ငါးလုပ်ငန်း စခန်း ၂၅ ခုမှတဆင့် ဈေးကွက်ဝင် ရေချိုငါးသားပေါက်များ ရောင်းချပေးမည်

 186

NP News - မတ်လ ၆

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
ပြည်တွင်းငါး စားသုံးမှုတိုးတက်ပြီး ငါးစားနပ်ရိက္ခာဖူလုံရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းတိုးတက်စေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ခံ ငါးလုပ်ငန်းစခန်း(၂၅) ခုမှတဆင့် ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
"ငါးမွေးမြူသူတွေဟာ ဧပြီလကစပြီး ငါးသားပေါက်တွေ မွေးမြူကြမှာဖြစ်လို့ ကျန်းမာသန်စွမ်းပြီး ကြီးထွားနှုန်း ကောင်းမွန်တဲ့ ငါးသားပေါက်တွေ ထည့်သွင်းမွေးမြူပြီး ဝင်ငွေတိုးတက်ရရှိစေဖို့ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုကနေ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုတ်မကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ရေချိုးငါးမှုန် စတဲ့ ဈေးချိုတဲ့ ရေချိုငါးသားပေါက်တွေကို သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချပေးမှာပါ" ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ဝယ်ယူလိုတဲ့ ငါးလုပ်ငန်းရှင်၊ ငါးမွေးမြူသူတွေအနေနဲ့ နေပြည်တော်ရေဆင်းငါးလုပ်ငန်းစခန်း၊ ရန်ကုန်လှော်ကား ငါးလုပ်ငန်းစခန်း၊ လေးထောင့်ကန် ငါးလုပ်ငန်းစခန်း၊ ပဲခူးငါးလုပ်ငန်းစခန်း၊ မန္တလေး သရက်ကုန်း ငါးလုပ်ငန်း စခန်း၊ သထုံ ငါးလုပ်ငန်းစခန်း၊ ပုသိမ်ငါးလုပ်ငန်းစခန်း နဲ့ မအူပင်ငါးလုပ်ငန်းစခန်း စသည့် ငါးလုပ်ငန်းစခန်းများ၌ ဆက်သွယ် ဝယ်ယူသွားနိုင်ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းစခန်း ၂၅ ခုကနေ ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေ သည့်အပြင် ရေအရည်အသွေးတိုင်းတာ စစ်ဆေးပေးခြင်း၊ ငါးရောဂါ ရှာဖွေစစ်ဆေးပေးခြင်း စသည့် ဝန်ဆောင်မှုများ ပေးအပ်နေကြောင်း သိရသည်။

Zawgyi Version:
ငါးလုပ္ငန္း စခန္း ၂၅ ခုမွတဆင့္ ေဈးကြက္ဝင္ ေရခ်ိဳငါးသားေပါက္မ်ား ေရာင္းခ်ေပးမည္
NP News - မတ္လ ၆

တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးရွိ ငါးလုပ္ငန္းစခန္း ၂၅ ခုမွ ေဈးကြက္ဝင္ ေရခ်ိဳငါးသားေပါက္မ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနက သိရသည္။
ျပည္တြင္းငါး စားသုံးမႈတိုးတက္ၿပီး ငါးစားနပ္ရိကၡာဖူလုံရန္ႏွင့္ ငါးေမြးျမဴေရးလုပ္ငန္းတိုးတက္ေစရန္အတြက္ ငါးလုပ္ငန္းဦးစီးဌာန လက္ေအာက္ခံ ငါးလုပ္ငန္းစခန္း(၂၅) ခုမွတဆင့္ ငါးသားေပါက္မ်ား ထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ်ေပးသြားမယ္လို႔ ဆိုပါတယ္။
"ငါးေမြးျမဴသူေတြဟာ ဧၿပီလကစၿပီး ငါးသားေပါက္ေတြ ေမြးျမဴၾကမွာျဖစ္လို႔ က်န္းမာသန္စြမ္းၿပီး ႀကီးထြားႏႈန္း ေကာင္းမြန္တဲ့ ငါးသားေပါက္ေတြ ထည့္သြင္းေမြးျမဴၿပီး ဝင္ေငြတိုးတက္ရရွိေစဖို႔ တိုင္းေဒသႀကီး ျပည္နယ္ အသီးသီးရွိ ငါးလုပ္ငန္းစခန္း ၂၅ ခုကေန ငါးျမစ္ခ်င္း၊ ေ႐ႊဝါငါးၾကင္း၊ ငါးခုတ္မႀကီး၊ ငါးေခါင္းပြ၊ ငါးၾကင္းျဖဴ၊ ေရခ်ိဳးငါးမႈန္ စတဲ့ ေဈးခ်ိဳတဲ့ ေရခ်ိဳငါးသားေပါက္ေတြကို သက္သာတဲ့ေစ်းႏႈန္းနဲ႔ ေရာင္းခ်ေပးမွာပါ" ဟု ငါးလုပ္ငန္း ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါသည္။
ဝယ္ယူလိုတဲ့ ငါးလုပ္ငန္းရွင္၊ ငါးေမြးျမဴသူေတြအေနနဲ႔ ေနျပည္ေတာ္ေရဆင္းငါးလုပ္ငန္းစခန္း၊ ရန္ကုန္ေလွာ္ကား ငါးလုပ္ငန္းစခန္း၊ ေလးေထာင့္ကန္ ငါးလုပ္ငန္းစခန္း၊ ပဲခူးငါးလုပ္ငန္းစခန္း၊ မႏၲေလး သရက္ကုန္း ငါးလုပ္ငန္း စခန္း၊ သထုံ ငါးလုပ္ငန္းစခန္း၊ ပုသိမ္ငါးလုပ္ငန္းစခန္း နဲ႔ မအူပင္ငါးလုပ္ငန္းစခန္း စသည့္ ငါးလုပ္ငန္းစခန္းမ်ား၌ ဆက္သြယ္ ဝယ္ယူသြားႏိုင္ေၾကာင္း သိရသည္။
ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ ငါးလုပ္ငန္းစခန္း ၂၅ ခုကေန ငါးသားေပါက္မ်ား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေပးေန သည့္အျပင္ ေရအရည္အေသြးတိုင္းတာ စစ္ေဆးေပးျခင္း၊ ငါးေရာဂါ ရွာေဖြစစ္ေဆးေပးျခင္း စသည့္ ဝန္ေဆာင္မႈမ်ား ေပးအပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.