၚမီက ပစၥည္းခ်င္းဖလွယ္ၿပီး သုံးစြဲခဲ့ရေသာေခတ္သို႔ ျပန္ပို႔ေပးေနျခင္းျဖစ္သည္ဟု ဆိုရမည့္ကိန္းပင္ ဆိုက္ေနသည္။
“ကြၽန္ေတာ္တို႔စလင္းက စီးပြားေရး အရမ္းလုပ္လို႔ေကာင္းတယ္။ စိုက္ပ်ိဳးလို႔လည္း ေတာ္ေတာ္ ျဖစ္တယ္ေလ။ စလင္းမွာေနၿပီးရင္ ႀကိဳက္သြား ၾကေရာ။ အခုေတာ့ စလင္းကေနလို႔ေကာင္း လိုက္တာ ဆိုတဲ့စကားမ်ိဳးက အတိတ္လိုေတာင္ ျဖစ္ေနၿပီ” ဟု ၎ကဆိုသည္။
ျမန္မာႏိုင္ငံကို လူသားတစ္ေယာက္၏ ခႏၶာကိုယ္ဟုတင္စားပါက လမ္းကြန္ရက္မ်ားသည္ ေသြး ေၾကာမ်ားဟုဆိုႏိုင္သည္။ ေသြးေၾကာသည္ ေသြးတို႔ကို လည္ပတ္ေစျခင္းျဖင့္ အသက္ဓာတ္ကို ေထာက္ ပံ့သကဲ့သို႔ လမ္းတို႔သည္လည္း ျပည္သူတို႔၏ လူမႈ၊ စီးပြားဘဝမ်ားကို ေထာက္ပံ့ေပးသည္။ သို႔ေသာ္ စလင္း - ေခ်ာက္ လမ္းပိုင္းကား ေျခာက္ခန္းေနေသာေသြးေၾကာတစ္ခု ျဖစ္လာေနေလသည္။

Related news

© 2021. All rights reserved.