ယခုဘဏ္ဍာနှစ် (၅)လတာအတွင်း ပုစွန်တန်ချိန်(၃၇၀၀)ကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့

85

NP News - စက်တင်ဘာ ၁၅
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅)လတာ ကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၃၇၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈၅ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ မှ သိရသည်။
"၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ (၅)လတာ ကာလအတွင်း ပြည်ပကို ပုစွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၃၇၄၀ ဒသမ ၅၅၃ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈၅ သန်းရရှိခဲ့ပါတယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ (၅)လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၃၅၆ ဒသမ ၀၁၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၈၄ ဒသမ ၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၄ သန်းရရှိသည့်အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှု စုစုပေါင်းမက်ထရစ်တန် ၃၇၄၀ဒသမ ၅၅၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၄၈၅ သန်း ရရှိထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပုစွန် အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅)လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ် တန် ၁၅၃၉၂၆ ဒသမ ၃၃၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၄၃၆ သန်း ရရှိထားကြောင်း သိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္ (၅)လတာအတြင္း ပုစြန္တန္ခ်ိန္(၃၇၀၀)ေက်ာ္ ျပည္ပသို႔ တင္ပို႔ႏိုင္ခဲ့
NP News - စက္တင္ဘာ ၁၅
ျမန္မာႏိုင္ငံမွ ေရထြက္ကုန္ပစၥည္းမ်ားကို ျပည္ပသို႔တင္ပို႔လ်က္ရွိရာ ယခုဘ႑ာႏွစ္ (၅)လတာ ကာလအတြင္း ပုစြန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၃၇၀၀ ေက်ာ္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၁၀ ဒသမ ၄၈၅ သန္းရရွိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ မွ သိရသည္။
"၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္၂၀၂၅ ခုႏွစ္ ဧၿပီလ ၁ ရက္ကေန ၾသဂုတ္လ ၃၁ ရက္အထိ (၅)လတာ ကာလအတြင္း ျပည္ပကို ပုစြန္တင္ပို႔မႈအေနနဲ႔ မက္ထရစ္တန္ ၃၇၄၀ ဒသမ ၅၅၃ တန္တင္ပို႔ႏိုင္ၿပီး အေမရိကန္ေဒၚလာ ၁၀ ဒသမ ၄၈၅ သန္းရရွိခဲ့ပါတယ္" ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ (၅)လတာ ကာလအတြင္း ျပည္ပသို႔ ပုစြန္တင္ပို႔မႈအေနျဖင့္ ပုံမွန္ကုန္သြယ္မႈမွ မက္ထရစ္တန္ ၃၃၅၆ ဒသမ ၀၁၃ တန္တင္ပို႔ၿပီး အေမရိကန္ေဒၚလာ ၈ ဒသမ ၃၇၁ သန္း၊ နယ္စပ္ကုန္သြယ္မႈမွ မက္ထရစ္တန္ ၃၈၄ ဒသမ ၅၄ တန္တင္ပို႔ၿပီး အေမရိကန္ေဒၚလာ ၂ ဒသမ ၁၁၄ သန္းရရွိသည့္အတြက္ ျပည္ပသို႔ ပုစြန္တင္ပို႔မႈ စုစုေပါင္းမက္ထရစ္တန္ ၃၇၄၀ဒသမ ၅၅၃ တန္တင္ပို႔ၿပီး အေမရိကန္ေဒၚလာ ၁ဝ ဒသမ ၄၈၅ သန္း ရရွိထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံမွ ပုစြန္ အပါအဝင္ ငါး စသည့္ ေရထြက္ကုန္မ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ ဂ်ပန္ စသည့္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္သို႔ တင္ပို႔လ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ပုံမွန္တင္ပို႔သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးမွလည္း တိုက္႐ိုက္တင္ပို႔လ်က္ရွိရာ ယခုဘ႑ာႏွစ္ (၅)လတာ ကာလအတြင္း ျပည္ပသို႔ ေရထြက္ကုန္ စုစုေပါင္း မက္ထရစ္ တန္ ၁၅၃၉၂၆ ဒသမ ၃၃၉ တန္ တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ ၂၂၃ ဒသမ ၄၃၆ သန္း ရရွိထားေၾကာင္း သိရသည္။